Thursday, April 4, 2019

သူရဦးရွှေမန်းကို ရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ရန် ခွင့်ပြု



သူရဦးရွှေမန်း ဦးဆောင်မည့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ(UBP) တည်ထောင်ရန် ယနေ့ ဧပြီ ၄ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ခွင့်ပြုလိုက်သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီတစ်ရပ် တည်ထောင်မည်ဆိုပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)ထံ ပါတီတည်ထောင်ခွင့် တင်ပြရပြီး UEC က ပါတီတည်ထောင်ခွင့်ပြုပါက ဒုတိယအဆင့်အနေဖြင့် ပါတီမှတ်ပုံတင်ခွင့် ဆက်လက်လျှောက်ထားရမည် ဖြစ်သည်။

“မှတ်ပုံတင်ခွင့် လျှောက်ထားလာရင် ကျွန်တော်တို့ စိစစ်စရာရှိတာတွေ စိစစ်မယ်။ ကြေငြာစရာရှိတာတွေကို ကြေငြာပြီးမှ မှတ်ပုံတင်ခွင့်ပြုဖို့အတွက် အဆုံးအဖြတ်ပြုရမှာပေါ့။ သူတို့ရဲ့ အမည်၊ အလံ၊ တံဆိပ်တွေကို ကန့်ကွက်ရန်ရှိ၊ မရှိ သတင်းစာထဲမှာ တရားဝင် ကြေညာဦးမှာ” ဟု ဦးမြင့်နိုင်က ဧပြီ ၄ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို ပြောသည်။

ပါတီတည်ထောင်ရန် ခွင့်ပြုချက် ရရှိသည့်နေ့ရက်မှစ၍ တစ်လအတွင်း မိမိတို့ တည်ထောင်လိုသော ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် ပုံစံ(င)နှစ်စုံနှင့်အတူ ပါတီတည်ထောင်လိုသူများ၏ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့က ကော်မရှင်က သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေး ငွေကျပ်သုံးသိန်း ပေးသွင်း၍ ကော်မရှင်ထံ ကိုယ်တိုင် လာရောက် လျှောက်ထားရမည် ဖြစ်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ကို တည်ထောင်ရန် အဓိက အချက်နှစ်ချက်ရှိပြီး ゞင်းတို့မှာ နိုင်ငံတော်နှင့်နိုင်ငံသား အကျိုးစီးပွားအတွက် အလုပ်အကျွေးပြုရန်နှင့် နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို ယခုထက် ပိုမိုသာလွန်ကောင်းမွန်အောင် ဆောင်ရွက်ရန် သင့်တော်သည့်အချိန်ရောက်ပြီဟု ယူဆသောကြောင့်ဖြစ်သည်ဟု သူရဦးရွှေမန်းက ပြောဆိုထားသည်။

ပါတီ၏ မူဝါဒများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ထူထောင်ရေး၊ စီးပွားရေးတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုကဏ္ဍဍတို့ကို စနစ်တကျ အကောင်အထည်ဖော်ရေး၊ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေးနှင့် မြန်မာနိုင်ငံနှင့် ဆီလျော် လိုက်ဖက်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်လာရေးတို့ဖြစ်သည်ဟုလည်း သူရဦးရွှေမန်းက ゞင်း၏ လူမှု ကွန်ယက်မှတစ်ဆင့် ဖေဖော်ဝါရီ ၅ရက်က ထုတ်ဖော်ကြေငြာထားသည်။

လက်ရှိတွင် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)အနေဖြင့် ပါတီမှတ်ပုံတင် မကျသေးသဖြင့် တရားဝင် မဟုတ်သေးသော်လည်း တိုင်းဒေသကြီးအသီးသီးတွင် ပါတီနှင့်ပတ်သက်ပြီး ဆက်သွယ်ညှိနှိုင်းမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနည်းဆုံး မြို့နယ်ပေါင်း နှစ်ရာ ကျော်တွင် ဝင်ပြိုင်ရန် လျာထားကြောင်း ပါတီနှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

“ကျွန်တော်နားလည်ထားသလောက်ကတော့ ပြည်ထောင်စုတဝှမ်းလုံးမှာ စည်းရုံးလှုပ်ရှားမယ့် ပါတီဖြစ်တဲ့ အတွက် မြို့နယ်ပေါင်း အနည်းဆုံး နှစ်ရာကျော်မှာ ရွေးကောက်ပွဲဝင်မှာ” ဟု အမည်မဖော်လိုသည့် အဆိုပါ သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ဝက်ဆိုက်ဒ်တွင် ဖော်ပြထားချက်အရ ၂၀၁ဝပြည့်နှစ်မှစ၍ လက်ရှိအချိန်ထိ မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီ စုစုပေါင်း ၁၁၁ပါတီ ရှိသည်။

Credit - Mizzima


အင်းစိန်ထောင်ဖြစ်ရပ်ဆိုးကို ရုပ်ရှင်ရိုက်ကူးရန် စီစဉ်နေ



ထောင်သမိုင်းတွင် အဆိုးရွားဆုံး ဖြစ်ရပ်ဖြစ်သည့် အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများကို အာဏာပိုင် များက နှိပ်စက်ညှဉ်းပန်းသည့် ဖြစ်ရပ်မှန်အကြောင်းအရာကို ရုပ်ရှင်ရိုက်ကူးရန် အစီအစဉ်ရှိ ကြောင်း ဦးဇာဂနာက ပြောသည်။

‘‘အခုမှ စလုပ်ကြမှာ။ ဒီအ လုပ်လုပ်မယ်ဆိုရင် အဲဒီတုန်းက ပါခဲ့တဲ့ လူ ၈၀၀ ကျော် ရှိတယ် လေ။ အဲဒီလူတွေအကုန်လုံးကို တွေ့ဆုံပြီး အသိပေးရမယ်။ ရိုက် ဖို့ကတော့ သေချာတယ်’’ဟု ၎င်း က ပြောသည်။

အဆိုပါဖြစ်စဉ်သည် ၁၉၉၀ စက်တင်ဘာ ၂၅ ရက်တွင် ဖြစ် ပွားပြီး ယင်းအချိန်က ၎င်းကိုယ် တိုင် အင်းစိန်ထောင်၌ ထောင်ကျခဲ့သည်။

‘‘ဆရာတင်မျိုးဝင်းဆိုရင် အခုငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌဖြစ်နေပြီ။ အဲဒီ တုန်းက သူအရိုက်ခံရဆုံးပဲ။ သူ က ထိပ်ဆုံးက အရိုက်ခံရတာ။ ခါးရိုးတွေ ကျိုးသွားတယ်’’ ဟု ဦးဇာဂနာက ပြောသည်။

ယင်းဖြစ်ရပ်သည် ၂၀၂၀ စက်တင်ဘာ ၂၅ ရက်တွင် နှစ်(၃၀)ပြည့်မည်ဖြစ်၍ ယင်းအချိန် အမီ ရုံတင်နိုင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောသည်။

‘‘သူတို့ကိုယ်တိုင်လည်း ခံ စားမှုတွေ ပြောချင်မှာပဲ။ ရုပ်ရှင် ထဲမှာလည်း သူတို့စကားပြောတဲ့ အရုပ်တွေ ပြန်ထည့်ပေးမယ်။ အဲဒါကြောင့် သူတို့ကို ပြန်ခေါ်ပြီး Documentary ရိုက်နေတယ်’’ ဟု ဦးဇာဂနာက ပြောသည်။

Credit - 7 Day Daily


ရေပန်းစားနေသည့် သင်္ကြန်တွင်းခရီးစဉ်များ


မကြာမီ ရောက်ရှိလာ တော့မည့် မြန်မာ့ရိုးရာ နှစ်ကူးကာလ ရုံးပိတ်ရက်များသည် မြန်မာနိုင်ငံသားအားလုံး အပန်းဖြေအနားယူ ရာ ကာလတစ်ခုဖြစ်ပြီး ရိုးရာအတာရေသဘင်ပွဲတော် ဆင်နွှဲခြင်းများ ရှိသလို အားလပ်ရက်များကို အသုံးချကာ နိုင်ငံတစ်ဝန်းရှိ ခရီး သွားဒေသများသို့ သွားရောက် လည်ပတ်ခြင်းသည်လည်း ပုံမှန် အလေ့အထဖြစ်လာသည်။
၂၀၁၉ ၏ သင်္ကြန်ပိတ်ရက် များအတွင်း ပြည်တွင်းခရီးသွား များ သွားရောက်လည်ပတ်ရန် စိတ်ဝင်စားသည့် ဒေသများအ နက် ရာသီဥတုမျှတသည့် မြန်မာ ပြည်အထက်ပိုင်း ခရီးစဉ်များနှင့် အောက်ပိုင်းရှိ ကမ်းခြေခရီးစဉ် များသည် အဓိကနေရာတွင် ရှိနေ ပြီး ပူပြင်းသော ရာသီဥတုရှိသည့် မြန်မာပြည်အလယ်ပိုင်း ခရီးစဉ် များမှာ ခရီးသွားများစိတ်ဝင်စား မူ လျော့ကျခဲ့ကြောင်း ခရီးသွား လုပ်ငန်းရှင်များက ဆိုသည်။
‘‘မြန်မာပြည်အထက်ပိုင်းမှာ ဆိုရင် ကချင်ပြည်နယ်က မြစ်ကြီးနား၊ အင်းတော်ကြီးအိုင်၊ မြစ်ဆုံနဲ့တရုတ်ပြည်က မှန်တံတားခရီးစဉ် တွေကိုသွားတဲ့ လူတွေ တော်တော်များတယ်’’ဟု ပြည်တွင်းဘုရားဖူး နှင့် ခရီးသွားဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးသန်းဌေးက ပြောသည်။
ထူးခြားမူအနေဖြင့် ယခုနှစ် တွင် စစ်ကိုင်းတိုင်းရှိ ဇလုံတောင် ခရီးစဉ်နှင့် မန္တလေးတိုင်းရှိ မိုးကုတ်ခရီးစဉ်တို့သည် ပြည်တွင်းခရီး သွားများအကြား စိတ်ဝင်စားမူ မြင့်တက်နေသည့် ခရီးစဉ်များ ဖြစ်လာပြီး သွားရောက်လည်ပတ်မူ ပိုများလာကြောင်း ၎င်းက ပြော သည်။
ခရီးသွားများ စိတ်ဝင်စားသည့် အခြားခရီးစဉ်များသည် ရှမ်း ပြည်နယ် တောင်ပိုင်းရှိတောင် ကြီး၊ အင်းလေးခရီးစဉ်များဖြစ်ပြီး အင်းလေး၌ ယခုနှစ်တွင် ပထမအကြိမ် ရေပေါ်သင်္ကြန်ပွဲတော်ပြု လုပ်၍ ပြည်တွင်း၊ ပြည်ပခရီး သွားများကို ဆွဲဆောင်နိုင်ရန် ပြင်ဆင်ထားသည်။ သို့ဖြစ်ရာ အင်းလေးသို့ သင်္ကြန်ကာလအတွင်း ခရီးသွားငါးသိန်းအထိ ၀င်ရောက် ရန် ခန့်မှန်းထားကြောင်း Miss Innlay Organization စီမံခန့်ခွဲမှု ဒါရိုက်တာ ကိုကျော်ဇင်သန့်က ပြောသည်။
တောင်ကြီး၊ အင်းလေးခရီး စဉ်နှင့်အတူ ကယားပြည်နယ် လွိုင်ကော်ခရီးစဉ်သည်လည်းတစ်ဆက်တည်း သွားရောက် လည်ပတ်နိုင်သဖြင့် ခရီးသွားလုပ် ငန်းများက ခရီးစဉ်ဆွဲကာ ပို့ ဆောင်မှုများရှိလာသည်။
ယခုနှစ် သင်္ကြန်ကာလအ တွင်း ကမ်းခြေခရီးစဉ်များအနက် ငပလီကမ်းခြေသည် လူစိတ်ဝင် စားမှုအများဆုံးခရီးစဉ်အဖြစ် ရပ်တည်နေပြီး ဟိုတယ်အားလုံးနီးပါး တွင် ပြည်တွင်း၊ ပြည်ပခရီးသွား များ ဘွတ်ကင်ရယူထားပြီး တည်းခိုခန်းများနှင့် ဧည့်ရိပ်သာများအ ပြင် လုံးချင်းအိမ်များ ငှားရမ်းနေ သည်အထိရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (သံတွဲရုံးခွဲ) ညွှန်ကြားရေးမှူး ဦးရဲ အောင်မိုးက ပြောသည်။
‘‘သင်္ကြန်ကာလအတွက် ဟိုတယ်တွေမှာ အခန်း Bookingတင်မယ်ဆိုရင် အကုန်အပြည့်ပါ ပဲ။ အခန်းလွတ်မရှိတော့ဘူး Guest House တွေတောင် အပြည့်ပဲ။ ဒါတောင် လုံးချင်းအိမ်တွေကို အပြတ်ငှားပြီးတော့ နေကြတာ တွေလည်း အများကြီးရှိပါတယ်။ အဲဒါတွေလည်း တော်တော်များ များ ငှားပြီးသွားပြီ’’ဟု ဦးရဲအောင် မိုးက ပြောသည်။
ယခုနှစ်သင်္ကြန်တွင် ငပလီ ကမ်းခြေ၌ ဟိုတယ်လုပ်ငန်းရှင် များအသင်းနှင့် ပူးပေါင်း၍ ရခိုင်ရိုးရာလမ်းလျှောက်သင်္ကြန်ပွဲတော် တစ်ခုဖော်ဆောင်ကာ ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင် နိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။
ငလီကမ်းခြေနည်းတူ ငွေ ဆောင်ကမ်းခြေသည်လည်း ပြည်တွင်းခရီးသွားများ စိတ်ဝင်စားမှု များပြားသည့် ခရီးစဉ်အနေဖြင့် ရပ်တည်နေပြီး ယခုနှစ်တွင် ဟိုတယ်နှင့် တည်းခိုရိပ်သာအား လုံးနီးပါး၌ ဧည့်သည်များ ပြည့်နေနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ငွေဆောင် ရုံးခွဲ) ညွှန်ကြားရေးမှူး ဦးစိုးဝင်း က ပြောသည်။
‘‘သင်္ကြန်ဆိုရင် ငွေဆောင်ကမ်းခြေကတော့ နှစ်စဉ်နှစ်တိုင်း များနေတာပဲ၊ တစ်နှစ်ထက်တစ် နှစ် များနေတာ၊ လျော့တယ်လို့ တော့ မရှိပါဘူး ။ ဒီနှစ်မှာတော့ ပြည်တွင်းရော ပြည်ပက ပါဝင် လာမယ်လို့ မျှော်လင့်ပါတယ်။ မနှစ်ကဆိုရင် ဟိုတယ်နဲ့ တည်းခို ရိပ်သာ အကုန်နီးပါးလောက် အ ပြည့်ရှိပါတယ်’’ဟု ဦးစိုးဝင်းက ဆိုသည်။
သို့သော် ချောင်းသာကမ်း ခြေကို ခရီးသွားများ စိတ်ဝင်စားမှု နည်းပါးပြီး ပုံမှန်အခြေအနေတွင် သာရှိကြောင်း ခရီးသွားလုပ်ငန်း ရှင်များက ဆိုသည်။
ကမ်းခြေခရီးစဉ်များနှင့် အ ပြိုင် မြန်မာပြည်အောက်ဖျားပိုင်း ရှိ ထားဝယ်နှင့် မြိတ်ကျွန်းစုခရီးစဉ်များကိုလည်း ခရီးသွားများ စိတ်ဝင်စားပြီး ကျွန်းများသို့ သွား ရောက်လည်ပတ်လိုသူ အများအ ပြားရှိကြောင်း ခရီးသွားလုပ်ငန်း ရှင်များက ဆိုသည်။
မြန်မာနိုင်ငံအလယ်ပိုင်းရှိ ခရီးစဉ်များအနက် မန္တလေး၊ ပြင်ဦးလွင် အစရှိသည့် မြို့များ၌ ယခင်နှစ်များအတိုင်း ပုံမှန်လည်ပတ်သူ များရှိသော်လည်း ပုဂံဒေသတွင်မှု ဟိုတယ်အခန်း ဘွတ်ကင်ရရှိမူ နည်းပါးနေကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း (ပုဂံဇုန်)ဥက္ကဋ္ဌ ဦးဇော် ၀ိတ်က ပြောသည်။
‘‘ပုဂံကတော့ နည်းပါတယ်။ ဟိုတယ် ဘွတ်ကင်တွေလည်း သိပ်မရှိဘူး။ ခရီးသွားလုပ်ငန်း တွေကလည်း သင်္ကြန်ကာလအ တွင်း ပုဂံကို သိပ်ပြီး မပို့ကြဘူး။ ပုဂံကနေ ပုပ္ပားကိုသွားတဲ့လမ်း မှာ ပိုက်ဆံတောင်းတဲ့လူတွေ အရမ်းပေါတယ်။ အဲဒီကာလအ တွင်းဆိုမပေးရင် ပြဿနာရှာတာ မျိုးတွေအထိ ရှိတဲ့အတွက် သိပ် မလာကြဘူး’’ဟု ဦးဇော်ဝိတ်က ဆိုသည်။
နှစ်စဉ်နှစ်တိုင်း သင်္ကြန် ကာလတွင် လူသွားအများဆုံးခရီး စဉ်များအနက် တစ်ခုအပါအ၀င်ဖြစ်သည့် မကွေးတိုင်းအတွင်းရှိ ရွှေစက်တော် ခရီးစဉ်သည်လည်းယခုနှစ်တွင် စိတ်ဝင်စားမှု ကျဆင်းလာပြီး ခရီးသွားလုပ်ငန်းများ၌လက်မှတ်ဝယ်ယူမှုနှင့် ခရီးစဉ် စုံစမ်းမှုများ အနည်းငယ်လျော့ကျ လာကြောင်း ဘုရားဖူးဝန်ဆောင် မှု လုပ်ငန်းရှင်လည်းဖြစ်သည့် ဦးသန်းဌေးက ပြောသည်။
‘‘အရင်က သင်္ကြန်ဆို နှစ်တိုင်းသွားနေကျ အများဆုံးရွှေ စက်တော်တောင် သွားတဲ့လူနည်း နည်းကျလာပါတယ်။ ခရီးသွားလုပ်ငန်းတွေနဲ့ သွားလာတာကြ တာပါ၊ အိမ်စီးကားတွေနဲ့ သွားတာတော့ သူ့ဟာနဲ့ သူရှိကြပါ တယ်’’ဟု ဦးသန်းဌေးက ဆို သည်။
မြန်မာနိုင်ငံ၏ အဓိကခရီး သွားဒေသများတွင် တစ်ခုအပါ အ၀င်ဖြစ်သော မန္တလေးတွင် ယခုနှစ်သင်္ကြန်ပိတ်ရက်အတွင်း ခရီး သွားဝင်ရောက်မှု ပုံမှန်ရှိနေ ကြောင်း၊ ပြည်တွင်း၊ ပြည်ပခရီး သွားဝင်ရောက်မှု နှစ်ခုပေါင်းပါက ဟိုတယ်အားလုံး၏ ၆၀ ရာခိုင်နူန်း အထိ ဘွတ်ကင်ရှိနေကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင် များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးမင်းနိုင်က ပြောသည်။
သင်္ကြန်ကာလအတွင်း နိုင်ငံတစ်ဝန်းသို့ သွားရောက်လည် ပတ်လိုသည့် ပြည်တွင်းခရီးသွား များအနေဖြင့် ခရီးသွားကုမ္မဏီ များနှင့် ချိတ်ဆက်ကာသွား ရောက်လည်ပတ်သည်ဖြစ်စေ၊ လက်မှတ်များ ၀ယ်ယူသည်ဖြစ် စေ အာမခံရှိသည် နေရာများသာ သေချာစိစစ်၍ ၀ယ်ယူရန်လိုအပ် ပြီး ခရီးသွားလုပ်ငန်းများနှင့် ကား ပိုင်ရှင်များအနေဖြင့်လည်း ခရီး သည်များအပေါ် တာဝန်ယူမှုအ ပြည့်ရှိရန် လိုအပ်ကြောင်း ဦးသန်းဌေးက အကြံပြုသည်။
Credit - 7 Day Daily


အပန်းဖြေစခန်းထဲ တရုတ်သူလျှို ဝင်ရောက်သည့်အပေါ် မစိုးရိမ်ဟု သမ္မတ ထရမ့် ပြော


ဖလော်ရီဒါ မာရာလာဂို အပန်းဖြေစခန်းကို တရုတ်သူလျှို ဝင်ရောက်တာနဲ့ပတ်သက်လို့ မစိုးရိမ်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ဧပြီ ၂ ရက်နေ့က သမ္မတ ထရမ့်ရဲ့ မာရာလာဂို အပန်းဖြေစခန်း စစ်ဆေးရေးဂိတ်တွေကို ဖြတ်ပြီး ဝင်လာတဲ့ တရုတ်အမျိုးသမီးတဦးကို ထောက်လှမ်းရေးအဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ သမ္မတ ထရမ့်က စိုးရိမ်တာ လုံးဝမဖြစ်ဘူးလို့ ပြောကြားပြီး အပန်းဖြေစခန်း ဧည့်ကြိုစာရေး အမျိုးသမီးနဲ့ ထောက်လှမ်းရေးအဖွဲ့ကို ချီးကျူးခဲ့ပါတယ်။

အပန်းဖြေစခန်းထဲ ဝင်ရောက်လာတဲ့ တရုတ်အမျိုးသမီးဟာ ကျန်းယွီကျင်းဆိုသူဖြစ်ပြီး သူဟာ တရုတ် နိုင်ငံကူးလက်မှတ်နှစ်ခု ကိုင်ဆောင်ထားပါတယ်။

ဖမ်းမိချိန်မှာ သူနဲ့အတူ လက်ကိုင်ဖုန်း လေးလုံး၊ ခရီးဆောင်ကွန်ပျူတာ တလုံး၊ external hard drive တခုနဲ့ မန်မိုရီစတစ်တခုကို စုံစမ်းစစ်ဆေးသူတွေ တွေ့ခဲ့ကြပါတယ်။

သူသယ်ဆောင်လာတဲ့ မန်မိုရီစတစ်ထဲမှာ ကွန်ပျူတာနဲ့ ဆာဗာတွေကို ထိခိုက်စေတဲ့ malware ပါရှိတယ်လို့ ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။

Credit - DVB



ဖတ်ကြည့်ပါ


မြင်ရုံနဲ့ လက်မထောင်ပြီး မရှဲနဲ့ ဖတ်ပြီးမှဆုံးဖြတ်
တကယ်ကောင်းလွမ်းလို့… Copyယူလာတယ်…
အရင်းနှီးကိစ္စမတင်​ပြခင်​။
ပြောပြသင့်​သည့်​ အဖြစ်​အပျက်
တစ်​ခုရှိပါတယ်​။
🏣
စတိမ့်​ဖော့်​(Stanfort) တက္ကသိုလ်​က
ကျောင်းဆရာမဖြစ်​သူ။
တီနာ ဇီးလစ်​(Tina seelig) ဟာ
ကျောင်းသား/သူတွေကို
စိန်​ခေါ်မှု တစ်​ခုပြုလုပ်​လိုက်​သည်​။
ကျောင်းသား/သူတွေကို
အသင်း (၁၄) သင်းဖွဲ့လိုက်​သည်​။
အသင်း (၁)သင်းစီကို
စာအိတ်​ (၁)အိတ်​စီ ပေးသည်​။
📨
စာအိပ်​ထဲမှာ
ငွေ (၅)ဒေါ်လာထည့်​ထားသည်​။
(မြန်​မာငွေ ကျပ်​= ၆၅၀၀ ၀န်းကျင်​)
ငွေ(၅)ဒေါ်လာထဲနှင့်
ကိုယ့်​အိုင်​ဒီယာကိုယ်​ သုံးပြီး။
အရင်းအနှီးလုပ်​ခိုင်းမည်​။
🚫စည်းကမ်း သတ်​မှတ်​ချက်​က။
ပြင်​ဆင်​ချိန်​ (၁)ပတ်​ရမည်​။
စာအိတ်​ထဲက
ငွေ(၅)ဒေါ်လာဖြင့်
ကိုယ်​ကြိုက်​သည့်​လုပ်​ငန်း။
သွားရင်းနှီးပြီး ငွေထပ်​တိုးလာအောင်
လုပ်​ဆောင်​ရမည်​။
စာအိတ်​ကို ဖောက်​လိုက်​သည်​နှင့်
ရင်းနှီးရမည့်​အချိန်​ (၂)နာရီသာ လုပ်​ရမည်​။
(၁၄)သင်းစလုံး ရင်းနှီးမှုပြုလုပ်​ခဲ့ပြီးပါက။
၂ နာရီအတွင်း ရင်းနှီးခဲ့သည့်​ ပုံစံ။
လုပ်​ဆောင်​ချက်​။
ပြန်​ရလာသည့်​ငွေ၊ စသည့်
လုပ်​ဆောင်​ခဲ့သမျှကို။
အခန်းရှေ့သို့ထွက်​ပြီး
ကျောင်းသား/သူ အားလုံးရဲ့ ရှေ့၌
ပြန်​လည်​ရှင်းလင်း ပြောပြရမည်​ဖြစ်​သည်​။
အသင်း(၁)သင်းစီရဲ့
ရှင်းလင်းပြောကြားရမည့်
အချိန်​ဟာ (၃)မိနစ်​စီသာ
ရရှိမည်​ဖြစ်​သည်​။
👇👇
ဒီစိန်​ခေါ်မှုမှာ
ရင်းနှီးပြီး ငွေပြန်​မရသည့်​ အသင်းရှိသလို၊
ငွေအတော်​အသင့်​ ပြန်​ရလာသည့်
အသင်းလဲ ရှိသည်​။
အံ့အားသင့်​ စရာက
အသင်း (၁)သင်းဟာ
ဒေါ်လာ (၆၀၀)ကျော်​အထိ
အမြတ်ရရှိအောင်​ စွမ်းဆောင်​နိုင်​ခဲ့သည်​။
မြန်​မာငွေ ကျပ်​(၇သိန်း ၈သောင်း)၀န်းကျင်​။
ထူးဆန်းသည်​က စာအိတ်​ထဲက
ငွေ(၅)ဒေါ်လာကို တပြားတချက်​မျှ
မထိခဲ့ဘူးလို့လဲ သိရသည်​။
ငွေ(၅)ဒေါ်လာမှ = ငွေ(၆၀၀)ဒေါ်လာထိ
ဆိုတော့
၄၀၀၀% အမြတ်​ရရှိခြင်းဖြစ်​သည်​။😱😱
၂ နာရီအတွင်းထဲနှင့်
ဒီအသင်းဘယ်​လိုလုပ်​ခဲ့ပါသလဲ ??
ဟုတ်​ကဲ့။
သူတို့ အသင်းရဲ့
လုပ်​ဆောင်​ချက်​တွေ မဖော်​ပြခင်​။
အခြားအသင်းများရဲ့
လုပ်​ဆောင်​ချက်​တွေကို
အနည်းငယ်​ဖော်​ပြချင်​ပါတယ်​။
🎭အသင်း = (၁)
ငွေ (၅)ဒေါ်လာဖြင့်
တာယာ လေထိုးစက်​၊
လေစစ်​ဆေးစက်​၊ တွေကို ငြားရမ်းလာပြီး
ကျောင်းတွင်းက
ကား၊ ဆိုင်​ကယ်​၊ စက်​ဘီး
ပါကင်​ထိုးသည့်​နေရာရဲ့ အနီးမှာ
ဝန်​ဆောင်​မှုပေးသည်​။
တာယာ စစ်​ဆေးခ၊
လေထိုးခတွေကို ၀န်​ဆောင်​ကြေး
ယဉ်​တစ်​စီးကို (၁)ဒေါ်လာ ကောက်​ခံသည်​။
ဖြစ်​ချင်​တော့ ယဉ်​စီးနှင်းသူ
ကျောင်းသား/သူများ
သဘောကျကြသည်​။
လမ်းကြုံတုံးလေး ကိုယ့်​ယဉ်​ရဲ့
တာယာ၊ လေ၊ တွေကို စစ်​ဆေးကြသည်​။
ခဏကြာတော့
အသင်းသားတွေဟာ
အိုင်​တီယာတခုထွက်​ပီး။
စမ်းသပ်​ချင်​သည့်​စိတ်​ဖြင့်​။
ဝန်​ဆောင်​ခ ငွေ(၁)ဒေါ်လာ
မကောက်​တော့ပဲ။
ယဉ်​ပိုင်​ရှင်​ကသာ၊ ၀န်​ဆောင်​ခကို
စေတနာရှိသလောက်​၊
ပေးချင်​သလောက်​ပေး။
ဆိုသည့်​ ဆိုင်းပုဒ်​ပြန်​ပြောင်းလိုက်​သည်​။
ရလဒ်​ကတော့
ဝန်​ဆောင်​ခ ပိုအရ များလာခြင်းဖြစ်​သည်​။
တချို့ ယဉ်​ပိုင်​ရှင်​တွေဟာ
(၃)ဒေါ်လာမှ (၅)ဒေါ်လာထိ
ထုတ်​ပေးကြသည်​။
👍ဒီလို စွမ်းဆောင်​မှုကတော့
👍ပြသနာတွေကို အကဲခတ်​ပြီး
👍ပြုပြင်​နိုင်​စွမ်းရှိခြင်းပဲဖြစ်​သည်​။
🎭ကျန်​ရှိသည့်​အသင်းများဟာလဲ
👉ဓာတ်​ပုံရိုက်​ခြင်း။
👉ကျောင်းတွင်းသို့
ချိုချဉ်​၊ မုန့်​၊ အရောင်းအ၀ယ်​လုပ်​ခြင်း။
👉popular ဖြစ်​တဲ့ သီချင်းခွေ
ထုတ်​လုပ်​ရောင်းခြင်း။
ကျန်​သည့်​ ကျောင်းသား/သူ အားလုံးရဲ
ဝင်​ငွေ၊ အမြတ်​ငွေတွေကတော့ မဆိုးကြပါ။
👎ဒါပေမဲ့
ငွေလုံးဝ ရှာလို့မရတဲ့ အသင်းလဲရှိပါတယ်​။
သူတို့အသင်းကတော့
စာအိတ်​ထဲက ငွေ(၅)ဒေါ်လာကို
ထီသွားဝယ်​လိုက်​သည်​။
ထီမပေါက်​ပါ။😒😒
ကံနဲ့ကစားလို့ အရင်းနှီးပါပြုတ်​သွားရော။
💰💰🏆
ဒေါ်လာ (၆၀၀) ရှာနိုင်​သည့်​အသင်း။
ဟုတ်​ကဲ့....
သူတို့အသင်းကတော့
အိုင်​ဒီယာ အတာ်​လေးကောင်းပါတယ်​။
📨
စာအိတ်​ထဲက ငွေ(၅)ဒေါ်ကို အာရုံမစိုက်​။
အခန်းရှေ့ထွက်​ပြီး။
ကျောင်းသား/သူများရဲ့ ရှေ့သို့
ရှင်းလင်းပြောကြားရမည့်​။
(၃)မိနစ်​ အချိန်​လေးကိုသာ
အသုံးချဖို့ အာရုံစိုက်​သည်​။
👉လုပ်​ဆောင်​ချက်​။
ကုမ္ပဏီတစ်​ခုသို့ သူတို့ သွားသည်​။
ကုမ္ပဏီ အကြီးအကဲနှင့်​ တွေ့စုံသည်​။
သူတို့ကျောင်းမှာ ပြုလုပ်​နေသည့်
စိန်​ခေါ်မှုအကြောင်းအားလုံးကို
ရှင်းလင်းပြောပြသည်​။
ကျောင်းသား/သူ အားလုံးရှေ့၌
(၃)မိနစ်​ စကားပြောရမည့်​ အချိန်​မှာ
ကုမ္ပဏီအကြောင်းကို ကြော်​ညာပေးခြင်း။
ကုမ္ပဏီရဲ့ ကုန်​ပစ္စည်းကို ရောင်းပေးခြင်း။
ကျောင်းသား/သူ (၁၄)သင်းဆိုသည်​မှာ
နည်းသည့်​ လူတွေ မဟုတ်​၊
အခြားကျောင်းသား/သူ
တွေလည်း ရှိသေးသည်​။
ဒီလူအများရဲ့ရှေ့၌
ကုမ္ပဏီအကြောင်းတွေကို
ကြော်​ညာပေးမည်​ဆိုပါက။
ကုမ္ပဏီအတွက်​ အကျိုးရှိမည်။
ကြော်​ညာခ စရိတ်​အတွက်
သူတို့အသင်း ဒေါ်လာ(၆၀၀)
ရချင်​သည်​ဟု ကမ်းလှမ်းလိုက်​သည်​။
ကုမ္ပဏီအကြီးအကဲလည်း
သူတို့အသင်းကို သဘောကြသည်​။
ကမ်းလှမ်းမှုကို လက်​ခံပြီး
ဒေါ်လာ(၆၀၀) ထုတ်​ပေးလိုက်​သည်​။
⬛️◼️◾️
အသင်းအားလုံး ရင်းနှီးပြီးဆုံးချိန်​။
အခန်းရှေ့ထွက်​ပြီး။
👉ကိုယ့်​အိုင်​ဒီယာ
👉ငွေရှာလာသည့်​ ပုံစံ။
👉ရရှိလာသည့်​ အတွေ့အကြုံတွေကို
ရှင်းလင်းပြောပြကြသည်​။
🏆
ငွေအများဆုံး ရသည့်​အသင်းကတော့
ကုမ္ပဏီအကြောင်း
ကုန်​ပစ္စည်းတွေကို ကြော်​ညာပေးရင်း
သူ့တို့ရဲ့ အိုင်​ဒီယာအကြောင်းကိုပါ
ရှင်းလင်းပြောပြသည်​။
ဒီအဖြစ်​အပျက်​ကို ဒီလောက်​နှင့်​ပဲ
အဆုံးသတ်​လိုက်​ပါတော့မည်​။
👏👏👏👏
အရင်းအနှီး တစ်​ပြားမှ မသုံးပဲ။
ငွေ (၆၀၀) ဒေါ်လာရရှိအောင်
စွမ်းဆောင်​နိုင်​ခဲ့တဲ့
ကျောင်းသား/သူ တွေဟာ။
ဘာတွေ သင်​ပေးသွားပါသလဲ။ ???
👇👇
ဟုတ်​ကဲ့။
ကိုယ့်​မှာ ရှိတဲ့ ငွေအင်​အားကို
မကြည့်​သင့်​ပါ။
အာရုံမစိုက်​သင့်​ပါ။
ကိုယ့်​မှာ ရှိသည့်​ ညဏ်​ရည်​ကိုသာ
အသုံးချလိုက်​ခြင်းဖြစ်​သည်​။
အကယ်​၍
✋️ငွေ ၁၅ သိန်းရှိမှ။
✋️သိန်း ၃၀ ရှိမှ။
✋️သိန်း ၁၀၀ ရှိမှ။
✋️ရင်းနှီးနိုင်​မယ်​။
✋️လုပ်​နိုင်​မယ်​ လို့သာ။
တွေးနေရင်​။
အာရုံစိုက်​နေရင်​။
မင်းဦးနှောက်​ကို မင်းပဲ
ပြန်​ပိတ်​ပင်​လိမ့်​မယ်​။
ဘာ အိုင်​ဒီယာမှ မထွက်​။
ဘာ စိတ်​ကူးကောင်းမှလဲ
ထွက်​လာမှာ မဟုတ်​။
မင်းဝင်​ငွေ များချင်​လို့။
ကိုယ်​ပို်င်​လုပ်​ငန်းလုပ်​ချင်​တာလေ။
ငွေရှာချင်​တာလေ။
ငွေရှာဖို့အတွက်​ကို
ငွေမရှိဘူး၊
အရင်းနှီးနည်းတယ်​လို့သာ
စွတ်​ပြောနေရင်​ ရယ်​စရာ ဖြစ်​လိမ့်​မယ်​။
တကယ်​တော့
ငွေထက်​ တန်​ဖိုးကြီးတာ
မင်း ခေါင်းပဲ။
👉ခေါင်းသုံးပါ၊ ဉာဏ်​သုံးပါ။
👉အိုင်​ဒီယာသုံးပါ။
👉အဲ့ဒီအရာတွေက ငွေထက်
သန်းပေါင်းများစွာ တန်​ဖိုးရှိတယ်​။
✍️✍️
မြန်​မာနိုင်​ငံထဲက
အရင်းနှီး နည်းနည်းနဲ့
လုပ်​ငန်းစကြတဲ့ လူအတော်​များများကို တွေ့ဖူးသည်​။
အင်​တာဗျူးဖူးသည်​။
အဲ့ထဲက တစ်​ယောက်​အကြောင်းကို
အရင်​ ရေးတင်​ပြချင်​ပါတယ်​။
ကျန်​တာက နောက်​မှဆက်​လက်​တင်​ပြမည်​။
👤
သူက
ကောင်​မလေးပါ။
ဒုတိယနှစ်​၊ အဝေးသင်​ကျောင်းသူ။
၁၀ တန်းပြီးတာနှင့်​။
နံနက်​ ၄ နာရီနိုးသည်​။
ဝက်​ခေါက်​၊ ကြက်​ခေါက်​တွေ
ကြော်​သည်​။ ဈေးသို့တင်​ရောင်းသည်​။
နေ့ခင်းပိုင်းမှ ညနေအထိ
လေယဉ်​လက်​မှတ်​ရောင်း
ကိုယ်​စားလှယ်​လုပ်​သည်​။
ဆိုင်​ခန်းငယ်​ကလေးဖြင့်
လေယဉ်​ လက်​မှတ်​ရောင်းနေသည်​။
သိပ်​မကြာမှာပဲ
ဆိုင်​ကို အလှဆင်​ပြီး။
အမျိုးသမီးအိတ်​ ကလေးတွေကို
အနည်းအကျင်း
တင်​ရောင်းသည်​။
နောက်​ထပ်​ မကြာခင်​မှာပဲ
သူသဘောကျသည့်​ အင်္ကျီတွေ၊
သူသဘောကျသည့်
လက်​ဆောင်​ပစ္စည်းတွေကို
အနည်းအကျင်း တင်​ရောင်းသည်​။
သူလုပ်​ချင်​တာကို
တတ်​နိုင်​သလောက်
သူလုပ်​လာသည်​။
အခုလဲ သူပုံနှိပ်​စက်​တွေပါလုပ်​နေသည်​။
ပုံနှိပ်​သည့်​ နေရာက အိမ်​မှာ။
ပစ္စည်း/အလုပ်​ လက်​ခံတာက
ဆိုင်​မှာ ဖြစ်​သည်​။
သူမ လုပ်​ချင်​တာကို
တစ်​ခုပြီး တစ်​ခု။
တစ်​ဆင့်​ပြီး တစ်​ဆင့်​။
တတ်​နိုင်​သလောက်
လုပ်​ခဲ့ခြင်း ဖြစ်​သည်​။
ဟုတ်​ကဲ့ သူမလည်း
သူ့ အိုင်​ဒီယာကို
အကောင်​အထည်​ဖော်​ခဲ့ခြင်းဖြစ်​သည်​။
🏆🏆🏆
စာဖတ်​သူလည်း
ငွေကို ဦးစားမပေးသင့်​။
ငွေကို အာရုံမစိုက်​သင့်​။
🚫ငွေ ဒီလောက်​ရှိမှ
🚫ငွေ ဟိုလောက်​ရှိမှ ဆိုတာ
🚫ပတ်​၀န်းကျင်​က သတ်​မှတ်​ထားတာပါ။
ငွေကို အာရုံစိုက်​နေရင်​။
ဦးနှောက်​ရဲ့
လုပ်​ဆောင်​ချက်​တွေ။
စိတ်းကူးကောင်းတွေ။
အိုင်​ဒီယာကောင်းတွေကိုပါ။
ဖျက်​စီးပြစ်​လိမ့်​မယ်​။
👉ကိုယ်​ ဘာကျွမ်းကျင်​တယ်
👉ကိုယ်​ ဘာတွေ့ထားတယ်​။
👉ကိုယ်​ ဘာလုပ်​သင့်​တယ်​။
👉ဘယ်​အခွင့်​အရေးကို ယူသင့်​တယ်​။
👉စသည့်​အချက်​တွေကို သိပါစေ။
👉မသိသေးလဲ အဖြေရှာ။
ကိုယ့်​မှာ အိုင်​ဒီယာကောင်းတွေရှိရင်​။
လက်​တွေ့ လုပ်​လိုက်​ပါ။
တတ်​နိုင်​သလောက်​ စလုပ်​ပါ။
လုပ်​ပြီး မအောင်​မြင်​သေးပေမဲ့
အားမငယ်​ပါနဲ့။
ပြသနာတွေကို သိရှိလာမယ်​။
ဖြေရှင်းတတ်​လာမယ်​။
အစပိုင်း ၀င်​ငွေနည်းနေပေမဲ့
ဝင်​ငွေ များလာအောင်
လုပ်​နိုင်​မည့်​ နည်းလမ်းတွေကို
အဖြေရှာတတ်​လာမယ်​။
🔝🔝🔝
ရည်​မှန်းချက်​ကို အလှမ်းမဝေးပါစေနှင့်
ဥပမာ
(၁)လမှာ ၀င်​ငွေ (၃)သိန်းရှိတယ်​။
ရည်​မှန်းချက်​က နောက်​လမှာ
ဝင်​ငွေ(၁၅)သိန်းတိုးချင်​တယ်​ဆိုရင်​တော့။
ဦးနှောက်​က မဖြစ်​နိုင်​တဲ့
အကြောင်းတွေပဲ တွေးလိမ့်​မယ်​။
ဝင်​ငွေ (၃)သိန်းရှိရင်
နောက်​ လမှာ
(၅)သိန်းဝင်​နိုင်​အောင်​ ရည်​မှန်းထားပါ။
အာ့မှ ဦးနှောက်​လဲ
အလှမ်းမဝေးတဲ့ ရည်​မှန်းချက်​ကို
ဖြစ်​မြှောက်​အောင်​ အဖြေရှာပေးလိမ့်​မည်​။
အိုင်​ဒီယာရှိပြီး
လက်​တွေ့မလုပ်​သေးပဲ။
အစဉ်​စီချလိုက်​။
ဟိုဟာ စောင့်​လိုက်​၊
ဒီဟာ စောင့်​လိုက်​ ဆိုရင်​တော့
ဘ၀က ဘာမှ ဖြစ်​မြှောက်​လာမှာ
မဟုတ်​ပါဘူး။
👉ငွေထက်​ တန်​ဖိုးကြီးတာ
👉မင်း ခေါင်းပါ။
👉လက်​တွေ့လုပ်​ဖို့လဲ လိုတယ်​။
စာဖတ်​သူလဲ အရင်းအနှီးကိစ္စကို
ဘယ်​လိုမြင်​ပါသလဲ၊
ဘယ်​လိုယူစပါသလဲ၊ ဆိုတာကို
Comment ပေးကြပါလို့။
ဗဟုသုတတွေမျှဝေရင်း
အပိုင်း(၂)မှာ
ဆက်​လက်​ဆွေးနွေးသွားကြမယ်​။
အားလုံးငွေကြေးရေးအဆင်​ပြေကြပါစေ။
ဒီစာက သင့်​အတွက်​အကျိုးရှိစေတယ်​ဆိုရင်
Like & Shear လုပ်​ပေးကြပါလို့။
Credit - ရသစုံ


အရွယ်နဲ့မမျှသောအသိ


ဒေါ်လာ $ 5000.ဆုရ သူရဲကောင်းလေး မာအင်း။
31.3.2019. ညဥ့်ဒါကာမြို့ရှိ.. မိုးပျံတိုက်ကြီး မီးလောင်နေစဉ် လူများမှာ ဖုန်းကိုယ်စီဖြင့် ဗွီဒီယို၊ဓာတ်ပုံရိုက်ကာအလုပ်များနေကြသော်လည်း ပေါက်ပြဲနေသော မီးသတ်ပိုက်၏ ယိုပေါက်ကိုလက်လှမ်းမှီရာ ပလက်စတစ်စများကိုကောက်ကာသူ့ဒူးလေးဖြင်ဖိထားကာကြိုးစား၍မိမိအသိတရားဖြင့်ပိတ်ထားနေသည့် ဆင်းရဲသော ကလေးငယ် မာအင်း၏
ဓာတ်ပုံတပုံမှာ သတင်းမီဒီယာသို့ တမဟုတ်ချင်း ဖြန့်နှံ့သွားရာ
လန်ဒန်မြို့နေ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတဦးက အမှတ်မထင်တွေ့ရှိသွားပြီးတင်လိုက်ရာကြည့်ရှု့သူများရင်ဝယ်စိတ်ထိခိုက်ခံစားရလေသည်။
၎င်းသူရဲကောင်းလေး အတွက် ဒေါ်လာ ၅၀၀၀.ဆု ချီးမြင့်
လိုက်ပြီး တက္ကသိုလ်အထိ ပညာသင်ကြားရေး တာဝန်
ယူလိုက်သည်။
သူရဲကောင်းလေး မာအင်းမှာ ဆင်းရဲသော်လည်း ၎င်းငွေကို မိမိဘာအလုပ်မလုပ်ပဲမယူလိုကြောင်းပြောကာဆင်းရဲသားရပ်ကွက်ထဲရှိ မိဘမဲ့ကလေးကျောင်းသို့ တဆင့် ပေးလှူ
လိုက်ကြောင်း သိရသည်။
Credit


လူထုတွေ့ဆုံပွဲများနှင့် ဒေါ်အောင်ဆန်းစုကြည်

လူထုတွေ့ဆုံပွဲများကို သုံးလဆက်တိုက်မနားမနေ ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်များ အရှိန်တက်နေချိန် မတ်လကုန်ပိုင်းတွင် အာဏာရပါတီမှထုတ်ဝေသော ဒီလှိုင်းစာစောင်က စိတ်ဝင်စားဖွယ်အယ်ဒီတာ့အာဘော်တစ်ခုကို ရေးသားခဲ့သည်။
လူထုနှင့်တွေ့ဆုံရန်၊ လူထုအခက်အခဲကို တတ်စွမ်းသမျှဖြေရှင်းရန်၊ ပြည်သူနှင့်ဒူးတိုက်ဆွေးနွေးပွဲများမကြာခဏလုပ်ရန် အတိုင်ပင်ခံပုဂ္ဂိုလ်၏လမ်းညွှန်ချက်များအပေါ် လူထုက နှစ်ထောင်းအားရရှိနေချိန်တွင် အတိုင်ပင်ခံ၏လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန် အောက်ခြေပါတီဝင်များကြား အားနည်းမှုများ ရှိနေသည်ဟုယူဆနိုင်သည့်အာဘော်ကို ဒီလှိုင်းစာစောင်က ဖော်ပြခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတကြီးက လုံ့လစိုက်၍ ကိုယ်တိုင် ရှေ့ဆောင်ရှေ့ရွက်ပြု၊ နမူနာပြဆောင်ရွက်နေသော်လည်း ပါတီ၊ လွှတ်တော်နှင့် အစိုးရဒေသန္တရအဖွဲ့အစည်းအချို့၊တာဝန်ရှိသူအချို့သည် အကြီးအကဲတို့၏ စေတနာနှင့်ဆန္ဒကို အလေးအနက်ထားမှု အားနည်းနေသေးသည်ကို တွေ့ရသည်။ လူကြီးလာတုန်းခဏသာ တကြွ်ကဟန်ပြခဲ့သော်လည်း လူကြီးပြန်သွားသောအခါတွင်မူ ပွဲပြီးမီးသေဖြစ်နေကြသည်။ ဒုံရင်း၊ ဒုံရင်း ဖြစ်နေကြသည်။ ပြည်သူနှင့် တွေ့ဆုံရာတွင်လည်း ပြည်သူ့အခက်အခဲနှင့် လိုအင်ဆန္ဒအပေါ်'ထမင်းရည်ပူလာလျှာလွှဲ' လုပ်နေကြဆဲဖြစ်သည်။ လေးနက်သော၊ စေတနာပါသော၊ ပြည်သူနှင့်တစ်သားတည်းကျသော တွေ့ဆုံပွဲများကား နည်းပါးနေဆဲဖြစ်သည်။
'ကိုယ့်ကိုယ်ကိုယ်ဝေဖန်ရေး' ကို ဝေးဝေးရှောင်ကြသည်ဟု မတ် ၂၅ ရက်နေ့ထုတ်စာစောင်၏အာဘော်တွင် ပါတီတွင်းဖြစ်ပျက်နေသည့် အခြေအနေများကို ပွင့်ပွင့်လင်းလင်းရေးသားထားသည်။
ယင်းအာဘော်၏ ဖော်ပြချက်သည် လူထုတွေ့ဆုံပွဲများ အလုပ်ဖြစ်၊ မဖြစ်ကိုလည်း ထင်ဟပ်နေသည့်သဘောဖြစ်သည်။ ထို့ပြင် တိုင်းနှင့်ပြည်နယ်အစိုးရအာဏာပိုင်များအနေဖြင့်ခေါင်းဆောင်၏ညွှန်ကြားချက်ကို လေးလေးနက်နက်ဆောင်ရွက်ရန် ထပ်လောင်းသတိပေးမှုတစ်ခုအဖြစ်လည်း မှတ်ယူရမည်ဖြစ်သည်။
"အပြင်လူထက် ပါတီနဲ့ အစိုးရအဖွဲ့တွင်း အခြေအနေကို ဒီလှိုင်းတာဝန်ခံတွေက ထောက်ပြတာက ပိုတန်ဖိုးရှိတယ်။ များများဝေဖန်သင့်တယ်" ဟု မြန်မာ့ရေးရာလေ့လာရေးအဖွဲ့မှ အကြီးတန်းသုတေသီ ဦးအေးမောင်ကျော်က မှတ်ချက်ပြုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲများကို ရွေးကောက်ပွဲကြိုမဲဆွယ်စည်းရုံးမှုများဟု ဝေဖန်မှုများရှိသည့်တိုင် တွေ့ဆုံမှုတိုင်းတွင် လူထု၏ ချစ်ခင်ကြိုဆိုမှုများနှင့် ယုံကြည်အားကိုးမှုကို လက်ခံရရှိနေမြဲဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုင်းနှင့်ပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်များနှင့် စီမံဘဏ္ဍဍာဝန်ကြီးများဖြင့်သာ နေပြည်တော်၌ လစဉ်တွေ့ဆုံလေ့ရှိသည်။ သို့ဖြစ်၍ တိုင်းနှင့် ပြည်နယ်များတွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲများသည် အခြားအစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံရန်အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း နိုင်ငံရေးစီးပွားရေးလေ့လာသုံးသပ်သူ ဦးရဲမင်းဦးကပြောသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းနှင့်ပြည်နယ်အားလုံး၏ ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာများပေါ်က ကိန်းဂဏန်းများထက် လက်တွေ့မြေပြင်အခြေအနေကို ကိုယ်တိုင်တွေ့မြင်လိုသည်ဟု အင်န်အယ်လ်ဒီပါတီနှင့် နီးစပ်သူ ゞင်းကဆိုသည်။
"အစိုးရသက်တမ်းတစ်ဝက်ကျော်ချိန်မှာ သူတောက်လျှောက်ဖိလုပ်ခဲ့တာတွေ ထိရောက်မှုရှိ၊ မရှိကို သိချင်တယ်။ ဒီနှစ်ထဲသွားတဲ့အတွက် မဲဆွယ်စည်းရုံးတယ်လို့လည်း ပြောလို့မရဘူး။ မူဝါဒအမှားတွေရှိရင်လည်း ပြုပြင်ဖို့ အချိန်ရတယ်။ နောက်နှစ်မှသွားမယ်ဆို နောက်ကျနေပြီ။ နောက်ပြီး လူထုတွေ့ဆုံပွဲတွေမှာ ပြည်သူတွေက တိုက်ရိုက်မေးရင် သက်ဆိုင်ရာဝန်ကြီးကို ဖြေခိုင်းတာက အလုပ်လုပ်တဲ့သူနဲ့ မလုပ်တဲ့သူ တန်းပေါ်တာပဲ။ အဲဒါလက်တွေ့စာမေးပွဲစစ်တာပဲ" ဟု ဦးရဲမင်းဦးက ပြောသည်။
လူထုတွေ့ဆုံပွဲများ၏ အကျိုးသက်ရောက်မှုသည် လူထုထက် ဒေါ်အောင်ဆန်းစုကြည်အတွက် ပို၍ထိရောက်မှုရှိမည်ဟု ဦးအေးမောင်ကျော်က ယုံကြည်သည်။
"အစိုးရအဖွဲ့ သက်တမ်းက သုံးနှစ်ရှိလာပြီ။ သူအခုသွားနေတဲ့လမ်းကြောင်းက အောင်မြင်လား၊ မအောင်မြင်ဘူးလား။ ဘာတွေက အဟန့်အတားဖြစ်နေလဲ။ အနှောင့်အယှက်ဖြစ်နေလဲဆိုတာ ပြန်သုံးသပ်ဖို့လိုလာတယ်။ သူ့အစိုးရအဖွဲ့ထဲက ဝန်ကြီးတွေနဲ့ နိုင်ငံရေးရေချိန်ကွာတော့ တတ်နိုင်သမျှ သူပဲသွားရတာတော့ ဝန်နည်းနည်းပိုပိတယ်။ အခြေအနေမှန်ကို သူသိမှ အစိုးရအဖွဲ့လည်းသိမယ်" ဟု လူထုတွေ့ဆုံပွဲများ၏ သက်ရောက်မှုအပေါ်ゞင်းက သုံးသပ်သည်။
လူထုတွေ့ဆုံပွဲအချို့သည် ပြည်နယ်အစိုးရအဖွဲ့၏ အပြောင်းအလဲများကို ယူဆောင်လာတတ်သည်။ ကချင်ခရီးစဉ်အပြီးတွင် ပြည်နယ်ဝန်ကြီးသုံးဦးကို အနားပေးခဲ့သည်။ တနင်္သ࿿ာရီတိုင်းခရီးစဉ်အပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ကို အဂတိမှုဖြင့် ဖမ်းဆီးအရေးယူခြင်းနှင့် ဝန်ကြီးနှစ်ဦးကို ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့သည်။
ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ကို အရေးယူမှုနောက်ကျခဲ့သည်ဟု ဝေဖန်မှုများရှိခဲ့သည့်တိုင် ထိရောက်သည့် အရေးယူမှုကြောင့် ဒေသခံလူထုကို ကျေနပ်စေခဲ့သည်။
"ဒေါ်အောင်ဆန်းစုကြည်နဲ့ လူထုတွေ့ဆုံမှုက တိုင်းအစိုးရအဖွဲ့ပေါ်မှာ မကျေမနပ်ဖြစ်နေတဲ့ တနင်္သ࿿ာရီတိုင်းက ဒေသခံတွေအတွက် ကျေနပ်မှုတစ်စုံတစ်ရာဖြစ်စေတယ်လို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မလာခင်ကဆိုရင် ဗဟိုအစိုးရနဲ့ ပါတီက တနင်္သ࿿ာရီတိုင်းကို ပစ်ထားတယ်ဆိုတဲ့ခံစားမှုမျိုးအထိ ရှိခဲ့တယ်" ဟု ဒေသတွင်း သတင်းအေဂျင်စီတစ်ခုဖြစ်သော Dawei Watch မှ အယ်ဒီတာ ကိုရဲထွဋ်ဝင်းက ပြောသည်။
လူထုတွေ့ဆုံပွဲများအပြီးတွင် ထူးခြားသော ပြုပြင်ပြောင်းလဲမှုများ ပေါ်ထွက်လာခြင်းရှိ၊ မရှိမှာမူ ပြဿနာများ၏ အရင်းအမြစ်ကို ရှာဖွေအရေးယူကိုင်တွယ်နိုင်ရမည်ဟု ရန်ကုန်အခြေစိုက်အမျိုးသမီး အရေးတက်ကြွလှုပ်ရှားသူ Triangle Women Support Group အဖွဲ့မှ ဒါရိုက်တာ ဒေါ်ခင်လေးက အကြံပြုသည်။
"အမှား အကြီးကြီးဖြစ်တဲ့အထိ စောင့်နေရတာမျိုးမလုပ်ဘဲ လူကြီးတွေအနေနဲ့ တိုင်ကြားမှုတွေရှိလာရင် မှန်ကန်တဲ့အချက်အလက်တွေရအောင် သေချာစိစစ်ပြီး ကြိုတင်သတိပေးမှု၊ အရေးယူမှုလုပ်သင့်တယ်။ မနာလိုလို့ တိုင်တာဆိုရင်တော့ စိစစ်ပေါ့။ ဒါဆို လူထုတွေ့ဆုံပွဲတွေလည်း အကျိုးရှိလာမယ်" ဟု ゞင်းက ဆိုသည်။
အတိုင်ပင်ခံ၏ တနင်္သ࿿ာရီတိုင်းခရီးစဉ်တွင် ပြည်သူနှင့် ဆွေးနွေးရန်ညွှန်ကြားအပြီး တနင်္သ࿿ာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်အပါအဝင် တိုင်းအစိုးရအဖွဲ့ဝန်ကြီးအများစုသည် ဒေသခံများနှင့်တွေ့ဆုံဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။ ဒေါ်လဲ့လဲ့မော်အဖမ်းခံရချိန်တွင် လူထုတွေ့ဆုံပွဲတစ်ခုနှင့်တစ်ခုကြား အကူးအသန်းပြုလုပ်ချိန် လမ်းခုလတ်တွင် ဖမ်းခံရခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မတ်လဆန်းစစ်ကိုင်းတိုင်းခရီးစဉ်အပြီးတွင် တိုင်းအစိုးရအဖွဲ့ဝင်များသည် လူထုနှင့်တွေ့ဆုံမှုများ ယခင်ထက် ပိုမိုပြုလုပ်လာကြောင်း စစ်ကိုင်းတိုင်းဒေသကြီးကွန်ပျူတာပညာရှင်များအသင်း ဥက္ကဋ္ဌဌ ဦးဇော်သူရိန်ထွန်းက ပြောသည်။
"လူထုတွေ့ဆုံပွဲတွေရဲ့ အဓိကအားသာချက်က အစိုးရကို တိုက်ရိုက်ပြောခွင့်ရတော့ ပြဿနာတွေကို ဝန်ကြီးချုပ်နားနဲ့ဆတ်ဆတ်ကြားရတယ်။ စာတင်တာကမှ ရောက်၊ မရောက်ရှိဦးမယ်။ စစ်ကိုင်းမှာဆို မူးယစ်ဆေးကိစ္စအဆိုးဆုံးပဲ။ နောက်တရားမဝင်သစ်ခိုးထုတ်မှု၊ ရွှေမှော်တွေမှာ ရွှေခိုးတူးတာ။ ဒါတွေကို အစိုးရက တင်းတင်းကျပ်ကျပ် ကိုင်တွယ်သင့်တယ်။ လက်လုပ်လက်စားတွေရော၊ လုပ်ငန်းရှင်တွေပါ စီးပွားရေးအဆင်မပြေတာတော်တော်လေး စိန်ခေါ်မှုဖြစ်လာတယ်။ ဒါတွေကို ဖြေရှင်းပေးသင့်တယ်" ဟု ဦးဇော်သူရိန်ထွန်းက ပြောသည်။
သို့သော် လူထုထောက်ခံမှုရရှိထားသည့် အင်န်အယ်လ်ဒီအစိုးရတက်လာသည့်တိုင် မပြီးပြတ်သေးသည့် စပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း မြေယာအငြင်းပွားမှုပြဿနာများကိုမူ ယနေ့ထိ အစိုးရအဖွဲ့က ဖြေရှင်းပေးရန် ပျက်ကွက်နေဆဲဟု ကြေးစင်တောင်ဒေသခံ ဦးတင်အောင်စိုးက ပြောသည်။
"အမေစုစကားကိုသူတို့ (တိုင်းဒေသကြီးအစိုးရအဖွဲ့) နားမထောင်ပါဘူးဗျာ။ သူတို့ ဒီထက်ပိုအလုပ်လုပ်စေချင်ပါတယ်။ လုပ်သင့်တာမလုပ်ဘဲ မကြာသင့်ဘဲ ကြာနေတာတွေကို သူတို့မဖြတ်နိုင်ပါဘူး။ တကယ်ဆို ကွင်းဆင်းပြီး ပြည်သူ့အသံနားထောင်ပြီး ပြည်သူ့အမြင်ကို ဖွင့်ပေးသင့်ပါတယ်။ ဒီကြေးနီစီမံကိန်းနေရာဆို တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နေတဲ့နေရာနဲ့ လှမ်းကြည့်ရင်တောင်မြင်နေရတာပါ။ တစ်ခါမှ ခုထိကို မလာသေးပါဘူးဗျာ" ဦးတင်အောင်စိုးက ပြောသည်။
လူထုအခြေပြု ဒီမိုကရေစီအရေးတော်ပုံနှင့်အတူ ပေါက်ဖွားလာသော အင်န်အယ်လ်ဒီသည် အာဏာမရမီကတည်းက ပြည်သူနှင့်တစ်သားတည်းနေထိုင်ခဲ့သည်။ လက်ရှိအာဏာရလာချိန်တွင် ပြည်သူနှင့်ကင်းကွာမသွားရန် လိုအပ်နေသည်ဟု နိုင်ငံရေး၊ စီးပွားရေး လေ့လာစောင့်ကြည့်သူများက ဝေဖန်ကြသည်။
"မန္တလေး၊ ရခိုင်၊ မကွေး၊ စစ်ကိုင်း(ဝန်ကြီးချုပ်များ) တို့ဆိုရင် အရင်ပုံစံအတိုင်းပဲ။ လက်ဖက်ရည်ဆိုင်လည်း သွားထိုင်တာပဲ။ ဘာမှမပြောင်းလဲဘူး။ ဟန်ကြီးပန်ကြီးမရှိဘူး။ လူထုနဲ့ပိုနီးစပ်တော့ လူထုကလည်း ငါတို့နဲ့အတူတူပဲလို့ ခံစားရစေတယ်။ ဒေါ်အောင်ဆန်းစုကြည်သတိပေးတာလည်း ဒါပါပဲ။ လူထုနဲ့ထိတွေ့ပါ။ တစ်သားတည်းနေပါ ဆိုတာပေါ့။ ရှေ့အစိုးရအဆက်ဆက်ကိုကြည့်လိုက်ပါ။ ခေါင်းဆောင်အစဉ်အဆက် ဘယ်တုန်းကမှ ပြည်သူကို ခုလိုမျက်နှာချင်းဆိုင်ပြီး စကားမပြောဖူးဘူး" ဟု ဦးရဲမင်းဦးက ပြောသည်။
ယခုနှစ်ဆန်းပိုင်းက စတင်ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲများမတိုင်မီ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အစိုးရသက်တမ်းသုံးနှစ်အတွင်း ခေါင်းစဉ်အလိုက် လူထုတွေ့ဆုံပွဲများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ၂၀၁၇ ခုနှစ်ကို 'ငြိမ်းချမ်းရေးနှစ်' ဟု ကြွေးကြော်ကာ လူငယ်များအပါအဝင် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံများ ပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းရေးစကားဝိုင်းဟု ခေါင်းစဉ်တပ်ထားသော်လည်း ကဏ္ဍဍအစုံကို အတိုင်ပင်ခံထံ တိုက်ရိုက်တင်ပြ တောင်းဆိုဆွေးနွေးနိုင်ခဲ့သည်။ ကျေးလက်များအထိ ကွင်းဆင်းကာ လူထုနှင့် ထိတွေ့ခဲ့မှုကြောင့် ယင်းစကားဝိုင်းများမှာ လူထုကို ဆွဲဆောင်နိုင်သည့် နည်းလမ်းတစ်ခုဟု ထင်မြင်ယူဆမှုများ ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် လူထုတွေ့ဆုံပွဲများခေါင်းစဉ်တပ်၍ ယခုနှစ် ဇန်နဝါရီအတွင်း ကချင်နှင့် ချင်းပြည်နယ်၊ ဖေဖော်ဝါရီတွင် ရှမ်းပြည်နယ်နှင့် တနင်္သ࿿ာရီတိုင်းဒေသကြီး၊ မတ်လတွင် စစ်ကိုင်း၊ ပဲခူးတိုင်းဒေသကြီး နှင့် ကရင်ပြည်နယ်၊ ဧပြီလဆန်းတွင် မြောင်းမြတံတားသစ် တက်ရောက်ဖွင့်လှစ်ပေးပြီးနောက် ဧရာဝတီတိုင်းအတွင်း မြို့လေးမြို့သို့ တစ်ရက်တည်းအရောက်သွားကာ ဒေသခံများနှင့်တွေ့ဆုံထားပြီးဖြစ်သည်။
စီးပွားရေးနှင့် နိုင်ငံရေးအရ အဓိကအရေးပါသည့် ရန်ကုန်မြို့နေလူထုကလည်း အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပြုလုပ်သည့် လူထုတွေ့ဆုံပွဲများနည်းတူ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုက်ရိုက်တွေ့ဆုံခွင့်ရမည့် အခွင့်ကို မျှော်လင့်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်လူထုနှင့် တွေ့ဆုံပွဲလုပ်ဖြစ်မည်ဆိုပါက မြို့ခံလူထုကြားဝေဖန်မှုမြင့်တက်နေပြီး အတိုင်ပင်ခံကိုယ်တိုင် ဝေဖန်ထားသော ရန်ကုန်မြို့သစ်စီမံကိန်းကဲ့သို့ ပြဿနာများကို ဆွေးနွေးလိုသည်ဟု ရန်ကုန်မြို့ခံတစ်ဦးဖြစ်သည့် ကိုထက်အောင်က ဆိုသည်။
"ရန်ကုန်မြို့သစ်လိုစီမံကိန်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆီ ဝကွက်အပ်ထားတဲ့ပုံစံမျိုး ဘာလို့လုပ်ထားလဲဆိုတာမျိုး၊ မြို့သစ်တွေပဲစွတ်လုပ်နေပြီး ရန်ကုန်က လူနေသိပ်ထူထပ်တဲ့နေရာတွေ ဥပမာလှိုင်သာယာမှာ အခြေခံလူထုလိုအင်တွေ၊ တရား ဥပဒေစိုးမိုးမှုရအောင် ဘာတွေလုပ်ဖို့ရှိလဲ ဆိုတာမျိုး၊ ဟိုတလောက ဟော့သွားတဲ့ YBS အရှုပ်တော်ပုံလိုကိစ္စမျိုးတွေ မေးစေချင်ပါတယ်။ ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်ဖက်လှည့်မဲဆွယ်တာမျိုးဆိုရင်တော့ မေးလည်း သိပ်ထူးမယ်မထင်ပါဘူး" ဟု ゞင်းကပြောသည်။
Credit - Myanmar Times