ပင်လယ်ပြင် ငါးမဖမ်းရဧရိယာ သတ်မှတ်ပြီ
မြန်မာ့ပင်လယ်ပြင် ငါးဖမ်းကွက်တွေမှာ ငါးမဖမ်းရကာလကို ဇွန်လမှ ဩဂုတ်လအကုန်အထိ သုံးလ အကြာသတ်မှတ်ထားပြီး ငါးမဖမ်းရဧရိ ယာတွေကိုလည်း သတ်မှတ်လိုက်ပြီလို့ ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။
ငါး၊ ပုစွန်သားပေါက်ဖွားတဲ့ရာသီချိန် မှာ ငါးနဲ့သက်ရှိသယံဇာတတွေကို ထိန်းသိမ်းနိုင်ဖို့ ပြည်တွင်းပြည်ပကမ်းဝေးငါး ဖမ်းရေယာဉ်တွေကို ထုတ်ပြန်ချက်နဲ့ ညွှန်ကြားထားပြီး ငါးမဖမ်းရသတ်မှတ် ထားတဲ့ဧရိယာအတွင်း ကမ်းဝေးငါးဖမ်း လုပ်ကွက်ပေါင်း ၁၅၀ ခန့်ပါဝင်တယ်လို့ သိရပါတယ်။
ငါးလုပ်ငန်းဦးစီးဌာနမှဒုတိယညွှန် ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက “ထွက် လို့မရဘူးဆိုတာ တရားဝင်ကြေညာထား ပြီးသား၊ ထွက်လို့ရှိရင်တော့ သူတို့ကို သက်ဆိုင်ရာဥပဒေနဲ့အရေးယူမှာ၊ ဘယ် လိုအရေးယူမလဲဆိုရင် ဖမ်းမိတဲ့ပုံစံပေါ်မှာ မူတည်ပြီးမှ သူ့ရဲ့ပြစ်ဒဏ်နဲ့ ပုဒ်မ ကွာ သွားမယ်၊ ကမ်းဝေးမှာ ဖမ်းမိသလား၊ ကမ်းနီးမှာ ဖမ်းမိသလား၊ ငါးဖမ်းပိုက်တွေ ချထားတာလား အများကြီးပေါ့၊ အရေး ယူတဲ့ပုံစံတွေကတော့ တစ်ခုနဲ့တစ်ခု မတူနိုင်ဘူး”လို့ ပြောပါတယ်။
ညွှန်ကြားထားတဲ့ ညွှန်ကြားချက် တွေကို မလိုက်နာဘဲ ငါးပုစွန်သားပေါက် ချိန်ကာလအတွင်း ဝယ်ယူစုဆောင်းခြင်း နှင့် တင်ပို့ခြင်းများပြုလုပ်ပါက တည်ဆဲ ဥပဒေနှင့်အညီ အရေးယူသွားမှာဖြစ်ပြီး မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွား ချိန်တွေမှာ လှိုင်းဒဏ်လေဒဏ်ခိုလှုံနိုင်ဖို့ ကျွန်းခိုရပ်နားနိုင်မယ့်တည်နေရာတွေကို လည်း သတ်မှတ်ပေးထားပြီး သည်သတ် မှတ်ပေးထားတဲ့တည်နေရာတွေမှာ ရာသီ ဥတုခိုလှုံတာကို အကြောင်းပြုပြီး ကမ်းနီး ဒေသအတွင်း ငါးပုစွန်ဖမ်းဆီးခြင်းကို စစ်ဆေးတွေ့ရှိရင်လည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမယ်လို့ ငါး လုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားချက်များ ထုတ်ပြန်ထားပါတယ်။
ဦးမြင့်ဇင်ထူးက “မနှစ်ကဆိုရင် လှေ တစ်စီးကို တွေ့လိုက်တယ်၊ တွေ့တဲ့အ တွက်ကြောင့်မို့ လိုင်စင်ပါ သိမ်းလိုက် တယ်၊ ငါးဖမ်းလိုင်စင်ပါ ဖျက်သိမ်းပြီး အ ရေးယူခဲ့တယ်”လို့ ပြောပါတယ်။
အရင်နှစ်တွေက ငါးဖမ်းလှေတွေကို လျှော့ချခွင့်ပြုပေးခဲ့ပေမဲ့ သည်နှစ်မှာတော့ ကမ်းဝေးငါးဖမ်းလှေတစ်စီးမျှ ခွင့်မပြုဘူး လို့ သိရပါတယ်။
Credit - Kumudra
No comments:
Post a Comment