Thursday, April 25, 2019

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်ရှိ အစိုးရအနေဖြင့် ဆုံးဖြတ်ချက် ချပြီးပါက ပြည်သူအား အသိပေးမည် ဖြစ်ကြောင်း NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွှန့် ပြောကြား

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်ရှိ အစိုးရအနေဖြင့် ဆုံးဖြတ်ချက် ချပြီးပါက ပြည်သူအား အသိပေးမည် ဖြစ်ကြောင်း NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွှန့် ပြောကြား
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်ရှိ အစိုးရအနေဖြင့် ဆုံးဖြတ်ချက်ချပြီးပါက ပြည်သူအား အသိပေးမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။
“ကျွန်တော်တို့ ပါတီကတော့ တာဝန်ရှိသူတွေ ပြောထားတဲ့အတိုင်း ပြည်သူတွေရဲ့ ဆန္ဒကို အလေးအနက်ထားပြီး တစ်သားတည်း ဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားမှာပါ။ အခုလောလောဆယ် ဆုံးဖြတ်ချက် ဘာမှ မချရသေးပါဘူး။ ဆုံးဖြတ်ချက်ကို တာဝန်ရှိသူတွေ ချပြီးတဲ့အခါ ပြည်သူတွေကို အသိပေးသွားမှာပါ။ ဘာကြောင့် ဒီလိုဆုံးဖြတ်ချရလဲ ဆိုတာကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပြည်သူတွေကို ရှင်းပြသွားမှာပါ။ လောလောဆယ်တော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က ပြောကြားသည်။
မြစ်ဆုံစီမံကိန်း အပြီးရပ်ဆိုင်းရေးအတွက် လက်ရှိအချိန်တွင် လူထုလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိရာတွင် ဒေါက်တာမျိုးညွှန့်က အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
မြစ်ဆုံနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချပါကလည်း နိုင်ငံနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်အရေး စသည်တို့ကို ရေရှည် အကျိုးစီးပွားဖြစ် မဖြစ် ရှေးရှုသွားမည် ဖြစ်ကြောင်း၊ လက်ရှိ မြစ်ဆုံအရေး လှုပ်ရှားမှုများမှာ မြစ်ဆုံကို ဆန့်ကျင်သော နိုင်ငံရေးလှုပ်ရှားမှု တစ်ခုသာ ဖြစ်ကြောင်း ဒေါက်တာမျိုးညွှန့်က ဆက်လက် ပြောကြားသည်။
မြစ်ဆုံအရေးနှင့် ပတ်သက်ပြီး လက်ရှိ အာဏာရပါတီအနေဖြင့် နှုတ်ဆိတ်မနေရန် ကချင် နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ ပြောဆိုထားသည့်အပြင် ရန်ကုန်ကတ်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုကလည်း မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးရန် တရုတ်သမ္မတထံ စာပေးပို့ တောင်းဆိုထားကြောင်း သိရသည်။
“အခြေခံ တိုးတက်မှုတွေဖြစ်တဲ့ အဆောက်အအုံတွေ ပြင်ဆင်တာ၊ နောက်ပြီး ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေတွေ ပြင်ဆင်တာ စတာတွေကို အားကြိုးမာန်တက် ဆောင်ရွက်နေပါတယ်။ ဒါတွေ အရှိန်ရလာရင်တော့ ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေဟာ သိသာတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရလာမှာပါ”ဟု ဒေါက်တာမျိုးညွှန့်က ဆိုသည်။ ဧရာဝတီကို ပြန်ရွေးယူရန် ဦးဆောင်လှုပ်ရှားသူများက တရုတ်သမ္မတထံ ဧပြီ ၂၃ ရက်က ကမ်းလှမ်းစာ ပေးပို့ထားသည်။
Credit - Eleven

ပင်လယ်ပြင် ငါးမဖမ်းရဧရိယာ သတ်မှတ်ပြီ

ပင်လယ်ပြင် ငါးမဖမ်းရဧရိယာ သတ်မှတ်ပြီ
မြန်မာ့ပင်လယ်ပြင် ငါးဖမ်းကွက်တွေမှာ ငါးမဖမ်းရကာလကို ဇွန်လမှ ဩဂုတ်လအကုန်အထိ သုံးလ အကြာသတ်မှတ်ထားပြီး ငါးမဖမ်းရဧရိ ယာတွေကိုလည်း သတ်မှတ်လိုက်ပြီလို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
ငါး၊ ပုစွန်သားပေါက်ဖွားတဲ့ရာသီချိန် မှာ ငါးနဲ့သက်ရှိသယံဇာတတွေကို ထိန်းသိမ်းနိုင်ဖို့ ပြည်တွင်းပြည်ပကမ်းဝေးငါး ဖမ်းရေယာဉ်တွေကို ထုတ်ပြန်ချက်နဲ့ ညွှန်ကြားထားပြီး ငါးမဖမ်းရသတ်မှတ် ထားတဲ့ဧရိယာအတွင်း ကမ်းဝေးငါးဖမ်း လုပ်ကွက်ပေါင်း ၁၅၀ ခန့်ပါဝင်တယ်လို့ သိရပါတယ်။
ငါးလုပ်ငန်းဦးစီးဌာနမှဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက “ထွက် လို့မရဘူးဆိုတာ တရားဝင်ကြေညာထား ပြီးသား၊ ထွက်လို့ရှိရင်တော့ သူတို့ကို သက်ဆိုင်ရာဥပဒေနဲ့အရေးယူမှာ၊ ဘယ် လိုအရေးယူမလဲဆိုရင် ဖမ်းမိတဲ့ပုံစံပေါ်မှာ မူတည်ပြီးမှ သူ့ရဲ့ပြစ်ဒဏ်နဲ့ ပုဒ်မ ကွာ သွားမယ်၊ ကမ်းဝေးမှာ ဖမ်းမိသလား၊ ကမ်းနီးမှာ ဖမ်းမိသလား၊ ငါးဖမ်းပိုက်တွေ ချထားတာလား အများကြီးပေါ့၊ အရေး ယူတဲ့ပုံစံတွေကတော့ တစ်ခုနဲ့တစ်ခု မတူနိုင်ဘူး”လို့ ပြောပါတယ်။
ညွှန်ကြားထားတဲ့ ညွှန်ကြားချက် တွေကို မလိုက်နာဘဲ ငါးပုစွန်သားပေါက် ချိန်ကာလအတွင်း ဝယ်ယူစုဆောင်းခြင်း နှင့် တင်ပို့ခြင်းများပြုလုပ်ပါက တည်ဆဲ ဥပဒေနှင့်အညီ အရေးယူသွားမှာဖြစ်ပြီး မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွား ချိန်တွေမှာ လှိုင်းဒဏ်လေဒဏ်ခိုလှုံနိုင်ဖို့ ကျွန်းခိုရပ်နားနိုင်မယ့်တည်နေရာတွေကို လည်း သတ်မှတ်ပေးထားပြီး သည်သတ် မှတ်ပေးထားတဲ့တည်နေရာတွေမှာ ရာသီ ဥတုခိုလှုံတာကို အကြောင်းပြုပြီး ကမ်းနီး ဒေသအတွင်း ငါးပုစွန်ဖမ်းဆီးခြင်းကို စစ်ဆေးတွေ့ရှိရင်လည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမယ်လို့ ငါး လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားချက်များ ထုတ်ပြန်ထားပါတယ်။
ဦးမြင့်ဇင်ထူးက “မနှစ်ကဆိုရင် လှေ တစ်စီးကို တွေ့လိုက်တယ်၊ တွေ့တဲ့အ တွက်ကြောင့်မို့ လိုင်စင်ပါ သိမ်းလိုက် တယ်၊ ငါးဖမ်းလိုင်စင်ပါ ဖျက်သိမ်းပြီး အ ရေးယူခဲ့တယ်”လို့ ပြောပါတယ်။
အရင်နှစ်တွေက ငါးဖမ်းလှေတွေကို လျှော့ချခွင့်ပြုပေးခဲ့ပေမဲ့ သည်နှစ်မှာတော့ ကမ်းဝေးငါးဖမ်းလှေတစ်စီးမျှ ခွင့်မပြုဘူး လို့ သိရပါတယ်။
Credit - Kumudra


အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့ မူဆယ်မြို့၌ ဧပြီ ၃၀ ရက်တွင်တရားဝင် တွေ့ဆုံဆွေးနွေးမည်

အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့ မူဆယ်မြို့၌ ဧပြီ ၃၀ ရက်တွင်တရားဝင် တွေ့ဆုံဆွေးနွေးမည်

အစိုးရ ၊ တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဧပြီ ၃၀ ရက်၌ တရားဝင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးနေသည့် ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က အတည်ပြုပြောကြားသည်။

အစိုးရ၊ တပ်မတော်တို့နှင့် တရားဝင် တွေ့ဆုံဆွေးနွေးမည့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့မှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) ၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ဖြစ်သည်။

“အတည်ဖြစ်သွားပါပြီ။ NRPC ရော၊ တပ်မတော်ရော ပါဝင်ပါတယ်။ လောလောဆယ် ဦးစားပေးအနေနဲ့ကတော့ အပစ်ရပ်ရေးနဲ့ IDP ပြန်လည်နေရာချထားရေး ဒါပဲဖြစ်မယ်ထင်ပါတယ်။ပြီးမှ NCA ကိစ္စတွေကတော့ နောက်ဆက်လက်ဆွေးနွေးရမှာပေါ့” ဟု ဦးဆန်းအောင်က ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့ စုပေါင်းဆွေးနွေးမည်ဖြစ်သော်လည်း လက်မှတ်ရေးထိုးရာတွင်မူ တစ်ဖွဲ့ချင်းစီလည်း ဖြစ်နိုင်သကဲ့သို့ စုပေါင်းလက်မှတ်ထိုးမှုလည်း ဖြစ်နိုင်ကြောင်း ဦးဆန်းအောင်က သုံးသပ်ပြောကြားသည်။

“အပစ်ရပ်ရေးမှာ Bilateral ပါလာမှာပေါ့။ တစ်ဖွဲ့ချင်းစီ ဖြစ်နိုင်ပါတယ်။ အနေအထားက မတူဘူးလေ။ ဆွေးနွေးတာကပေါင်းပြီး ဆွေးနွေးလို့ရတယ်။ ဒါပေမဲ့ လက်မှတ်ထိုးတာက တစ်ဖွဲ့ချင်းစီလည်း ဖြစ်နိုင်ပါတယ်။ ပေါင်းပြီးမှလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အနေအထား မတူတဲ့အခါကျတော့ တစ်ဖွဲ့ချင်းက ပိုဖြစ်နိုင်မယ်လို့ ကျွန်တော်ထင်တယ်” ဟု ゞင်းက ပြောကြားသည်။

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လေးဖွဲ့မှ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့စဉ်က ဧပြီလအတွင်း အစိုးရ၊ တပ်မတော်နှင့်မြောက်ပိုင်းမဟာ မိတ်တိုင်းရင်သား လက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့ နှစ်ကြိမ်တွေ့ဆုံရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

“ဧပြီလကုန်ပိုင်းရယ် ဧပြီလဆန်းရယ် နှစ်ကြိမ်တွေ့မယ်လို့ ဆုံးဖြတ်ထားကြတာ ရှိပါတယ်။ဒါပေမဲ့ ဧပြီလဆန်းမှာကျတော့ အစိုးရဘက်အခြမ်းက ဆွေးနွေးပွဲမှာ ပါဝင်မယ့် အရေးကြီးတဲ့ပုဂ္ဂိုလ် မအားမလပ်ဘဲ နိုင်ငံခြားခရီးစဉ်နဲ့ ခရီးလွန်နေတဲ့အခါကျတော့ အဲဒီ လဆန်းပိုင်းမှာ ရက်က မသတ်မှတ်နိုင်တော့ဘူး။ အခု နောက်ဆုံးကျမှာ ဖြစ်လာတာပေါ့။ အဆုံးဖြတ်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေပါလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးဆန်းအောင်က ပြောကြားသည်။

ပြည်တွင်းတွင် ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးရလဒ်များရရှိရန် မျှော်လင့်ထားကြောင်း ဦးဆန်းအောင်က ပြောကြားခဲ့သည်။

အစိုးရ၊ တပ်မတော်တို့နှင့် တွေ့ဆုံဆွေးနွေးမည့် အဆိုပါ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ လေးဖွဲ့အနက် AA အဖွဲ့သည့် တပ်မတော်နှင့် ရခိုင်ပြည်နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထွန်စွာ ဖြစ်ပွားနေသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော်က လေးလကြာ အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို ထုတ်ပြန်ပေးခဲ့သော်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရခိုင်ပြည်နယ် မပါဝင်ခဲ့သည်မှ အစပြု၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ စတင်ကာ တပ်မတော်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားလာခဲ့ကာ အဆိုပါ စစ်ရေးပဋိပက္ခသည် ယခုအခါ လေးလကျော်လွန်လာပြီဖြစ်ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများမိတ်ဖက် အဖွဲ့က ဧပြီ ၂၂ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်ရေးပဋိပက္ခအတွင်း အပြစ်မဲ့ပြည်သူများ၏ အသက်သွေးများ စတေးခဲ့ရပြီး ကျေးရွာအတွင်း ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ရခိုင်တိုင်းရင်းသားအချို့ သေဆုံးဒဏ်ရာရရှိခဲ့သည့်အပြင် အခြားသော လူမှုအသုံးအဆောင်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ရခိုင်ပြည်လုံးဆိုင်ရာလူမှုအဖွဲ့ အစည်းများမိတ်ဖက်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

မတ် ၁၅ ရက်မှ ယနေ့အချိန်အထိ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ကျောက်တော်မြို့နယ် ကျေးရွာများရှိ အပြစ်မဲ့ဒေသခံများမှာ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် စိုးရိမ်ကြောက်ရွံ့ထိတ်လန့်စွာဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ မြောက်ဦးမြို့နယ်သည် ရှေးဟောင်းမြို့တော်ဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်မြို့တော်အဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုလက်ခံရန် ကြိုးပမ်းနေချိန်ဖြစ်ကြောင်းလည်း ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများမိတ်ဖက်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ယခု မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်နေသော ကာလဖြစ်ပြီး အဆိုပါ အချိန်တွင် ရခိုင်ဒေသ၌ ဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခများအား ကန့်ကွက်ရှုတ်ချကြောင်းလည်း ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများမိတ်ဖက်အဖွဲ့က ကြေညာခဲ့သည်။

စစ်ဘေးဒုက္ခသည်များ ရိက္ခာဖူလုံပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ ကြောက်ရွံ့ခြင်းကင်းကာ လုံခြုံစွာ နေထိုင်သွားလာနိုင်သော လူမှုဘဝကို အစိုးရက အမြန်ဆုံး ကူညီဖြေရှင်းပေးရန်၊ ရှေးဟောင်းယဉ်ကျေးမှုနယ်နိမိတ်အတွင်း တိုက်ပွဲများ လုံးဝဖြစ်ပွားခြင်း မပြုရန်နှင့် ကျေးရွာများအနီးတွင် မိုင်းထောင်ခြင်းများနှင့် တိုက်ပွဲဖြစ်ပွားခြင်းများ မပြုကြရန် ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်းများမိတ်ဖက်အဖွဲ့က တောင်းဆိုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များ နှင့် ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲများ ဖြစ်ပွားနေသကဲ့သို့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) နှင့် တပ်မတော်တို့သည်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရှမ်းမြောက်ဒေသတွင် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ကြသည်။

Credit - Eleven


ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ အမည်မည်းစာရင်း (Black List)

ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ အမည်မည်းစာရင်း (Black List)
အောက်ဖေါ်ပြပါ ကုမ္ပဏီများသည် ပူးတွဲပါ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ အမည်မည်းစာရင်း (Black List)အဖြစ် ထည့်သွင်းသတ်မှတ်ထားသည့် ကုမ္ပဏီများဖြစ်ပါကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသိပေးကြေငြာထားပါသည်။
Credit - LyMoNews







S.O.S

S.O.S
Airbus 380 လေယာဉ်ကြီးတစ်စီးနဲ့ F35 တိုက်လေယာဉ်တစ်စီးတို့ ဝေဟင်မှာတွေ့ကြပါတယ်...။
F-35 တိုက်လေယာဉ်ပိုက်လော့က Airbus ပိုက်လော့ကို ၀ိုင်ယာလက်ကနေလှမ်းဆက်သွယ်ပြီး... " ဟေး... ဘိုးတော်...ဒီမှာကြည့်လိုက်ဦး.. "
ပြောကာ F-35 ကို ကျွမ်းတွေထိုး ပက်လက်တွေပျံပြပါလေသည်...။
ပြီးတော့ ဘယ်လိုလဲ မင်းရဲ့အစွမ်းကိုပြကြည့်ပါဦးလို့ စိန်ခေါ်လိုက်သည်..။
Airbus-380 ပိုက်လော့ကလည်း " မိုက်သားပဲကွ....အိုကေ...ခဏစောင့် ကြည့်ပါ" လို့ပြန်ဖြေလိုက်သည်...။
F-35 ကလည်းဘေးကနေလိုက်ကြည့်နေသည်... Airbus ကြီးက ဘာမှမထူးပါ အရင် Speed အတိုင်း တည်တည်ငြိမ်ငြိမ်ကြီးသွားနေတုန်း....နောက် ၅ မိနစ်လောက်နေတော့.... Airbus pilot က စကားပြောစက်ကနေ ဆက်သွယ်လာသည်...
" ကဲ...ဘယ်လိုနေလဲ... "
" ငင်... ခင်ဗျားက ဘာကိုပြတာလဲ...ဘာမှလည်းထူးခြားတာ မတွေ့ဘူးဗျ... "
" ဟား..ဟ... ခုနက ငါ မှတ်တပ်ရပ်ပြီး ခြေဆန့်လက်ဆန့် အကြောလျော့လိုက်တယ်ကွာ...ပြီးတော့ သန့်စင်ခန်းမှာ ၀ိတ်လျော့တယ်...နောက် ကော်ဖီပူပူလေးတစ်ခွက်နဲ့ ချိစ်ကိတ်လေးတစ်ခုစားလိုက်တယ်...နောက်ပြီး ခုလေယာဉ်ဆိုက်မယ့်မြို့က ဘော်ဒါတစ်ယောက်ကို ဖုန်းလှမ်းဆက်ပြီး ဘားမှာတွေ့ဖို့ချိန်းထားလိုက်တယ်လေ.. အဲဒါတွေမင်းမလုပ်နိုင်ပါဘူးကွာ"
တိန်....
ဒီပုံပြင်လေးကပြောချင်တာကတော့... ငယ်ရွယ်စဉ်မှာ ကိုယ့်ရဲ့ လက်ရုံးရည် နှလုံးရည်နဲ့ မာန်ပြင်းပြင်း အရှိန်အဟုန်နဲ့ချီတက်နိုင်တာ မင်္ဂလာတစ်ပါးပါပဲ..။ အသက်အရွယ်ကြီးလာတာနဲ့အမျှ ခေါင်းကိုများများသုံးပြီးအလုပ်လုပ်ပါ၊ သက်တောင့်သက်သာအလုပ်လုပ်ပါ၊ ငြိမ်းငြိမ်းချမ်းချမ်းနေပါတဲ့။ Airbus လေယာဉ်မှူးသာ ရူးရူးမိုက်မိုက်နဲ့ ကျွမ်းလိုက်ထိုးရင်တော့ နတ်ပြည်ရောက်ပြီပေါ့...။
အဲဒါ S.O.S approach လို့ခေါ်တယ်...
Slower, Older, Smarter
မူရင်းရေးသားသူ - Martin Thomsen
ဘာသာပြန် - #O'Chu
ဂျက်မားကလည်းပြောခဲ့တယ်... ငယ်ရွယ်စဉ်မှာ ကိုယ်ကာယသန်စွမ်းနေတော့...အလုပ်လုပ်ရင် အားစိုက်ပြီးလုပ်တာများပြီး ခေါင်းကိုသုံးတာနည်းတယ်တဲ့.... အသက်ကြီးလာတော့ ကိုယ်ကာယအားနည်းလာတဲ့အချိန်မှာ ဦးနှောက်ကအားကောင်းလာပြီး လွမ်းမိုးလာပြန်တယ်...အဲဒါကြောင့်မို့လို့ အဲဒီအချိန်ရောက်ရင် အရင်ကမစဉ်းစားမိတာတွေ စဉ်းစားမိလာတယ်...အရင်က မိုက်မိုက်မဲမဲလုပ်ခဲ့တာတွေကို နောင်တရလာတတ်တယ်တဲ့....။
မြန်မာစကားပုံကတော့ နွားပျိုသန်လှ နွားအိုပေါင်ကျိုး 😁😁😎
Credit - Brain Box Acumen


“ ရေနံရှိလျှင် ဘာမဆိုဖြစ်နိုင် “ ၊ စင်ပြိုင်အစိုးရ ဗိုလ်ချုပ်ကြီးအား ထရမ့် ဖုန်းဆက် ချီးကျူး။ အနောက်အုပ်စုတွင် LNA ကာကွယ်ရေးဦးစီးချုပ်အား အမျှော်လင့်ကြီး မျှော်လင့်သူရှိနေ။ ကဒါဖီအား တော်လှန်ဖြုတ်ချခဲ့သူတို့ ကဒါဖီ၏ သားကြီးကို ဆန္ဒမဲပေးကြဖွယ်ရှိ

( ဧပြီ - ၂၁၊ ၂၀၁၉ ) “ ရေနံရှိလျှင် ဘာမဆိုဖြစ်နိုင် “ ၊ စင်ပြိုင်အစိုးရ ဗိုလ်ချုပ်ကြီးအား ထရမ့် ဖုန်းဆက် ချီးကျူး။ အနောက်အုပ်စုတွင် LNA ကာကွယ်ရေးဦးစီးချုပ်အား အမျှော်လင့်ကြီး မျှော်လင့်သူရှိနေ။ ကဒါဖီအား တော်လှန်ဖြုတ်ချခဲ့သူတို့ ကဒါဖီ၏ သားကြီးကို ဆန္ဒမဲပေးကြဖွယ်ရှိ
============================
((( Russia Today., 20 Apr, 2019. “'Oil is everything': Why Western allies like US & France swing weight in favor of Libya's Haftar. “ ကို Htay Oung, Oung Marine ဘာသာပြန်ဆိုသည်။ )))
အနောက်နိုင်ငံများသည် ထရီပိုလီသို့ တဟုန်ထိုးချီတက်လာနေသည့် စင်ပြိုင်အစိုးရ၏ ဗိုလ်ချုပ်ကြီး ခလီဖာဟဖ်တာဘက်မှ ပါနေခြင်းမှာ သူတို့၏ ရေနံအပေါ် အာသာရမ္မက်ကို ဖြည့်ဆည်းပေးနိုင်မည့်သူထင်၍ ဖြစ်ကြောင်း၊သို့သော် ဟဖ်တာမှာလည်း ဘက်ပြောင်းသွားနိုင်သူတစ်ဦးဖြစ်ကြောင်း နိုင်ငံရေး ဝေဖန်သုံးသပ်သူတို့က ပြောကြားသည်ဟု Russia today က ယမန်နေ့ ရေးသားသည်။
အန္တရာယ်ကျရောက်တော့မည်ဖြစ်၍ အမြန်ဆုံး အကာအကွယ်ပေးကြရန် ကုလသမဂ္ဂအသိအမှတ်ပြု ထရီပိုလီအစိုးရ ( GNA ) က ကယ်ပါ ယူပါ ပြာယာခပ်နေချိန်တွင် ဗိုလ်ချုပ်ကြီး ခလီဖာဟဖ်တာ၏ တပ်ဖွဲ့များမှာ မြို့တော် ဆီသို့ မှန်မှန်ကြီး ရှေ့တိုးလာနေသည်။သို့သော် GAN အစိုးရနှင့် သမားရိုးကျအတိုင်း ဆက်ဆံမှု့ ထူထောင်ခဲ့သူ အနောက်အင်အားကြီးနိုင်ငံများသည် စင်ပြိုင်အစိုးရနှင့် ထိတွေ့ဆက်ဆံနေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဟဖ်တာ၏ တိုဘရုခ်အစိုးရသည် ပြည်တွင်းစစ်ဒါဏ်ကြောင့် ရစရာမရှိအောင် ပျက်ပြားလျှက်ရှိသော လစ်ဗျား နိုင်ငံတစ်ဝှမ်းလုံး၏ အခြေခံစီးပွားရေးအဆောက်အအုံများကို ထိန်းချုပ်ထားသောကြောင့်ဟု ဆို၏။
လစ်ဗျား၏ ရေနံမှာ အရည်အသွေးမြင့်မားသည်။ ပြင်သစ်နှင့် အီတလီသို့ အဓိက ပေးပို့၍ သန့်စင်ချက်လုပ်ကြရသည်။ လစ်ဗျားခေါင်းဆောင် ကဒါဖီပြိုလဲရသော ၂၀၁၁ - ခုနှစ် လေကြောင်းတိုက်ခိုက်မှု့တွင် ရှေ့တန်းမှပါဝင်ခဲ့သည့် နေတိုးအဖွဲ့၌ အဆိုပါ နှစ်နိုင်ငံလုံးသည် အဖွဲ့ဝင်များဖြစ်ကြသည်။
ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအစိုးရသည် ထရီပိုလီတွင် အခြေစိုက်ပြီး နယ်မြေ ၁၀ ရာခိုင်နှုန်းကိုသာ စိုးမိုးနိုင်၍ နိုင်ငံ၏စီးပွားရေးကိုလည်း မထိန်းချုပ်နိုင်၊ ရေနံကုမ္ပဏီများအပေါ်တွင်လည်း အာဏာမရှိပါ။
ရေနံတွင်းများနှင့် ရေနံမှငွေကြေးအဖြစ် ပြောင်းလဲခြင်းများသည် နိုင်ငံ၏ နယ်မြေ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသော တိုဘရုခ်အစိုးရ ဟဖ်တာ၏ စိုးမိုးမှု့ဧရိယာအတွင်း တည်ရှိနေသည်။ ထိုအချက်မှာ အစိုးရတဖွဲ့ ၀င်ငွေရရှိရေးအတွက် အထိရောက်ဆုံးသော စိန်ခေါ်ချက်ဖြစ်နေသည်။ ဟဖ်တာနှင့် အင်အားကြီးနိုင်ငံများကြား ဆွေးနွေးပြောဆိုလာရသည်မှာ လစ်ဗျား၏ သယံဇာတက အဓိကဖြစ်သည်ဆိုလျှင် အံ့သြစရာရှိချေ။
ယခုရက်သတ္တပတ်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တိုဘရုခ်စစ်ဗိုလ်ချုပ်ကြီးအား “ အကြမ်းဖက်မှု့ကို တိုက်ဖျက်ခြင်းနှင့် လစ်ဗျား၏ ရေနံအရင်းအမြစ်များကို ထိန်းသိမ်းထားခြင်း၌ ထူးခြားသော ကဏ္ဍမှပါဝင်သူဖြစ်ကြောင်း “ တယ်လီဖုန်းဖြင့် ဂုဏ်ပြုပြောကြားသည်။ ဤသည်မှာ အမေရိကန်အနေဖြင့် တိုဘရုခ်စင်ပြိုင် အစိုးရ စစ်ဗိုလ်ချုပ်ကြီးထံ မျက်နှာသာပေးသည့် အရွေ့တစ်ခုပင်ဖြစ်သည်။ ကုလသမဂ္ဂသည် အမေရိကန်အား ထောက်ခံပေးနေသော်လည်း ဒေါ်နယ်ထရမ့်က ကုလသမဂ္ဂကို မနှစ်သက်သည့် ကိစ္စမျိုး ထရမ့်တွင်ရှိပုံမရဟု ထရီပိုလီ GNA အစိုးရ၀န်ကြီးချုပ် ဖေယဇ်အယ်လ်ရှာရာ့ဂ်ျပြောခဲ့ဘူးသည်။ အကြံပြုရလျှင် GNA အစိုးရနေရာ ၀င်ယူမည်ဆိုလျှင် ဒေါ်နယ်ထရမ့်က တားဆီးမည့်ပုံ မပေါ်ပါ။
တစ်ဖက်ကကြည့်လျှင် အာဖရိကရှိ ၄င်း၏ ကိုလိုနီဟောင်းများတွင် ရေရှည်ရင်းနှီးမြှုပ်နှံခဲ့သော ပြင်သစ်သည် လစ်ဗျားတွင် ၄င်းတို့ သြဇာညောင်းသူတစ်ဦး အာဏာရလာမည်ကို လိုလားမည်သာဖြစ်သည်။
သို့သော် အနောက်အုပ်စုက မျှော်လင့်အားထားနေကြသည့် ဗိုလ်ချုပ်ကြီးဟဖ်တာသည် အသက် ၇၅-နှစ်ရှိ နေပြီး ကောင်းစွာမကျန်းမာချေ။ မည်သည့်အတိုင်းအတာအထိ ယုံကြည်ရမည်ဆိုသည်ကိုလည်း မေးခွန်းထုတ်စရာဖြစ်သည်။
လွန်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်တစ်ဝှိုက် လစ်ဗျားနှင့် အိမ်နီးချင်း ချဒ်နိုင်ငံတို့ ပဋိပက္ခဖြစ်သည်။ ဟဖ်တာနှင့် သူ၏အဖွဲ့သား ၃၀၀ ခန့်မှာ ချဒ်တို့၏ ဖမ်းဆီးခြင်းခံရသော်လည်း ကဒါဖီက တာဝန်မယူခဲ့ချေ။ ထိုအချက်မှာ ဟဖ်တာ ကဒါဖီ့အပေါ် ဟဖ်တာ၏ သစ္စာစောင့်သိခဲ့မှု့ကို ပြိုကွဲစေခဲ့သည်။
၂၀၁၁-ခုနှစ်ရောက်သည့်တိုင်အောင် ဟဖ်တာသည် ပြည်ပြေးဘ၀ဖြင့် အမေရိကန်တွင် နေထိုင်ခဲ့ရသည်။CIA ဌာနချုပ်တည်ရှိရာ ဗာဂျီးနီးယားပြည်နယ်ဖြစ်နေခဲ့ခြင်းမှာ ဟဖ်တာအား CIA ထောက်လှမ်းရေးအသိုင်းဝိုင်းနှင့် အဆက်အသွယ်ရှိသူအဖြစ် ကောလဟလဖြစ်စေသည်။
ဟဖ်တာသည် CIA မြှုပ်နှံထားသူတစ်ဦး ဖြစ်ချင်ဖြစ်ပါမည်။ ဟဖ်တာ အပေါ် ပုံအောထားခြင်းမှာ လစ်ဗျားအား စစ်ရေးနည်းလမ်းဖြင့် ထိန်းကျောင်းနိုင်မည်ဟု ထင်မြင်ရာသာ ရောက်မည်ဖြစ်ပြီး လစ်ဗျား၏ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ရာ မရောက်ပေ။
(( အထက်ဖော်ပြပါအတိုင်း ကျွန်တော်လည်း မြင်မိပါသည်။ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် ကဒါဖီအာဏာသိမ်းစတွင်လည်း ယခု ဟဖ်တာနည်းတူ အကြီးအကျယ် မျှော်လင့်ကာ အူယားဖားယား အသိအမှတ်ပြုခဲ့ဖူးသည်။ သို့သော် ထင်သလိုဖြစ်မလာဘဲ လစ်ဗျားရှိ ၄င်းတို့၏ စစ်စခန်းများ ရုတ်သိမ်းသွားရသည့်အပြင် စီးပွားရေးကုမ္ပဏီများလည်း ပြည်သူပိုင်သိမ်းခံလိုက်ရသည်။ နောက်ဆုံး လစ်ဗျားမှ ထွက်ခွာပေးခဲ့ရသည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံး၍ ၁၀-နှစ်ခန့်ကြာအောင် ဥရောပတိုက်သားအမျိုးမျိုးတို့က အစိုးရအဖြစ် နင်ပြီး နင်ဆင်း ရာစုနှစ်ချီ အုပ်ချုပ်ခြင်းခံခဲ့လာရသဖြင့် အခြားအရှေ့အလယ်ပိုင်းသားများနည်းတူ လစ်ဗျားတို့ကလည်း အနောက်အုပ်စုကို မုန်းတီးစိတ်ရှိကြသည်။ ကဒါဖီအာဏာသိမ်းပြီး ၄၂-နှစ်တာ အုပ်ချုပ်စဉ် လစ်ဗျား၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးမှာ ၃-ဆကျော် တိုးတက်ခဲ့သည်။
သို့သော် ကဒါဖီသည် အလွန်ခေါင်းမာသူဖြစ်သည်။ နိုင်ငံသားတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၄,၀၀၀ ဖြစ်နေသော်လည်း ၄င်း၏ အစိုးရအဖွဲ့တွင် အကျင့်ပျက်ခြစားခြင်း၊ နီးစပ်ရာ စီးပွားရေးသမားတစုနှင့် ပေါင်းစားကြသည်။ ထို့ကြောင့် လူဦးရေ ၆-သန်းကျော်တွင် ၃-ပုံ ၁-ပုံ နီးပါးမှာ ဆင်းရဲကြပ်တည်းနေဆဲဖြစ်သည်။ ဓလေ့ထုံးတမ်းအစဉ်အလာကြီးသူ အာရပ်တို့အတွက် ကဒါဖီ၏ လက်ဝဲဆန်သော ဘာသာရေးအမြင်များမှာ အစ္စလာမ် ၉၇- ရာခိုင်နှုန်းရှိသော လစ်ဗျားတွင် အံမ၀င်ချေ။
ထို့ကြောင့် ကဒါဖီဆန့်ကျင်သူများကတစ်ဖက် ထောက်ခံသူများကတစ်ဖက် ပြည်တွင်းစစ်ဖြစ်သောအခါ ၀င်ချလာသည့် အမေရိကန်ဦးဆောင်နေတိုးတပ်များကို ပုန်ကန်သူများက ပထမပိုင်းတွင် ကျေးဇူးတင်မိကြသည်။ လစ်ဗျားတွင် အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး ပျက်ပြားကာ တိုင်းပြည် ဗယုတ်သုက္ခဖြစ်မှ အမှားကြီးမှားပြီဆိုသည်ကို နားလည်သွားပုံရပါသည်။
လစ်ဗျားတွင် အနောက်မုန်းတီးစိတ် ပိုမိုပြင်းထန်နေပါသည်။ ဘယ်လောက်အထိ ပြင်းထန်သနည်းဆိုလျှင် ကဒါဖီအား ပုန်ကန်ခဲ့သူ တော်လှန်ရေးသမားများသည် ကဒါဖီအစိုးရပျက်ပြားပြီး သားအကြီး ဆာအိဖ်အစ္စလာမ်ကို အရှင်ဖမ်းမိသည်။ ဆာအိဖ်သည် စစ်ရာဇ၀တ်မှု့ဖြင့် ICC ၏ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်။ ထရီပိုလီအစိုးရက ဆာအိဖ်ကို မျက်ကွယ်၌ သေဒါဏ်ပေးပြီးဖြစ်သော်လည်း တိုဘရုခ်အစိုးရက ဆာအိဖ်အား ICC သို့ လွှဲမပေးခဲ့ပါ။ လစ်ဗျား၌သာ တရားစီရင်မည်ဟု ဆိုသည်။ ၂၀၁၇-ခုနှစ်တွင် ကဒါဖီတော်လှန်ရေးသမား စင်ပြိုင်အစိုးရက ဆာအိဖ်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ချုပ်နှောင်ထားရာမှ လွှတ်ပေးလိုက်လေသတည်း။
ယခု ကဒါဖီ၏ သားအကြီး ဆာအိဖ်အယ်လ်အစ္စလာမ်သည် အရှေ့အလယ်ပိုင်း တစ်နေရာတွင် ပုန်းခိုနေပြီး လစ်ဗျား၌ လာမည့်ရွေးကောက်ပွဲကျင်းပလျှင် သမ္မတရာထူးမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုချေသည်။ ။ သတင်းဘာသာပြန်သူ )))
https://www.rt.com/…/456496-libya-warplane-shot-down-tripo…/
=====
'Oil is everything': Why Western allies like US & France swing weight in favor of Libya's Haftar
Published time: 20 Apr, 2019 15:11Edited time: 20 Apr, 2019 15:43
General Haftar, whose forces are on the move towards Tripoli, is the right man for the West to feed their oil appetites – but he is also the one who can switch sides quickly, analysts told RT.
Forces loyal to General Khalifa Haftar are steadily advancing towards Tripoli, where the UN-recognized Government of National Accord (GNA) calls for help and hastily prepares to defend the troubled Libyan capital. But Western powers, who established formal ties to GNA, are also keeping in touch with their arch-rival – just because he controls an asset that decides almost everything in the war-torn country.
"Securing access to oil and protection of oil – that's what Haftar purports to do," Alessandro Bruno, an independent political analyst and Libya expert, told RT.
He explained that this oil is generally high quality, and it is mainly processed at refineries in Italy and France – the two NATO countries heavily involved in the Libyan turmoil since they helped topple Colonel Muammar Gaddafi back in 2011.
Nevertheless, he doesn't control Libya's finances and the national oil company, which has a HQ in Tripoli, explained Grigory Lukyanov, senior lecturer at Moscow-based Higher School of Economics.
"All money transfers relating to Libyan oil – even the oil that is drilled in Haftar-controlled parts of Libya – go through Tripoli," which make it extremely challenging to cash in on it.
Unsurprisingly, natural resources dominate much of the discussions between Haftar and major powers. This week, President Donald Trump hailed the Libyan strongman's "significant role in fighting terrorism and securing Libya's oil resources" in a phone call.
The move seems to signal that the US is swinging its weight in favor of Haftar, Bruno believes.
"It certainly suggests that Trump will not be obstructing Haftar's push into Tripoli as [GNA's] Prime Minister Fayez al-Sarraj was hoping," he said. Sarraj is seen as weak, "and Trump does not like the weak ... also he is backed by UN, and Trump doesn't like the UN."
Meanwhile, France, which has long-standing interests in former African colonies, wants him to become the one who may influence things in Tripoli.
On Thursday the GNA accused Paris of throwing its weight behind Haftar, saying it has severed any "bilateral security agreements" as a result. While France has denied allegations of "relentless backing" for the General, it still does its utmost to make him a legitimate political player, Lukyanov added.
Politics aside, France has also been aiding Haftar's Libyan National Army (LNA). Likewise, Paris hopes that Haftar will advance French interests in the region, be it arms sales or drilling for oil.
But while the West sets its hopes for Haftar, there are a number of setbacks. The general "is 75 years old, he's not in complete health," Bruno noted. Age aside, his reliability as a partner can also be an issue. "How reliable is Haftar? That's a big question," the expert wondered.
Up until 2011, he lived in exile in Virginia, and the proximity to the CIA's headquarters in Langley gave birth to rumors about close ties with the US intelligence community. "Perhaps, he's a CIA asset," Bruno opined.
In the end, "Libyans will be the losers" because there won't be any prospect for peace since Khaftar "is determined to take power by military means," he concluded.
Credit - Htay Oung




ခြေဖဝါးကို ဆား နဲ့ ပွတ်ယင် အာရုံကြောတွေ ပွင့်ပါတယ်။ ကိုယ်တွေ့ပါ။

ခြေဖဝါးကို ဆား နဲ့ ပွတ်ယင် အာရုံကြောတွေ ပွင့်ပါတယ်။ ကိုယ်တွေ့ပါ။

၂၀၀၂ လောက်က ကျွန်တော် အရက်သောက်ယင်း အမူးလွန်ပြီး သတိလစ်၊ ပါးစပ်ထဲ အစာတွေပြည့်ပြီး အသက်ရူမရ ဖြစ်လို့ မျက်ဖြူလန်ပြီး သေမလိုဖြစ်ဖူးပါတယ်။ သူငယ်ချင်းတွေက ခြေဖဝါးကို ဆားနဲ့ပွတ်ပေးလို့ ပါးစပ်ထဲက အစာတွေ အလိုလို အန်ထွက်ပြီး အသက်သေဆုံးမယ့် ဘေးမှ လွတ်ကင်းခဲ့ပါတယ်။

ကျွန်တော့် အသက်ကို စုပေါင်းကယ်တင်ပေးသော သူငယ်ချင်းအားလုံးကို အမြဲကျေးဇူးတင်ပြီး မကြာခဏ (အရက်/ဘီယာ သောက်တိုင်း) သတိတရ ဖြစ်မိပါတယ် ။

Credit - ကိုထွန်း



ပလတ်စတစ်သုံးစွဲမှု လျှော့ချရေး ဥပဒေထုတ်ပြန်ခဲ့တဲ့ နယူးယောက်မြို့


ကမ္ဘာတလွှား နေရာတော်တော်များမှာ ပလတ်စတစ် သုံးစွဲမှုကို လျှော့ချလာတဲ့နည်းတူ အမေရိကန်ပြည်ထောင်စုရဲ့ အဓိကမြို့ကြီးတမြို့ဖြစ်တဲ့ နယူးယောက်မှာလည်း ပလတ်စတစ်သုံးစွဲမှုကို တားမြစ်လိုက်ပါပြီ။ ဒါဟာ ကယ်လီဖိုးနီးယား ပြီးရင် ပလတ်စတစ် သုံးစွဲမှုကို တားမြစ်လိုက်တဲ့ ဒုတိယမြောက်မြို့ကြီးလည်း ဖြစ်ပါတယ်။
သတင်းထုတ်ပြန်ချက်တွေအရ နယူးယောက်မြို့ကြီးမှာနေထိုင်တဲ့ မြို့သားတွေ ပလတ်စတစ်သုံးစွဲမှုဟာ နှစ်စဉ် ၂၃ ဘီလီယံကျော် ပမာဏရှိတယ်လို့ ပတ်ဝန်းကျင် လေ့လာ ထိန်းသိမ်းရေးသမားတွေက ခန့်မှန်းကြပါတယ်။ ဒီပမာဏကို လျှော့ချပြစ်ဖို့အတွက် နယူးယောက်ရဲ့ ဥပဒေပြုသမားတွေက တခါသုံး ပလတ်စတစ်အိတ် အသုံးပြုနေတဲ့ ဈေးဆိုင်တွေကို တားမြစ်ပိတ်ပင်ခဲ့တာပါ။
အဆိုပါ အကြံဉာဏ်ကို စတင် အကောင်ထည်ဖော်သူကတော့ နယူးယောက်မြို့တော်ဝန် အန်ဒရူး အမ်ကူမို ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ပလတ်စတစ်အသုံးပြုမှုကို စတင်ပိတ်ပင်ခဲ့တဲ့ ကယ်လီဖိုးနီးယားပြည်နယ်ပြီးရင် ဒုတိယမြောက်အဖြစ် အကောင်အထည် ဖော်ဆောင်ခဲ့တာပါ။
ပလတ်စတစ် တားမြစ်ပိတ်ပင်မှုမှာ ဟာဝိုင်အီပါ အကျုံးဝင်မှာဖြစ်ပြီး မတ်လက စတင်ပြီး ဥပဒေ သက်ရောက်ခဲ့ပါတယ်။ အဆိုပါ ဥပဒေအရ ကုန်စုံဆိုင်တွေဟာ ဈေးဝယ်သူတွေကို တခါသုံး ပလတ်စတစ်တွေနဲ့ ထည့်ရောင်းခွင့် မရှိတော့ပါဘူး။
အခုလို တားမြစ်လိုက်တဲ့အတွက် ပလတ်စတစ် အစားထိုး အိတ်သုံးစွဲမှု ပိုမိုတွင်ကျယ်လာမှာ ဖြစ်သလို ပြည်နယ် အသုံးစရိတ်ကိုပါ ချွေတာရာရောက်တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် ပလတ်စတစ် အစားထိုး စက္ကူအိတ်တွေအတွက် ကန်ဒေါ်လာ ၅ ဆင့်ကောက်ခံပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ရန်ပုံငွေအဖြစ် ထည့်ဝင်သွားဦးမှာပါ။
ပလတ်စတစ် လျှော့ချရေးဥပဒေဖြစ်ပေါ်လာစေတဲ့ အကြောင်းရင်းကို မစ္စတာ ကူမိုက “ပလတ်စတစ်တွေက ပတ်ဝန်းကျင် ညစ်ညမ်းစေရုံမကဘဲ ရေမြောင်းတွေဆိုလည်း ပိတ်ကုန်တယ်။ ကျနော်တို့ အနာဂတ်မျိုးဆက်သစ်တွေအတွက် ထားရှိခဲ့ရမယ့် သဘာဝအရင်းမြစ်တွေ အလဟဿ ကုန်ခမ်းသွားတာမျိုး မဖြစ်စေချင်ဘူး” လို့ ဆိုပါတယ်။
နယူးယောက်မြို့ကြီးလိုနေရာမှာ ပလတ်စတစ် လျှော့ချရေးကို ဦးဆောင်ပြီးဆောင်ရွက်နေတာမို့ ဝမ်းသာမိတယ်လို့ ဆိုပါတယ်။ ဟာဝိုင်အီက ဥပဒေပြုသူတွေကလည်း ပလတ်စတစ် အများဆုံးထွက်ရှိတဲ့ စားသောက်ဆိုင်တွေကနေစပြီး လျှော့ချသွားဖို့ စီစဉ်ထားပါတယ်။ ဒီ့ပြင် မာရီလန်းပြည်နယ်ကလည်း ပထမဆုံးအဖြစ် Polystyrene နဲ့ ပြုလုပ်ထားတဲ့ အစားအသောက်ထည့်တဲ့ ဘူးတွေကို သုံးစွဲခွင့် ပိတ်ပင်လိုက်တဲ့ ပထမဆုံးပြည်နယ် ဖြစ်လာပါတယ်။
Credit - Irrawaddy







"ခင်​ဗျားစိတ်​ရှုပ်​ရင်​ဘာလုပ်​တတ်​လဲ.."

"ခင်​ဗျားစိတ်​ရှုပ်​ရင်​ဘာလုပ်​တတ်​လဲ.."
"ဘုရား​ကျောင်းသွားတယ်​ဆရာ.."
"ဟာ ​ကောင်းတာ​ပေါ့
တရား​တွေဘာ​တွေထို​​င်​တယ်​​ပေါ့..."
"မဟုတ်​ဘူးဗျကျောင်းဝက
ဖိနပ်​​တွေအကုန်​​ရော​မွေပစ်​တယ်​ ....
ပြီးတော့ လူ​တွေဖိနပ်​ရှာ​နေကြတာကို
တစ်နေရာက​စောင့်ကြည့်​တယ် ...
ကိုယ့်​ထက်​စိတ်​ရှူပ်​တဲ့လူ​တွေ
ရှိပါ​သေးလားဆိုပြီး​ဖြေ​တွေးလိုက်​တယ်​...."
😌 😌 😌
.
Credit - သန်းထွန်းအောင်


မဖြောင့်တန်း နိုင် ရှာတော့မည့် White Elephant ခါးပါတ်လမ်း

မဖြောင့်တန်း နိုင် ရှာတော့မည့် White Elephant ခါးပါတ်လမ်း
===========================
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဘီဂျင်းသို့ ရောက်ရှိသွားပြီ ဆိုတာက လွဲလို့ဒီနေ့ မနက်အထိ တရားဝင် ထုတ်ပြန်ချက် ဘာသတင်းမှ ဘီဂျင်း ကနေထွေက်ပေါ်လာခြင်း မရှိသေးပါဖူး၊
သို့သော် တရုတ် သမ္မတ လွန်စွာ အားထားနေတဲ့ Belt and Road Initiative (BRI) ကြီး စတင် ဖြစ်ပေါ်လာပုံ နဲ့ ယခုအချိန်ထိ ထင်သလို ဖြစ်မလာခဲ့ရတဲ့ အကြောင်းကို အခုလို White Elephant ကြီး လို့ ကယ်လီဖိုနီယား ရှိ Claremont McKenna College မှ ပါမောက္ခ Minxin Pei က အခုလို Nikkei Asian Review မှာ အသေးစိတ် သုံးသပ်ထားပါတယ်။ ၎င်းသည် "China's Crony Capitalism" (2016) စာအုပ်ကို ရေးသားပြုစု ထုတ်ဝေခဲ့ပြီးလည်း ဖြစ်ပါတယ်။
ဆင်ဖြူကြီး White elephant ဆိုသည်ကို မြန်မာလို အနီးစပ်ဆုံး ပြန်ရမည်ဆိုက စားရမှာလည်း သဲနှင့် ရှပ်ရှပ် ပြစ်ရမှာလည်း အဆီနဲ့ဝင်းဝင်း လို့ အဓိပ္ပါယ် ရပါတယ်။
ဘီဂျင်းသည် အာရှ နှင့် ဥရောပ ကို ချိတ်ဆက်ပေးနိုင်မယ့် အခြေခံ အဆောက်အအုံ များ ဖေါ်ဆောင်ရေး အတွက် ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်း Belt and Road Initiative (BRI) ကို ၂၀၁၃ ခုနှစ် အတွင်းက စတင်ချပြလာခဲ့ပါတယ်။ အဆိုပါ စီမံကိန်း တွင် မဟာဗျုဟာ သဘောအရ ရော စီးပွားရေး ရှု့ထောင့်အရ ပါ အလွန်ကို ခရီးပေါက်နိုင်တဲ့ စီမံကိန်းမျိုးလည်း ဖြစ်ပါတယ်။
ပြည်တွင်း မှာ ကြီးမား ကျယ်ပြန့်လှတဲ့ အခြေခံ အဆောက်အအုံ ပရိုဂျက်များ တည်ဆောက်ရေး မှာ ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့ပြီး ဖြစ်တဲ့ တရုတ်နိုင်ငံအဖို့ ကမ္ဘာအဆင့်မီ အင်ဂျင်နီယာ အတတ် နဲ့ ဆောက်လုပ်ရေး နည်းပညာ များ လည်း ပိုင်ဆိုင်လာနိုင်ခဲ့ပါတယ်။ ထို့အပြင် ဘီဂျင်း၏ ဘဏ္ဍာတိုက်တွင်လည်း နိုင်ငံခြား အရံငွေများ နဲ့ ပြည့်လျံလို့နေပါတယ်။ (၂၀၁၂ အကုန်ပိုင်းတွင် ၃.၂ တြီလီယံ ဒေါ်လာ ရှိနေတယ်လို့ သိရပါတယ်)၊ ထိုကဲ့သို့ တောင်လို ရာလို ပုံနေသည့် ငွေများ ကို အတိုးနှုန်း နည်းသည့် အမေရိကန် ငွေချေးစာချုပ်များ ၀ယ်ယူထားမည့်အစား အချို့တ၀က်ကို ပိုပြီး အကျိုးအမြတ်ရှိမယ့် လမ်း တံတား ဆိပ်ကမ်းများ မှာ ရင်းနှီးမြုပ်နှံနိုင်တယ် ဆိုတာ သိမြင်လာကြပါတယ်။
ထို့အပြင် ဘီဂျင်း တွင် ခေါင်းခဲစရာ ပြဿနာ တွေက ရှိနေပြန်ပါတယ်။ အဲ့တာကတော့ လမ်း တံတား တည်ဆောက်ရေးမှာ မပါမဖြစ်တဲ့ သံမဏိ နဲ့ ဘိလပ်မြေ တွေ အလွန်အကျွံ ထုတ်လုပ်ခဲ့မှု ပဲ ဖြစ်ပါတယ်။ ဒီအတွက် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေး ဖြစ်တဲ့ ရပ်ဝန်း နှင့် ပိုးလမ်းမ စီမံကိန်းမျိုး တွေ အကောင်အထည် ဖေါ်ပြီး ငွေကြေး ထောက်ပံ့မှု လုပ်သွားနိုင်မည် ဆိုက ပြည်တွင်းတွင် ပိုလျံနေသော သံမဏိ နဲ့ ဘိလပ်မြေများ ကို တရုတ် ကုမ္ပဏီ တွေ ၀ယ်ယူ သုံးစွဲလာကြမှာ ဖြစ်တယ်လို့ တွေးဆခဲ့ကြပါတယ်။
ဘူမိ နိုင်ငံရေး အနေအထားအရ ကြည့်ပြန်ရင်လည်း လွန်စွာမှ အသုံးတည့်တဲ့ စီမံကိန်းမျိုး ဖြစ်နေပြန်ပါတယ်။ အာရှ နှင့် ဥရောပ နိုင်ငံများကို လမ်း ဆိပ်ကမ်း များ မှတဆင့် တရုတ် နှင့် ဆက်သွယ်ပေးခြင်းဖြင့် ကမ္ဘာရဲ့ ကူးသန်း ရောင်းဝယ်ရေး ကို လမ်းသစ် ထွင်နိုင်မယ့် အပြင် သြဇာလွှမ်းမိုးလာနိုင်ဖို့လည်း ရှိနေပါတယ်။
သို့သော်လည်း ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ လုပ်ငန်းများ သွက်သွက်လက်လက် စနိုင်တာ မတွေ့ခဲ့ရပါဖူး။ ထို့အတွက် တရုတ် ခေါင်းဆောင်များက နှစ်ဆတိုးပြီး ကြိုးပမ်းသွားဖို့ ဆုံးဖြတ်လာပုံရပါတယ်။
တရုတ် သမ္မတ စီရှင်ပင့်က ၂၀၁၇ မေလ ၁၄ နဲ့ ၁၅ ရက်နေ့မှာ အဆိုပါ စီမံကိန်းကြီး နဲ့ ပါတ်သက်ပြီး နိုင်ငံအကြီးအကဲ အတော်များများ ကို ဘီဂျင်းသို့ ဖိတ်ခေါ်ပြီး ထိပ်သီး အစည်းအဝေး သဘောမျိုး ပထမဆုံး အကြိမ် ကျင်းပခဲ့ပါတယ်၊ အစည်းအဝေးကို တက်ရောက်လာကြတဲ့ နိုင်ငံအကြီးအကဲ ၂၈ ဦး၊ နိုင်ငံပေါင်း များစွာ မှ ကိုယ်စားလှယ် ၁၅၀၀ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ ရှေ့မှောက်မှာ လာမည့်နှစ်များ အတွင်း တရုတ် ဖွံ့ဖြိုးမှု ဘဏ်များမှာ ဒေါ်လာ ဘီလီယံ ၁၀၀ ခန့် အထိ ထပ်မံ ထည့်ဝင်သွားမယ်လို့ စီရှင်ပင့်က ကတိပြုလိုက်ပါတယ်။
တရုတ်ဘဏ်များ မှ ၂၀၁၆ အကုန်ပိုင်း အထိ ရပ်ဝန်း နဲ့ ပိုးလမ်းမ စီမံကိန်းကြီး အတွက် ဒေါ်လာ ၂၈၄ ဘီလီယံ ထုတ်ပေးထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီလို အနေအထားမျိုး မှာ နောက်ထပ် ဘီလီယံ ၁၀၀ ခန့် ထပ်မံ ထည့်ဝင်သွားမယ်လို့ ကတိပေးလာတာ ကို ကြည့်ရင် ရလာဒ်တွေက ထင်သလောက် ဖြစ်မလာပဲ သံသယ ရှိမှုများ နဲ့ အတူ စွန့်စားပြီး လုပ်ဆောင်ရမယ့် အနေအထား တွေ တွေ့လာရပေမယ့် မိမိတို့ မဖြစ်မနေ ဆက်လုပ်သွားမယ်ဆိုတဲ့ သံဓိဠာန် ချထားတယ်ဆိုတဲ့အကြောင်း ပြချင်တာ သက်သက်လို့ ယူဆရပါတယ်။
သံသယ ရှိလာသည့် လက္ခဏများ
ပထမအကြိမ် ထိပ်သီး ဆွေးနွေးပွဲမှာပင် သံသယ ရှိမှု တွေက ထင်သာ မြင်သာ နေပါတယ်။ အနောက်နိုင်ငံများ ဖက်က တက်ရောက်လာသူတွေထဲမှာ ၀န်ကြီးချုပ် အဆင့် ရှိသူ ဆိုလို့ အီတလီ ၀န်ကြီးချုပ် ပါလို ဂျင်တီလိုနီ မှ လွဲ၍ ကျန် နိုင်ငံများကတော့ အငယ်တန်း ၀န်ကြီး အဆင့် နဲ့ အချို့နိုင်ငံများက အရာရှိ အဆင့်လောက်သာ စေလွှတ်ခဲ့ကြပါတယ်။ အိန္ဒိယ ဆိုပါက ကိုယ်စားလှယ် အဖွဲ့ပင် စေလွှတ်ခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။ အီးယူ အဖွဲ့ကြီး ဆိုက အစည်းအဝေးမှာ တရုတ် အဆိုပြုလာတဲ့ အဆိုပါ စီမံကိန်း နဲ့ စပ်လျင်းသော ကုန်သွယ်ရေး လုပ်ငန်းများ အပေါ် ကြေငြာချက် ထုတ်ခဲ့တာကို မထောက်ခံခဲ့ပါဖူး၊ ကြေငြာချက် စာသားများ တွင် ပွင့်လင်း မြင်သာမှု မတွေ့ရခြင်း နဲ့ ကန်ထရိုက် သဘောတူညီမှုများ အပေါ် မည်သို့ စီမံခန့်ခွဲသွားမည် ဆိုသည့် စည်းမျဉ်းများ အပေါ် ကတိက၀တ် ပြုထားမျိုး မတွေ့ရခြင်းများကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
အနောက်နိုင်ငံတွေက သာ ဆန့်ကျင်ခဲ့ကြပေမယ့် တရုတ် တွင် သူ့ပရိဿတ် နဲ့ သူ ရှိနေပြီး ဖြစ်ပါတယ်။ ထိုအထဲတွင် အာဏာရှင် ဆန်ဆန် အုပ်ချုပ်နေတဲ့ နိုင်ငံ ခေါင်းဆောင် အချို့လည်း ပါဝင်နေပါတယ်။ ရုရှား သမ္မတ ဗလာဒီမာ ပူတင်၊ ဟန်ဂေရီ ၀န်ကြီးချုပ် ဗစ်တာ အော်ဘန်း၊ ဖီလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေး၊ ပိုလန် ၀န်ကြီးချုပ် ဘီယာတာ ဆစ်ဒလို၊ တူရကီ သမ္မတ ရီဆက် တေယစ် အာဒိုဂန် တို့ ဖြစ်ပါတယ်။ ၎င်းတို့ အားလုံး ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်း နဲ့ အနောက်တိုင်း ဒီမိုကရေစီ နိုင်ငံများမှ ခေါင်းဆောင်များ အားလုံးနီးပါးလို ရောက်မလာခဲ့တဲ့ တာကို ကြည့်မယ်ဆိုရင် ရပ်ဝန်း နဲ့ ပိုးလမ်းမ စီမံကိန်းကြီး ရဲ့ နောက်ကွယ်မှာ ၀ါဒရေးရာ ကွဲလွဲမှုတွေ ရှိနေတယ် ဆိုတာ ကို ထင်ဟပ် ပြသနေပါတယ်။ စစ်အေး တိုက်ပွဲပြီးတဲ့ နောက်ပိုင်းမှာ တသွေးတမံ တမိန့် နဲ့ အုပ်ချုပ်တဲ့ နိုင်ငံကြီးတခုမှ သြဇာအာဏာ ကြီးမားလာမှု နှင့်အတူ ပထမဆုံး အကြိမ် ချပြလာတဲ့ နိုင်ငံတကာ ဖွံ့ဖြိုးမှု မဟာ အစီအစဉ်သစ်ကြီးဟု ရှု့မြင်ခဲ့ကြတာကြောင့်လည်း ဖြစ်ပါတယ်။
တရုတ် အနေနဲ့ ထိုသို့ အုပ်ချုပ်မှုကြောင့် ရလာခဲ့တဲ့ စီးပွားရေး အသီးအပွင့်များ ဆိုပြီး ကမ္ဘာအလယ်မှာ ချပြလာမှာကို ခွင့်ပြုသလို ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်နေသူတွေ စိတ်ပျက်သွားစေမယ့် အကြောင်းအရာ တွေ ပေါ်ပေါက်လာနေခဲ့ပြီလည်း ဖြစ်ပါတယ်။ စာရွက်ပေါ်မှာတော့ ယင်းစီမံကိန်းကြီးကား လွန်စွာ ထူးချွန်ပြောင်မြောက်စွာ တွေးခေါ်ချပြခဲ့တာလို့ ထင်စရာ ရှိပေမယ့် လက်တွေ့မှာတော့ သမိုင်းတွင် အကြီးမားဆုံးသော ဆင်ဖြူကြီး ဖြစ်သွားဖို့ များနေပါတယ်။
ထိုသို့ မြင့်မြင့်မားမား ရှု့မြင် အကောင်အထည် ဖေါ်လာခဲ့ရာမှာ တရုတ် ခေါင်းဆောင်တွေရဲ့ အကြီးမားဆုံး အမှားကတော့ ဘီဂျင်း အနေနဲ့ တနှစ်ဆိုသော တိုတောင်းတဲ့ အချိန်အတွင်း ဒေါ်လာ တစ် တြီလီယံ လောက် အခြေခံ အဆောက်အအုံတွေ အပေါ် သုံးစွဲနိုင်ခဲ့တဲ့ အနေအထား ကို ပြည်ပနိုင်ငံများက အလားတူ လိုက်သုံးစွဲနိုင် လိမ့်မယ်လို့ ယူဆခဲ့ကြတာပဲ ဖြစ်ပါတယ်။
သို့သော် တရုတ်ပြည်ကဲ့သို့ နိုင်ငံရေးအရ တည်ငြိမ်တဲ့ အနေအထားမျိုး ကို ပါဝင်ကြမယ့် နိုင်ငံ အတော်များများ မှာ ရှိမနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ တရုတ်ပြည်တွင်း ရှိ ပြင်းထန်လှသော လူမျိုးရေး ပဋိပက္ခ နှင့် အကြမ်းဖက်မှုများက နိုင်ငံ လုံခြုံရေးကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်သည့် အဆင့် မရှိပေ။ အဆိုပါ ပြဿနာများက ရှင်ကျန်း ပြည်နယ်ထဲတွင်သာ ရှိနေခြင်းလည်း ဖြစ်ပါတယ်။ သို့သော် အာရှ အလယ်ပိုင်း နှင့် တောင်အာရှ ရှိ နိုင်ငံများတွင်တော့ အခြေခံ အဆောက်အအုံ များ တည်ဆောက် ထိမ်းသိမ်းသွားနိုင်ဖို့က အန္တရာယ်များ ၀ိုင်းရံနေပါတယ်။
ထို့အပြင် တရုတ် အနေနဲ့ နိုင်ငံတွင်းရှိ မြေများကို စိတ်ကြိုက်သိမ်းယူပိုင်ခွင့်ရှိပြီး ထိုမြေများပေါ်တွင် နေထိုင် လုပ်ကိုင် စားသောက်သူများကို လျော်ကြေးဟူ၍ မယ်မယ်ရရ မပေး၊ တရားရုံးများ ၊ မီဒီယာ များ နဲ့ အတိုက်အခံ ပါတီများ၊ လူထုရဲ့ အကြမ်းဖက် ဆန္ဒပြခြင်း မျိုးများ ဖြင့် ၀င်ရောက် စွက်ဖက်မည်ကိုလည်း စိုးရိမ်စရာ မလိုပဲ နှင်ထုတ်နိုင်ခွင့် ရှိနေပြန်ပါတယ်။ (ထိုသို့ ဖြစ်ရပ်များ ရှိခဲ့သော်လည်း နှိပ်ကွပ်နိုင်စွမ်း က အမြဲလို ရှိနေခဲ့ပါတယ်)။ အခြား နိုင်ငံများ တွင်တော့ မြေယာ များကို သိမ်းယူဖို့ တန်ဖိုးကြီးကြီး ပေးခဲ့ရစမြဲ ဖြစ်ပါတယ်။ ဒါကတော့ အချိန် အတိုင်းအတာ နဲ့ ပေးရတဲ့ လျော်ကြေး ပမာဏ တွေပဲ ဖြစ်ပါတယ်။ ထိုနိုင်ငံများ ရှိ အစိုးရများက တရုတ်ကို နမူနာယူပြီး လုံလောက်တဲ့ လျော်ကြေး မပေးပဲ နှင်ထုတ်ခဲ့ကြမယ် ဆိုရင် ဆန့်ကျင်မှုတွေ အပြင်းအထန် ရင်ဆိုင်ကြရဖို့ ရှိနေပါတယ်။ ၂၀၁၇ ဇန်န၀ါရီလအတွင်း သီရိလင်္ကာ အစိုးရမှ တရုတ်ငွေကြေး ပံ့ပိုးမှု နဲ့ အကောင်အထည် ဖေါ်ဖို့ ရှိနေတဲ့ စက်မှု ဇုန် တည်ဆောက်ရေး အတွက် ပုဂ္ဂလိက ပိုင် မြေကို သိမ်းယူဖို့ ကြိုးစားခဲ့ရာ အဓိကရုဏ်းတွေ ဖြစ်လာခဲ့ပါတယ်။
တရုတ်က စီမံကိန်း များ ကို ၎င်းတို့ အထောက်အပံ့နဲ့ အကောင်အထည် ဖေါ်ရမှာ ဖြစ်လို့ ကန်ထရိုက် သဘောတူညီချက်များ ရေးဆွဲရာတွင် ၀င်ရောက်ထိမ်းချုပ် နိုင်ခွင့် ရှိတယ်လို့ ယူဆထားမှုတွေလည်း ရှိနေပြန်ပါတယ်။ လုပ်ငန်းများ အကောင်အထည် ဖေါ်ရာမှာ တရုတ် ပစ္စည်းများ နဲ့ ဆောက်လုပ်ရေး ကုမ္ပဏီများကို အသုံးပြုရမယ်လို့ တောင်းဆိုလာနိုင်စွမ်း ရှိနေပါတယ်။ ဒါကို တရုတ်ခေါင်းဆောင်တွေ သိထားသင့်ပါတယ်။ စီမံကိန်း အများ စုကို အကောင်အထည် ဖေါ်ဖို့ ရှိနေတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အဆိုပါ လုပ်ငန်းများ အား ကန်ထရိုက် ချပေးရာ၌ အကျင့်ပျက် ခြစားမှုတွေ ဖြစ်ပေါ်ဖို့ အခွင့်အရေး ကောင်းတွေ ဖန်တီးပေးသလို ဖြစ်လာခဲ့ရပါတယ်။
အစ ကောင်းခဲ့သော်လည်း
တရုတ် အနေနဲ့ ၎င်းတို့ ပစ္စည်းများ ကုမ္ပဏီများ ကို သုံးစွဲဖို့ တောင်းဆိုခဲ့ခြင်းသည် အရည်အသွေး ကောင်းမွန်ရေး နဲ့ အချိန်နှင့် တပြေးညီ ရရှိရေး ဆိုတဲ့ စီးပွားရေး အကြောင်း များကြောင့်သာ ဖြစ်တယ်လို့ အကြောင်းပြ ပြောဆိုခဲ့ပါတယ်။ သို့သော် အခြားနိုင်ငံများရှိ အာဏာရ အခွင့်ထူးခံ လူတန်းစားများ သည် အဆိုပါ အခွင့်အရေး ကို အဘယ်ကြောင့် လက်မခံနိုင် ဖြစ်နေကြရပေသနည်း။ ၎င်းတို့အဖို့က စိတ်ကြိုက် ဆောက်လုပ်ရေး ကုမ္ပဏီ များ နဲ့ ပစ္စည်းများကို ရွေးချယ်ခွင့်ရအောင် မဆုပ်မနစ် ပြောလာကြဖို့ ရှိပါတယ်။ ထိုသို့ခွင့်ပြုမည်ဆိုက တရုတ်တို့အဖို့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ပိုလျံ ထုတ်ကုန် များ ကို သုံးစွဲနိုင်ခွင့် ဆုံးရှုံးသွားမယ့် အပြင် အကျင့်ပျက် လာဒ်စားမှုများ၊ အရည်အသွေး ညံ ပစ္စည်းများ နဲ့ ဘဏ္ဍာရေး မှာ ဆုံးရှုံးမှုတွေ သေချာပေါက် ဖြစ်လာတော့မှာ မလွဲဧကန် ဖြစ်ပါတယ်။
နောက်ဆုံး အချက် တင်ပြရမည်ဆိုက တရုတ် နိုင်ငံ သည်သာ ၎င်းတို့ရဲ့ လျင်မြန်စွာ ကြီးထွားနေတဲ့ စီးပွားရေး တိုးတက်မှု များကြောင့်သာ ချေးငွေများ မြင့်မားလာနေရခြင်းကို ခံနိုင်ရည်ရှိပြီး တည်ဆောက်ဖို့ ရှိနေတဲ့ အခြေခံ အဆောက်အအုံများ မှ အကျိုး အမြတ် တွေ ကာမိသည်အထိ စောင့်နေနိုင်စွမ်း ရှိပါတယ်။ သို့သော် နိုင်ငံများ အနေနဲ့ တရုတ် နိုင်ငံမှ ချေးငွေများ အလွန်အကျွံ ချေးငှားပြီး BRI စီမံကိန်းများ အတွက် ငွေကြေး ထောက်ပံ့လုပ်ကိုင်ကြသည် ဆိုစေဦး ချေးထားသော ငွေများ ကို အတိုးအရင်းပါ အချိန်မီ ပြန်ဆပ်လာနိုင်မယ်လို့ ယူဆခြင်းသည် အကောင်းမြင်ရာ ကျလွန်းနေပါတယ်။ အချို့ နိုင်ငံများ ဆိုက အတော်ကို ဆင်းရဲလွန်းလှတဲ့ အတွက် ကြီးမားလှတဲ့ စီမံကိန်းကြီး တွေ အကောင်အထည် ဖေါ်ဖို့ လိုအပ်နေတဲ့ များပြားလှတဲ့ ငွေ ပမာဏာ ကို ချေးငှားနိုင်စွမ်း မရှိ ဖြစ်နေပါတယ်။
ဥပမာ ပြောရမည်ဆိုက လာအို နိုင်ငံတွင် အမေရိကန် ဒေါ်လာ ခြောက် ဘီလီယံ ခန့် အကုန်အကျခံ ဆောက်လုပ်နေတဲ့ ၄၁၈ ကီလိုမီတာ ရှည်လျားတဲ့ မီးရထားလမ်း ဆောက်လုပ်နေခြင်း ဖြစ်ပါတယ်။ လာအို နိုင်ငံသည် တနိုင်ငံလုံး အသားတင် ကုန်ထုတ်လုပ်မှု GDP ပမာဏ ဒေါ်လာ ၁၂ ဘီလီယံသာ ရှိသေးတဲ့ ဆင်းရဲလှတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အချို့ နေရာများမှာ စီးပွားရေး တိုးတက်မှု အားနည်းနေတာကြောင့် အကောင်အထည် ဖေါ်ခဲ့တဲ့ စီမံကိန်းများ က တွက်ခြေမကိုက် ဖြစ်လာခဲ့ရတဲ့ အတွက် တင်ရှိတဲ့ အကြွေးကို ပြန်မဆပ်နိုင်တော့တဲ့ အနေအထား ရောက်လာခဲ့ရပါတယ်။ ထိုအခါမျိုး မှာ တရုတ် အဖို့ ကြွေးမြီတွေ ပြန်မရတော့တဲ့ အပြင် ကြွေးတင်နိုင်ငံ နဲ့ပါ ဆက်ဆံရေး အခြေအနေ ဆိုးဝါးလာရပြန်တဲ့ အတွက် နှစ်ဖက်စလုံး အကျိုးမရှိတဲ့ အရှုံးနဲ့သာ ရင်ဆိုင်လာရဖို့ ရှိပါတယ်။
တရုတ် အနေနဲ့ ကြွေးတင် နိုင်ငံများ အပေါ် သြဇာ သက်ရောက်နိုင်တဲ့ အနေအထားကလည်း အကန့်အသတ် နဲ့ ပဲ ရှိတာကြောင့်လည်း ၎င်းတို့ရဲ့ ဘီလီယံ ပေါင်းများစွာ တန်တဲ့ ချေးငွေ တွေ အတွက် မဖြစ်စလောက်သာ ပြန်ရနိုင်မယ့် အနေအထား ဖြစ်သွားနိုင်ပါတယ်။ တရုတ် အခွန်ထမ်း ပြည်သူတွေ အပေါ်လည်း မတရားရာ ကျနေပါတယ်။ တရုတ်ထံမှ ငွေများ ချေးယူခဲ့တဲ့ အစိုးရတွေ အနေနဲ ပိုဆိုးတဲ့ အဖြစ်တွေ ရင်ဆိုင်လာရဖို့ ရှိနေပြန်ပါတယ်။ ကြွေးမဆပ်နိုင်တဲ့ နိုင်ငံများ အဖို့လည်း တရုတ် ကြွေးမြီများကို ပြန်မဆပ်နိုင်တဲ့ အဖြစ်ကြောင့် နိုင်ငံတကာ ငွေချေးဈေးကွက်တွေမှာ နာမည်ပျက် စာရင်းဝင်သွားပြီး ချေးငှားလို့ မရနိုင်တော့တဲ့ အဖြစ် ရောက်ရှိသွားနိုင်ပါတယ်။
ယခုလို စီးပွားရေး အခြေခံ သဘောတရားတွေ ကို ထည့်သွင်းစဉ်းစားမှုတွေ ရှိလာနေတာကြောင့် တရုတ်မှ မည်မျှ ပင် ၀ါဒဖြန့်မှုတွေ ရှိနေပေမယ့် ၎င်းတို့ရဲ့ BRI စီမံကိန်းများသည် ယခုထိ အတော်အသင့်သာ တိုးတက်မှုတွေ ရခဲ့ပါတယ်။ တရုတ် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ရဲ့ စာရင်းဇယားများအရ ၂၀၁၄ နောက်ပိုင်း စိတ်ဝင်စားတဲ့ နိုင်ငံများ လက်မှတ်ရေးထိုးခဲ့တဲ့ ကန်ထရိုက် ပမာဏ စုစုပေါင်းသည် ဒေါ်လာ ၃၀၄.၉ ဘီလီယံသာ ရှိသေးတယ်လို့ သိရပါတယ်။ သို့သော် အဆိုပါ ကန်ထရိုက် လုပ်ငန်း အတော်များများသည် တရုတ်ရဲ့ BRI စီမံကိန်း နဲ့ ဆက်စပ်မှု မရှိသေးတာကြောင့် တရုတ်ရဲ့ BRI အပေါ် သုံးစွဲငွေ ပမာဏ သည် ဒီထက် အများကြီး လျော့နည်းဖို့ ရှိနေပါတယ်။
ထိုသို့ ဖြစ်လာနေမှုများသည်ပင် တရုတ် အဖို့ အဆိုးထဲက အကောင်းလို့ ပြောဖို့ ဖြစ်လာခဲ့ရပါတယ်။ အဆိုပါ စီမံကိန်းများ စတင် ချပြလာသည့် ၂၀၁၃ နောက်ပိုင်းမှာ တရုတ်၏ စီးပွားရေးသည် အခြေအနေ ဆိုးလာခဲ့လို့ပဲ ဖြစ်ပါတယ်။ ပြည်တွင်းတွင် ရင်းနှီးမြုပ်နှံထားတဲ့ ငွေများ ပြန်လည် ထုတ်ယူနေမှုများကြောင့် နိုင်ငံခြား အရံငွေ ပမာဏ သည် ဒေါ်လာ သုံးတြီလီယံ အောက် အထိ ထိုးဆင်းသွားခဲ့ပါတယ်။ ထို့အတွက် စီမံကိန်း များ ကို ငွေကြေး ပံ့ပိုးနိုင်မယ့် အနေအထား လျော့နည်းလာနေပါတယ်။ တရုတ် ပြည်တွင်း ချေးငှားလာတဲ့ ပမာဏ သည်လည်း သိသိသာသာ ကို မြင့်တက်လာနေရပြန်ပါတယ်။ ထို့အတွက် ဖြစ်ပေါ်လာဖွယ် ရှိနေတဲ့ ဘဏ္ဍာရေး အကျပ်အတည်းကြီးကို ရှောင်လွှဲနိုင်ဖို့ တရုတ် အနေနဲ့ ရှိသမျှ ဓန အင်အားကို အသုံးပြုဖို့ လိုအပ်လာနေပြီ လည်း ဖြစ်ပါတယ်။
ထို့အတွက် ဒီနေ့ စတင်မယ့် ဒုတိယအကြိမ် ဖိုရမ်မှာ တရုတ်တို့ အဖို့ ပြန်လည် ချိန်ဆထားတဲ့ ဗာရှင်း အသစ် ကို တင်ပြဖို့ ရှိနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။
Credit - Hla Wai Soe



စင်္ကာပူကနေ သြစတြေလျကို လေယာဉ်စီးတော့ ကြာမြင့်ချိန် ၇ နာရီခွဲလောက်ရှိပါတယ်...

စင်္ကာပူကနေ သြစတြေလျကို
လေယာဉ်စီးတော့ ကြာမြင့်ချိန်
၇ နာရီခွဲလောက်ရှိပါတယ်...
လေယာဉ်ရဲ့ လမ်းတဖက်မှာထိုင်နေတဲ့
သြစတြေးလျကြီးတစ်ယောက်ဟာ အိပ်ချိန်
ခဏလောက်ပဲ အနားယူတာတွေ့ရပြီး
ခရီးစဉ်တစ်လျောက်လုံး
စာအုပ်တွေကိုပဲ
သဲကြီးမဲကြီးဖတ်ပြီးနေခဲ့တာပါ...
.
အမေရိကားရဲ့ မူလပိုင်ရှင်တွေဟာ
ရက်အင်ဒီးယန်းတွေ ဆိုသလိုပဲ…
သြစတြေးလျမှာ နေထိုင်တဲ့
မူလပိုင်ရှင်တွေဆိုတာလည်း…
လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကထဲက
အာဖရိကဖက်ကနေ
ရွေ့ ပြောင်းအခြေချလာတဲ့
Aborigines တွေဖြစ်တယ်လို့ဆိုတယ်…
Aborigines တွေဟာ အမဲလိုက်မယ်၊
အသီးတွေခူးမယ်၊ သူတို့စားသောက်တဲ့
ပိုးကောင်မွှားကောင်တွေရှာဖွေဖမ်းဆီးမယ်
ဆိုတာမျိုးပဲလုပ်ကြပြီး…
မွေးမြူရေးလုပ်တာ၊
မြို့တွေရွာတွေတည်ထောင်တာမျိုးတော့
မလုပ်ခဲ့ကြဘူးလို့ဆိုတယ်…
သြစတြေလျတိုက်မြေဟာစိုက်ပျိုးမွေးမြူလို့
သိပ်မကောင်း၊မသင့်တော်တာကြောင့်လည်း
ဖြစ်မယ်လို့သုံးသပ်ကြတယ်…
၁၇၇၈ ခုနှစ်လောက်မှာ
ဥရောပဘက်က အခြေချသူတွေ
သြစတြေလျကိုစတင်ရွေ့ပြောင်း
လာကြတဲ့အချိန်မှာ…
Aboriginals တွေဟာ ၃၂၀၀၀၀
လောက်ရှိပြီး
မျိုးနွယ်စုပေါင်း ၂၅၀ လောက်
ရှိခဲ့ကြတယ်လို့ဆိုတယ်…
အုပ်စုတိုင်းမှာ သူတို့ နယ်မြေပိုင်နက်
ရှိပြီး သူတို့ ရိုးရာနဲ့ ဘာသာစကားတွေလည်း
ရှိကြတယ်ဆိုတယ်။
.
Aborigines တွေဟာ ကမ္ဘာ့ ရှေးအကျဆုံး
လူသားမျိုးနွယ်တွေထဲအပါအဝင်ဖြစ်ပြီး၊
ကိုယ်ပိုင်ယဉ်ကျေးမှုရှိခဲ့တဲ့လူမျိုးတွေလို့ဆို
တယ်…
သြစတြေလျမှာ စတင်အခြေချ
နေထိုင်နေကြပြီးနောက် သူတို့တွေဟာ
လူဖြူတွေကို လုံးဝမမြင်ဘူးခဲ့ကြပဲ…
၁၇၇၀ မှာ ကပ္ပတိန် James Cook ကနေ
Botany Bay ကိုရောက်လာတော့မှ
လူဖြူတွေစမြင်ဘူးတာလို့ဆိုတယ်…
နောက်ပိုင်း
ကပ္ပတိန် Arthur Phillip နဲ့ လူဖြူတွေ
အလုံးအရင်း ရောက်လာပြီး
အခြေချသူ Aborigine တွေနဲ့
ထိပ်တိုက်တွေ့မူတွေဖြစ်လာခဲ့ကြတယ်
ဆိုတယ်။
ယဉ်ကျေးမှု ပုံစံလုံးလုံးမတူညီတာ
ကAborigine တွေနဲ့
လူဖြူတွေကို ပိုနားလည်မှုလွဲစေပြီး…
သမိုင်းမှာတော်တော်စောစောဖြစ်ခဲ့တဲ့
Clash of Cultures လို့တစ်ချို့
သမိုင်းသုတေသီတွေက ညွှန်းပါတယ်။
နောက်ထူးဆန်းတဲ့အချက်တွေထဲမှာ
Aboriginal တွေဟာ
အရင်သူတို့ဆီမှာမရှိခဲ့ဘူးတဲ့ လူဖြူတွေဆီက
ကူးစက်ရောဂါဘယတွေကြောင့်
သေဆုံးကုန်ကျရတာလဲပါတယ်ဆိုတယ်…
.
မည်သို့ပင်ဆိုစေကာမူ…
နောက်ဆုံးတော့ Aboriginal တွေဟာ
ယဉ်ကျေးမှုကွာ၊ ပညာတတ်တာချင်းကွာတဲ့
လူဖြူတွေလက်ထဲကို
သူတို့ရှာဖွေတွေ့ရှိထားတဲ့
သြစတြေလျကိုလက်လွတ်ဆုံးရှုံး
ရပါတော့တယ်….
ခုဆိုရင် သြစတြေလျမှာ
မူလအခြေချသူAboriginal
တွေဟာ လမ်းပေါ်ကလူ၊
တောင်း၇မ်းသူ၊Didgeridoo
လို့ခေါ်တဲ့ ဝါးလုံးရှည်သဏ္ဍန်ကို မှုတ်ရင်း
အလှူခံသူတွေအဖြစ်တွေ့ရတာပဲ
များလာပါတော့တယ်…
.
ကိုယ်က ဘယ်လိုနိုင်ငံရဲ့
မူလဇစ်မြစ်ပိုင်ဆိုင်သူဖြစ်စေ၊
ဘယ်လောက်ရှေးကျတဲ့
ယဉ်ကျေးမှုအမွေအနှစ်ကောင်း
တွေကို ပိုင်ဆိုင်သည်ဖြစ်စေ...
ဒီခေတ်မှာ
ပညာမတတ်ရင်တော့ကိုယ့်မြေဟာ
အလိုလိုသူ့မြေအချိန်မရွေးဖြစ်သွားနိုင်ပါတယ်....
ငါတို့ မြေ...ငါတို့ ဘာသာတရားယဉ်ကျေးမှု
တွေကို ထိမ်းသိမ်းဖို့အရေးကြီးသလို...
ကိုယ့်မြေပေါ်မှာ
ကိုယ်ကြာရှည်နေထိုင်ရှင်သန်ပြီး
ကိုယ့်လူမျိုးတွေ တိုးတက်ဖို့ဆို
မြန်မာနိုင်ငံသားတွေပညာတတ်ဖြစ်ကြဖို့
အရေးကြီးတယ်...
နမို့ဆို Aboriginal တွေလို စာအုပ်သဲကြီးမဲကြီး
ဖတ်သူတွေလက်ထဲ
ကိုယ့်နိုင်ငံရောက်သွားနိုင်တာပါပဲ....
Credit - Aung Kyaw San



"တိရိစ္ဆာန်တွေ ဖန်ဆင်းလိုက်တဲ့အပူ"


"တိရိစ္ဆာန်တွေ ဖန်ဆင်းလိုက်တဲ့အပူ"
----------------------------------------

သင်္ကြန်ရုံးပိတ်ရက် မကွေးပြန်တော့ အရင်လို
ခရီးသည်တင်ကားနဲ့ ညဘက်ပြန်ရတာမဟုတ်
ဘဲ မိတ်ဆွေတစ်ဦးကားနဲ့ နေ့ခင်းဘက်အကြုံ
လိုက်စီးခွင့်ရလို့ နေ့ခင်းဘက်ကြီးပြန်ခဲ့တယ်။
တစ်ချိန်တုန်းက ဆင်တွေ၊ ကျားတွေပေါလွန်းလှ
ပါတယ်ဆိုတဲ့ရိုးမ (အဲဒီနေရာတစ်ဝိုက်ကို ပဲခူး
ရိုးမအထက်ပိုင်းလို့ခေါ်မလား၊ အလယ်ရိုးမလို့
ခေါ်မလား မသိဘူး။ ထားတော့) နေပြောက်မ
ထိုးပါဘူးဆိုတဲ့ရိုးမဟာ အရှေ့အနောက်တောင်
မြောက်ဝဲယာအကုန်လုံး တောင်ကတုံးတွေချည်း
ပဲဖြစ်နေတာတွေ့လိုက်ရတယ်။
တစ်လမ်းလုံး မအိပ်ဘဲကြည့်လာတာ တစ်လမ်း
လုံးကို တောင်ကတုံးတွေချည်းပဲ။
စစ်အစိုးရလက်ထက်မှာ သစ်တွေရောင်းစားကြ
တယ်ဆိုတာ ပြည်နယ်တွေနဲ့ နယ်စပ်ဒေသတွေ
မှာပဲလို့ ထင်ထားလောက်အောင် ကျွန်တော်က
လည်း တုံးတာ။
မိုင် ၁၀၀ နီးပါး ရိုးမကိုဖြတ်လာတာ စိမ်းစိမ်းစိုစို
သစ်ပင်သစ်တော နတ္ထိ။ ကျွန်တော်ကြည့်ရင်းနဲ့
ငိုချင်လာတယ်။
မြောင်းမြရောက်တော့ ယောက်ခမကပြောပြပါ
တယ်။ သူတို့ ခမရ ၁၀၉ ဗကပကို ပဲခူးရိုးမမှာ
စစ်ဆင်ရေးဝင်တဲ့အချိန်တုန်းက ညောင်လေးပင်
ဘက်ကနေတက်သွားတာ သာယာဝတီဘက်
ကို ပြန်ဖောက်ဆင်းတယ်လို့ဆိုတယ်။
"ဟာ မင်းကလည်း တစ်လမ်းလုံးနေပြောက်မ
ထိုးနိုင်တဲ့နေရာတွေအများကြီး။ တောကလည်း
အနက်ကြီး" လို့ပြောပါတယ်။
တိုင်းပြည်ထဲက ထုတ်ယူသုံးစွဲခြင်းမပြုသင့်တဲ့
သယံဇာတတွေကို ကိုယ့်မိဘအမွေရသလိုစိတ်
တိုင်းကျ လုပ်ချင်သလို လုပ်ခဲ့ကြတယ်။
ဘာအဆင့်မြင့်ပညာမှမတတ်နဲ့ဦး သစ်ပင်ဆို
တာ ကျွန်တော်တို့လူသားတွေအတွက် အန္တ
ရာယ်ရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုစုပ်
ယူပေးပြီး ကျွန်တော်တို့အတွက်လိုအပ်နေတဲ့
အောက်ဆီဂျင်ကိုထုတ်ပေးနေတယ်ဆိုတာမျိုး
လောက်တော့ သိကြပါတယ်။
အခု တဖြည်းဖြည်း အရင်နှစ်တွေကထက်ပိုပို
ပြီးပူလာတယ် မဟုတ်လား။ ပူတာမှ ပူစပ်ပူ
လောင်နဲ့ကို ပူလာတာ။
ပူမှာပေါ့ ရာသီဥတုကိုမျှတအောင်ထိန်းသိမ်းပေး
မယ့်သစ်ပင်တွေမရှိတော့ဘူး။
ကျွန်တော်ပြောတာ မယုံဘူးလား။ တစ်နိုင်လုံး
ပတ်ကြည့်ကြည့်လိုက်။ တစ်တိုင်းတစ်ပြည်လုံး
ကို သုဿန်တစ်စပြင်လိုဖြစ်သွားအောင်ကိုစည်း
မဲ့ကမ်းမဲ့ ခုတ်ပစ်ကြတာ။
အဲဒီလိုခုတ်ပစ်တဲ့သူတွေကတော့ သူတို့ရဲ့မ
ဟာရဲတိုက်ကြီးတွေထဲမှာ အဲကွန်းလေးတငြိမ့်
ငြိမ့်နဲ့ "ထင်သလောက် မပူပါဘူးကွ" လုပ်ချင်
လုပ်နေမှာပေါ့။
တစ်တိုင်းပြည်လုံးကပြည်သူတွေကတော့ဖြင့်
အပူဒဏ်ကိုကျောကော့အောင်ခံပေရော့ပဲ။
ဒါတောင် စနစ်တကျသုတေသနမလုပ်နိုင်သေး
တာတွေအများကြီး။ သစ်တောပြုန်းတီးမှုကြောင့်
ရာသီဥတုမမှန်တော့တဲ့အပြင် အပူရှိန်လွန်ကဲပြီး
ဒုက္ခရောက်ရုံသာမက နောက်ဆက်တွဲ ဘယ်လို
ရောဂါမျိုးတွေ တိုးပွားလာနိုင်တယ်၊ ပေါ်ပေါက်
လာနိုင်တယ်ဆိုတာ သုတေသနကောင်းကောင်း
လုပ်ရင် ထပ်ပြီးတွေ့နိုင်သေးတယ်။
ငါနဲ့ ငါ့မိသားစုဆိုတာကလွဲလို့ ဘာမှမကြည့်တဲ့
လူ့တိရိစ္ဆာန်တွေအုပ်ချုပ်ခဲ့တာ စိမ်းလန်းသာယာ
ပြည်မြန်မာကနေ တကယ့်ငရဲဘုံဘဝကိုရောက်
နေရတဲ့အတိုင်းပါပဲ။
အိမ်နီးချင်းနိုင်ငံတွေအားလုံး ဘယ်နိုင်ငံမှအခု
လို စည်းမဲ့ကမ်းမဲ့ ပေါက်လွတ်ပဲစားသစ်မခုတ်
ကြဘူး။ ဘယ်ခုတ်မလဲ သူတို့က သူတို့တိုင်းပြည်
သူတို့ချစ်တာကိုး ..... ။ ။

Credit -  ရဲကျော်သူရ