ဧရာဝတီ၊ ဧပြီ ၅ ရက် ၊၂၀၁၉
နိုင်ငံရေးပါတီသစ်တစ်ရပ်တည်ထောင်ရန်အတွက် ၁၉၉၀ ပြည်သူ့ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်တိုင်းရင်းသားပါတီများ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြင်ပရောက် နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်များ၊အရပ်ဖက်လူမှူအဖွဲ့အစည်းများ အပါအ၀င် မိတ်ဖက်နိုင်ငံရေးအင်အားစုများနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ဧပြီ ၅ ရက် နေ့လည်ပိုင်းက ဗိုလ်တထောင်ဘုရားလမ်းရှိ ရာမကရစ်ရှာမာမစ်ရှင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။
၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် FREEDOM FIGHTER အမည်ရှိ ပါတီသစ်တစ်ခု ထူထောင်သွားမှာ ဖြစ်ပြီး ပါတီထူထောင်ရခြင်း ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပြဿနာမျိုးစုံကို ပါတီတစ်ခု ၊အဖွဲ့အစည်းတစ်ခုတည်းက ဖြေရှင်းနေလို့မရကြောင်း ၊ကိုယ်တစ်ဖွဲ့တည်းကပဲ လုပ်မယ်ဆိုတဲ့ ဆောင်ရွက်မှုများဟာ ပြသနာများကို ဖြေရှင်းလို့မရတဲ့အပြင်ပိုမိုတိုးပွားလာပြီး အခက်အခဲအကြပ်အတည်း ပေါင်းစုံအောက်မှာ နစ်မြောနေမှာ ဖြစ်ကြောင်း၊ထိုကြောင့် လွှတ်တော်တွင်း လွှတ်တော်ပ လက်တွဲဆောင်ရွက်နိုင်မယ့် နိုင်ငံရေးပါတီတစ်ရပ် ရှိဖို့လိုအပ်နေပြီဟု ယုံကြည်သော ယခုလိုပါတီထူထောင်ရခြင်း ဖြစ်ကြောင်း ၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့က အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထိုပြင် ၎င်းတို့အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။