Thursday, April 25, 2019

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်ရှိ အစိုးရအနေဖြင့် ဆုံးဖြတ်ချက် ချပြီးပါက ပြည်သူအား အသိပေးမည် ဖြစ်ကြောင်း NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွှန့် ပြောကြား

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်ရှိ အစိုးရအနေဖြင့် ဆုံးဖြတ်ချက် ချပြီးပါက ပြည်သူအား အသိပေးမည် ဖြစ်ကြောင်း NLD ပါတီ ပြောခွင့်ရ ဒေါက်တာမျိုးညွှန့် ပြောကြား
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တာဝန်ရှိ အစိုးရအနေဖြင့် ဆုံးဖြတ်ချက်ချပြီးပါက ပြည်သူအား အသိပေးမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။
“ကျွန်တော်တို့ ပါတီကတော့ တာဝန်ရှိသူတွေ ပြောထားတဲ့အတိုင်း ပြည်သူတွေရဲ့ ဆန္ဒကို အလေးအနက်ထားပြီး တစ်သားတည်း ဖြစ်အောင် ကြိုးစား ဆောင်ရွက်သွားမှာပါ။ အခုလောလောဆယ် ဆုံးဖြတ်ချက် ဘာမှ မချရသေးပါဘူး။ ဆုံးဖြတ်ချက်ကို တာဝန်ရှိသူတွေ ချပြီးတဲ့အခါ ပြည်သူတွေကို အသိပေးသွားမှာပါ။ ဘာကြောင့် ဒီလိုဆုံးဖြတ်ချရလဲ ဆိုတာကို တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပြည်သူတွေကို ရှင်းပြသွားမှာပါ။ လောလောဆယ်တော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်က ပြောကြားသည်။
မြစ်ဆုံစီမံကိန်း အပြီးရပ်ဆိုင်းရေးအတွက် လက်ရှိအချိန်တွင် လူထုလှုပ်ရှားမှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိရာတွင် ဒေါက်တာမျိုးညွှန့်က အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။
မြစ်ဆုံနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ချပါကလည်း နိုင်ငံနှင့် ပြည်သူလူထု တစ်ရပ်လုံး၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်အရေး စသည်တို့ကို ရေရှည် အကျိုးစီးပွားဖြစ် မဖြစ် ရှေးရှုသွားမည် ဖြစ်ကြောင်း၊ လက်ရှိ မြစ်ဆုံအရေး လှုပ်ရှားမှုများမှာ မြစ်ဆုံကို ဆန့်ကျင်သော နိုင်ငံရေးလှုပ်ရှားမှု တစ်ခုသာ ဖြစ်ကြောင်း ဒေါက်တာမျိုးညွှန့်က ဆက်လက် ပြောကြားသည်။
မြစ်ဆုံအရေးနှင့် ပတ်သက်ပြီး လက်ရှိ အာဏာရပါတီအနေဖြင့် နှုတ်ဆိတ်မနေရန် ကချင် နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ ပြောဆိုထားသည့်အပြင် ရန်ကုန်ကတ်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုကလည်း မြစ်ဆုံစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းပေးရန် တရုတ်သမ္မတထံ စာပေးပို့ တောင်းဆိုထားကြောင်း သိရသည်။
“အခြေခံ တိုးတက်မှုတွေဖြစ်တဲ့ အဆောက်အအုံတွေ ပြင်ဆင်တာ၊ နောက်ပြီး ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေတွေ ပြင်ဆင်တာ စတာတွေကို အားကြိုးမာန်တက် ဆောင်ရွက်နေပါတယ်။ ဒါတွေ အရှိန်ရလာရင်တော့ ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေဟာ သိသာတဲ့ တိုးတက်ပြောင်းလဲမှုတွေ ရလာမှာပါ”ဟု ဒေါက်တာမျိုးညွှန့်က ဆိုသည်။ ဧရာဝတီကို ပြန်ရွေးယူရန် ဦးဆောင်လှုပ်ရှားသူများက တရုတ်သမ္မတထံ ဧပြီ ၂၃ ရက်က ကမ်းလှမ်းစာ ပေးပို့ထားသည်။
Credit - Eleven

No comments:

Post a Comment