Monday, August 19, 2019

ပညာရေးကောလိပ်ကျောင်းသားတွေ ဖဲကြိုးစိမ်းလှုပ်ရှားမှုလုပ်ဆောင်

မန္တလေးနဲ့ မုံရွာ ပညာရေးကောလိပ်မှာ ဖဲကြိုးစိမ်းလှုပ်ရှားမှုတွေကို ဒီနေ့ လုပ်ဆောင်ခဲ့ကြတယ်လို့ ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂများ ကိုယ်စားပြုကော်မတီကနေ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနက ပညာရေးအဆင့်မြှင့်တင်တဲ့အနေနဲ့ BA (Education), BSc (Education) လေးနှစ်သင်တန်း တက်ရမယ်ဆိုပြီး ချမှတ်ထားပေမယ့် မူဝါဒတွေ မရှင်းလင်းတာကြောင့် အဲဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပေးဖို့အပါအဝင် အချက် ငါးချက်ကို တောင်းဆိုဆန္ဒပြနေတာဖြစ်ပါတယ်။

တောင်ဆိုချက်တွေထဲမှာ ပညာရေးကောလိပ်ဟာ နှစ်နှစ်သင်တန်းဖြစ်ပြီး သင်တန်းပြီးဆုံးရင် မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ရတာကြောင့် အဲဒီအချိန်မှာ အဝေးသင်တက္ကသိုလ်တွေ ဆက်တက်ရတဲ့အတွက် ခွင့် လုံလုံလောက်လောက်ပေးဖို့၊ ပညာရေးကောလိပ်ကျောင်းသား သမဂ္ဂ၀င်တွေကို ခွဲခြားဆက်ဆံတာတွေ၊ ခရီးသွားခွင့်ပိတ်တာတွေနဲ့ ဖိနှိပ်ချုပ်ချယ်တာတွေကို ရပ်တန့်ဖို့ တောင်းဆိုနေတာဖြစ်ကြောင်း မန္တလေးပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ (ဗ.က.သ များအဖွဲ့ချုပ်) ပြန်ကြားရေးက ကိုညီညီဇင်က RFA ကို ပြောပါတယ်။

အဲဒီအချက်တွေကို ပညာရေးကောလိပ်ကျောင်းသားတွေ သိရှိအောင်ရှင်းပြပြီး ဖဲကြိုးစိမ်း ရင်ထိုးတွေ တပ်ပြီးလှုပ်ရှားနေတာဖြစ်ပါတယ်။

အဲဒီလိုလှုပ်ရှားမှုကို မန္တလေးပညာရေးကောလိပ်မှာ ဒီနေ့စတင်လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်တွေက ပခုက္ကူ၊ မကွေး၊ မြစ်ကြီးနား၊ ရန်ကင်း၊ ထားဝယ်၊ ကျောက်ဖြူ စတဲ့ ပညာရေးကောလိပ်ကျောင်းတွေမှာလည်း လုပ်ဆောင်ကြမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီတောင်းဆိုမှုတွေနဲ့ ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနဆီက တုံ့ပြန်ချက်ကို ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

ပညာရေးဝန်ကြီးဌာနက ဒီလထဲမှာ နိုင်ငံ အနှံ့အပြားက ပညာရေးကောလိပ် ၂ဝ ကျော်ကို သွားရောက်ပြီး မူဝါသစ်နဲ့ ပတ်သက်တာတွေ ရှင်းလင်းဖို့ အစီအစဉ်ရှိတယ်လို့ RFA က စုံစမ်း သိရှိရပါတယ်။

Credit - RFA


အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှု ရှောင်ကြဉ်ရန် ရှမ်းပြည်နယ်မြောက်ပိုင်းလူမှုအဖွဲ့အစည်းများ တိုက်တွန်း


ကုန်ဈေးနှုန်းထိန်းညှိပေးရန် တောင်းဆို

ရှမ်းပြည်နယ်မြောက် ပိုင်း ပဋိပက္ခအတွင်း အရပ်သား များကို ပစ်မှတ်ထားတိုက်ခိုက် ခြင်းမှ ရှောင်ကြဉ်ရန် လူမှုအဖွဲ့ အစည်း ၁၀ ဖွဲ့ပါဝင်ဖွဲ့စည်းသော ရှမ်းပြည်နယ်မြောက်ပိုင်း လူ သားချင်းစာနာထောက်ထားမှုပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST-NSS) က ယမန်နေ့ တွင် ထုတ်ပြန်တိုက်တွန်းသည်။

သြဂုတ် ၁၉ ရက်က ကျရောက်သည့် ကမ္ဘာ့ လူသားချင်းစာနာထောက်ထားမှု အထိမ်းအမှတ် နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်းစာနာ ထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (HST - NSS) ၏ သဘောထားထုတ်ပြန်ချက်၌ ယင်းသို့ ထည့်သွင်းတိုက်တွန်းထားသည်။

လက်ရှိတွင် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ ဟိုပန်၊ လောက်ကိုင်နှင့် ကုန်းကြမ်း စသည့်မြို့များ၏ ၀န်းကျင် ကျေးရွာများ ၌ တပ်မတော်နှင့် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့ အကြား စစ်ရေးတင်းမာခြင်းနှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ကြောင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေကြောင်းနှင့် ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်နေ သည့် စစ်ဘေးရှောင် ၁,၅၀၀ ကျော်တိုးလာကြောင်း ယင်းအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဟောင်းဒေါင်က ပြောသည်။

ထုတ်ပြန်ချက်တွင် အရပ် သားများ ထိခိုက်နစ်နာနေသော မြေမြှုပ်မိုင်းအသုံးပြုခြင်း၊ လက်နက်များ ပရမ်းပတာပစ်ခတ်ခြင်းနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လုံးဝမပြုလုပ်ရန်နှင့် ပဋိပက္ခအတွင်း ဒုက္ခရောက်နေသောပြည်သူများအား သွားရောက်ကူညီပံ့ပိုးနေသော လူမှုကူညီရေး အသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသခံအဖွဲ့အစည်းများကို နှောင့်ယှက်ခြင်း၊ တိုက်ခိုက်ခြင်းများ မပြုလုပ်ရန်လည်း အကြံပြု တိုက်တွန်းထား သည်။

ထို့အပြင် ပဋိပက္ခကြောင့် ကုန်သွယ်ရေး စီးဆင်းမှု ပြတ် တောက်လာခြင်းအပေါ် ကုန် သည်ကြီးများ၊ လုပ်ငန်းရှင်များက ဈေးနှုန်း အဆမတန်မြှင့်တင်ကာ ကုန်ဈေးနှုန်းမတည်ငြိမ်မှု ဖြစ်ပေါ်စေခြင်း ကိစ္စရပ်များအား သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနများက ထိရောက်စွာ ထိန်းကျောင်းပေးရန်လည်း တိုက်တွန်းထား သည်။

‘စစ်ပွဲများ ပြင်းထန်လာခြင်း ၏ နောက်ဆက်တွဲ သက်ရောက် မှုများအနေဖြင့် ကုန်ဈေးနှုန်းများ တိုးမြင့်လာခြင်း၊ မြို့တွင်းစိုးရိမ် ချောက်ချားမှုများရှိနေခြင်း၊ ကုန် စည်စီးဆင်းမှု ရပ်တန့်သွားခြင်း၊ အများပြည်သူ လုပ်ငန်းခွင်လုံခြုံ မှုမရှိခြင်းတို့ကြောင့် အသက်မွေး ၀မ်းကျောင်းလုပ်ငန်းများ ရပ်တန့် နေခြင်းနှင့် စိုက်ပျိုးရေးကာလဖြစ် သောကြောင့် စိုက်ပျိုးရေးလုပ် ငန်းများနှောင့်နှေးနေခြင်း စသည့် ထိခိုက်နစ်နာမှုများကို ပြည်သူ များ ခံစားနေရပါသည်’ဟု ထုတ် ပြန်ချက်တွင် ဖော်ပြသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း တွင် တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်များကြား ဖြစ် ပွားသည့် ပြည်တွင်းစစ်ပဋိပက္ခ ကြောင့် ၂၀၁၁ မှ လက်ရှိအချိန် အထိ စစ်ဘေးရှောင်စခန်း ၃၈ ခု တွင် လူဦးရေ ၁၅,၀၀၀ ကျော် အထက် နေထိုင်နေရကြောင်း လည်း HST - NSS ကဆိုသည်။

၂၀၁၈ နှင့် ၂၀၁၉ တွင် ရှမ်း ပြည်နယ်မြောက်ပိုင်း ပဋိပက္ခများ အတွင်း အရပ်သား ၅၃ ဦး မြေ မြှုပ်မိုင်းကြောင့် ထိခိုက်ခဲ့ကာ၊ လက်နက်ကြီးကျည် ထိမှန်ခံရသူ ၃၁ ဦးနှင့် အထက်ရှိပြီး လက်နက်ကိုင်အဖွဲ့များ၏ တပ်သားသစ်စုဆောင်းခံရမှုများ ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ရှောင်များအနေဖြင့် ကာလရှည်ကြာသည်နှင့်အမျှ အသက်မွေးဝမ်းကျောင်းနှင့် လူမှုရေးဆိုင်ရာပြဿနာများ ကြုံတွေ့နေရကြောင်းလည်း HST - NSS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

Credit - 7 Day Daily


မိုင်ပေါင်း ၃၀,၀၀၀ ကျော် ခရီးနှင်ခဲ့တဲ့ မြန်မာ ဆိုင်ကယ်သမား နှစ်ယောက် လန်ဒန် ရောက်တော့မည်


မြန်မာနိုင်ငံကနေ အင်္ဂလန်အထိ မိုင်ပေါင်း ၃၀,၀၀၀ ကျော်ခရီးကို ဆိုင်ကယ်ကိုယ်စီနဲ့ သွားနေကြတဲ့ ကိုအောင်ကျော်ဝင်းနဲ့ စိုင်းဇွန်ဖတို့ ၂ယောက်ဟာ ဒီနေ့မှာတော့ ဂျာမနီနိုင်ငံကို ရောက်ရှိသွားပါပြီ။
သူတို့ နှစ်ယောက်ဟာ သြဂုတ်လ ၁၆ ရက်နေ့မှာ ဆွီဒင်နိုင်ငံကို ရောက်ရှိခဲ့ကြပြီး နော်ဝေး၊ ဒိန်းမတ် စတဲ့ ဥရောပနိုင်ငံတွေကိုလည်း ဖြတ်ကျော် မောင်းနှင်ခဲ့ပြီးပါပြီ။
မိုင်ပေါင်း ၃၀,၀၀၀ ကျော် ခရီးကို မောင်းနှင်ကြမယ့် သူတို့ရဲ့ခရီးစဉ်ကိုတော့ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့ကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သြဂုတ်လ ၂၆ ရက်နေ့ဆိုရင် သူတို့ ခရီးစဉ်က ၃ လ ပြည့်မြောက်တော့မှာပါ။
ခရီးမထွက်ခင်ကတည်း ၃ လအတွင်း အင်္ဂလန်နိုင်ငံ ရောက်အောင် မောင်းဖို့ သူတို့ နှစ်ယောက်က ရည်မှန်းချက် ထားခဲ့ပါတယ်။ ဒါကြောင့်လည်း ၃ လပြည့်မယ့် သြဂုတ်လ ၂၆ ရက်နေ့မှာတော့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကို အရောက်မောင်းမယ်လို့ သူတို့ရဲ့ Facebook Page မှာ ဖော်ပြထားပါတယ်။ လန်ဒန်မြို့ကို ရောက်တဲ့အခါမှာလည်း လန်ဒန်မြို့မှာ နေထိုင်ကြတဲ့ မြန်မာတွေနဲ့ တွေ့ဖို့လည်း စီစဉ်ထားပါသေးတယ်။
မိုင်ပေါင်း ၃၀,၀၀၀ ကျော်ဝေးတဲ့ မြန်မာနိုင်ငံကနေ အင်္ဂလန်နိုင်ငံထိ ရောက်အောင် ဆိုင်ကယ် ကိုယ်စီ စီးပြီးသွားဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒီခရီးစဉ်အတွက် သူတို့ နှစ်ယောက်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ကြိုတင် ပြင်ဆင်ထားခဲ့ရပါတယ်။
နိုင်ငံဖြတ်ကျော်ခွင့်ရနိုင်ဖို့ သက်ဆိုင်ရာ စာရွက်စာတမ်းတွေကိုလည်း ၈ လကြာအောင် စောင့်ခဲ့ရပါတယ်။ နိုင်ငံဖြတ်ကျော်ခွင့်ဆိုင်ရာ စာရွက်စာတမ်းတွေ ရရှိတော့မှသာ အခုခရီးစဉ်ကို အစပြုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
သူတို့ နှစ်ယောက်ဟာ လမ်းခရီးမှာလည်း ဆိုးရွားတဲ့ ရာသီဥတု အခြေအနေ အမျိုးမျိုး ရင်ဆိုင်ခဲ့ကြရပါသေးတယ်။ “ဆိုင်ကယ် မမောင်းရ နယ်မြေ”လို့ သတ်မှတ်ထားတဲ့ ဒေသကိုလည်း ဖြတ်ကျော်ခဲ့ရပါတယ်။ Estonia နိုင်ငံကနေ ဖင်လန်နိုင်ငံကိုရောက်ဖို့ Tallinn ကနေတဆင့် သဘောင်္စီးပြီး သွားရောက်ခဲ့ပါတယ်။
ခရီးလမ်းတလျှောက် သူတို့ နှစ်ယောက် ရရှိတဲ့ အကျိုးကျေးဇူးကတော့ ဆိုင်ကယ် ဝါသနာအိုးတွေကို တွေ့ဆုံခွင့်ရခဲ့တာ ဖြစ်သလို ဆိုင်ကယ်တွေ စုဆောင်းထားတဲ့ နေရာတွေကို လေ့လာခွင့် ရရှိခဲ့ကြတာပါ။ ဒီဇိုင်းပညာရှင်တွေဖြစ်တဲ့ သူတို့ နှစ်ယောက်ဟာ ဖင်လန်နိုင်ငံကို ရောက်တဲ့အခါမှာတော့ ဒီဇိုင်းပြတိုက်တွေကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။
နိုင်ငံတကာမှာရှိတဲ့ ဆိုင်ကယ်ဝါသနာအိုးတွေအပြင် နိုင်ငံရပ်ခြားကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကလည်း သူတို့ နှစ်ယောက်ကို နွေးနွေးထွေးထွေး ဆက်ဆံတာကိုလည်း တွေ့ရပါတယ်။
ဖင်လန်နိုင်ငံကို ဖြတ်ကျော် မောင်းနှင်တုန်းကဆိုရင်တော့ ညရောက်နေတာတောင် မဝင်သွားသေးတဲ့ နေလုံးကြီးရဲ့ အလင်းရောင်အောက်မှာ မောင်းနှင်ခဲ့ကြပါတယ်။
သမိုင်းဝင်ခရီးဖြစ်တဲ့ ဒီလိုခရီးစဉ်မျိုးတွေကို ၁၉၅၅ ခုနှစ်ကလည်း ဦးဘတုတ်နဲ့ ဒေါ်တင်တင်စိန်တို့ ဇနီးမောင်နှံ နှစ်ယောက်က မောင်းနှင်ခဲ့ကြပါတယ်။ အခုတော့ နောက်ထပ် မြန်မာသူရဲကောင်း နှစ်ယောက် ပေါ်ပေါက်လာခဲ့ပါပြီ။
Credit - Irrawaddy



ယူနီကုတ်စနစ်နှင့် ကိုက်ညီသည့် ဖောင့်ကို အောက်တိုဘာ ၁ ရက်မတိုင်မီ ပြောင်းလဲစမ်းသပ်သင့်ဟုဆို

အောက်တိုဘာ ၁ ရက် မတိုင်မီ မိုဘိုင်းဖုန်းများ၌ ယူနီ ကုတ်မြန်မာစာစံသတ်မှတ်ချက် နှင့် ကိုက်ညီသည့် ဖောင့်ကို ပြောင်းလဲစမ်းသပ်ခြင်းဖြင့် ပြင် ဆင်ထားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ဩဂုတ် ၁၇ ရက်တွင် တိုက် တွန်းပြောကြားသည်။

အသုံးပြုသူများက ယူနီ ကုတ်မြန်မာစနစ်ကို ပြောင်းလဲ စမ်းသပ်ထားမှသာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယင်းစနစ် ပြောင်းလဲအသုံးပြုသည့်အခါ အ ခက်အခဲမရှိ ဆက်လက်အသုံးပြု နိုင်မည်ဟု ၎င်းက ပြောသည်။

ဒစ်ဂျစ်တယ်သုံး မြန်မာစာ စနစ်၌ ယူနီကုတ်စံသတ်မှတ်ချက် နှင့် ကိုက်ညီသည့် ဖောင့်ကို အောက်တိုဘာ ၁ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြောင်းလဲအသုံးပြုရန် e- Government ဦးဆောင်ကော် မတီက လမ်းညွှန်ထားသည်။

တစ်နိုင်ငံလုံးအနေဖြင့် ယူနီကုတ်စံသတ်မှတ်ချက်ကို လိုက်နာသည့် ဖောင့်စနစ် ပြောင်းလဲအသုံးပြုရန် ပြင်ဆင်ချိန်သည် ရက် ၄၀ကျော်သာ ကျန်ရှိကြောင်း၊ လက်ရှိအချိန်၌ အနုပညာရှင်များ၊ အလှဖန်တီးရှင်နှင့် ဘလော့ဂါတို့ကိုယူနီကုတ်ပြောင်းလဲအသုံးပြုရေး လုပ်ငန်းစဉ်တွင် သံတမန်အဖြစ်ခန့်အပ်၍ လှုပ်ရှားဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန် ပျူတာအသင်းချုပ်က ကြေညာသည်။

ယူနီကုတ်စံသတ်မှတ်ချက် သုံး ဖောင့်သည် မြန်မာစာရေးထုံး ကို အပြည့်အဝလိုက်နာထား ကြောင်း၊မြန်မာနိုင်ငံသည် ၁၉၉၉ ကစတင်၍ ယူနီကုတ်စံသတ်မှတ် ချက်နှင့် ကိုက်ညီသည့် ဖောင့်စနစ်အသုံးပြုရန် ကြိုးစားခဲ့ရာ ယခုအောင်မြင်မှုရရှိကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းသူရသက် က ပြောသည်။

မြန်မာစာရေးထုံး၌ ဗျည်းနှင့် ဗျည်းတွဲထိခြင်း၊ သရနှင့် မထိခြင်းစသည့် စည်းကမ်းချက်များရှိ ကြောင်း၊ ဒစ်ဂျစ်တယ် Device မျိုးစုံတွင် မြန်မာစာယူနီကုတ် ဖောင့်ကို အသုံးပြုရာ၌ အဆင် ပြေခြင်း ရှိ၊ မရှိသိရန် ပြည်သူများ အနေဖြင့် ယခုအချိန်၌ စမ်းသပ် သုံးစွဲရန် လိုအပ်ပြီး အဆင်မပြေ ပါက မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ထံ ဆက်သွယ်အကူ အညီတောင်းခံနိုင်ကြောင်း ၎င်း က ပြောသည်။

Credit - 7 Day Daily


အစိုးရနှင့် အပစ်ရပ် ၁၀ ဖွဲ့ ထိုင်းနိုင်ငံတွင် တွေ့ဆုံဆွေးနွေးနေ


တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်ဆယ်ဖွဲ့မှ ကိုယ်စားလှယ်များနှင့် အစိုးရ၏ ငြိမ်းချမ်ရေးကော်မရှင် (PC) မှ ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးနေကြသည်။

ထိုဆွေးနွေးပွဲတွင် NCA လမ်ကြောင်းအတိုင်း ရှေ့ဆက်နိုင်ရေး ဆွေးနွေးမည်ဟု အစိုးရဘက်က ဧရာဝတီသို့ ပြောထားသည်။

အပစ်ရပ်အဖွဲ့များကလည်း မကြာခင် ကျင်းပတော့မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် တင်ပြနိုင်ရန် PC မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် ဖေါ်ဆောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆိုပြုချ က် (၄) ချက် ကို ရှင်းလင်းဆွေးနွေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
PPST အစည်းအဝေးကို ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်မိုင်မြို့တွင် ကျင်းပမည်ဟု သိရသည်။

ဓာတ်ပုံ - ငြိမ်းငြိမ်း၊ ဧရာဝတီ

Credit - Irrawaddy




တိုင်းရင်းလက်နက်ကိုင် မဟာမိတ် ၃ ဖွဲ့တိုက်ခိုက်မှု တရုတ်အစိုးရ ပြင်းထန်စွာ ကန့်ကွက်

အနည်းဆုံး လူပေါင်း ၁၆ ယောက် သေဆုံးခဲ့ရပြီး တချို့ ဒဏ်ရာရခဲ့တဲ့ ရှမ်းပြည် မြောက်ပိုင်း ဒေသတွင်း လက်ရှိ ဖြစ်နေတဲ့ တိုက်ပွဲတွေ အပေါ် တရုတ်က ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ ဖြစ်တဲ့ AA ရခိုင်လက်နက်ကိုင်တပ် ၊ TNLA တအာန်းပလောင် လက်နက်ကိုင်တပ်နဲ့ MNDAA ကိုးကန့် လက်နက်ကိုင် တပ်တို့က မြန်မာ့ တပ်မတော်ထိန်းချုပ်ရာ နေရာများကို ဝင်ရောက်တိုက်ခိုက်မှုမှာ သေကြေ ဒဏ်ရာရမှုတွေနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ သဘောထားကို မေးမြန်းတာမှာတော့လက်နက်ကိုင် တိုက်ခိုက်မှုတွေကြောင့် ထိခိုက် သေကြေရပြီး မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသ ငြိမ်းချမ်း တည်ငြိမ်ရေးကို ထိခိုက်စေတာကြောင့် ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရ Geng Shuang က တနလာင်္နေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။
တရုတ် - မြန်မာ နယ်စပ် ငြိမ်းချမ်း တည်ငြိမ်ရေးကို တရုတ်ဘက်က အလေးထားပြီး မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကိုလည်း အခိုင်အမာ ထောက်ခံကြောင်း၊ ဒေသတွင်းမှာ အပစ်အခတ်ရပ်ပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းရမှာ ဖြစ်ပြီး တရုတ်ဘက်ကလည်း အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေး ဌာန ပြောခွင့်ရက ပြောဆိုသွားတာပါ။
မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ TNLA တအာန်း ပလောင် လက်နက်ကိုင်တပ်၊ AA ရခိုင် လက်နက်ကိုင်တပ်နဲ့ MNDAA ကိုးကန့် လက်နက်ကိုင် တပ်တို့ ပူးပေါင်းထားတဲ့ ညီနောင် မဟာမိတ် သုံးဖွဲ့က သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ်၊ အေးရှားဝါးလ် တိုးဂိတ်နဲ့ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်၊ နောင်ချိုတိုးဂိတ်၊ ဂုတ်တွင်းရဲစခန်း၊ နောင်ချိုနယ်မြေခံ တပ်ရင်းဌာနချုပ် စတဲ့နေရာတွေကို တချိန်တည်း တပြိုင်တည်းလို တိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုတွေ အတွင်း စစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရပြီး နောက်နေ့မှာဘဲ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံးကလည်း တိုက်ခိုက်မှုတွေ အတွင်း သေကြေရမှုတွေ အတွက် ၀မ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်း ပြောဆိုထားပြီး သက်ဆိုင်ရာ ဘက်ပေါင်းစုံက ထိန်းထိန်းသိမ်းသိမ်းရှိဖို့၊ အမြင် မတူမှုတွေကို ဆွေးနွေးညှိနှိုင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။ တိုက်ပွဲတွေ ဆက်ရှိနေပြီး သေဆုံး ဒဏ်ရာရမှုနဲ့ ပတ်သက်လို့တော့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကရော တပ်မတော်ဘက်ကရော ထပ်ပြီး ထုတ်ပြန်တာ မရှိသေးပါဘူး။
Credit - VOA

တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ စတင်ဖို့ အပစ်ရပ်အဖွဲ့တွေကို အစိုးရ ကမ်းလှမ်း

အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ တရားဝင်ဆွေးနွေးပွဲတွေ ပြန်စဖို့ အစိုးရက ကမ်းလှမ်းလိုက်ပါတယ်။
အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နဲ့ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ် ၁၀ ဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီနေ့ အလွတ်သဘောတွေ့ဆုံရာမှာ အစိုးရအဖွဲ့က ကမ်းလှမ်းခဲ့တာဖြစ်ကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။
ဒီအလွတ်သဘောတွေ့ဆုံမှုမလုပ်ခင် ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့က ကျင်းပတဲ့ UPDJC အတွင်းရေးမှူး အဖွဲ့ အလွတ်သဘော အစည်းအဝေးမှာ လုပ်ငန်းစဉ် လေးရပ်ပါတဲ့ အစိုးရဘက်က အဆိုပြုလိုက်တဲ့ အချက် လေးချက်ကို NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထံ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားတွေအကြား ပြန်လည်ညှိနှိုင်းဆွေးနွေးနိုင်ဖို့ ပေးအပ်ခဲ့ပြီးဖြစ်တယ်လို့လည်း ဦးဇော်ဌေး က ဆက်ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေနဲ့ NRPC ခေါင်းဆောင်တွေအကြား တစ်နာရီခွဲကြာ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက် အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုးဖြစ်အောင် လာမည့် သြဂုတ်လ ၂၁ ရက်နေ့မှာကျင်းပမည့် PPST နိုင်ငံရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ထံတင်ပြပြီး ဆက်လက်ဆွေးနွေး အတည်ပြုချက် ရယူသွားမှာ ဖြစ်တယ်လို့လည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဒုဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း က ပြောပါတယ်
အငြိမ်းစား ဒုတိယ ဗိုလ်ချူပ်ကြီး ဦးခင်ဇော်ဦး ခေါင်းဆောင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC အဖွဲ့ဟာ ဒီကနေ့ မနက်ပိုင်းမှာလည်း ဗိုလ်မှူးကြီး ဘုန်းနိုင် ဦးဆောင်တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့နဲ့လည်း မနက်ပိုင်းမှာ တစ်နာရီနီးပါးကြာ သီးခြားတွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီတွေ့ဆုံပွဲမှာ အစိုးရဘက်က NCA လမ်းကြောင်းပေါ် ရောက်လာအောင် အဓိကထား ဆွေးနွေးခဲ့တာရှိခဲ့ပေမယ့် KNPP အဖွဲ့ဘက်ကတော့ အစိုးရထံ သီးသန့်စာတစ်စောင် ပေးအပ်ခဲ့တယ်လို့ ဦးဇော်ဌေး ကပြောပါတယ်။
အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC အဖွဲ့ဟာ မနက်ဖြန်မှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တွေနဲ့ မနက်ပိုင်းမှာ သီးခြားအလွတ်သဘော တွေ့ဆုံဖို့ရှိပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကခေါင်းဆောင်တွေနဲ့လည်း ညနေပိုင်းမှာ သီးခြား အလွတ်သဘော တွေ့ဆုံကြဖို့ရှိတယ်လို့ ဦးဇော်ဌေး ကပြောပါတယ်။
Credit - RFA

ဆိုးရို့စ် နှင့် (ရခိုင်ကမ်းလွန်မှ) ဟိုက်ဒြိုကာဗွန်ဓါတ်ငွေ့သိုက်များ - မြန်မာနိုင်ငံ ခိုးဝင်ဘင်္ဂလီ အရေးအခင်းရဲ့ နောက်ကွယ်က တကယ့်အကြောင်းတရားက ဘာတွေလဲ ???


(ရုရှားက academicians တွေထောက်ပြတဲ့ ရခိုင်က ခိုးဝင်ဘင်္ဂလီအရေးအခင်း နောက်ကွယ် က လက်မည်းကြီးဟာ George Soros ပါ ဆိုတဲ့ Sputniknews က ဆောင်းပါး -)
၂၀၁၇ သြဂုတ်လကစတင်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ဒုတိယ အကျော့  ခိုးဝင်ဘင်္ဂလီ အရေးအခင်းဟာ ပထ၀ီနိုင်ငံရေးကစားကြတဲ့ အင်အား ကြီးနိုင်ငံတွေနဲ့ ပတ်သက်နေတဲ့ ဘက်ပေါင်း စုံအရေးအခင်း ဖြစ်ပုံရတယ် လို့ နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေက ဆိုနေ ကြပါတယ်။
မြန်မာနိုင်ငံက လောလောလတ်လတ် အဲဒီသွေးထွက်သံယိုအကြမ်းဘက်မှုတွေ ဖြစ်ပွားရ ခြင်း ရဲ့ နောက်ကွယ်မှာ ပြည်တွင်းပြည်ပ အကြောင်းရင်းခံတွေ ရှိနေတယ်ဆိုတာကို ညွှန်း ပြီး အဲလို ဆိုကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအနောက်ခြမ်း ရခိုင်ပြည်နယ်က ဒီနှစ်သြဂုတ်လကုန်ပိုင်းမှာ စတင်ဖြစ်ပွားတဲ့ ခိုးဝင်ဘင်္ဂလီ အရေးအခင်း ပေါ်ပေါက်လာအောင် ပြည်ပက ကမ္ဘာလုံးဆိုင်ရာ ပထ၀ီနိုင်ငံ ရေးကစားသမားတွေက မီးလောင်လေပင့် လုပ်ခဲ့ပုံရတယ်လို့ အရှေ့ပိုင်းဒေသလေ့လာရေး ရုရှတက္ကသိုလ် (Institute of Oriental Studies of the Russian Academy of Sciences) ၊ အရှေ့တောင်အာရှ ရေးရာဌာနမှူး Dmitry Mosyakov က ရုရှရုပ်သံဌာန Russian TV Network (RT) ကို ပြောကြားခဲ့ပါတယ်။
သူက ဒီ ခိုးဝင်ဘင်္ဂလီအရေးအခင်းမှာ အနည်းဆုံး ဘက်သုံးဘက် ရှိတယ်လို့ ဆိုပါတယ်။
ပထမတစ်ဘက် ကတော့ ရခိုင်ဒေသမှာအကြီးအကျယ် ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်ကို အမေရိကန်က ကစားလိုက်တဲ့ပွဲ ဖြစ်တယ်လို့ ဌာနမှူး Dmitry Mosyakov က ထောက်ပြ ပါတယ်။
ဒုတိယတစ်ဘက်ကတော့ အရှေ့တောင်အာရှမှာ မူဆလင်အစွန်းရောက်ဝါဒ မီးတောက် လာစေဖို့ ရည်ရွယ်ခြင်း ဖြစ်တယ်၊
တတိယတစ်ဘက်ကတော့ ASEAN ထဲက မူဆလင်နိုင်ငံတွေဖြစ်ကြတဲ့ အင်ဒိုနီးရှား၊ မလေး ရှားတို့နဲ့ မြန်မာနိုင်ငံတို့ ကြားမှာ သပ်လျှိုသွေးခွဲဖို့ ကြိုးပမ်းခြင်း ဖြစ်တယ်လို့ သူက ဆိုပါ တယ်။
တကယ့်တကယ်က ရခိုင်ပြည်နယ်ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ ဟိုက်ဒြို ကာဗွန်ဓါတ်ငွေ့ သိုက်တွေကို မောင်ပိုင်စီးချင်လို့ လောဘဇောတိုက်နေကြတဲ့ ပြည်ပက ကမ္ဘာလုံးဆိုင်ရာ ပထ၀ီနိုင်ငံရေးကစားသမားတွေက မြန်မာနိုင်ငံရဲ့ ရာစုနှစ်နဲ့ချီပြီးရှိခဲ့တဲ့ ပဋိပက္ခကို အသုံးချ လိုက်ပြီး အရှေ့တောင်အာရှဒေသကို မတည်မငြိမ်ဖြစ်အောင် လုပ်လိုက်တာဖြစ်တယ်လို့ Mosyakov က သုံးသပ်ပြပါတယ်။
မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်သွားတဲ့ စစ်ဗိုလ်ချုပ်ကြီး (ဦးသန်းရွှေ) ကို ဂုဏ်ပြု နာမည်ပေးထားတဲ့ အလွန်ကြီးမားတဲ့ - ရွှေ သဘာဝဓါတ်ငွေ့သိုက်ကြီး - အဲ့ဒီမှာ ရှိနေတယ် လို့ Mosyakov က ပြောပြပါတယ်။ ဒါ့အပြင် ရေနံထွက်တဲ့ ဟိုက်ဒြိုကာဗွန်ဓါတ်ငွေ့သိုက်ကြီး ဟာလည်း ရခိုင်ကမ်းရိုးတန်းတစ်ခုလုံးနီးပါးမှာ ရှိနေပြန်တယ်လို့လည်း သူက ဆိုပါတယ်။
၂၀၀၄ ခုနှစ်က ရခိုင်ဒေသမှာ စွမ်းအင်တွေထုနဲ့ထည်နဲ့ စတင် တွေ့ရှိလာ တဲ့နောက်ပိုင်းမှာ တရုတ်ဟာ ရခိုင်ကို မျက်စေ့ကျလာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ မြန်မာနိုင်ငံ ရခိုင်ပြည် နယ် ရေနက်ဆိပ်ကမ်း ကျောက်ဖြူမြို့ ကနေ တရုတ်ရဲ့ ယူနန်ပြည်နယ် ခွန်းမိန်မြို့ထိ ဆက် သွယ်လိုက်တဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ပိုက်လိုင်းဟာ ပြီးစီးသွားခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိက ကနေ တရုတ်က ၀ယ်ယူတဲ့ ရေနံ စိမ်းတွေကို အရင်က စင်္ကာပူနဲ့ မလေးကျွန်းဆွယ်ကြား မလက္ကာရေလက် ကြား (Malacca Straits) ကို ဖြတ်ပြီး တရုတ်ပြည်ကို တင်ပို့နေရာကနေ အခုအခါ ကျောက်ဖြူ-ခွန်းမိန် ရေနံပိုက်လိုင်းကြီးအတိုင်း တင်ပို့နေသလို၊ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ကထွက်တဲ့ ဟိုက်ဒြိုကာဗွန်ဓါတ်ငွေ့တွေကို လည်း ဓါတ်ငွေ့ပိုက်လိုင်းကြီးအတိုင်း ခွန်းမိန် (Kuming)ကို တင်ပို့နေပါပြီ။
ရခိုင်ဒေသက တရုတ်-မြန်မာ စွမ်းအင်စီမံကိန်းတွေ ဖြစ်ပေါ်လာနေတဲ့ ၂၀၁၁-၂၀၁၂ ခုနှစ် တွေမှာပဲ တိုက်ဆိုင်စွာနဲ့ လူပေါင်း တစ်သိန်းနှစ် သောင်း နေရပ်ကို စွန့်ခွာထွက်ပြေးရတဲ့ ခိုးဝင်ဘင်္ဂလီအရေးအခင်း အကြမ်းဘက်မှုကြီးလည်း ပေါ်ပေါက်လာခဲ့ပါတယ်။
Peoples' Friendship University of Russia ရဲ့ မဟာဗျူဟာလေ့လာရေးနှင့်စူးစမ်းရှာဖွေ ရေးဌာန Institute for Strategic Studies and Prognosis ရဲ့ ဒုတိယဌာနမှူး Dmitry Egorchenkov က ဒါဟာ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင်ပါပဲလို့ ဆိုပါတယ်။
ဘင်္ဂလီအရေးအခင်း ဖြစ်ရခြင်း ရဲ့ ပြည်တွင်းက အကြောင်းရင်းအခံတွေရှိနေပေမယ့်လည်း၊ ကမ္ဘာလုံးဆိုင်ရာ ပထ၀ီနိုင်ငံရေးကစားသမားတွေ အထူးသဖြင့် အမေရိကန်ရဲ့ ပြည်ပကနေ မီးထိုးပေးတဲ့ လက်ရာတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ မတည်မငြိမ်ဖြစ်ရင် မြန်မာနိုင်ငံက တရုတ်ရဲ့ စွမ်းအင်စီမံ ကိန်းတွေကို ထိခိုက် စေမှာ ဖြစ်သလို တရုတ်ရဲ့ အနောက်တံခါးဝမှာ တရုတ်ကို ထိခိုက်စေမယ့် ရုတ်ရုတ်သဲသဲ တွေ ပေါ်ပေါက်လာစေမှာဖြစ်ပါ တယ်။
လောလောဆယ် အမေရိကန်နဲ့တရုတ်တို့ဟာ တရုတ်ရဲ့ အရှေ့ တံခါးဝက မြောက်ကိုးရီး ယားအရေးနဲ့ အချင်းများနေကြချိန်မှာ တရုတ်ရဲ့ အနောက်တံခါးဝ မြန်မာနိုင်ငံမှာ မတည်မ ငြိမ်တွေ ဖြစ်ရင် တရုတ်ဟာ တံခါးနှစ် ပေါက်ကြားမှာ မလှုပ် သာအောင် ဖြစ်နေတာကို သူ့ကိုယ်သူ တွေ့လာတော့မှာပါ။
၂၀၁၃ ခုနှစ်က စပြီး ဟန်ဂေရီ-ဂျူးစပ် အမေရိကန်သူဋ္ဌေးကြီး ဂျော့ခ်ျဆိုရို့စ် George Soros က မြန်မာနိုင်ငံထဲက "လူနည်းစု ခုးဝင်ဘင်္ဂလီတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ရပ် ဆိုင်းဖို့ နိုင်ငံတကာမိသားစုကို တောင်းဆိုရေး" ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှားနေတဲ့ အဖွဲ့အ စည်းများစွာ ကို Burma Task Force အမည်နဲ့ ငွေကြေးထောက်ပံ့ထားပါတယ်။ ဒီလိုနဲ့ မြန်မာနိုင်ငံသမိုင်းမှာ George Soros ရဲ့ မြန်မာ့ပြည်တွင်းရေးကို နက်နက်ရှိုင်းရှိုင်း ၀င်ရောက်စွက်ဖက်မှုဟာ အရှိန်ရလာခဲ့ပါ တယ်။
(ခိုးဝင်ဘင်္ဂလီတွေနဲ့ချည်း အသစ်ပြန် လည် ဖွဲ့စည်းလိုက်တဲ့ အမေရိကား Illinois ပြည်နယ် Chicago မြို့အခြေ စိုက် Burma Task force ဘာလဲ ဆိုတာ သိချင်ရင်တော့ ဒီ link တွေမှာ ကြည့်လို့ရပါတယ်။
Ref:
https://www.burmataskforce.org/
https://www.facebook.com/BurmaTaskForce)
မြန်မာနိုင်ငံမှာ နိုင်ငံရေး စီးပွားရေး လူမှုရေး ပုံစံတွေ ပြောင်းလဲဖြစ်ပေါ်ရေးအတွက် အခြား နိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုတို့ ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အမေရိကန်ရဲ့ ရေရှည်စီမံကိန်းကို အကောင်အထည်ဖေါ်နေတဲ့ US Task Force Group မှာ ၂၀၀၃ ခုနှစ်က စပြီး George Soros ပူးပေါင်းပါဝင်လာခဲ့ပါတယ်။
Think-tank - စဉ်းစားကြံဆရေး - အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Council on Foreign Relation's (CFR) က ၂၀၀၃ ခုနှစ်မှာ ထုတ်ပြန်တဲ့ "မြန်မာနိုင်ငံ ပြောင်းလဲချိန်တန်ပြီ" Burma: Time For Change ဆိုတဲ့ စာတမ်းမှာ US Task Force Group ကို ဖွဲ့စည်းတည် ထောင်ခြင်းကို ဖေါ်ပြထားပြီး အမေရိကန် ပြည်ထောင်စုနဲ့ နိုင်ငံတကာမိသားစုရဲ့ အကူ အညီ မပါပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရှင်သန်နိုင်လို့လည်း ကြေညာထားပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်စွက်တော့မယ် ဆိုရင် George Soros ဟာ အဲဒီနိုင် ငံက ဘာသာရေး လူမျိုးရေး လူမှုရေး အက်ကြောင်း တွေကို ရှာဖွေပါတယ်။
အဲဒီအက်ကြောင်း တစ်ခုခု သို့မဟုတ် အက်ကြောင်းပဒေသာ ပိုမိုနက်ရှိုင်းသွားအောင် မီးထိုး လှုံ့ဆော်တာတွေကို လုပ်တော့တာပါပဲလို့ Dmitry Egorchenkov က ရုရှရုပ်သံ RT ကိုပြော ကြားခဲ့ပါတယ်။
တခြားတစ်ဘက်မှာလည်း တချို့သော ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတောင့် တင်းပြီးသားနိုင် ငံကြီးတွေဟာ သူတို့ကို ပုခုံးချင်းယှဉ်လာမယ့် ASEAN နိုင်ငံတွေရဲ့ စီးပွားရေးအရှိန်အဟုန်ေ တွကို ဟန့်တားထိန်းချုပ်နိုင်အောင် ASEAN အုပ်စုထဲမှာ အတွင်းမီးတောက်လောင်စေဖို့ တို့မီးရှို့မီးတွေလည်း ဖန်တီးနေတယ်လို့ (ရခိုင်ပြည်နယ်က ခိုးဝင်ဘင်္ဂလီအရေးအခင်းမှာ ဘက်သုံး ဘက်ရှိတယ်လို့ ဆိုသူ) Dmitry Mosyakov က ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးချုပ်ကိုင်ရေး စီမံခန့်ခွဲမှု မူဝါဒတွေမှာ တည်ငြိမ်နေတဲ့ဒေသရဲ့ အခင်းအကျင်းတွေကို ပုံဖျက်ပေးရခြင်း ဆိုတာက မပါမပြီးတဲ့ အရာပါလို့လည်း သူက ဆိုပါတယ်။
ဒေသတစ်ခုထဲကနိုင်ငံတွေရဲ့ အချုပ်အခြာအာဏာတွေကို ချုပ်ကိုင်နိုင်ရေးနဲ့ အဲဒီနိုင်ငံတွေ ကို လိုသလိုဖိအားပေးနိုင်ရေးတို့အတွက် ဒေသတွင်းပဋိပက္ခတွေကို ပိုမိုကြီးထွားအောင် ဖန်တီးပေးလိုက်ခြင်းအားဖြင့် ဒီအကွက်တွေကို ချောင်းနေတဲ့ အင်အားကြီး ပထ၀ီနိုင်ငံရေး ကစားသမားတွေ ဒီပဋိပက္ခတွေထဲ ခုန်ဝင်လာနိုင်ဖို့ အခွင့်အလမ်းတွေ ရရှိလာစေတယ် လို့လည်း သူက ပြောပါတယ်။
လောလောဆယ် ဒီနှစ် (၂၀၁၇) သြဂုတ် ၂၅ ရက်နေ့က စတင်ခဲ့တဲ့ မြန်မာနိုင်ငံရခိုင်ဒေသ က ခိုးဝင်ဘင်္ဂလီတွေရဲ့ ရဲစခန်းတွေကို အကြမ်းဘက် တိုက်ခိုက်မှုမှာ မြန်မာအာဏာပိုင်တွေ ရဲ့ ပြင်းပြင်းထန်ထန်တုန့် ပြန်မှုတွေကြောင့် အားလုံးပေါင်း သေဆုံးသူ ၄၀၂ ဦးရှိပါပြီ။ တချို့တွေကလည်း တကယ်တမ်းမှာ သေဆုံးသူအရေအတွက်ဟာ ၃၀၀၀ ထိရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ရာစုနှစ် တစ်ခု ကြာနေပြီဖြစ်တဲ့ ရခိုင်ဒေသပဋိပက္ခဟာ တဖြည်းဖြည်းနဲ့ ၂၀၁၁ မှာ အရှိန်ရ လာရာက ၂၀၁၂ မှာ ပြသနာဟာ အထွဋ်အထိပ်ကို ရောက်သွားခဲ့ပြီး။ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေဆီ ထောင်နဲ့ ချီပြီး ဒုက္ခသည်တွေ ရောက်ရှိသွားခဲ့ပါတယ်။ ဒီပဋိပက္ခ နောက်ထပ် အရှိန်တက် သွားခဲ့ပါတော့တယ်။
(ရုရှနိုင်ငံ Sputnik online မဂ္ဂဇင်း သူတို့အတွေးသူတို့အမြင် Opinion ကဏ္ဍမှ ၂၀၁၇ စက်တင်ဘာ ၅ ရက်နေ့စွဲပါ Soros and Hydrocarbons: What's Really Behind the Rohingya Crisis in Myanmar ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်)
---------------------------------
Sputnik
Opinion
September 5, 2017
Soros and Hydrocarbons: What's Really Behind the Rohingya Crisis in Myanmar
The Rohingya conflict in Myanmar, which had caught its second wind in August 2017, appears to be a multidimensional crisis with major geopolitical players involved, experts say, referring to both internal and external reasons behind the recent upsurge in violence in the country.
The Rohingya conflict, which erupted between Buddhists and Muslims in Myanmar's western Rakhine state in late August, was apparently fanned by external global players, Dmitry Mosyakov, director of the Centre for Southeast Asia, Australia and Oceania at the Institute of Oriental Studies of the Russian Academy of Sciences, told RT.
According to the academic, the conflict has at least three dimensions.
"First, this is a game against China, as China has very large investments in Arakan [Rakhine]," Mosyakov told RT. "Second, it is aimed at fuelling Muslim extremism in Southeast Asia…. Third, it's the attempt to sow discord within ASEAN [between Myanmar and Muslim-dominated Indonesia and Malaysia]."
According to Mosyakov, the century-long conflict is used by external players to undermine Southeast Asian stability, especially given the fact that what is at stake are vast reserves of hydrocarbons located offshore of the Rakhine state.
"There's a huge gas field named Than Shwe after the general who had long ruled Burma," Mosyakov said. "Additionally, the coastal zone of Arakan [Rakhine] almost certainly contains oil hydrocarbons."
After the massive Rakhine energy reserves were discovered in 2004 they attracted China's attention. By 2013 China completed oil and natural gas pipelines, which connect Myanmar's port of Kyaukphyu with the Chinese city of Kunming in Yunnan province.
The oil pipeline allows Beijing to deliver Middle Eastern and African crude bypassing the Malacca Straits, while the gas pipeline is transporting hydrocarbons from Myanmar's offshore fields to China.
The development of the Sino-Myanmar energy project coincided with the intensification of the Rohingya conflict in 2011-2012 when 120,000 asylum seekers left the country escaping the bloodshed.
According to Dmitry Egorchenkov, deputy director of the Institute for Strategic Studies and Prognosis at the Peoples' Friendship University of Russia, it is hardly a coincidence. Although there are certain internal causes behind the Rohingya crisis, it could also be fueled by external players, most notably, the United States.
Myanmar's destabilization may affect China's energy projects and create a pocket of instability at Beijing's doorstep. Given the ongoing crisis between the US and North Korea, another Chinese neighbor, Beijing may soon find itself caught in the crossfires.
Meanwhile, the Burma Task Force, which comprises a number of organizations funded by George Soros, has been actively operating in Myanmar since 2013 calling upon the international community to stop what they call "the genocide of the Rohingya Muslim minority group." However, Soros's interference in Myanmar's domestic affairs goes deeper into the country's history.
In 2003, George Soros joined a US Task Force group aimed at increasing "US cooperation with other countries to bring about a long overdue political, economic and social transformation in Burma [Myanmar]."
The Council of Foreign Relation's (CFR) 2003 document entitled "Burma: Time For Change," which announced the establishment of the group insisted that "democracy… cannot survive in Burma without the help of the United States and the international community."
"When George Soros comes to this or that country… he looks for religious, ethnic or social contradictions, chooses the model of action for one of these options or their combination and tries to 'warm they up,'" Egorchenkov explained, speaking with RT.
On the other hand, according to Mosyakov, it appears that some established global economies are seeking to contain the rapid economic development of ASEA nations, by instigating inner strife within the bloc.
The academic opined that the globalist management policy envisages sowing discord in stable regional formations. By fuelling regional conflicts external players jump at the opportunity to gain control over sovereign states and exert considerable pressure on them.
The recent Rohingya crisis started on August 25 when Muslim insurgents of Rohingya origin attacked security posts in Myanmar's Rakhine state. The tough response of the country's authorities triggered violent clashes, which claimed the lives of at least 402 people. However, according to some estimates, up to 3,000 Muslims were killed during the recent conflict.
The conflict that started about a century ago has gradually escalated since 2011, hitting its peak in 2012 when thousands of Muslim families sought asylum in the special refugee camps on the country's territory or fled to Bangladesh. Yet another escalation started in 2016.
https://sputniknews.com/…/201709051057098493-myanmar-rohi…/…
Credit - Ronnie Nyein