Monday, March 11, 2019

အစိုးရနှင့် RCSS တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ နေပြည်တော်တွင် ပြုလုပ်


မတ် ၁၁၊ ၂၀၁၉
ရှမ်းပြည်နယ်တွင် လတ်တလော စစ်ရေး ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/ SSA) သည် ယနေ့ နံနက်ပိုင်းက နေပြည်တော်သို့ ရောက်ရှိလာပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များ လာရောက် ဆွေးနွေးခဲ့သည်။
အစိုးရဘက်မှ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက လက်ခံတွေ့ ဆုံခဲ့ပြီး တပ်မတော်ဘက်မှ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ဗိုလ်ချုပ်အောင်စိုးတို့ တက်ရောက်ကြသည်။
RCSS/SSA ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဘောင်ခေး၊ ဗိုလ်မှူးကြီး စိုင်းငင်နှင့် အဖွဲ့ ဝင်များ တက်ရောက်ကြပြီး ဖမ်းဆီးခံထားရသည့် RCSS တပ်ဖွဲ့ ဝင် ၃၁ ဦးကို ပြန်လွှတ်ပေးရန် ၄င်းတို့က အစိုးရထံ တောင်းဆိုခဲ့ကြသည်။ ထို့ပြင် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် ကိစ္စ၊ ဒေသဖွံ့ ဖြိုးရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် နေရပ်စွန့်ခွာသူများ ကိစ္စ စသည်တို့ကို ဆွေးနွေးကြမည်ဟု သိရသည်။
RCSS/SSA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တခု ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တချို့နှင့်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။







credit - ဧရာဝတီ
ဓာတ်ပုံ - ထက်နိုင်ဇော်/ဧရာဝတီ

No comments:

Post a Comment