တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်ဆယ်ဖွဲ့မှ ကိုယ်စားလှယ်များနှင့် အစိုးရ၏ ငြိမ်းချမ်ရေးကော်မရှင် (PC) မှ ကိုယ်စားလှယ်များ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးနေကြသည်။
ထိုဆွေးနွေးပွဲတွင် NCA လမ်ကြောင်းအတိုင်း ရှေ့ဆက်နိုင်ရေး ဆွေးနွေးမည်ဟု အစိုးရဘက်က ဧရာဝတီသို့ ပြောထားသည်။
အပစ်ရပ်အဖွဲ့များကလည်း မကြာခင် ကျင်းပတော့မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် တင်ပြနိုင်ရန် PC မှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက် ဖေါ်ဆောင်ရေးဆိုင်ရာ လုပ်ငန်းစဉ်အဆိုပြုချ က် (၄) ချက် ကို ရှင်းလင်းဆွေးနွေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
PPST အစည်းအဝေးကို ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်မိုင်မြို့တွင် ကျင်းပမည်ဟု သိရသည်။
ဓာတ်ပုံ - ငြိမ်းငြိမ်း၊ ဧရာဝတီ
No comments:
Post a Comment