ခြေဥပြင်ဆင်ရေးထောက်ခံပွဲတွင် တပ်မတော်ဂုဏ်သိက္ခာထိခိုက်စေရန် ဟောပြောမှုကြောင့်ဟု ရဲတပ်ဖွဲ့ပြော
၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးထောက်ခံကြောင်း အဖျောက်မြို့ဟောပြောပွဲတွင် တပ်မတော်ဂုဏ်သိက္ခာကို ထိ ခိုက်သောအသုံးအနှုန်းများ ဟော ပြောသည်ဆိုကာ နိုင်ငံရေးနှင့် လူမှုရေးတက်ကြွလှုပ်ရှားသူ ဦး နေမျိုးဇင်ကို ပုဒ်မ ၅၀၅(က)၊(ခ) တို့ဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီးတိုးလင်းက တရား လိုပြုလုပ်၍ တိုက်ကြီးမြို့ရဲစခန်း ၌ အမှုဖွင့်ထားသည်။
ဦးနေမျိုးဇင်ကို အရေးယူ ပေးရန် ဒုဗိုလ်မှူးကြီးတိုးလင်းက ဧပြီ ၃ ရက်တွင် တိုက်ကြီးမြို့ တရားသူကြီးထံ ဦးတိုက်လျှောက် ထားတရားစွဲဆိုခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှတာဝန်ရှိ သူတစ်ဦးက ပြောသည်။
‘‘ဖမ်းဆီးထားတာတော့ မရှိ သေးဘူး၊ အမှုဖွင့်ထားတာပဲရှိ သေးတယ်’’ ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အမှုဖွင့်ထားခြင်းနှင့် ဟောပြောပွဲနှင့်ပတ်သက်၍ ဦးနေမျိုးဇင်ကို မေးမြန်းရာ ‘‘ကျွန်တော့်ဆီ တော့ အကြောင်းကြားတာမရှိ သေးဘူး၊ အိမ်ကို စာပို့ထားရင် တော့ မသိဘူးပေါ့။ ကျွန်တော်က လည်း အခုထားဝယ်မှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးအတွက် ဟော ပြောပွဲတွေလုပ်ဖို့ရောက်နေတာ။ အဖျောက်မြို့မှာ ပြောတာက လည်း ဂုဏ်သိက္ခာကျအောင် ပြောတာတွေမရှိပါဘူး။ စစ်သား အလုပ် စစ်သားလုပ်ရမယ်ဆိုတာ ပဲ ပြောတာပါ’’ ဟု ပြောကြား သည်။
ဦးနေမျိုးဇင်သည် နိုင်ငံရေး တက်ကြွလှုပ်ရှားသူအပြင် လယ် သမားများအရေး၊ လူမှုရေးနှင့် သက်ဆိုင်သည့်အရေးများတွင် လည်း လှုပ်ရှားနေသူဖြစ်သည်။
အမှုနှင့်ပတ်သက်ပြီး တိုက် ကြီးမြို့ရဲစခန်းသို့ ယမန်နေ့က ဖုန်းဆက်သွယ်မေးမြန်းရာ အ ဆက်အသွယ်မရပေ။
ပုဒ်မ ၅၀၅(က)သည် ကြည်း၊ ရေ၊ လေတပ်တစ်ခုမှ အ ရာရှိအား သို့တည်းမဟုတ်တပ် သားအား စစ်ပုန်ကန်ခြင်းကိုသော် လည်းကောင်း၊ သက်ဆိုင်ရာမိမိ ၏တာဝန်ဝတ္တရားကို မလေးစား ခြင်းသော်လည်းကောင်း၊ ပျက် ကွက်ခြင်းသော်လည်းကောင်း ပြု စေရန် အကြံရှိလျှင် သို့တည်း မဟုတ် ထိုသို့ပြုစေတန်ရာသည့် အကြောင်းရှိလျှင် တရားစွဲဆိုနိုင် ကြောင်းနှင့် ပုဒ်မ ၅၀၅(ခ)က နိုင် ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံ တော်ငြိမ်ဝပ်ရေးကိုဖြစ်စေထိခိုက် ပြစ်မှုကို တစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အ များပြည်သူကိုလည်းကောင်း၊ အ များပြည်သူ၏ သီးခြားလူစုလူဝေး ကိုလည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်းတစ်ခုခုဖြစ်စေရန် အကြံရှိလျှင် တရားစွဲဆိုနိုင် ကြောင်း ရာဇသတ်ကြီးတွင် ဖော် ပြထားသည်။
ထိုပုဒ်မများသည် အာမခံရ သည့်ပုဒ်မများမဟုတ်ဘဲ ထောင် ဒဏ် ၂ နှစ်အထိချမှတ်နိုင်သည်။
ယခုရက်ပိုင်းအတွင်း တပ် မတော်က ဒါရိုက်တာမင်းထင်ကို ကိုကြီးကိုလည်း ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)၊ ဆက်သွယ်ရေး ပုဒ်မ ၆၆(ဃ)တို့ဖြင့် တာမွေမြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားသည်။
Credit - 7 Day Daily
No comments:
Post a Comment