ပြည်ထောင်စုအစိုးရ တိုင်းဒေသကြီး နှင့် ပြည်နယ်အစိုးရများအနေဖြင့် တင်ဒါခေါ်ယူမှုမရှိဘဲ လုပ်ငန်းများလုပ်ကိုင်ခွင့်ချပေးကြောင်းတိုင်ကြားပါက စုံစမ်းစစ်ဆေးမည်ဖြစ်ပြီး ယှဉ်ပြိုင်မှုဥပဒေဖြင့် အရေးယူမှုအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ ငွေကြေးခဝါချ မှုတိုက်ဖျက်ရေးဥပဒေ စသည့် ဥပဒေများဖြင့်ပါ အရေးယူနိုင်မည်ဖြစ်၍ တင်ဒါခေါ်ယူမှု မရှိဘဲ လုပ်ငန်းချပေးမှုများ တိုင်ကြားစေလိုကြောင်း မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဦးသန်းမောင်က ဇွန် ၃ ရက်တွင် ပြောကြားသည်။
အဆိုပါ ပြောကြားမှုကို ဇွန် ၃ ရက်က ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပသည့် ယှဉ်ပြိုင်မှုကော်မရှင် မိတ်ဆက်ပွဲအခမ်းအနားတွင် The Daily Eleven သတင်းစာက ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများအနေဖြင့် တင်ဒါခေါ်ယူ မှုမရှိဘဲလုပ်ငန်းများ ချထားပေးမှုကို တိုင်ကြားလာပါက ယှဉ်ပြိုင်မှု ကော်မရှင်အနေဖြင့် မည်သည့်အတိုင်းအတာအထိ လုပ်ဆောင်နိုင်မည်လဲဟု မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဦးသန်းမောင်အား မေးမြန်းရာတွင်ဖြေကြားရာ၌ ゞင်းကထည့် သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။
“တင်ဒါမခေါ်ဘဲနဲ့ လုပ်တယ်။ တင်ဒါခေါ်ရမယ့် စည်းမျဉ်းစည်းကမ်းထဲမှာပါရဲ့ သားနဲ့မခေါ်ဘူးဆိုရင် တိုင်ကြည့်ပေါ့ဗျာ။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှာပေါ့။ ဒါ ကျွန်တော်တို့ရဲ့ အဝန်းအဝိုင်းထဲ ဝင်လာရင်တော့ လုပ်သင့်လုပ်ထိုက်တာ လုပ်မယ်။ သို့သော် အဖြေကတော့ တူချင်မှတူမယ်။ ဒီကိစ္စသည် ယှဉ်ပြိုင်မှုဥပဒေအရထက် အဂတိလိုက်စားမှုနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ စားသုံးသူအကာ အကွယ်ပေးရေးဥပဒေနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ ငွေကြေးခဝါချမှုနဲ့လည်း ဖြစ်ချင်ဖြစ်မယ်။ သက်ဆိုင်ရာကို ကျွန်တော်တို့က လွှဲလိုက်မှာပဲ။ ကျွန်တော်တို့က တိုက်ရိုက်အရေးယူကောင်းလည်း အရေးယူမယ်” ဟု မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌဌ ဦးသန်းမောင်က ပြောကြားသည်။
ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေကို ပြဋ္ဌဌာန်းခဲ့သော်လည်း အသက်ဝင်မည့်ကာလကိုမူ နှစ်နှစ်ခွာ ၍ ၂၀၁၇ ခုနှစ်တွင်မှ အသက်ဝင်ရန် သတ်မှတ်ခဲ့သည်။ အဆိုပါ ကာလအတွင်း ယှဉ်ပြိုင်မှုနည်းဥပဒေများကို ပြဋ္ဌဌာန်းခဲ့သည်။ ဥပဒေပါပြဋ္ဌဌာန်းချက်အရ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဆိုပါ ကော်မရှင်ကိုမူ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဥက္ကဋ္ဌဌအဖြစ် တာဝန်ယူမည်ဖြစ်ကာ အတိုင်ပင်ခံဥပဒေပညာရှင် ဦးသန်းမောင် (စစ်တွေ) က ဒုတိယဥက္ကဋ္ဌဌ အဖြစ်တာဝန်ယူထားပြီး အဖွဲ့ဝင် ၁၁ ဦး ပါဝင်သည်။ လက်ရှိတွင်မူ ကော်မရှင်အနေဖြင့် ပုံမှန်အစည်းအဝေးများ ကျင်းပခြင်းလုပ်ငန်းစဉ်များ လုပ်ဆောင်နေပြီး ကော်မရှင်၏ လုပ်ထုံးလုပ်နည်းများ၊ အရေးယူမည့် အခြေအနေများနှင့် ပတ်သက်ကာ အသိပညာပေးခြင်း နှင့် မိတ်ဆက်ပွဲအခမ်းအနားကို ဇွန် ၃ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။
“၂၀၁၈ ခုနှစ် အောက်တိုဘာလက ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင်ကို အများပြည်သူသိရှိနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုသဘောပေါက်နားလည်နိုင်ရန်နှင့် ဘာပဲဖြစ်ဖြစ် လက်တွဲပါဝင်နိုင်ရန်အတွက် မိတ်ဆက်တာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က ပြဋ္ဌဌာန်းခဲ့တဲ့ ယှဉ်ပြိုင်မှုဥပဒေပါ တာဝန်တွေကို ဆောင်ရွက်နိုင်ဖို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ပြည်ထောင်စုအစိုးရက ဖွဲ့စည်းပေးခဲ့ပါတယ်။ အဖွဲ့ဝင် ၁၁ ဦးပါ ဝင်ပြီးတော့ တစ်စုံတစ်ရာ အတိုင်းအတာအထိ လုပ်ငန်းအတွေ့အကြုံရှိတဲ့ ဥပဒေရေးရာ၊ စီးပွားရေးလောကက လူပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ အမျိုးသား၊ အမျိုးသမီးပါဝင်ဖွဲ့စည်းမှုကလည်း အင်မတန်ကောင်းတဲ့ အချိုးအစားနဲ့ ကော်မရှင်ဖြစ်ပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်တဲ့ ကျွန်တော်ကတော့ ဥပဒေအရ ဥက္ကဋ္ဌဌအဖြစ် တာဝန်ယူဆောင်ရွက်မှာဖြစ်ပါတယ်။ ယှဉ်ပြိုင်မှုကော်မရှင် ဖွဲ့စည်းတာနဲ့ မပြီးသေးပါဘူး။ လူထုက ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်များကို သိရှိနိုင်မှသာလျှင် ပြည်သူများ လုပ်ငန်းရှင်များက အားကိုးနိုင်တဲ့ အဖွဲ့အစည်းဖြစ်ဖို့ လိုပါတယ်။ တောင့်တင်းခိုင်မာပြီး စွမ်းရည်ရှိတဲ့ ကော်မရှင်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဥပဒေကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့၊ အသိပညာပေးဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဥပေဒေဖောက်ဖျက်မှုတွေကို ဖော်ထုတ်အရေးယူမှာလည်း ဖြစ်ပါတယ်”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌဌ ဒေါက်တာသန်းမြင့်က ပြောကြားသည်။
၂၀၁၅ ခုနှစ်၌ စတင်ပြဋ္ဌဌာန်းခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် အသက်ဝင်လာခဲ့သည့် ယှဉ်ပြိုင်မှု ဥပဒေပါ ပြဋ္ဌဌာန်းချက်များအား ချိုးဖောက်ကြောင်း တိုင်ကြားခံရပြီး စုံစမ်းစစ်ဆေးကာ အပြစ်ရှိသည်ဟု အရေးယူခံရပါက ပြစ်မှုကျုးလွန်သည့်ပုဒ်မအလိုက် အများဆုံးထောင် ဒဏ်သုံးနှစ်အထိ ချမှတ်ခံရမည်ဖြစ်သည့်အပြင် ငွေဒဏ်ကျပ်သိန်း ၁၅၀ အထိလည်း ချမှတ်နိုင်မည်ဖြစ်ကာ ထောင်ဒဏ်နှင့် ငွေဒဏ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်မည်ဖြစ်ကြောင်း ဥပဒေ၏ ပြဋ္ဌဌာန်းချက်အရ သိရသည်။ အာဆီယံနိုင်ငံများအားလုံးတွင် အသက်ဝင်ကျင့် သုံးနေပြီး မြန်မာနိုင်ငံတွင် လက်ရှိအချိန်မှသာ စတင်အသုံးပြုရန်လုပ်ဆောင်နေသည့် ယှဉ်ပြိုင်မှုဥပဒေမှာ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဥပဒေတစ်ရပ်ဖြစ်ပြီး လိုက်နာသူအတွက် အကျိုးဖြစ်ထွန်းကာ ဥပဒေကို ချိုးဖောက်သူအတွက်မူ ဘေးဖြစ်စေသော ဥပဒေ ဖြစ်လာမည်ဖြစ်ကြောင်း ဦးသန်းမောင်က သုံးသပ်ပြောကြားသည်။
“စီးပွားရေးယှဉ်ပြိုင်ဆောင်ရွက်ရာမှာ နည်းမှန်လမ်းမှန်ဆောင်ရွက်ဖို့။ ဒါဆိုရင်တော့ နည်းလမ်းမှန်တယ်။ ဒါဆိုရင်တော့ နည်းလမ်းမမှန်ဘူး။ အဆုံးအဖြတ်ခံယူရမယ်။ အဆုံးအဖြတ်ပေးမယ့် အဖွဲ့အစည်းအနေနဲ့ ပထမဆုံးပေါ်ပေါက်လာတာ။ သူများနိုင်ငံတွေမှာတော့ အထိုက်အလျောက်ရှိနေပြီ။ ဘာအကျိုးရှိမလဲဆိုရင် မောင်ပိုင်စီးတယ်။ ဈေးကွက်ကို လွှမ်းမိုးတယ်။ နိုင်ငံတော်အစိုးရ အဖွဲ့အစည်းကမို့ တစ်ဖက်သတ်လုပ်နိုင်တယ်။ အဲဒီခေတ်က ကျန်ခဲ့ပြီ။ ဈေးကွက်စီးပွားရေးစနစ်ပဲဆိုဆို ဒီမိုကရေစီနိုင်ငံတော် ထူထောင်တာလို့ပဲဆိုဆို စီးပွားရေးယှဉ်ပြိုင်ရာမှာ အစိုးရမို့အခွင့်အရေးပိုယူရတဲ့ခေတ်တော့ မဟုတ်တော့ဘူး။ အဲဒီတော့ အစိုးရနဲ့ ဆက်စပ်တဲ့ ဟိုကုမ္ပဏီ၊ ဒီကုမ္ပဏီ။ ဟိုလူပါလို့၊ ဒီလူပါလို့ တင်ဒါမပါဘဲနဲ့ ရသွားတာတို့။ ဈေးကွက်ကို အုပ်ထားတာတို့၊ ဈေးနှုန်းကို မြှင့်ထားတာတို့ အဲဒီလိုလုပ်လို့ မရတော့ပါဘူး။ အနီးစပ်ဆုံးဥပမာပြောရရင် တယ်လီဖုန်းတွေ လူတိုင်းကိုင်နိုင်ပြီ။ အရင်တုန်းက ယှဉ်ပြိုင်မှုမရှိခဲ့လို့၊ အခုယှဉ်ပြိုင်မှုရှိလို့ ဒါတွေဖြစ်လာတာ။ တို့ကော်မရှင်က အခုမှ အသစ်ဖြစ်သော်လည်း တရားမျှတမှုလမ်းကြောင်းသာလျှင် ကမ္ဘာကြီးရဲ့ နိယာမလမ်းကြောင်းဖြစ်တယ်။ အကောင်အထည်ဖော်ရ မှာဖြစ်ပါတယ်။ ကျွန်တော်တို့ကို တိုင်လို့ရ ပါတယ်။ တိုင်လို့ရှိရင် နည်းလမ်းနှစ်မျိုးရှိ ပါတယ်။ ကျွန်တော်တို့က စီမံခန့်ခွဲမှုနည်း လမ်းအရသူ့ကို အရေးယူမယ်။ အပြစ်ပေးမယ်။ ကုမ္ပဏီကို ရပ်ဆိုင်းမယ်။ ဒဏ်ကြေးဆောင်ခိုင်းမယ်။ ဒီထက်ပိုဆိုးရင် ကျွန်တော်တို့တရားစွဲမယ်။ တရားစွဲတဲ့အခါမှာ ထောင်ဒဏ်တွေရော ငွေဒဏ်တွေရော အများကြီး ရှိပါတယ်” ဟု ဦးသန်းမောင်က ပြောကြားသည်။
Credit- Eleven
No comments:
Post a Comment