ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့၊ အခြေအနေကို ထိန်းချုပ်ကြဖို့ EU ဥရောပ သမဂ္ဂက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ဒါ့ပြင် AA အဖွဲ့က ရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တဲ့အပေါ် ရှုတ်ချကန့်ကွက်ကြောင်းနဲ့၊ အသက်ဆုံးရှုံးမှုတွေအတွက် စိတ်မကောင်း ဖြစ်ရကြောင်း လည်း ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ အမြစ်တွယ်နေတဲ့ သမိုင်းဝင် နာကျည်းချက်တွေကို
ဆွေးနွေးပွဲတွေ၊ နိုင်ငံရေး လုပ်ငန်းစဉ်တွေနဲ့သာ
ဖြေရှင်းနိုင်မယ့်အကြောင်း၊ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းမှာ
မြန်မာ့တပ်မတော်က အပစ်အခတ်ရပ်စဲမယ်လို့ ကြေညာထားတဲ့အပေါ် ကြိုဆိုကြောင်း၊
အပစ်အခတ်ရပ်စဲရေး ၄ လထက်ပိုပြီး ကြာရှည်ဖို့နဲ့ ရခိုင်ပြည်နယ်ပါ
ပါဝင်လာဖို့ မျှော်လင့်ကြောင်းလည်း ရန်ကုန်အခြေစိုက် EU အဖွဲ့ရုံးရဲ့
ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုတွေမှာ EU ဘက်က ဆက်ပြီး ထောက်ပံ့ကူညီသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
(Photo: EU Myanmar)