( ဧပြီ - ၂၁၊ ၂၀၁၉ ) “ ရေနံရှိလျှင် ဘာမဆိုဖြစ်နိုင် “ ၊ စင်ပြိုင်အစိုးရ ဗိုလ်ချုပ်ကြီးအား ထရမ့် ဖုန်းဆက် ချီးကျူး။ အနောက်အုပ်စုတွင် LNA ကာကွယ်ရေးဦးစီးချုပ်အား အမျှော်လင့်ကြီး မျှော်လင့်သူရှိနေ။ ကဒါဖီအား တော်လှန်ဖြုတ်ချခဲ့သူတို့ ကဒါဖီ၏ သားကြီးကို ဆန္ဒမဲပေးကြဖွယ်ရှိ
============================
============================
((( Russia Today., 20 Apr, 2019. “'Oil is everything': Why Western allies like US & France swing weight in favor of Libya's Haftar. “ ကို Htay Oung, Oung Marine ဘာသာပြန်ဆိုသည်။ )))
အနောက်နိုင်ငံများသည် ထရီပိုလီသို့ တဟုန်ထိုးချီတက်လာနေသည့် စင်ပြိုင်အစိုးရ၏ ဗိုလ်ချုပ်ကြီး ခလီဖာဟဖ်တာဘက်မှ ပါနေခြင်းမှာ သူတို့၏ ရေနံအပေါ် အာသာရမ္မက်ကို ဖြည့်ဆည်းပေးနိုင်မည့်သူထင်၍ ဖြစ်ကြောင်း၊သို့သော် ဟဖ်တာမှာလည်း ဘက်ပြောင်းသွားနိုင်သူတစ်ဦးဖြစ်ကြောင်း နိုင်ငံရေး ဝေဖန်သုံးသပ်သူတို့က ပြောကြားသည်ဟု Russia today က ယမန်နေ့ ရေးသားသည်။
အန္တရာယ်ကျရောက်တော့မည်ဖြစ်၍ အမြန်ဆုံး အကာအကွယ်ပေးကြရန် ကုလသမဂ္ဂအသိအမှတ်ပြု ထရီပိုလီအစိုးရ ( GNA ) က ကယ်ပါ ယူပါ ပြာယာခပ်နေချိန်တွင် ဗိုလ်ချုပ်ကြီး ခလီဖာဟဖ်တာ၏ တပ်ဖွဲ့များမှာ မြို့တော် ဆီသို့ မှန်မှန်ကြီး ရှေ့တိုးလာနေသည်။သို့သော် GAN အစိုးရနှင့် သမားရိုးကျအတိုင်း ဆက်ဆံမှု့ ထူထောင်ခဲ့သူ အနောက်အင်အားကြီးနိုင်ငံများသည် စင်ပြိုင်အစိုးရနှင့် ထိတွေ့ဆက်ဆံနေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဟဖ်တာ၏ တိုဘရုခ်အစိုးရသည် ပြည်တွင်းစစ်ဒါဏ်ကြောင့် ရစရာမရှိအောင် ပျက်ပြားလျှက်ရှိသော လစ်ဗျား နိုင်ငံတစ်ဝှမ်းလုံး၏ အခြေခံစီးပွားရေးအဆောက်အအုံများကို ထိန်းချုပ်ထားသောကြောင့်ဟု ဆို၏။
လစ်ဗျား၏ ရေနံမှာ အရည်အသွေးမြင့်မားသည်။ ပြင်သစ်နှင့် အီတလီသို့ အဓိက ပေးပို့၍ သန့်စင်ချက်လုပ်ကြရသည်။ လစ်ဗျားခေါင်းဆောင် ကဒါဖီပြိုလဲရသော ၂၀၁၁ - ခုနှစ် လေကြောင်းတိုက်ခိုက်မှု့တွင် ရှေ့တန်းမှပါဝင်ခဲ့သည့် နေတိုးအဖွဲ့၌ အဆိုပါ နှစ်နိုင်ငံလုံးသည် အဖွဲ့ဝင်များဖြစ်ကြသည်။
ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအစိုးရသည် ထရီပိုလီတွင် အခြေစိုက်ပြီး နယ်မြေ ၁၀ ရာခိုင်နှုန်းကိုသာ စိုးမိုးနိုင်၍ နိုင်ငံ၏စီးပွားရေးကိုလည်း မထိန်းချုပ်နိုင်၊ ရေနံကုမ္ပဏီများအပေါ်တွင်လည်း အာဏာမရှိပါ။
ကုလသမဂ္ဂအသိအမှတ်ပြု လစ်ဗျားအစိုးရသည် ထရီပိုလီတွင် အခြေစိုက်ပြီး နယ်မြေ ၁၀ ရာခိုင်နှုန်းကိုသာ စိုးမိုးနိုင်၍ နိုင်ငံ၏စီးပွားရေးကိုလည်း မထိန်းချုပ်နိုင်၊ ရေနံကုမ္ပဏီများအပေါ်တွင်လည်း အာဏာမရှိပါ။
ရေနံတွင်းများနှင့် ရေနံမှငွေကြေးအဖြစ် ပြောင်းလဲခြင်းများသည် နိုင်ငံ၏ နယ်မြေ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားသော တိုဘရုခ်အစိုးရ ဟဖ်တာ၏ စိုးမိုးမှု့ဧရိယာအတွင်း တည်ရှိနေသည်။ ထိုအချက်မှာ အစိုးရတဖွဲ့ ၀င်ငွေရရှိရေးအတွက် အထိရောက်ဆုံးသော စိန်ခေါ်ချက်ဖြစ်နေသည်။ ဟဖ်တာနှင့် အင်အားကြီးနိုင်ငံများကြား ဆွေးနွေးပြောဆိုလာရသည်မှာ လစ်ဗျား၏ သယံဇာတက အဓိကဖြစ်သည်ဆိုလျှင် အံ့သြစရာရှိချေ။
ယခုရက်သတ္တပတ်တွင် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တိုဘရုခ်စစ်ဗိုလ်ချုပ်ကြီးအား “ အကြမ်းဖက်မှု့ကို တိုက်ဖျက်ခြင်းနှင့် လစ်ဗျား၏ ရေနံအရင်းအမြစ်များကို ထိန်းသိမ်းထားခြင်း၌ ထူးခြားသော ကဏ္ဍမှပါဝင်သူဖြစ်ကြောင်း “ တယ်လီဖုန်းဖြင့် ဂုဏ်ပြုပြောကြားသည်။ ဤသည်မှာ အမေရိကန်အနေဖြင့် တိုဘရုခ်စင်ပြိုင် အစိုးရ စစ်ဗိုလ်ချုပ်ကြီးထံ မျက်နှာသာပေးသည့် အရွေ့တစ်ခုပင်ဖြစ်သည်။ ကုလသမဂ္ဂသည် အမေရိကန်အား ထောက်ခံပေးနေသော်လည်း ဒေါ်နယ်ထရမ့်က ကုလသမဂ္ဂကို မနှစ်သက်သည့် ကိစ္စမျိုး ထရမ့်တွင်ရှိပုံမရဟု ထရီပိုလီ GNA အစိုးရ၀န်ကြီးချုပ် ဖေယဇ်အယ်လ်ရှာရာ့ဂ်ျပြောခဲ့ဘူးသည်။ အကြံပြုရလျှင် GNA အစိုးရနေရာ ၀င်ယူမည်ဆိုလျှင် ဒေါ်နယ်ထရမ့်က တားဆီးမည့်ပုံ မပေါ်ပါ။
တစ်ဖက်ကကြည့်လျှင် အာဖရိကရှိ ၄င်း၏ ကိုလိုနီဟောင်းများတွင် ရေရှည်ရင်းနှီးမြှုပ်နှံခဲ့သော ပြင်သစ်သည် လစ်ဗျားတွင် ၄င်းတို့ သြဇာညောင်းသူတစ်ဦး အာဏာရလာမည်ကို လိုလားမည်သာဖြစ်သည်။
သို့သော် အနောက်အုပ်စုက မျှော်လင့်အားထားနေကြသည့် ဗိုလ်ချုပ်ကြီးဟဖ်တာသည် အသက် ၇၅-နှစ်ရှိ နေပြီး ကောင်းစွာမကျန်းမာချေ။ မည်သည့်အတိုင်းအတာအထိ ယုံကြည်ရမည်ဆိုသည်ကိုလည်း မေးခွန်းထုတ်စရာဖြစ်သည်။
လွန်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်တစ်ဝှိုက် လစ်ဗျားနှင့် အိမ်နီးချင်း ချဒ်နိုင်ငံတို့ ပဋိပက္ခဖြစ်သည်။ ဟဖ်တာနှင့် သူ၏အဖွဲ့သား ၃၀၀ ခန့်မှာ ချဒ်တို့၏ ဖမ်းဆီးခြင်းခံရသော်လည်း ကဒါဖီက တာဝန်မယူခဲ့ချေ။ ထိုအချက်မှာ ဟဖ်တာ ကဒါဖီ့အပေါ် ဟဖ်တာ၏ သစ္စာစောင့်သိခဲ့မှု့ကို ပြိုကွဲစေခဲ့သည်။
၂၀၁၁-ခုနှစ်ရောက်သည့်တိုင်အောင် ဟဖ်တာသည် ပြည်ပြေးဘ၀ဖြင့် အမေရိကန်တွင် နေထိုင်ခဲ့ရသည်။CIA ဌာနချုပ်တည်ရှိရာ ဗာဂျီးနီးယားပြည်နယ်ဖြစ်နေခဲ့ခြင်းမှာ ဟဖ်တာအား CIA ထောက်လှမ်းရေးအသိုင်းဝိုင်းနှင့် အဆက်အသွယ်ရှိသူအဖြစ် ကောလဟလဖြစ်စေသည်။
ဟဖ်တာသည် CIA မြှုပ်နှံထားသူတစ်ဦး ဖြစ်ချင်ဖြစ်ပါမည်။ ဟဖ်တာ အပေါ် ပုံအောထားခြင်းမှာ လစ်ဗျားအား စစ်ရေးနည်းလမ်းဖြင့် ထိန်းကျောင်းနိုင်မည်ဟု ထင်မြင်ရာသာ ရောက်မည်ဖြစ်ပြီး လစ်ဗျား၏ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ရာ မရောက်ပေ။
(( အထက်ဖော်ပြပါအတိုင်း ကျွန်တော်လည်း မြင်မိပါသည်။ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် ကဒါဖီအာဏာသိမ်းစတွင်လည်း ယခု ဟဖ်တာနည်းတူ အကြီးအကျယ် မျှော်လင့်ကာ အူယားဖားယား အသိအမှတ်ပြုခဲ့ဖူးသည်။ သို့သော် ထင်သလိုဖြစ်မလာဘဲ လစ်ဗျားရှိ ၄င်းတို့၏ စစ်စခန်းများ ရုတ်သိမ်းသွားရသည့်အပြင် စီးပွားရေးကုမ္ပဏီများလည်း ပြည်သူပိုင်သိမ်းခံလိုက်ရသည်။ နောက်ဆုံး လစ်ဗျားမှ ထွက်ခွာပေးခဲ့ရသည်။
ဒုတိယကမ္ဘာစစ်ပြီးဆုံး၍ ၁၀-နှစ်ခန့်ကြာအောင် ဥရောပတိုက်သားအမျိုးမျိုးတို့က အစိုးရအဖြစ် နင်ပြီး နင်ဆင်း ရာစုနှစ်ချီ အုပ်ချုပ်ခြင်းခံခဲ့လာရသဖြင့် အခြားအရှေ့အလယ်ပိုင်းသားများနည်းတူ လစ်ဗျားတို့ကလည်း အနောက်အုပ်စုကို မုန်းတီးစိတ်ရှိကြသည်။ ကဒါဖီအာဏာသိမ်းပြီး ၄၂-နှစ်တာ အုပ်ချုပ်စဉ် လစ်ဗျား၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးမှာ ၃-ဆကျော် တိုးတက်ခဲ့သည်။
သို့သော် ကဒါဖီသည် အလွန်ခေါင်းမာသူဖြစ်သည်။ နိုင်ငံသားတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၄,၀၀၀ ဖြစ်နေသော်လည်း ၄င်း၏ အစိုးရအဖွဲ့တွင် အကျင့်ပျက်ခြစားခြင်း၊ နီးစပ်ရာ စီးပွားရေးသမားတစုနှင့် ပေါင်းစားကြသည်။ ထို့ကြောင့် လူဦးရေ ၆-သန်းကျော်တွင် ၃-ပုံ ၁-ပုံ နီးပါးမှာ ဆင်းရဲကြပ်တည်းနေဆဲဖြစ်သည်။ ဓလေ့ထုံးတမ်းအစဉ်အလာကြီးသူ အာရပ်တို့အတွက် ကဒါဖီ၏ လက်ဝဲဆန်သော ဘာသာရေးအမြင်များမှာ အစ္စလာမ် ၉၇- ရာခိုင်နှုန်းရှိသော လစ်ဗျားတွင် အံမ၀င်ချေ။
ထို့ကြောင့် ကဒါဖီဆန့်ကျင်သူများကတစ်ဖက် ထောက်ခံသူများကတစ်ဖက် ပြည်တွင်းစစ်ဖြစ်သောအခါ ၀င်ချလာသည့် အမေရိကန်ဦးဆောင်နေတိုးတပ်များကို ပုန်ကန်သူများက ပထမပိုင်းတွင် ကျေးဇူးတင်မိကြသည်။ လစ်ဗျားတွင် အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး ပျက်ပြားကာ တိုင်းပြည် ဗယုတ်သုက္ခဖြစ်မှ အမှားကြီးမှားပြီဆိုသည်ကို နားလည်သွားပုံရပါသည်။
လစ်ဗျားတွင် အနောက်မုန်းတီးစိတ် ပိုမိုပြင်းထန်နေပါသည်။ ဘယ်လောက်အထိ ပြင်းထန်သနည်းဆိုလျှင် ကဒါဖီအား ပုန်ကန်ခဲ့သူ တော်လှန်ရေးသမားများသည် ကဒါဖီအစိုးရပျက်ပြားပြီး သားအကြီး ဆာအိဖ်အစ္စလာမ်ကို အရှင်ဖမ်းမိသည်။ ဆာအိဖ်သည် စစ်ရာဇ၀တ်မှု့ဖြင့် ICC ၏ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်။ ထရီပိုလီအစိုးရက ဆာအိဖ်ကို မျက်ကွယ်၌ သေဒါဏ်ပေးပြီးဖြစ်သော်လည်း တိုဘရုခ်အစိုးရက ဆာအိဖ်အား ICC သို့ လွှဲမပေးခဲ့ပါ။ လစ်ဗျား၌သာ တရားစီရင်မည်ဟု ဆိုသည်။ ၂၀၁၇-ခုနှစ်တွင် ကဒါဖီတော်လှန်ရေးသမား စင်ပြိုင်အစိုးရက ဆာအိဖ်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ချုပ်နှောင်ထားရာမှ လွှတ်ပေးလိုက်လေသတည်း။
ယခု ကဒါဖီ၏ သားအကြီး ဆာအိဖ်အယ်လ်အစ္စလာမ်သည် အရှေ့အလယ်ပိုင်း တစ်နေရာတွင် ပုန်းခိုနေပြီး လစ်ဗျား၌ လာမည့်ရွေးကောက်ပွဲကျင်းပလျှင် သမ္မတရာထူးမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ဆိုချေသည်။ ။ သတင်းဘာသာပြန်သူ )))
https://www.rt.com/…/456496-libya-warplane-shot-down-tripo…/
=====
'Oil is everything': Why Western allies like US & France swing weight in favor of Libya's Haftar
Published time: 20 Apr, 2019 15:11Edited time: 20 Apr, 2019 15:43
General Haftar, whose forces are on the move towards Tripoli, is the right man for the West to feed their oil appetites – but he is also the one who can switch sides quickly, analysts told RT.
Forces loyal to General Khalifa Haftar are steadily advancing towards Tripoli, where the UN-recognized Government of National Accord (GNA) calls for help and hastily prepares to defend the troubled Libyan capital. But Western powers, who established formal ties to GNA, are also keeping in touch with their arch-rival – just because he controls an asset that decides almost everything in the war-torn country.
"Securing access to oil and protection of oil – that's what Haftar purports to do," Alessandro Bruno, an independent political analyst and Libya expert, told RT.
He explained that this oil is generally high quality, and it is mainly processed at refineries in Italy and France – the two NATO countries heavily involved in the Libyan turmoil since they helped topple Colonel Muammar Gaddafi back in 2011.
Nevertheless, he doesn't control Libya's finances and the national oil company, which has a HQ in Tripoli, explained Grigory Lukyanov, senior lecturer at Moscow-based Higher School of Economics.
"All money transfers relating to Libyan oil – even the oil that is drilled in Haftar-controlled parts of Libya – go through Tripoli," which make it extremely challenging to cash in on it.
Unsurprisingly, natural resources dominate much of the discussions between Haftar and major powers. This week, President Donald Trump hailed the Libyan strongman's "significant role in fighting terrorism and securing Libya's oil resources" in a phone call.
The move seems to signal that the US is swinging its weight in favor of Haftar, Bruno believes.
"It certainly suggests that Trump will not be obstructing Haftar's push into Tripoli as [GNA's] Prime Minister Fayez al-Sarraj was hoping," he said. Sarraj is seen as weak, "and Trump does not like the weak ... also he is backed by UN, and Trump doesn't like the UN."
Meanwhile, France, which has long-standing interests in former African colonies, wants him to become the one who may influence things in Tripoli.
On Thursday the GNA accused Paris of throwing its weight behind Haftar, saying it has severed any "bilateral security agreements" as a result. While France has denied allegations of "relentless backing" for the General, it still does its utmost to make him a legitimate political player, Lukyanov added.
Politics aside, France has also been aiding Haftar's Libyan National Army (LNA). Likewise, Paris hopes that Haftar will advance French interests in the region, be it arms sales or drilling for oil.
But while the West sets its hopes for Haftar, there are a number of setbacks. The general "is 75 years old, he's not in complete health," Bruno noted. Age aside, his reliability as a partner can also be an issue. "How reliable is Haftar? That's a big question," the expert wondered.
Up until 2011, he lived in exile in Virginia, and the proximity to the CIA's headquarters in Langley gave birth to rumors about close ties with the US intelligence community. "Perhaps, he's a CIA asset," Bruno opined.
In the end, "Libyans will be the losers" because there won't be any prospect for peace since Khaftar "is determined to take power by military means," he concluded.

Credit - Htay Oung
No comments:
Post a Comment