(
ဇွန် - ၀၄၊ ၂၀၁၉ ) ရိုဟင်ဂျာဆိုသူတို့ကို ဂျီဟဒ်စစ်ဆင်နွှဲရေး
အစွန်းရောက်အယူအဆများလက်ခံစေရန် NGO အများအပြားတို့က လုပ်ဆောင်နေဟု
ဘင်္ဂလားဒက်ရှ် နီရာမူကော်မတီပြော။ အရှေ့အလယ်ပိုင်းနိုင်ငံများသာ မက
ဥရောပနိုင်ငံများ၏ ထောက်ပံ့ကြေးစား NGO တို့က ဘင်္ဂလီများအား
စစ်သွေးကြွတို့နှင့် ဆက်သွယ်စေရန် သွေးဆောင်နေဟုဆို။
သွေးထိုးလှုံဆော်ကြောင်း အင်္ဂလန်နိုင်ငံမှ NGO များမှာ လူသိအများဆုံးဖြစ်
======================
((( Uchinanews., 31-05-2019.” Many NGOs inspire Rohingyas in jihad: Shahriar Kabir.” ကို Htay Oung , Oung Marine ဆီလျှော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
ကော့ခ်ဘဇားဒုက္ခသယ်စခန်းရှိ ဘင်္ဂလီ ( မူရင်းရိုဟင်ဂျာဟု ဖော်ပြ ) တို့သည် NGO အများအပြားတို့၏ ဂျီဟဒ် စစ်ဆင်နွှဲရန် အစွန်းရောက် စိတ်ဓါတ်များ သွတ်သွင်းပေးခြင်းခံနေကြရပြီး စစ်သွေးကြွတို့နှင့် ဆက်သွယ်ရန် သွေးဆောင်ခြင်းခံနေကြရကြောင်း ဘင်္ဂလားဒက်ရှ်လွတ်မြောက်ရေးစစ်ပွဲကာလ စစ်ရာဇ၀တ်မှု့များ ဖော်ထုတ် တရားစီရင်ရေး “ ဒယ်လယ် နီရာမူ ကော်မတီ “the War of Liberation Dalal Nirmul Committee ဥက္ကဋ္ဌက ပြောဆိုသည်ဟု ဘင်္ဂလားအခြေစိုက် Uchinanews က မေ ၃၁ ရက်နေ့တွင် ရေးသားသည်။
ထို NGO တို့သည် အရှေ့အလယ်ပိုင်းနိုင်ငံများသာမက ဥရောပနိုင်ငံများမှ ငွေကြေးထောက်ပံ့ခြင်းဖြင့် ရပ်တည် ကြပြီး အထူးသဖြင့် အင်္ဂလန်နိုင်ငံမှ ထောက်ပံ့ကြေးစား NGO တို့မှာ အသိသာဆုံးဖြစ်ကြောင်း၊ NGO အချို့ သည် အစ္စလာမ်သာသနာအမည်နာမအောက်တွင် ဘင်္ဂလီဒုက္ခသယ်များအရေးဟုဆိုကာ လာရောက်ဆောင် ရွက်နေကြခြင်းဖြစ်သည်ဟု ဥက္ကဋ္ဌက ဆက်လက်ပြောဆိုသည်။
ကော့ခ်ဘဇား-ဘန်ဒရာဘန်၏ နယ်မြေအစိတ်အပိုင်းတစ်ခုဖြစ်လာစေရန်သို့မဟုတ် ရခိုင်ပြည်နယ်တွင် ရိုဟင် ဂျာမွတ်စလင်တို့အတွက် လွတ်လပ်သောနယ်မြေရရှိရေးအတွက် တိုက်ပွဲဝင်ကြရမည်ဖြစ်ပြီး ထိုမှလွဲမှ၍ မည် သည့် ဘင်္ဂလီမှ ပြန်သွားနိုင်မည်မဟုတ်ကြောင်း NGO တို့က ပြောဆိုစည်းရုံးလျှက်ရှိသည်ဆို၏။
လွန်ခဲ့သည့် ကြာသပတေးနေ့ ( မေ ၃၀ ) တွင် 'Ekattar Journal' ဂျာနယ်နှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်း ခန်း၌ “ ဒယ်လယ်နီရာမူ ကော်မတီ “ ဥက္ကဋ္ဌ ရှတ်ရီနာကဘီရာက ဗွီဒီယိုမှတဆင့် ပြန်လည်ဖြေကြားရာတွင် ရိုဟင်ဂျာစစ်သွေးကြွလှုပ်ရှားမှုနှင့်ပတ်သက်၍ “ ဂျမ်မတ်အီ “ ( Jamaat-e-Islami ကိုဆိုလိုသည် ) တက်ကြွ လှုပ်ရှားသူတို့အား ဝေဖန်ပြစ်တင်ခဲ့သည်။ ရိုဟင်ဂျာဆိုသည်မှာ ၁၉၇၉-ခုနှစ်တွင် ဘင်္ဂလားဒက်ရှ်၌ စတင်ပေါ် ပေါက်လာခဲ့ကြောင်း၊ ၂၀၀၅-ခုနှစ် ဒယ်လယ်နီရာမူ ကော်မတီ “ က ဘင်္ဂလားဒက်ရှ် စစ်သွေးကြွအဖွဲ့အစည်း ၁၂၅-ဖွဲ့၏ အမည်များကို ကောက်ယူ စာရင်းပြုနိုင်ခဲ့ရာ ၁၇-ဖွဲ့မှာ ရိုဟင်ဂျာများအဖြစ်တွေ့ရှိရကြောင်း၊ ၂၀၁၇-ခုနှစ်တွင် လှိုင်းသစ်အဖြစ် ပေါ်ထွန်းလာခြင်းဖြစ်ကြောင်း၊
“ ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ “ RSO တက်ကြွလှုပ်ရှားသူတစ်ဦးနှင့် တွေ့ဆုံခွင့် ရရှိခဲ့ရာ ၄င်းတို့မှာ ဂျီနိုဆိုက်ညှင်းပန်းနှိပ်စက်ခြင်းကြောင့် ဘင်္ဂလားဒက်ရှ်သို့ ရောက်ရှိလာကြောင်း၊ အလွန်ဆင်းရဲမွဲတေပြီး အ ကူအညီကင်းမဲ့လျှက်ရှိသူများဖြစ်သည်ဟု ပြောဆိုကြောင်း၊ ဆင်းရဲမွဲတေခြင်းနှင့် အကူအညီမဲ့လျှက်ရှိခြင်းကို ဂျမတ်အီတို့က အခွင့်ကောင်းယူကာ ၄င်းတို့အား စစ်သွေးကြွအမျိုးမျိုးအဖြစ် သိမ်းသွင်းခဲ့သည်ဟု ၄င်းက ဆွေးနွေးသည်။
မြန်မာနိုင်ငံမှ ရောက်လာသည်ဆိုသူက “ ဒယ်လယ်နီရာမူ ကော်မတီ “ ဥက္ကဋ္ဌအား ပြန်လည်ပြောပြရတွင် ဂျမတ်အီတို့က ၄င်းအား လစ်ဗျားသို့ ပို့ဆောင်ကာ စစ်သင်တန်းတက်စေခဲ့ပြီးနောက် ဂျမတ်အီတို့နှင့် အဆက် အသွယ်ဖြစ်ခဲ့သည်ဟု ပါရှိကြောင်း သိရှိရသည်။
ရိုဟင်ဂျာဆိုသူများသည် အကြမ်းဖက်တတ်ကြွလှုပ်ရှားသူ အမျိုးမျိုးတို့နှင့် ပတ်သက်လျှက်ရှိကြပြီး၊ ၄င်းတို့ကြား ၌ လူကုန်ကူးခြင်း၊ မူးယစ်ဆေးကုန်သွယ်ခြင်းတို့၌ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေကြကြောင်း ကော့ခ်ဘဇား ဒေသခံများသည် ရိုဟင်ဂျာဆိုသူများနှင့်ပတ်သက်၍ ပြဿနာပေါင်းစုံ ကြုံတွေ့ရလျှက်ရှိသည်ဟု ကော့ခ်ဘဇား Bachao Andolan အဖွဲ့ အထွေထွေအတွင်းရေးမှူး အေယဇ်ရာမန်က 'Ekattar Journal' ဂျာနယ်နှင့် ပြုလုပ် သော တွေ့ဆုံမေးမြန်းခန်း၌ ၀င်ရောက်ဆွေးနွေးသည်။
၎င်းတို့သည် အခြားခရိုင်များသို့ ထွက်ခွာသွားကြပြီး နိုင်ငံကူးလက်မှတ်ပြုလုပ်၍ ပြည်ပထွက်ခွာရန် ကြိုးစား လျှက်ရှိကြောင်း၊ လူသတ်မှုများ၌ ကိုယ်တိုင်ပါဝင်ခဲ့သူများသည် ကော့ခ်ဘဇားဒေသခံများအတွင်း ၀င်ရောက် လာခြင်းကြောင့် ဒေသခံများအတွက် လုံခြုံရေး ကျဆင်းခဲ့ရကြောင်း အေယဇ်ရာမန်က ဆက်လက်ပြောဆို သည်။
(( ၁၉၇၁-ခုနှစ် ဘင်္ဂလားဒက်ရှ်လွတ်မြောက်ရေးစစ်ပွဲကာလ၌ လူသန်းချီ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသည်။ လူ ၃-သန်းခန့် အသက်ဆုံးရှုံးရပြီး သိန်းချီအဓမ္မပြုကျင့်ခံရသည့် ဂျီနိုဆိုက်စစ်ရာဇ၀တ်မှု့များဖြစ်ပွားခဲ့ပါသည်။ ထိုစဉ်က စစ်ရာဇ၀တ်မှု့များကို ဖော်ထုတ် တရားစီရင်ရာ၌ “ ဒယ်လယ်နီရာမူ ကော်မတီ “the War of Liberation Dalal Nirmul Committee ၏ အားထုတ်မှု့မှာ ထင်ရှားသည်။ ကွာဒါးမူလာအပါအ၀င် စစ်တကောင်းဘင်္ဂလီ ဘာသာရေးအစွန်းရောက်များကို စစ်ရာဇ၀တ်မှု့ဖြင့် ကြိုးဒါဏ်စီရင်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း ဘင်္ဂလားဒက်ရှ်ဘာသာရေးအစွန်းရောက်အဖွဲ့များအကြောင်း ၄င်းတို့ အသေးစိတ်သိနေခြင်းဖြစ်သည်။
ကမ္ဘာအရပ်ရပ်တွင် သွေးချောင်းစီးစစ်ခင်းနေကြသည်ကို တွေ့နိုင်သည်။ လွတ်လပ်ရေးရရှိချိန်မှစ၍ ယခုချိန်ထိ မပြီးနိုင်အောင် စစ်ပွဲများ သက်တမ်းရှည်ရခြင်းမှာ တစ်ဖက်နှင့်တစ်ဖက် မဖြစ်နိုင်သော အဆိုပြုများ တောင်းဆို ကြခြင်းလည်းပါဝင်သည်။ မည်သည့်တောင်းဆိုချက်မှာ တစ်ဖက်သားအတွက် လိုက်လျှောနိုင်ခြင်းမရှိ၍ နှစ်ဖက် လက်နက်ကိုင် စစ်ခင်းယုံမှတပါး ရွေးခြယ်ရန်မရှိသည်ကို စိတ်ပုပ် စိတ်ယုတ်ရှိသူများ ကောင်းစွာသိပါသည်။ ထို့ကြောင့်လည်း ၄င်းတို့ ကိုလိုနီပြုစဉ် မရှိခဲ့သော လူမျိုးတစ်မျိုးအမည်ကိုဖန်တီးလျှက် လူ့အခွင့်အရေး ခေါင်းစဉ်ပြောင်းကာ စစ်တလင်းအဖြစ် အသွင်ပြောင်းရန် ကြိုးစားလျှက်ရှိနေသည်။ တစ်နည်းအားဖြင့် သန်းဂဏန်းဝန်းကျင်ရှိသော ကျား-မ၊ ကလေးသူငယ်၊ သက်ကြီးရွယ်အိုတို့ပါဝင်သော လူစုလူဝေးကြီးကို ဒုက္ခသယ်ဘ၀ရောက်အောင် တွန်းပို့လျှက် ၄င်းတို့ ထမင်းတစ်လုတ်အတွက်သာမက ရေရှည်အကျိုးစီးပွား တည်ဆောက်နေခြင်းနှင့် တူပါသည်။
ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းလိုလျှင် အစစ်အမှန်လည်းဖြစ်၊ လက်တွေလည်းကျသောအချက်များအပေါ် အခြေခံရပါမည်။ ဟန်တရုတ်၊ အာရပ်နှင့် ဘင်္ဂလီတို့သည် အလွန်ရှေးကျ၍ အရေအတွက် များပြားစွာ ပြန့်နှံ့နေထိုင်သော လူမျိုးကြီးဖြစ်သည်။ ထို့ကြောင့် အခြားလူမျိုးများနည်းတူ သီးခြား လက္ခဏာဖြင့်  ကမ္ဘာ့အလယ် တင့်တယ်စွာရပ်တည်လျှက်ရှိသည်။ ဘင်္ဂလီလူမျိုးကို ကျွန်တော်တို့ ငြင်းပယ်နေခြင်းမရှိပါ။ ကျွန်တော့်တွင် ဆွေမျိုးသားချင်းနှင့်မခြားသော ဘင်္ဂလီလူမျိုး ငယ်သူငယ်ချင်း၊ အိမ်နီးနားချင်းများရှိကြောင်း ၀န်ခံပါသည်။ ပြည်တွင်းသာမက ပြည်ပ၌လည်း ခင်မင်လေးစားဖွယ် အစ္စလာမ်ဘာသာဝင်များရှိနေသည်မှာ အမှန်ပင်ဖြစ် သည်။ ထို ပကတိအနေအထားရောက်အောင် ကျွန်တော်များ ပြန်လည်ကြိုးစားရာ၌ ရိုးစား ဖြောင့်မတ်၍ အချက်အလက်မှန်များအပေါ် တည်ဆောက်ယူမှသာလျှင် တစိတ်တဝမ်းတည်းအဖြစ်ရရှိနိုင်ပါသည်။ ။ သတင်းဘာသာပြန်သူ ))
http://www.ukhiyanews.com/%E0%A6%AC%E0%A6%B9%E0%A7%81-%E0%…/
=====
=====
Many NGOs inspire Rohingyas in jihad: Shahriar Kabir
Publication: 31-05-2019, 3:39 am | Edit: 31-05-2019, 3:39 AM Bangla Tribune :: President of the War of Liberation Dalal Nirmul Committee, Shahriar Kabir said that the Rohingyas are being persuaded to join militant activities. He said, "Many NGOs are radicalizing them (Rohingyas), encouraging jihad. This fund is coming from different countries of Europe, not just from the Middle East. We all know about England: some of the NGOs working here are working in Rohingya with the name of Islam.
They say that no one can go back, fight Arakan with a fight, be part of Cox's Bazar-Bandarban and form an independen Rohingya Muslim state with Arakan.
On Thursday (May 30th), he said in the video conference of 'Ekattar Journal', a talk show of Ekattar TV. Shahriar Kabir has blamed the Jamaat for the involvement of Rohingya militant activities. He said, "Rohingya came to Bangladesh in 1979. Again in the new wave that came in 2017, before that in our 2005 survey we created 125 list of fundamentalist militant organizations, 17 of them were Rohingya.
An RSO activist said in the interview that those who are coming here are victims of genocide-torture. Very poor people, they are very helpless. With the opportunity of poverty and helplessness, Jamaat has recruited them in various militan activities.
He said that the RSO-worker was sent to Libya for training to Jamaat. He said, 'The boy told me that he (the country from Myanmar) came, then there was contact with Jamaat. He was then sent to Libya for highe training. But he has to return to hurt on the knee.
' Cox's Bazar Bachao Andolan general secretary said that local people have been involved in various problems due to Rohingya. Ayaz Rahman. Joining the audio conference, she said, "Rohingya have been involved in various terrorist activities while funding humanity. They are involved in human trafficking and drug trade among themselves.
They got out of the camp. In different districts, trying to make a passport outside. They are engaging themselves in murder. ' Meanwhile, Rohingya has entered the locality of Cox's Bazar and the locals are facing insecurity.
It is to be noted that, Ekattorer Journal organized regular talk of Ekattar TV with some news related to the country published in various media. Presented by the program Mithila Fernzana ATN Bangla's message edito Manas Ghosh and online activist Lina Parvin were present as guests.
Credit - Oung Marine