Thursday, December 6, 2018

ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနရဲ့ ဝန်ကြီးအဖြစ် လက်ရှိ သမ္မတရုံး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးမင်းသူကို တာဝန်ပေးမယ်ဆိုတော့...

ဒီချုပ်ဘက်ကို "စစ်တပ်က လူတွေကို ထိပ်ပိုင်း ရာထူးတွေ ပေးရပါ့မလား" လို့ ဝေဖန်နေကြပြီးကာယကံရှင်ဘက်ကိုတော့ ထုံးစံအတိုင်း "သာကူး" လို့ အလွတ်မဲ့စား စွပ်စွဲကြပြန်ပါတယ်။ဒီတော့ ဗိုလ်မှူးကြီး (ငြိမ်း) မင်းသူ အကြောင်း အများသိအောင် ပြောပြချင်ပါတယ်။


ဦးမင်းသူဟာ ၁၉၇၅ မှာ Defence Services Academy (DSA) တက်ပြီး ၁၉၇၉ မှာ ကျောင်းဆင်းတော့ လေတပ်မှာ ဝင်ရောက် အမှုထမ်းပါတယ်။


၂၀၀၃ မှာ National Defense College (NDC) က ကျောင်းဆင်းပြီးချိန်မှာတော့ လေတပ် ဗိုလ်မှူးကြီး မင်းသူကို သူ့ဇနီးသည်က ခရစ်ယာန် ဖြစ်တာရယ်၊ တပ်က ဆရာက ရိုးသားဖြောင့်မတ်တဲ့ ဗိုလ်ချုပ်မြင့်ဆွေ ဖြစ်တာရယ်ကြောင့် အရပ်ဘက် ပို့ဆောင်ရေး ဝန်ကြီးဌာနကို ပို့ဆောင်ခြင်း ခံရပါတယ်။ အရပ်ဘက် မရောက်မီ နောက်ဆုံးတာဝန်က တပ်မတော် (လေ) အုပ်စုမှူး မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် ဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီခေတ်က အရပ်ဘက်ကို ရွှေ့ပြောင်းလာတဲ့ အခြား မိုးကျရွှေကိုယ်တွေလို အရပ်ဘက် ဝန်ကြီးဌာနရဲ့ ရာထူးကြီးကြီး တစ်ခုကို ရသွားတာ မဟုတ်ဘဲ...

အဲဒီတုန်းက အသက် ၄၅ နှစ် ပြည့်ကာစပဲ ရှိသေးတာကို အကြောင်းပြုပြီး ပို့ဆောင်ရေး ဝန်ကြီး ဗိုလ်ချုပ် လှမြင့်ဆွေက မင်း အသက်ငယ်သေးတယ် ဆိုပြီး လေယာဉ်ပဲ ဆက်မောင်းခိုင်းလို့ ၂၀၀၄ က စပြီး မြန်မာ့လေကြောင်းမှာ အရပ်သား ပိုင်းလော့ ဖြစ်သွားရတယ်။

နောက်ပိုင်းမှာ Air Bagan ကို ပြောင်းပြီး လေယာဉ်မှူး အလုပ်ပဲ ဆက်လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဦးမင်းသူ မောင်းနိုင်တဲ့ လေယာဉ်က ပျက်သွားတော့ Air Bagan ပိုင်ရှင် ဦးတေဇက ဦးမင်းသူကို Administration ပိုင်းကို ပြောင်းပြီး တာဝန်ယူစေချင်ပါတယ်။

သို့သော် တပ်ကလာတဲ့ ပိုင်းလော့ဖြစ်တဲ့ ဦးမင်းသူဟာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှာ ရုံးထိုင်ရတာထက် လေယာဉ်မောင်းတာကိုသာ ပိုနှစ်သက်လို့ Golden Myanmar Airlines ကို ပြောင်းပြီး လေယာဉ်မှူးအလုပ်ကိုသာ ဆက်လုပ်ခဲ့တာပါ။

ဒါက ဦးမင်းသူရဲ့ အလုပ်အကိုင် ဖြတ်သန်းမှုပါ။
အဂတိလိုက်စားမှုတွေနဲ့ အပုပ်နံ့ ထွက်လေ့မရှိတဲ့ လေတပ်မှာ အမှုထမ်းပြီး...
တပ်က အရပ်ဘက်ကို ပို့တော့လည်း ညွှန်မှူး ညွှန်ချုပ် စတဲ့ မိုးကျရွှေကိုယ် ရာထူးတွေမှာ မဟုတ်ဘဲ လေယာဉ်မှူး အလုပ်ကိုသာ ဖြူဖြူစင်စင် လုပ်ကိုင်ခဲ့တဲ့အပြင်...

ဝန်ထမ်းဘဝက အနားယူချိန်မှာလည်း ပုဂ္ဂလိက လေကြောင်းလိုင်းတွေမှာ လေယာဉ်မှူး လုပ်ပြီး သမ္မာအာဇီဝကျကျ အသက်မွေးဝမ်းကျောင်းခဲ့သူ ဖြစ်ပါတယ်။

သူ့ရဲ့ ဘဝဖြတ်သန်းမှုကလည်း ရိုးရှင်းပါတယ်။ရှေ့နေ ဒေါ်လွင်မေသိန်းနဲ့ လက်ထပ်ပြီး သမီးနှစ်ယောက် ရှိပါတယ်။ဒေါ်လွင်မေသိန်းဟာ ကိုလိုနီခေတ်က မြန်မာနိုင်ငံရဲ့ အဓိပတိ ဒေါက်တာ ဘမော်ရဲ့ အစ်ကို ဒေါက်တာဘဟန်ရဲ့ မြေးဖြစ်ပါတယ်။

ဒါက်တာဘမော်နဲ့ ဒေါက်တာဘဟန်တို့ဟာ အဆင့်မြင့် ပညာတတ်တွေ ဖြစ်ပြီး အင်္ဂလိပ်စကားကို ကျွမ်းကျင်စွာ တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်းကတောင် ဒေါက်တာဘမော်ရဲ့ အင်္ဂလိပ် စကားပြော လေယူလေသိမ်းကို အတုခိုး လေ့ကျင့်ခဲ့ရတာ ဖြစ်သလို...
ရှ့နေဖြစ်တဲ့ ဒေါက်တာဘဟန်ဟာ ဆိုရင်လည်း မြန်မာနိုင်ငံမှာ အကောင်းဆုံး အစုံလင်ဆုံးလို့ ဆိုနိုင်တဲ့ အင်္ဂလိပ် မြန်မာ အဘိဓာန်ကို ပြုစုခဲ့တဲ့ ပညာရှင် ဖြစ်တယ်။

အခုလက်ရှိ ဦးမင်းသူ ဒေါ်လွင်မေသိန်းတို့ မိသားစု နေထိုင်နေတဲ့ ကမ္ဘာအေးဘုရား လမ်းမကြီးပေါ်က တိုက်တွေ ခြံတွေဟာ ဒေါက်တာဘဟန်ရဲ့ အမွေတွေပဲ ဖြစ်ပြီး အဘိုးမှ အမေ၊ အမေမှ မြေးဖြစ်တဲ့ ဒေါ်လွင်မေသိန်းတို့ လက်ထက်အထိ နေထိုင်လာခဲ့ကာ မတရား ခိုးဝှက်ခြစားပြီး ရလာတဲ့ ငွေမည်းတွေနဲ့ ဝယ်ခြမ်းထားတာမျိုး ဘာတစ်ခုမှ မရှိဘဲ သန့်ရှင်းပါတယ်။

အဲဒီ ခြံတွေအပြင် အခြား ဒေါက်တာဘဟန်ဆီက ဆက်ခံရရှိတဲ့ အရင်ခေတ်က အဖိုးမတန်သော်လည်း အခုခေတ် မြေဈေးအရ တန်ကြေးအရမ်းကြီးတဲ့ မြေအချို့ကို ငှါးရမ်းထားရာက ရတဲ့ငွေ၊ ဦးမင်းသူရဲ့ ပိုင်းလော့အလုပ်က လခတွေနဲ့ မိသားစု အေးချမ်းစွာ ရပ်တည်နေနိုင်တာ ဖြစ်တယ်။
ဒီလို ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေတဲ့ ဦးမင်းသူဟာ ဒေါ်အောင်ဆန်းစုကြည် အာဏာရလာတဲ့အခါ စားပေါက်ချောင်အောင် သာကူး လုပ်စရာ လိုပါသလား။

သာကူး ဆိုတာက ပြိုင်ဘက် နှစ်ဖွဲ့ထဲမှာ တစ်ဖွဲ့ဘက်က ရပ်တည်ပြီးကာမှ ပိုသာမယ်ထင်တဲ့ နိုင်မယ်ထင်တဲ့ ဘက်ကို ကူးပြောင်းခိုလှုံတာမျိုးကို ခေါ်ပါတယ်။
ဦးမင်းသူဟာ လေတပ်က ဖြစ်သော်လည်း ဒီချုပ်ရဲ့ ပြိုင်ဘက်တွေနဲ့ ပတ်သက်ခြင်း လုံးဝ မရှိဘဲ သူ့ဘာသာ အရပ်သား လေယာဉ်မှူး လုပ်နေသူ ဖြစ်လို့ လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ခေါ်ယူပြီး တာဝန်ပေးခြင်းတွေအတွက် သူ့ကို သာကူးလို့ ပြောလို့ လုံးဝ မရပါဘူး။
အချို့ ဦးမင်းသူဘက်က ရပ်တည်တဲ့ ဒီချုပ် လိုလားသူအချို့ကလည်း ၂၀၁၄ က ဓာတ်ပုံတစ်ပုံကို ပြပြီး ဦးမင်းသူဟာ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မနိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည် အနားမှာ ရှိနှင့်ပြီးသားလို့ ကာကွယ်ပေးပါတယ်။ ဒါ မှန်ပါတယ်။
သို့သော် တကယ်တမ်းမှာ ဦးမင်းသူတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပတ်သက်မှုဟာ အဲဒီထက်ကို ပိုပြီး စောပါတယ်။
၁၉၈၈ ဧပြီ ပထမပတ်မှာ ဒေါ်ခင်ကြည် နေမကောင်းလို့ ဒေါ်အောင်ဆန်းစုကြည် ပြန်လာပါတယ်။ ဒေါ်လွင်မေသိန်းရဲ့ ဖခင်ဘက်က ကြီးတော် ဒေါ်လှသိန်းဟာ ဒေါ်ခင်ကြည်ရဲ့ အချစ်ဆုံး သူငယ်ချင်း ဖြစ်လို့ ဆေးရုံသွားကြည့်ရင်း ဒေါ်လွင်မေသိန်း မိသားစုနဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်တွေ့ဆုံကြတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဘဟန်ရဲ့ မြေး ဒေါ်လွင်မေသိန်းတို့ဟာ ညီအစ်မတွေလို ခင်မင်ချစ်ကြည်ကြပေမဲ့...
လူတကာအပေါ် အင်မတန် နားလည်စာနာ တွေးတောပူပန်ပေးတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခေတ်ကာလအခြေအနေအရ သူနဲ့ ပတ်သက်နေရင် တပ်အသိုင်းအဝိုင်းက ဖြစ်တဲ့ ဦးမင်းသူတို့ ထိခိုက်မှာစိုးလို့ ၁၉၈၉ ပထမအကြိမ် အကျယ်ချုပ် မကျခင်ကတည်းက အဆက်အသွယ် ဖြတ်ကြမယ်လို့ သေချာပြောတာကြောင့် စည်းကမ်းကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည် စကားကို နားထောင်ပြီး အဝေးကပဲ ထောက်ခံနေခဲ့ပါတယ်။

၂၀၁၀ မှာ နောက်ဆုံး အကျယ်ချုပ်က ဒေါ်အောင်ဆန်းစုကြည် လွတ်လာချိန်မှာ ဦးမင်းသူက Air Bagan မှာ အရပ်သား လေယာဉ်မှူး ဖြစ်နေပြီဆိုလို့ အဆက်အသွယ် ပြန်လုပ်ကြတာ ဖြစ်တယ်။ ဒါကြောင့် ၂၀၁၄ က ဓာတ်ပုံထဲမှာ ဦးမင်းသူကို ဒေါ်အောင်ဆန်းစုကြည်နားမှာ တွေ့ရခြင်း ဖြစ်တယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရ ဖွဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းသော်လည်း အစိုးရသစ်အတွက် အလုပ်လုပ်ပေးလိုသူတွေ ရှားပါးနေတဲ့အချိန်မှာ...

ဖခင်တွေ အဘိုးတွေက မြန်မာ့နိုင်ငံရေးမှာ သမိုင်းဝင် ပုဂ္ဂိုလ်တွေ ဖြစ်ပြီး နောက်မျိုးဆက်ချင်းပါ ဆွေလိုမျိုးလို ဖြစ်နေတဲ့ ဒေါ်လွင်မေသိန်းတို့ မိသားစုထဲက ဗိုလ်မှူးကြီး (ငြိမ်း) ဦးမင်းသူကို ဒီချုပ်အစိုးရကို လာကူညီဖို့ ကမ်းလှမ်းပါတယ်။
အဲဒီအချိန်မှာ လေယာဉ်မှူးလစာ အမေရိကန်ဒေါ်လာ ၇၅၀၀ (အခွန် ၁၀ ရာခိုင်နှုန်း ဆောင်အပြီး ဒေါ်လာ ၆၇၅၀) ရနေတဲ့ ဦးမင်းသူအဖို့ အခွန်နဲ့ အခြား ဖြတ်တောက်မှုတွေ နှုတ်ပြီး ၁၈ သိန်းခွဲသာ ရမယ့် ဒုဝန်ကြီးလစာကို မက်ပြီး အစိုးရအဖွဲ့ထဲ ဝင်သွားစရာ အကြောင်းမရှိပါဘူး။
ဘယ်သူ့အဆဲအဆိုမှ မခံရ၊ စွပ်စွဲ ပုတ်ခတ်မှုတွေမှ ခံစရာမလိုဘဲ သမ္မာအာဇီဝကျကျ ရနေတဲ့ လေယာဉ်မှူး လခကောင်းကောင်းကို ပစ်ပြီး...
ပည်သူ့အဆဲအဆိုနဲ့ အခြေအမြစ်မရှိ စွပ်စွဲတတ်ကြတဲ့ အွန်လိုင်းနဲ့ ပရင့်မီဒီယာက မျက်လုံးပေါင်း ကုဋေကုဋာကို ရင်ဆိုင်ပြီးမှ ပိုနည်းတဲ့ လစာကိုရမယ့် သမ္မတရုံး ဒုဝန်ကြီးရာထူးကို လက်ခံလိုက်တာဟာ...

အစ်မလို သံယောဇဉ်ကြီးပြီး ချစ်ခင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီချင်စိတ်တစ်ခုတည်းနဲ့ပဲ ဖြစ်ပါတယ်။
အခုလို အစိုးရသက်တမ်း သုံးနှစ်နီးပါး ရှိလာတဲ့ အချိန်မှာတောင် ဒုဝန်ကြီး ဦးမင်းသူရဲ့ မကောင်းသတင်း တစ်ခုတလေတောင် ဘယ်ကမှ အသံထွက်မလာတဲ့အထိ အဂတိကင်းပြီး အလုပ်ကြိုးစားတဲ့သူ ဖြစ်ပါတယ်။
လက်ရှိ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အောက် တစ်ပတ်စဉ်သာ ငယ်တဲ့ DSA အပတ်စဉ် ၂၀ ဆင်း ဖြစ်တာကြောင့်လည်း တပ်မတော်ဘက်က အဆိုပြုရတဲ့ ဝန်ကြီးဌာနတွေက ဝန်ကြီးတွေ၊ ဦးသိန်းစိန် ခန့်အပ်သွားတဲ့ သမ္မတရုံးက ညွှန်ချုပ်တွေ အရာရှိတွေနဲ့ ဆက်ဆံရေး ကောင်းမွန်စွာ လက်တွဲ လုပ်ဆောင်နိုင်သူ ဖြစ်လို့ အလုပ်လည်းတွင် အဆင်ပြေချောမွေ့တဲ့အတွက် ဒီချုပ်အစိုးရအတွက် ဒေါ်အောင်ဆန်းစုကြည်အတွက် အားတစ်ခုလည်း ဖြစ်စေပါတယ်။
အခု စီးပွါးရေးကို အရှိန်အဟုန် မြှင့်တင်ဖို့အတွက် ဝန်ကြီးဌာန အသစ်တစ်ခု ဖွဲ့စည်းချိန်မှာ အဲဒီဝန်ကြီးဌာနကို တာဝန်ယူဖို့ အစိုးရရုံး ဝန်ကြီးကို တာဝန်လွှဲပြောင်းပေးလိုက်တာကြောင့် လစ်လပ်သွားတဲ့ နေရာမှာ ဦးမင်းသူကို ဝန်ကြီး ခန့်အပ်တာ ဖြစ်တယ်။

ဒီဝန်ကြီးဌာနဟာ စားလို့ ဝါးလို့ ကောင်းတဲ့ ဝန်ကြီးဌာန မဟုတ်ဘဲ အစိုးရကို ပေါ်လစီပိုင်း အုပ်ချုပ်ရေးပိုင်းတွေမှာ အထောက်အကူ ပြုဖို့ အဓိကဖြစ်လို့ ဦးမင်းသူနဲ့ အထူးသင့်လျော်ပါတယ်။

အနီဆိုတာ ပင်နီကိုသာ ကိုယ်စားပြုတာ မဟုတ်

အစိမ်းဆိုတာ အာဏာရှင်ကိုသာ ကိုယ်စားပြုတာ မဟုတ်

အနီထဲမှာ အကျင့်မကောင်းသူအချို့ အာဏာရှင်ဆန်သူ အချို့ ရှိနိုင်သလို
အစိမ်းထဲမှာ ဒီမိုကရေစီကို လိုလားပြီး ပါတီစွဲမထား ဘယ်အစိုးရတက်တက် တိုင်းပြည်ကို အလုပ်အကျွေး ပြုလိုသူတွေ ရှိတယ်။
ယူနီဖောင်းနဲ့ အရောင်တွေကို ဖယ်ပြီး စိတ်ဓာတ်ကိုသာ ကြည့်တတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူအရ ရွေးချယ်ထားသူတွေထဲမှာ...
ဦးသိန်းစိန် အစိုးရကို အကောင်းဆုံး အလုပ်အကျွေး ပြုခဲ့တဲ့ တပ်မတော်ကလာတဲ့ ဦးဇော်ဌေးဟာ ပြည်သူ့ဝန်ထမ်းကောင်း ပီသစွာ ဒီချုပ်အစိုးရ တာဝန်ယူစဉ်မှာလည်း ပြည်သူအတွက် အကောင်းဆုံး ပေးဆပ်လုပ်ကိုင်ပေးနေသလို...
တပ်မတော် (လေ) က လေသူရဲ ဦးမင်းသူဟာလည်း ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်အားကိုးစွာ တာဝန်ပေးမှုကို ကျေပွန်အောင် ဦးလည်မသုန် ထမ်းဆောင်မယ့် ပြည်သူ့ ဝန်ထမ်းကောင်း ဝန်ကြီးကောင်း ဖြစ်လိမ့်မယ် ဆိုတာကို အကြွင်းမရှိ ယုံကြည်ပါကြောင်း။
credit- Swe Yu

#YawMinGyi #သင့်အမြင်

အသက်နှင့်သွေး၊ငြိမ်းချမ်းရေး


ရာစုအဆက်ဆက်ကမ္ဘာ မြေပြင်ပေါ်မှာပါမကနေစကြ၀ဠာကြီးထဲက ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် ဂြိုဟ်နက္ခတ်တာရာများ၊ ကြယ်စင် ကြယ်သစ်များမှာပါ ထာဝစဉ် လိုလားတောင့်တနေမှုသည် စားရေးရိက္ခာများ၊ လက်နက်ကျည်ဆန်များမဟုတ် အကြွင်းမဲ့ထာဝစဉ်ငြိမ်းချမ်းရေးဖြစ်သည်။

အထူးသဖြင့် ဤကမ္ဘာမြေ ကြီးပေါ်တွင် ခြင်၊ ယင်စသော သေးမွှားသည့် အင်းဆက်ပိုမွှား များမှအစ ဆင်များ၊ ဝေလငါးများ အထိ သက်ရှိမှန်သမျှ မနုဿခေါ် လူသားများအပါအ၀င် အားလုံး သည် ငြိမ်းချမ်းရေး(Peace)ကို ရာသက်ပန်လိုအပ်လျက်ရှိသည်။

ငြိမ်းချမ်းရေးမရှိလျှင် ထိုအ ရာအားလုံး လုံးဝမရရှိနိုင်သေး ပေ။
သို့သော် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်မှ မျက် မှောက်ကာလသိပ္ပံလွန်ခေတ်အ ထိ အလွန်တိုးတက်ဖွံ့ဖြိုးလာ သော ကမ္ဘာကြီးသည် ထိုတိုး တက်ဖွံ့ဖြိုးမှုနှင့် မလိုက်ဖက်စွာ ကြောက်မက်ဖွယ်စစ်ပွဲမျိုးစုံဖြင့် ငြိမ်းချမ်းရေးကို ဖျက်ဆီးလျက်ရှိ ကြသည်။
ငြိမ်းချမ်းရေးကို ထာဝစဉ် တည်ရှိအောင် မတည်ဆောက်ကြ ပေ။
ထို့ကြောင့်လည်း အလွန် သနားစရာကောင်းသော အရွယ် မရောက်သေးသည့် ကလေးသူ ငယ်များနှင့် လူလတ်၊လူရွယ်များ အပါအ၀င် သက်ကြီးရွယ်အိုတို့ သည် ကျည်ဆန်အမျိုးမျိုး၊ ဗုံးဆန်အမျိုးမျိုးနှင့် ဓာတ်ငွေ့အ မျိုးမျိုးကြားတွင် အသက်ပျောက် ကြကာ အဖိုးတန်အဆောက်အအုံ မျိုးစုံတို့လည်း မရှုမလှပျက်စီး လျက်ရှိသည်။
ဤသို့ လူသားချင်းရက်စက် ယုတ်မာစွာ တိုက်ခိုက်ဖျက်ဆီး သတ်ဖြတ်နေခြင်းသည် တန်ဖိုး ကြီးလှသည်ဟု  သတ်မှတ်ခံရ သော လူက သူ၏လူ့သမိုင်းယဉ် ကျေးမှုများကို ဥပေက္ခာပြု၍ ဖျက်ဆီးနှိမ့်ချနေခြင်းဖြစ်သည်။
ကမ္ဘာအရပ်ရပ်၊ နိုင်ငံအသီး သီးတွင် လူထုကို ဦးဆောင်နေ သည်ဆိုသော ခေါင်းဆောင် မြောက်မြားစွာရှိရာ ထိုခေါင်း ဆောင်များထဲတွင် အချို့ပုဂ္ဂိုလ် များသည် အသက်ဝိညာဉ်ကဲ့သို့ ငြိမ်းချမ်းရေးကို အမြတ်တနိုး တန်ဖိုးထားလိုလားသည်။
ထို့ကြောင့်လည်း စစ်ပွဲမှန်  သမျှ ရှောင်ရှားကာ ငြိမ်းချမ်းရေး ကို လှပစွာဖန်တီးလျက်ရှိကြ သည်။
 ထိုလုပ်ရပ်သည် အလွန်အ ဖိုးတန်၍ နတ်လူသာဓုခေါ်ဖွယ် ဖြစ်သည်။ အချို့တိုင်းပြည်ခေါင်း ဆောင်များမှာမူ မွေးရာပါဗီဇအ ရပင် မတော်လောဘစိတ်ရှိသူ၊ ရန်လိုသူများဖြစ်ကာ ချစ်ခြင်း မေတ္တာနှင့် သစ္စာ၊ မေတ္တာ၊ ကရုဏာ လည်း ကင်းဝေးရုံမက ရက်စက် ကြမ်းကြုတ်သူများဖြစ်၍ မိမိဒေ သ၌ စစ်ပွဲများကို ဖန်တီးရုံမက အခြားတိုင်းပြည်၊ အခြားဒေသ များသို့လည်း နယ်ချဲ့စစ်ပွဲများ ကြောက်မက်ဖွယ်ဖန်တီးကာ အ လွန်အဖိုးတန်သော ငြိမ်းချမ်းရေး ကို ရက်ရက်စက်စက် ပက်ပက် စက်စက်ဖျက်ဆီးလျက်ရှိသည်။
ဘယ်သူတေတေ ငတေမာ ရင်ပြီးရောဆိုသည့် တိရစ္ဆာန်စိတ် နှင့်ဖြစ်သည်။
 ထို့ကြောင့်လည်း ပထမ ကမ္ဘာစစ်ကြီးအပြီးတွင်လည်း ကောင်း၊ ဒုတိယကမ္ဘာစစ်ကြီးအ ပြီးတွင်လည်းကောင်း နိုင်ငံပေါင်း စုံပါဝင်သည့် ကုလသမဂ္ဂအဖွဲ့ ချုပ်ကြီးသည် ထိုစစ်ပွဲများကို ရပ် ဆိုင်းတားဆီးကာ စစ်မက်လိုလား သူများ တစ်နည်းအားဖြင့် ငြိမ်း ချမ်းရေးကို ဖျက်ဆီးသူများအား ကမ္ဘာပေါ်မှ ဖျောက်ဖျက်တားဆီး ခဲ့သည်။
ထို့အပြင် ကုလသမဂ္ဂအဖွဲ့ ကြီးသည် ၁၉၈၁ ခုနှစ်တွင် စက် တင်ဘာ ၂၁ ရက်နေ့ကို အပြည် ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အ ဖြစ် ပြဋ္ဌာန်းပေးသည်။
ထိုနေ့တွင် ကုလသမဂ္ဂအ ဆောက်အအုံကြီး၌ ငြိမ်းချမ်းရေး ခေါင်းလောင်းထိုးကြသည်။
 ထိုခေါင်းလောင်းကို ကမ္ဘာ အရပ်ရပ်ရှိ နိုင်ငံပေါင်းစုံမှကလေး သူငယ်များ ပေးပို့လှူဒါန်းထား သည့် ငွေကြေး(ပိုက်ဆံအကြွေက လေးများဖြင့်)ပြုလုပ်ထားသည်။
 ထိုငြိမ်းချမ်းရေးခေါင်း လောင်း(Peace Bell) အား ဂျပန် နိုင်ငံရှိ ကမ္ဘာ့ကုလသမဂ္ဂ(United Nations Association) က လက် ဆောင်ပေးထားသည်။
ကမ္ဘာတစ်ဝန်းလုံးမှ ပြည်သူ များ၏ စစ်ပွဲများတွင် ဆုံးရှုံးနစ်နာ မှုများအတွက် သတိရဖွယ်ပြုလုပ် ထားခြင်းဖြစ်သည်။
  ထိုခေါင်းလောင်းတွင် (LONG LIVE WITH ABSOLUTE PEACE) ဟု သမိုင်းဝင် ရေးထိုးထားသည်။
 ကမ္ဘာကြီးသည် အကောင်း နှင့်အဆိုးဆိုသော ၀င်ရိုးပေါ်တွင် တည်ရှိနေသကဲ့သို့ အချိန်နှင့်အမျှ ငြိမ်းချမ်းရေးပျောက်ဆုံးကာ စစ် ပွဲများပေါ်ပေါက်လာမည်ကို စိုး ရိမ်ပူပန်နေရသည်။
 ထိုသို့ဖြစ်အောင်လည်း ကမ္ဘာတစ်ဝန်းတွင် မျက်ကန်းမျိုး ချစ်များ (Ultra Nation)၊ ဘာသာ ရေးအစွန်းရောက်မှုများ (Religious Extremism)နှင့် ပြည်တွင်း စစ်ပွဲများ၊  အကြမ်းဖက်တိုက် ခိုက်မှုများနှင့် မုန်းတီးမှုကို ဖြန့်ဝေ နေသူများသည် မြောက်မြားစွာ ရှိနေကြသည်။
၎င်းတို့သည် ငြိမ်းချမ်းစွာအ တူတကွနေထိုင်ရေးကို ခြိမ်း ခြောက်လျက်ရှိသည်။
ထို့အပြင် လူကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး မှောင်ခိုရောင်း ၀ယ်မှုများ၊ နျူကလီးယားလက် နက်ပိုမိုထုတ်လုပ်လာမှုများ၊ ဓာ တုလက်နက်ရောင်းဝယ်ခြင်းများ ပါမက ရာဇ၀တ်မှုထူပြောလာ ခြင်းများသည် အလွန်လှပသော ငြိမ်းချမ်းရေးကို ဖျက်ဆီးလျက်ရှိ ကြသည်။
 ထို့ကြောင့်လည်း ကုလ သမဂ္ဂကြီးသည် စက်တင်ဘာ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အဖြစ် သတ်မှတ် ပေးကာ ထိထိရောက်ရောက် ဆောင်ရွက်ပေးလျက်ရှိသည်။
လောလောဆယ် ၂၀၁၇ ခု နှစ်အတွက် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးဆောင်ပုဒ် (ToGether For Peace Respect Safety Dignity For All) ကို ထုတ်ပြန်ပေးကာ ၂၀၁၈ (ယခု နှစ်)အတွက်လည်း (The Right To Peace-The Universal Declaration Of Human Rights At 70) ဟု ကျယ်ပြန့်စွာကြေညာ ပေးထားသည်။
ထိုစာတန်းသည် အကြိမ် (၇၀)မြောက်အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း က ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် ထုတ်ဖော်ဂုဏ်ပြုဖော်ပြ ခြင်းဖြစ်သည်။
မည်သည့်လူမျိုး၊ မည်သည့် ဘာသာဝင်၊ မည်သည့်အသားအ ရောင်ဖြစ်ပါစေ ကမ္ဘာအရပ်ရပ်ရှိ လူတိုင်း လူတိုင်းသည် လူဖြစ်ရ ခြင်း၏ ကြီးမားလှသောလူ့တန်ဖိုး ကို နားလည်လက်ခံထောက်ခံကြို ဆိုသောအားဖြင့် ငြိမ်းချမ်းစွာ၊ ချစ်ခင်စွာ၊ ပျော်ရွှင်စွာ၊ ကျန်းမာ စွာအသက်ထက်ဆုံးအတူတကွ လက်တွဲနေထိုင်နိုင်ရန် အလွန် အရေးကြီးသည်။
ထိုသို့နေထိုင်ရန်လည်း နေ ရာလပ်မရှိ တစ်ကမ္ဘာလုံးစစ်ပွဲ များ ကင်းစင်ကာ ငြိမ်းချမ်းသာ ယာဖို့ အထူးလိုအပ်လှသည်။
ယင်းအချက်သည် မည်သူမျှ ငြင်းပယ်ခွင့်မရှိသောသဘောတ ရားဖြစ်သည်။
ထို့ကြောင့် ကမ္ဘာပေါ်ရှိ လူ တိုင်းလူတိုင်းသည် ကမ္ဘာကြီးငြိမ်း ချမ်းသာယာအောင်၊ စစ်ပွဲများ လုံးဝကင်းစင်အောင် နေရာလပ် မရှိရာသက်ပန် ကြိုးစားရမည်ဖြစ် သည်။
(ဆောင်းပါးရှင် မြင့်မြတ်အောင်မြင်သည် ရသစာပေ ရေးသားသူ ဖြစ်သည်။)
credit- 7Days
#YawMinGyi #ဆောင်းပါးကဏ္ဍ

မြောက်ဝန်ရိုးစွန်းကို အလည်သွားနိုင်ဖို့အတွက် လမ်းကြောင်း ၃ ခု


မြောက်ဝန်ရိုးစွန်းဒေသကိုသွားဖို့ဆို အလွယ်ကူဆုံးကတော့ လေကြောင်းခရီးပါပဲ။ လေကြောင်း ခရီးကို နော်ဝေနိုင်ငံကနေ စတင်နိုင်သလို ကနေဒါနိုင်ငံကနေလည်း စတင်နိုင်ပါတယ်။ နော်ဝေကနေ လေကြောင်းနဲ့သွားမယ်ဆိုရင်တော့ ဒေါ်လာ ၁ သောင်း ဒါမှမဟုတ် ဒေါ်လာ ၁ သောင်း ၂ ထောင်အထိ ကုန်ကျနိုင်ပါတယ်။

ကနေဒါကနေ သွားမယ်ဆိုရင်တော့ နော်ဝေခရီးစဉ်ထက် ဆယ်ဆလောက် ကုန်ကျသွားနိုင်ပါတယ်။နော်ဝေကနေ စီးမယ်ဆိုရင်တော့ အာတိတ်စက်ဝိုင်းရဲ့ မြောက်ဖက်ဆုံးရွာဖြစ်တဲ့ Longyearbyen လေဆိပ်ကနေ စတင်ထွက်ခွာမှာဖြစ်ပါတယ်။ ကနေဒါ ကနေဆိုရင်တော့ Calgary ဖြစ်နိုင်သလို တခြားလေဆိပ်တွေလည်း ဖြစ်နိုင်ပါသေးတယ်။


ဘယ်နိုင်ငံနေပဲသွားသွား Barneo မှာဆင်းရမှာဖြစ်ပါ တယ်။ Barneo က ရေခဲလေယာဉ်ကွင်းဟာ မြောက်ဝန်ရိုးစွန်းကနေ မိုင် ၆၀ အကွာမှာရှိပါတယ်။ Barneo ကိုရောက်ပြီဆိုရင်တော့ MI-8ရဟတ်ယာဉ်စီးပြီး မြောက်ဝန်ရိုးစွန်းဆီ သွားရပါလိမ့်မယ်။
မြောက်ဝန်ရိုးစွန်းကိုရောက်ဖို့ဆို မိနစ် ၂၀ နဲ့ ၄၀ ကြား ကြာပါလိမ့်မယ်။ ဒါပေမယ့်လည်း မြောက်ဝန်ရိုးစွန်းက အေးလွန်းတဲ့အတွက် တနာရီပဲ လည်ပတ်ချိန်ရပါလိမ့်မယ်။ ပြီးရင်တော့ Barneo လေဆိပ်ဆီ ပြန်ခေါ်လာကြပါလိမ့်မယ်။


လေဆိပ်ကနေ ရဟတ်ယာဉ်နဲ့ မသွားချင်ရင်တော့ ski စီးပြီး သွားနိုင်ပါသေးတယ်။ ski ထိန်းဖို့ လူ ငှားရတာနဲ့ဆို ဒေါ်လာ ၂၅၀၀၀ လောက်တော့ ကုန်ပါလိမ့်မယ်။ နော်ဝေကနေ လေယာဉ် ခရီးစဉ်နဲ့ သွားမယ်ဆိုရင်တော့ နေထိုင်စားသောက်ဖို့အပါမှ ဒေါ်လာ ၁၅၀၀၀ လောက်ပဲ ကုန်ကျမှာ ဖြစ်ပါတယ်။

နောက်ထပ် မြောက်ဝန်ရိုးစွန်းကို သွားလို့ရတာကတော့ ရေကြောင်းလမ်းပါပဲ။ ရုရှားကနေ ရေခဲခွဲသင်္ဘောနဲ့ သွားရမှာဖြစ်ပါတယ်။ ကုန်ကျစရိတ်ကိုတော့ အနည်းဆုံး ဒေါ်လာ ၂၆၀၀၀ ခန့်မှန်းထားရပါမယ်။ ဒါက လက်မှတ်စီးခပဲ ရှိပါသေးတယ်။ တယောက်အိပ် ကုတင်နှစ်လုံးနဲ့ အခန်း တခန်းအတွက် ကုန်ကျငွေကတော့ ဒေါ်လာ ၄၀၀၀၀ နဲ့ ၅၀၀၀၀ ကြားရှိပါတယ်။

ရုရှားက ရေခဲခွဲသင်္ဘောကိုစီးဖို့အတွက် ဖင်လန်နိုင်ငံ Helsinki လေဆိပ်ကနေ ရုရှားနိုင်ငံ Murmansa ဆီ လေယာဉ်စီးရပါဦးမယ်။ အာတိတ်သမုဒ္ဒရာထဲ ၅ ရက် ဒါမှမဟုတ် ၈ ရက်ကြာပြီးတဲ့ နောက်မှာတော့ မြောက်ဝန်ရိုးစွန်းကို ရောက်ပါလိမ့်မယ်။

ကုန်းကြောင်းခရီးသွားချင်တယ်ဆိုရင်တော့ pulk လို့ခေါ်တဲ့ လူဆွဲလို့ရတဲ့ ski တမျိုးကို ရုရှ ဒါမှမဟုတ် ကနေဒါ တစ်နေရာရာကနေ စီးရပါလိမ့်မယ်။ ဒီခရီးကိုတော့ ၂၀၁၆ ခုနှစ်ကမှ စခဲ့တာ ဖြစ်ပြီး မိုင် ၃၀၀ ( ကီလိုမီတာ ၄၈၀) သွားရမှာဖြစ်ပြီး ဒေါ်လာ ၃၅၀၀၀ လောက် ကုန်ကျမှာ ဖြစ်ပါတယ်။

#YawMinGyi #Lifestyle