၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မ၅၉(စ)ကိုထိန်းသိမ်းကာကွယ်ရေးခေါင်းစဉ်ဖြင့်အမျိုးသားရေးတက်ကြွလှုပ်ရှားသူများယနေ့မွန်းလွဲပိုင်းတွင်ရန်ကုန်မြို့တော်ခန်းမရှေ့၌ဆန္ဒထုတ်ဖော်ကြသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရကဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန်လွှတ်တော်အတွင်းကြိုးပမ်းနေချိန်တွင်ကန့်ကွက်ဆန္ဒထုတ်ဖော်ပွဲများ နှင့် ထောက်ခံဆန္ဒထုတ်ဖော်ပွဲများ မကြာခဏပြုလုပ်လာကြ သည်။
ယနေ့တွင်လည်းနိုင်ငံတော်သမ္မတရွေးကောက်တင်မြောက်ခြင်း နှင့်သက်ဆိုင်သည့် ပုဒ်မတစ်ခုဖြစ်သည့်ပုဒ်မ ၅၉ (စ)ကို
ထိန်းသိမ်းကာကွယ်ရန် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက
လိုလားကြောင်းကို ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။
ထိန်းသိမ်းကာကွယ်ရန် အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက
လိုလားကြောင်းကို ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။
ယနေ့ ဆန္ဒ ထုတ်ဖော်ပွဲတွင် လူဦးရေ ၁၀၀ကျော်ပါဝင်ပြီး ၅၉ (စ) ဖျက်မည့်သူ တို့ရန်သူ ၊ လူမျိုးခြား သမ္မတ ဖြစ်ဖိုအကြံတတို့လက်မခံ စ သည့် ကြွေးကြောင်္ သံ များ ဖြင့် ဆန္ဒထုတ်ဖော် ခေါ်ကြသည်။
"ဖွဲ့စည်းပုံ ပြင်ဖို့ လုပ်နေတဲ့သူတွေ ကို သိအောင် ပြည်သူ့ဆန္ဒထုတ်ဖော် ဖြစ်တယ်" ဟုအဆိုပါပွဲကို ဦးဆောင်သူ တစ်ဦးက ပြောသည်။
ယင်း ပုဒ်မသည် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ရန် ကန့်သတ်
ထားသည့် ဥပဒေ ပုဒ်မ တစ်ခု ဖြစ်သည် ဟု ဥပဒေပညာရှင်များကသုံး
သပ်ကြပြီး အမျိုးသားရေး လှုပ်ရှားသူများက အမျိုးသားရေးကို ကာကွယ်သည့် ဥပဒေတစ်ခုဖြစ်သည်ဟု တုံ့ပြန် ကြသည်။
ထားသည့် ဥပဒေ ပုဒ်မ တစ်ခု ဖြစ်သည် ဟု ဥပဒေပညာရှင်များကသုံး
သပ်ကြပြီး အမျိုးသားရေး လှုပ်ရှားသူများက အမျိုးသားရေးကို ကာကွယ်သည့် ဥပဒေတစ်ခုဖြစ်သည်ဟု တုံ့ပြန် ကြသည်။
၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်က ယင်း ဥပဒေပြင်ဆင်ရန် ဆန္ဒထုတ်ဖော်မှုများကို အရှိန် အဟုန် ဖြင့် ပြုလုပ်ခဲ့ဖူးသည်။
သတင်း-မင်းမော်ဦး
ဓာတ်ပုံ-ကျော်ကျော်
ဓာတ်ပုံ-ကျော်ကျော်