ပေ ၂,၇၀၀ ကျော် မြင့်သော ဇွဲကပင် တောင်ထိပ်ရှိ ဇွဲကပင်စေတီ၏ မှန်သားခင်းထားသည့် ရင်ပြင်ပေါ်တွင် ဘုရားဖူးလူငယ် ခြောက်ဦး၊ ခုနစ်ဦးခန့်က မှန်အောက်ရှိ တောင်ရှုခင်းများကို ကြည့်ရင်း ဓာတ်ပုံရိုက်နေသည်။ မှန်ရင်ပြင်ပေါ်တက်၍ ဓာတ်ပုံရိုက်ရင်း ရှုခင်းများ ကြည့်ရှုနေသော ထိုလူ ငယ်များသည် ကြောက်ရွံ့စိုးရိမ် ဟန်မရှိပေ။
မတ်စောက်၍ လှပသော ဇွဲ ကပင်တောင်ထိပ် တောင်စောင်း ပေါ်၌ တည်ဆောက်ထားပြီး မှန် ချပ်ခင်းထားသည့် ရင်ပြင်ကို ဇွဲ ကပင်တောင်ဘုရားဂေါပကအဖွဲ့ က မေလ ၇ ရက်တွင် ဖွင့်လှစ်ခဲ့ သည်။ ထို့နောက် ဇွဲကပင်တောင် ဆရာတော်၏ ညွှန်ကြားချက်အရ လာရောက်လည်ပတ်သူ ဘုရားဖူး ခရီးသွားများအား တက်ရောက် ခွင့်ပြုခြင်းဖြစ်သည်။
ကြံ့ခိုင်မှု စိတ်မချရသဖြင့် ပညာရှင်များ၏ အကြံပြုချက်အ တိုင်း မှန်ရင်ပြင်ကို ကြံ့ခိုင်မှုရှိ သည်အထိ ပြုပြင်ပြီးမှသာ ဘုရား ဖူးများကို တက်ခွင့်ပြုရန် ပြည်နယ် အစိုးရအဖွဲ့က ပြောထားသော် လည်း ဆရာတော်က ရင်ပြင်ဖွင့် ပွဲပြုလုပ်ခဲ့သည်။
အချိန်မရွေး ပြိုကျနိုင် ကြောင်း အင်ဂျင်နီယာပညာရှင် များက သတိပေးထားသော်လည်း ထိုရင်ပြင်ပေါ်သို့ ဘုရားဖူးများ နေ့စဉ်လာရောက် ဖူးမြော်နေကြ ပြီဖြစ်သည်။
ထိုရင်ပြင်သည် မြန်မာနိုင်ငံ ၏ ပထမဆုံး မှန်သားခင်းထား သည့် ရင်ပြင်တစ်ခုလည်း ဖြစ် သည်။ ထိုရင်ပြင်ကို ပေ ၂,၇၀၀ ကျော်မြင့်သော ကရင်ပြည်နယ် ဘားအံမြို့အနီးရှိ ဇွဲကပင်တောင် ထိပ်ပေါ်တွင် မှန်သားချပ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ရင် ပြင်သည် အကျယ် ၁၇ ပေ၊ အရှည် ၁၀၅ ပေရှိသည်။
တစ်လက်မထူသော မှန်များကို ရန်ကုန်မြို့ မင်္ဂလာဒုံရှိ FGI (First Glass Industry) စက်ရုံမှ ၀ယ်ယူထားခြင်းဖြစ်သည်။
ထိုမှန်သားချပ်များ ခင်းထားသည့် ရင်ပြင်ပေါ်မှ ဇွဲကပင် တောင်အောက် အလှတရားကို ငုံ့ကြည့်နိုင်သလို ဘားအံမြို့အနီးတစ်ဝိုက်နှင့် သံလွင်မြစ်တစ် လျှောက် အလှတရားများကို လည်း ငေးမောခံစားနိုင်သည်။
မှန်ရင်ပြင်ကို မူလဇွဲကပင် စေတီရင်ပြင်အား တိုးချဲ့ကာ တည်ဆောက်ထားခြင်းဖြစ်သည်။ ၉၀ ဒီဂရီထောင့်မှန် တောင်စောင်း ပေါ်တွင် သံတိုင်များ စိုက်ထူကာ အကျယ် ၁၇ ပေ၊ အရှည် ၁၀၅ ပေရှိ ရင်ပြင်သစ်တစ်ခုကို မှန်သားချပ်များဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။
သို့သော် ထိုရင်ပြင်ကို အင် ဂျင်နီယာတစ်ယောက်မျှ မပါဘဲ သာမန် ၀ရိန်ဆော်အတွေ့အကြုံ ရှိသူတစ်ဦးက ဦးစီးကာ ဒေသခံအ လုပ်သမားများနှင့် တည်ဆောက် ခဲ့ခြင်းဖြစ်လေသည်။ ထိုရင်ပြင် မှာ အချိန်မရွေးပြိုကျနိုင်သည်ဟု အင်ဂျင်နီယာ ပညာရှင်များက မှတ်ချက်ပြုကြသည်။
မှန်သားတိုးချဲ့ရင်ပြင် ဖြစ်ပေါ်လာပုံ
ထိုမှန်သား ခင်းထားသည့် တိုးချဲ့ရင်ပြင်ကို ကရင်ပြည်နယ် အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့(မဘသ)ဥက္ကဋ္ဌ ဇွဲကပင် တောင်ဆရာတော် ဘဒ္ဒန္တက၀ိဓဇ ၏ လမ်းညွှန်ချက်အရ ၎င်း၏တပည့်ဒကာများက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
မူလ ဇွဲကပင်စေတီရင်ပြင် သည် ကျဉ်းမြောင်းနေပြီး ဘုရားဖူးခရီးသွားများ အဆင်ပြေပြေ ဘုရားဖူးနိုင်စေရန်ဟုဆိုကာ ရင် ပြင်တိုးချဲ့ခြင်းလုပ်ငန်းကို စတင် လုပ်ဆောင်ရန် ဇွဲကပင်ဆရာ တော်ကြီးနှင့် ဘုရားဂေါပကများ က ၂၀၁၇ ကတည်းက ပြင်ဆင်ခဲ့ သည်။
ရင်ပြင်တည်ဆောက်ခြင်း လုပ်ငန်းလုပ်ဆောင်နိုင်ရန် အင် ဂျင်နီယာပညာရှင်များကို ခေါ်ယူ ခြင်းမပြုဘဲ ဘားအံမြို့နယ် တောင်ကလေးကျေးရွာမှ ၀ရိန် ဆော်လုပ်ငန်း လုပ်ကိုင်နေသူ ကိုစောအောင်ထူးကို ဇွဲကပင် တောင် ဘုရားဂေါပကအဖွဲ့က ကမ်းလှမ်းခဲ့သည်။
ကိုစောအောင်ထူးကလည်း ရင်ပြင်ပေါ် တက်ကြည့်ကာ ရင် ပြင်တိုးချဲ့ခြင်းလုပ်ငန်းကို လုပ် ဆောင်ပေးမည်ဟု သဘောတူခဲ့ သည်။
‘‘ဒါကို လုပ်ပေးနိုင်မလားလို့ ကျွန်တော့်ကို လာမေးတော့။ကျွန် တော်ကလည်း တောင်ပေါ်တက် ပြီး အခြေအနေကြည့်တယ်။ ပြီးတော့ လုပ်ပေးနိုင်တယ်၊ ကျွန် တော် လုပ်ပေးပါမယ်ဆိုပြီး ပြောလိုက်တယ်’’ဟု ကိုစောအောင်ထူး က ပြောသည်။
ကိုစောအောင်ထူးသည် အင်ဂျင်နီယာပညာရပ်ကို လေ့လာသင်ကြားဖူးသည့် အင်ဂျင်နီယာတစ်ဦးမဟုတ်ဘဲ သံတံခါး၊ သံ ထိုင်ခုံ စသည်တို့ကို လုပ်ဆောင် သည့် ၀ရိန်ဆော်အတွေ့အကြုံရှိ သူတစ်ဦးသာ ဖြစ်သည်ဟု ၎င်း ကိုယ်တိုင်က ပြောသည်။
ထိုကဲ့သို့ ဇွဲကပင်တောင် ထိပ်ပေါ်တွင် ဘုရားရင်ပြင်တိုးချဲ့ မည့်အစီအစဉ်အား ပြည်နယ်အစိုးရအဖွဲ့ကို အသိမပေးခဲ့ဘဲ ဇွဲကပင်တောင်ဆရာတော်၏ ညွှန်ကြားချက်အတိုင်း လုပ်ကိုင်ခဲ့ သည်။
အစိုးရပါ မနေသာတော့ဘဲ ၀င်ပါလာရ
မတ်စောက်သည့် တောင် စောင်းပေါ်တွင် တည်ဆောက်နေ သော တိုးချဲ့ရင်ပြင်ကို အင်ဂျင်နီ ယာပညာရှင် တစ်ယောက်မျှမပါ ဘဲ သာမန်အလုပ်သမားများဖြင့် လုပ်နေသဖြင့် ဘုရားဖူးများအ တွက် အသက်အန္တရာယ်ရှိနိုင် ကြောင်း ဝေဖန်မှုများ ထွက်ပေါ် လာသည်။
ထိုဝေဖန်သံများကြောင့် ဘားအံမြို့ခံ ကရင်ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် အစိုးရအဖွဲ့ဝင် ၀န်ကြီးများက ၂၀၁၉ ဖေဖော်ဝါရီ ၉ ရက်တွင် အရေး ပေါ်အစည်းအဝေးတစ်ရပ်ပြုလုပ် ခဲ့သည်။
အစိုးရအဖွဲ့အနေဖြင့် ရင် ပြင်တိုးချဲ့နေခြင်းကို ယခင်က စောင့်ကြည့်ရုံသာ စောင့်ကြည့်နေ ခဲ့ပြီး ယခုအခါတွင်မူ ပြည်သူများ အန္တရာယ်မဖြစ်စေရေး စောင့် ကြည့်သည့်အဆင့် မဟုတ်တော့ ဘဲ ၀င်ပါရန် ဆုံးဖြတ်ခဲ့ကြသည်။
အင်ဂျင်နီယာမပါဘဲ လုပ် နေသည့် ဇွဲကပင်ဘုရားရင်ပြင်တိုးချဲ့ခြင်းကို ကြံ့ခိုင်မှု ရှိ၊ မရှိ ပညာရှင်များနှင့် စစ်ဆေးကာ ကြံ့ခိုင်မှုမရှိပါက ရင်ပြင်တိုးချဲ့ ခြင်းလုပ်ငန်းကို ဆက်လက်လုပ် ဆောင်ခြင်းမပြုရန် တားမြစ်မည် ဟု အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ထိုအစည်းအဝေးတွင် တညီတ ညွတ်တည်း ဆုံးဖြတ်ခဲ့သည်။
ချက်ချင်းဆိုလျှင်ပင် ပြည် နယ်အစိုရအဖွဲ့က ပြည်ပမှ အင် ဂျင်နီယာပညာရှင်များ ခေါ်ယူပြီး ဇွဲကပင်တောင်ပေါ်သို့ တက်ကာ တိုးချဲ့ရင်ပြင်၏ကြံ့ခိုင်မှုကို စစ် ဆေးစေခဲ့သည်။
အမေရိကန်နိုင်ငံတွင် အ လုပ်သွားလုပ်နေသည့် အင်ဂျင်နီ ယာနှစ်ဦးအပါအ၀င် ပညာရှင် များက တိုးချဲ့ရင်ပြင်၏ ကြံ့ခိုင်မှု ကို ကြိုးများဖြင့် တွယ်ဆင်းကာ ခက်ခက်ခဲခဲ စစ်ဆေးခဲ့ကြသည်။
သိပ်မကြာမီမှာပင် ပညာ ရှင်အဖွဲ့၏ ကြံ့ခိုင်မှုစစ်ဆေးချက် အဖြေထွက်လာသည်။ တိုးချဲ့ ရင်ပြင်၏ အားနည်းချက်များကို ပညာရှင်အဖွဲ့က အစီရင်ခံစာရေး သားကာ ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြသည်။ ထိုအစီရင်ခံစာတွင် တိုးချဲ့ရင်ပြင်ကြံ့ခိုင်မှုနှင့် ပတ် သက်၍ ဖော်ပြထားသည်မှာ စိုး ထိတ်စရာပင်။
ပညာရှင်များ၏ သတိပေးမှု
တိုးချဲ့ရင်ပြင်တွင် အသုံးပြု ထားသည့် သံများသည် စိတ်ချရ သည့်သံမဟုတ်ကြောင်း ပညာရှင် အဖွဲ့၏ အစီရင်ခံစာကို ကိုးကား ကာ ကရင်ပြည်နယ်အစိုးရအဖွဲ့ မွန်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးမင်းတင်ဝင်းက ပြောသည်။ ယင်းသံများသည် ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှ ၀ယ်ယူထား သည့် သံများဖြစ်ပြီး အရည်အ သွေးကောင်းမွန်မှုမရှိသဖြင့် မိုး ရေတွင် ပါဝင်သည့် နိုက်ထရစ် အက်စစ်များနှင့် ထိတွေ့ပါက ထို အက်စစ်က သံကိုစားပြီး သံချေး များတက်ကာ ပျက်စီးနိုင်ကြောင်း ပညာရှင်အဖွဲ့က သုံးသပ်ထား သည်။
အင်ဂျင်နီယာ ပညာရှင်များ ထောက်ပြထားသည့် အချက်များ ထဲတွင် ထိုအချက်များထက်ပို၍ ကြောက်စရာကောင်းသည့် အ ချက်ရှိသေးသည်။
မူလက ဇွဲကပင်စေတီ အောက်ဘက် (ယခုတိုးချဲ့ရင်ပြင် တည်ဆောက်ထားသည့်ဘက်) တွင် တရားထိုင်သည့် ဂူရှိခဲ့သည်။ ထိုဂူပေါက်မှတစ်ဆင့် သံရက်မကြီးများစွာဖြင့် ကန့်လန့်ခံကာ တိုးချဲ့ရင်ပြင်ကို တည်ဆောက် ထားခြင်းဖြစ်သည်။
သံရက်မကြီးများ၏ အစွန်း တစ်ဖက်ကို စေတီအောက်ဘက် ဂူတွင် ကန့်လန့်ခံပြီး သံရက်မ၏ နောက်အစွန်းတစ်ဖက်ကို သံ ချောင်းများထောက်ကာ ရင်ပြင် ကြမ်းခင်းကို တည်ဆောက်ခြင်း ဖြစ်သည်။
‘‘သံရက်မတွေက ကလော် လိုက်သလိုဖြစ်သွားရင် စေတီ ပြုတ်ကျသွားမလား၊ အဲဒါ ကျွန် တော်တို့စိုးရိမ်တယ်။ အစိုးရအဖွဲ့ ၀င်တစ်ယောက်အနေနဲ့ မဟုတ် ဘဲ ဘားအံမြို့သား အဘိုးကြီးတစ် ယောက်အနေနဲ့ စိုးရိမ်တယ်’’ဟု အသက်(၇၀)ကျော် ရှိပြီဖြစ်သော မွန်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးမင်းတင်ဝင်းက သူ၏ပူပန်မှုကို ပြောသည်။
အထက်တွင် ပြောခဲ့သည့် အချက်များသည် အင်ဂျင်နီယာ ပညာရှင်အဖွဲ့က စနစ်တကျဖြင့် အသေးစိတ်တွက်ချက်ထားသည့် အချက်များဖြစ်ကြောင်း ၎င်းကဆိုသည်။ ထိုအချက်အားလုံးခြုံလျှင် တိုးချဲ့ရင်ပြင်၏ ကြံ့ခိုင်မှုပမာဏ ၁၀ ရာခိုင်နှုန်းခန့်သာရှိသည်။
‘‘အဲဒါတွေအကုန်လုံး စု ပေါင်းလိုက်ရင် ခိုင်ခံ့မှုရာခိုင်နှုန်း က ၁၀ ရာခိုင်နှုန်းလောက်ပဲရှိ တယ်။ သူတို့ (ပညာရှင်တွေ) အ သေးစိတ်တွက်ထားတယ်’’ဟု ဦး မင်းတင်ဝင်းကပြောသည်။
ပညာရှင်၏ အကြံပြုချက်များတန်ဖိုးမထားခြင်း
ပြည်နယ်အစိုးရအဖွဲ့အနေ ဖြင့် ဇွဲကပင်ဘုရားဂေါပကအဖွဲ့ ကို ခေါ်ယူပြီး အင်ဂျင်နီယာပညာ ရှင်များ တင်ပြထားသည့် အစီရင် ခံစာကို ပြသကာ တိုးချဲ့ရင်ပြင်မှာ ကြံ့ခိုင်မှုမရှိဘဲ အချိန်မရွေးပြိုကျနိုင်ပြီး အန္တရာယ်ရှိနိုင်သဖြင့် ပြန်လည်ပြုပြင်ရန် လိုအပ် ကြောင်း ပြောကြားသည်။
‘‘ဒါ ပညာရှင်တွေရဲ့ အကြံ ဉာဏ်ပဲ။ လုပ်ကြမယ်ဆိုရင် တို့ ပညာရှင်တွေ ခေါ်မယ်။ ကုန်ကျ စရိတ်ကိုလည်း အစိုးရအဖွဲ့က ကျခံပေးမယ်လို့ ပြောတယ်။ ဒါ ပေမဲ့ ဂေါပကအဖွဲ့က ဘာမှပြန်မလာဘူး’’ဟု ဦးမင်းတင်ဝင်းက ပြောသည်။
အင်ဂျင်နီယာပညာရှင်အဖွဲ့ အကြံပြုချက်နှင့် အစိုးရအဖွဲ့၏ ကမ်းလှမ်းချက် ရှိသော်လည်း ဇွဲကပင်ဆရာတော်သည် တိုးချဲ့ရင်ပြင်ပေါ်သို့ ၎င်းကိုယ်တိုင်တက် ရောက်ပြီး ကြံ့ခိုင်မှုရှိသည်ဟု အာမခံကာ ရင်ပြင်ကို မေလ ၇ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
ဇွဲကပင်ဆရာတော်က မှန် ရင်ပြင်ကို ကြံ့ခိုင်မှုရှိသည်ဟု ယုံကြည်ထားပြီး ကြံ့ခိုင်မှုမရှိဟု မှတ်ချက်ပြုထားသည့် အင်ဂျင်နီ ယာပညာရှင်အဖွဲ့အပေါ် အယုံ အကြည်မရှိပေ။
‘‘အင်ဂျင်နီယာမပါလို့ မခိုင် ဘူး။ မခံ့ဘူးလို့ ပြောတဲ့သူတွေ အားလုံး ခိုင်၊ မခိုင် သိချင်ရင် ကားပါမောင်းတက်လာခဲ့၊ ကား မောင်းလို့ရတဲ့အထိခိုင်တယ်’’ ဟု ဇွဲကပင်တောင်ဆရာတော် ဘဒ္ဒန္တ ကဝိဓဇက မိန့်ကြားသည်။
တိုးချဲ့ရင်ပြင်မှာ ကြံ့ခိုင်မှုရှိ သည်ဟု ဆရာတော်၏ ပြောဆိုချက်နှင့်ပတ်သက်၍ ဝန်ကြီးဦးမင်းတင်ဝင်းက ‘‘သူ (ဆရာတော်)ကလေ တစ်ဖက်ကို လွန်ကဲအောင် သူက ယုံကြည်နေတယ်။ ငါ့တန်ခိုး၊ မြတ်စွာဘုရားရဲ့ ပရိတ်တန်ခိုး။ ဒီဥစ္စာတွေကို လွန်ကဲနေတယ်။ ကျွန်တော်လည်း ဗုဒ္ဓဘာသာ အဘိုးကြီးပဲ။ မြတ်စွာဘုရားက တစ်ခါမှ အဲဒီလိုမဟောခဲ့ပါဘူး’’ဟုပြောသည်။
အွန်လိုင်းပေါ်တွင် ဇွဲကပင် ဘုရားတိုးချဲ့ရင်ပြင်မှာ ခိုင်ခံ့မှုမရှိ ဟု ဝေဖန်နေကြသူများကိုလည်း ဆရာတော်က ‘‘အွန်လိုင်းက ကောင်တွေကတော့ ပိုက်ဆံ လည်း မလှူ၊ လာလည်းမကြည့်ဘူး။ မှန်းတုတ်၊ ရမ်းတုတ်တဲ့ ကောင်တွေ’’ဟု တုံ့ပြန်မိန့်ကြား သည်။
ဝရိန်သမား ဦးဆောင်ကာ ဒေသခံ အလုပ်သမားများနှင့် လုပ်ဆောင်ခဲ့ပြီး အန္တရာယ်ရှိနိုင် ကြောင်း ပညာရှင်အဖွဲ့က မှတ် ချက်ပြုထားသည့် တိုးချဲ့ရင်ပြင် ပေါ်သို့ မတက်ရဲကြောင်း မော်လ မြိုင်မှ ဇွဲကပင်တောင်ပေါ်သို့ လာ ရောက်လည်ပတ်သည့် ကိုသန့် ဇင်က ပြောသည်။
‘‘အင်ဂျင်နီယာမပါဘဲ လုပ် ထားတဲ့ဟာ ဘယ်လိုလုပ်ကြံ့ခိုင် မလဲ။ ကျွန်တော်တော့ မတက်ရဲ ဘူး။ တခြားသူတွေကိုလည်း မ တက်စေချင်ဘူး’’ဟု ၎င်းကပြော သည်။
‘‘ဖြစ်သွားရင် ပျက်စီးမှုနှုန်း က ကြောက်စရာကောင်းတယ်။ အဲဒါကို ဆရာတော်က သူကိုယ် တိုင်စစ်ဆေးပြီး ဖွင့်တယ်ဆို တော့။ ဆရာတော်က အင်ဂျင်နီ ယာလား။ ရင်ပြင်ပြိုကျရင် အ ကုန်လုံး အရိုးတခြား၊ အသားတ ခြားစီဖြစ်ကုန်မှာ။ လူတွေ ဒုက္ခ ရောက်မယ့်ကိစ္စလေဗျာ’’ဟု ဘားအံမြို့မှ ဦးစောသာလှက ပြော သည်။
ရင်ပြင်ကို ဦးစီးလုပ်ဆောင် ခဲ့သည့် ကိုစောအောင်ထူးက ၎င်းတည်ဆောက်ထားသည့် ရင် ပြင်မှာ ခံနိုင်ဝန်မည်မျှရှိပြီး မည်မျှ အထိ ကြံ့ခိုင်မှုရှိသည်ကို မသိရှိ ကြောင်းဝန်ခံသည်။ သို့သော် ၎င်းတည်ဆောက်ထားသည့် ရင် ပြင်မှာ ချက်ချင်းဆိုသလို မပျက် စီးနိုင်ကြောင်း၊ ကြံ့ခိုင်မှုအခြေအ နေကို အမြဲတမ်းစောင့်ကြည့်နေ ကြောင်း ပြောသည်။
အစိုးရအဖွဲ့က အဖျက်သဘော နှင့် ပြောနေခြင်းဟု ထင်နေသော ဇွဲကပင်ဆရာတော်
ဆရာတော်သည် တိုးချဲ့ရင် ပြင်ကိစ္စနှင့်ပတ်သက်၍ ကရင် ပြည်နယ်အစိုးရအဖွဲ့ကိုလည်း အ မြင်မကြည်ပေ။ အစိုးရအဖွဲ့ဝင် များသည် ၎င်းတို့ဆောင်ရွက်နေ သည့် ဇွဲကပင်တောင်တက်လမ်း ဖောက်လုပ်ခြင်း၊ ရင်ပြင်တိုးချဲ့ ခြင်းလုပ်ငန်းများအပေါ် အဖျက် သဘောဖြင့် ပြောဆိုနေသည်ဟု အစိုးရအဖွဲ့ကို ဆရာတော်က စွပ်စွဲသည်။
ဘုရားရင်ပြင်တိုးချဲ့ခြင်း အ ပါအဝင် ၎င်းလုပ်ဆောင်နေသည့် လုပ်ငန်းများမှာ ဇွဲကပင်တောင် သာသနာပြုလုပ်ငန်း ပို၍ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ဆောင်နေ ခြင်းဖြစ်ကြောင်း ဇွဲကပင်တောင် ဆရာတော်က မိန့်ကြားသည်။ သာ သနာပြုလုပ်ငန်း တိုးတက်ပါက ဘုရားဖူးခရီးသည်များစွာ လာ ရောက်မည်ဖြစ်ပြီး ထိုသို့လာ ရောက်ပါက ဇွဲကပင်တောင်အနီး နေထိုင်ကြသူများအတွက်လည်း အကျိုးရှိလာမည်ဖြစ်သည်။
တိုးချဲ့ရင်ပြင်ကြံ့ခိုင်မှု ရှိစေ ရေး ပညာရှင်များ၏ အကြံပြုချက်အတိုင်း လုပ်ဆောင်ရန် တွန်းအားပေးနေသည့် အစိုးရအဖွဲ့ကို ‘‘ဒါလည်းပဲ အကောင်းမြင်တဲ့သဘောနဲ့ ပြောတာမဟုတ်ပါဘူး။ အဖျက်သဘောနဲ့ ပြောတာပါ’’ ဟု ဆရာတော်က မိန့်ကြားသည်။
ဆရာတော်၏ လုပ်ဆောင်ချက်များအပေါ် ကန့်လန့်တိုက် နေခြင်းမဟုတ်ဘဲ ဆရာတော် လုပ်နေသည့် လုပ်ငန်းများသည် ပြည်သူများ အန္တရာယ်ရှိနိုင်၍ ပြောဆိုနေရခြင်း ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးမင်းတင်ဝင်းက တုံ့ပြန်ပြောကြား သည်။
ဆရာတော် လုပ်နေသည့် တိုးချဲ့ရင်ပြင် အပါအဝင် ကား လမ်းဖောက်လုပ်ခြင်း၊ ကေဘယ် ကားစီးမံကိန်း စသည်တို့အားလုံး မှာ အန္တရာယ်ရှိနိုင်ပြီး သည်းထိတ်ရင်ဖိုစရာလုပ်ငန်းများ ဖြစ် ကြောင်း ၎င်းကထောက်ပြသည်။
ဇွဲကပင်ဆရာတော်ကြီးနှင့် ၎င်းတို့သည် လွန်ခဲ့သည့်နှစ်များ ကတည်းက သိကျွမ်းခဲ့သူများဖြစ် ပြီး ပုဂ္ဂိုလ်ရေးအငြိုးမရှိကြောင်း၊ ၎င်းကဆိုသည်။ ‘‘လူတွေ ဒုက္ခ ရောက်သွားမှာစိုးလို့။ ဒုက္ခရောက်သွားရင် ဒီဘုန်းကြီး ပြေးစရာနေရာမရှိမှာစိုးလို့...’’ဟု ဦးမင်းတင်ဝင်းက ပြောသည်။
မှန်ရင်ပြင်ပြိုကျ၍ တန်ဖိုးရှိ လှသော လူ့အသက်များသေကြေ ပျက်စီးခဲ့ပါက ဖြစ်လာနိုင်သော အကျိုးဆက်ကို ဦးမင်းတင်ဝင်းက ‘‘စေတီ ကလှော်ထွက်သွားရင် ဘုန်းကြီးက နံပါတ် (၁) တရား ခံဖြစ်ပြီးတော့ အစိုးရက နံပါတ် (၂) တရားခံဖြစ်သွားမယ်။ စေတီ ကလှော်ထွက်သွားရင် တို့ကို ဝိုင်းဆဲကြမယ့်ပုဂ္ဂိုလ်တွေက တစ် ကမ္ဘာလုံးပဲ’’ဟု ဆက်လက်ပြော သည်။
ရှေးနှစ်ပေါင်းများစွာက တည်းက တည်ထားခဲ့သည့် ဇွဲက ပင်စေတီတော်ကြီးပါ ပြိုကျမည် ဆိုပါက နိုင်ငံခြားခရီးသွားများ အပါအဝင် ခရီးသွားများစွာ လာ ရောက်ကြသည့် ဇွဲကပင်တောင် သည် အလဟဿဖြစ်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထို့အပြင် မှန်ချပ်ခင်းထား သည့် တိုးချဲ့ရင်ပြင်တစ်စုံတစ်ခု ဖြစ်မည်ဆိုပါက ခရီးသည်များကို အန္တရာယ်ဖြစ်စေမည်။ ပြည်သူ များ အန္တရာယ်မဖြစ်စေရန် ပြည် နယ်အစိုးရအဖွဲ့အနေဖြင့် ပညာ ရှင်များအား ခေါ်ယူ၍ ပြန်လည်ပြု ပြင်ရန် ကြိုးစားနေသည်။
ထို့အပြင် အစိုးရအဖွဲ့အနေ ဖြင့်လည်း ဆရာတော်များ လုပ် ဆောင်နေသည့် ကိစ္စဖြစ်နေသ ဖြင့် ကိုင်တွယ်ရခက်ခဲနေကြောင်း ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးများက ပြောကြားသည်။
မြိုင်ကြီးငူဆရာတော်ကြီး နှင့် ဇွဲကပင်ဆရာတော်တို့ ဦးစီး လုပ်ဆောင်နေသည့် တောင် တက်လမ်းမှာလည်း သဘာဝပတ် ဝန်းကျင် ထိခိုက်မှုရှိပြီး အန္တရာယ် ရှိနိုင်သဖြင့် လုပ်ဆောင်ခြင်းမပြု ရန် ပြည်နယ်ဝန်ကြီးချုပ်ကိုယ် တိုင် အကြိမ်ကြိမ် တားမြစ်ခဲ့ဖူး သည်။
သို့သော် မအောင်မြင်ဘဲ ယနေ့အချိန်ထိ ဖောက်နေဆဲပင် ဖြစ်သည်။
‘‘ဆရာတော်တွေက ထိ လွယ်ရှလွယ်တဲ့ ဘာသာရေးပေါ် မှာ တက်ခွပြီးတော့ လုပ်ချင်ရာ လုပ်နေကြတယ်။ သူတို့က ပြော ရလည်းခက်တယ်’’ဟု ဘားအံမြို့ခံ ဦးစောသာလှက ညည်းညူ သည်။ ဇွဲကပင်ဆရာတော်ကြီး၏ ကိုယ်စားလှယ်ဆိုသူ ဦးစိုးအောင် ကမူ ‘‘ဆရာတော်ကြီးလုပ်ရင် မဖြစ်ဘူးဆိုတာမရှိဘူး။ ဆရာ တော်ရဲ့ အနောက်က လိုက်ပါ မယ့် တပည့်တကာတွေ အများ ကြီးပဲ။ အခုလည်းကြည့် ရင်ပြင် ကြီး အောင်အောင်မြင်မြင်နဲ့ ဖွင့် ပြီးသွားပြီ’’ဟုဆိုသည်။
မွန်တိုင်းရင်းသားရေးရာဝန် ကြီးနှင့် ပြည်နယ်သာသနာရေးဝန်ကြီး ဦးမင်းတင်ဝင်းကတော့ ‘‘လူတွေ ဒုက္ခမရောက်အောင်တော့ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်’’ဟုဆိုလေသည်။
Credit - 7 Day Daily