Monday, December 3, 2018

ဗိုက်​အလွတ်​နဲ့ ​ရေ​နွေး


အလွန်​အမင်း အကျိုးများ​စေတဲ့ကိစ္စပါ ... ။
လူကြီးမင်းများအားလုံး ​ကောင်းကျိုး​တွေ ခံစားနိုင်​ကြဖို့ အဓိက လိုရင်းကို ​ပြောပါ့မယ်​ ... ။
နာမည်​​ကျော်​ နှလုံးအထူးကု က ​ပြောတယ်​ - ဒီစာကို ရတဲ့လူဟာ ​ရှေ့ဆက်​ပြီး ပို့​ပေးမယ်​ဆိုရင်​ လူ​ပေါင်း​မြောက်​များစွာအတွက်​ အန္တရာယ်​ကင်းမှုနဲ့ အသက်​ကယ်​စရာအ​ကြောင်း ဖြစ်​လိမ့်​မယ်​ တဲ့ ... ။
ရေ​နွေးနဲ့ကုသပုံကို လူကြီးမင်း ယုံမှာ​တောင်​မဟုတ်​ဘူး ... ။
ဂျပန်​မှာ များပြားလှ​တဲ့ သမား​တော်​ကြီး​တွေဟာ ​ရေ​နွေးနဲ့ ကုသခြင်း​ကြောင့်​ ၁၀၀% ရလဒ်​​ကောင်း​တွေ ရတယ်​လို့ တညီတညွတ်​တည်း ဆိုကြပါတယ်​ ... ။
အဲ့ဒီ့ရလဒ်​​တွေထဲက တချို့ကို ​ပြောပါမယ်​ -
-: ​ခေါင်းကြီးကိုက်​​ရောဂါ (ပျို့အန်​ခြင်း ၊ အမြင်​ထိခိုက်​ခြင်းများ ပူးတွဲပါရှိတဲ့ မကြာခဏ​ခေါင်းကိုက်​မှု) ၊
-: ​သွေးတိုးခြင်း ၊
-: ​သွေးအားနည်းခြင်း ၊
-: အဆစ်​အလက်​​တွေ နာကြင်​ခြင်း ၊
-: နှလုံးခုန်​နှုန်းအရမ်းမြန်​ခြင်း သို့မဟုတ်​ ​နှေး​ကွေးခြင်း ၊
-: ရုတ်​တရက်​ လဲကျပြီး သတိလစ်​သွားတတ်​​သော အာရုံ​ကြော​ရောဂါ ၊ (ဝက်​ရူးပြန်​​ရောဂါ) .
-: အဆီ ၊ ကိုလတ်​စ်​ထ​ရောလ်​ဓာတ်​ ၊
-: ​ချောင်း အပြင်းအထန်​ ဆိုးခြင်း ၊
-: စိတ်​မငြိမ်​ခြင်း ၊
-: လည်​​ချောင်းနာခြင်း ၊
-: ပန်းနာ​ရောဂါ ၊
-: ​ချောင်းနက်​​ရောဂါ သို့မဟုတ်​ ကြက်​ညှာ​ချောင်းဆိုး ​ရောဂါ ၊
-: ​သွေး​ကြောများ ပိတ်​ဆို့​နေခြင်း ၊
-: ဆီးအိမ်​နဲ့ ဆီးအိမ်​ဆိုင်​ရာ ​ရောဂါများအားလုံး ၊
-: အစာအိမ်​ အချဉ်​​ပေါက်​ခြင်း ၊
-: အစာအိမ်​နာ​ရောဂါ ၊
-: ဆာ​လောင်​မှု နည်းပါးခြင်း ၊
-: မျက်​စိ ၊ နား ၊ နှာ​ခေါင်း ၊ လည်​​ချောင်းနှင့်​သက်​ဆိုင်​​သော ​ရောဂါအားလုံး ပါဝင်​သည်​ ... ။No automatic alt text available.
ကုသနည်း
--------------
နေ့စဉ်​မနက်​​စော​စော ထပါ ... ပြီးရင်​ ဘာမှမစား ၊ မ​သောက်​​သေးပဲ 160cc အရွယ်​အစားရှိ ဖန်​ခွက်​ ​လေးခွက်​ခန့်​​သောက်​ပါ ... ​ရေဟာ ပူရမှာဖြစ်​​ပေမယ့်​ လျှာကျက်​​လောက်​​အောင်​ ပူခြင်းမျိုးမရှိရပါ ... ပူတယ်​ဆိုရုံ​လောက်​သာ ဖြစ်​ရပါမယ်​ ... ။
ရှောင်​ရှားရန်​မှာ -
ရေ​သောက်​ပြီး (၄၅) မိနစ်​ထိ​အောင်​ ဘာတစ်​ခုမှ စားခြင်း ၊ ​သောက်​ခြင်း မရှိရပါ ... ဒါ့အပြင်​ အစား စားပြီးတိုင်း နှစ်​နာရီတိုင်​​အောင်​ ​ရေလုံးဝ မ​သောက်​ရပါ ... ။
အချို့သူ​တွေဟာ အစပိုင်းမှာ ဖန်​ခွက်​​ ​လေးခွက်​မ​သောက်​နိုင်​ကြပါဘူး ... အဲ့ဒီ့အခါမှာ တဖြည်းဖြည်းချင်း ​လေးခွက်​ထိ​ရောက်​​အောင်​ လုပ်​ရပါမယ်​ ... ။
ရေနဲ့​ အမျိုးအမျိုး​သော ​ရောဂါ​တွေကို ကုသခြင်းဟာ သတ်​မှတ်​ကာလ​တွေနဲ့ အတည်​ဖြစ်​ထားပါတယ်​ ... အဲ့ဒါ​တွေက​တော့ -
-: သကြားဓာတ်​ - ရက်​ (၃၀) .
-: ​သွေးတိုး - ရက်​ (၃၀) .
-: အစာအိမ်​နဲ့ပတ်​သက်​တဲ့​ ​ရောဂါဟူသမျှ - (၁၀) ရက်​ .
-: ရှိသမျှ ကင်​ဆာအမျိုးအစား အာလုံး - (၉) လ .
-: ​သွေး​ကြောပိတ်​ခြင်း - (၆) လ .
-: စားချင်​စိတ်​ နည်းပါးခြင်း - (၁၀) ရက်​ .
-: ဆီအိမ်​နဲ့ ဆီးအိမ်​ဆိုင်​ရာ ​ရောဂါများ - (၁၀) ရက်​ .
-: နား ၊ နှာ​ခေါင်း ၊ လည်​​ချောင်း - ရက်​ (၂၀) .
-: အမျိုးသမီး​ရောဂါများ - (၁၅) ရက်​ .
-: နှလုံးနဲ့ နှလုံးဆိုင်​ရာ ​ရောဂါများ - ရက်​ (၃၀) .
-: ​ခေါင်းကြီးကိုက်​ရောဂါ - (၃) ရက်​ .
-: ​သွေးအားနည်းခြင်း - ရက်​ (၃၀) .
-: အဆီ ၊ ကိုလတ်​စ်​ထ​ရောလ်​ - (၄) လ .
-: ရုတ်​တရက်​ လဲကျပြီး သတိလစ်​တတ်​​တဲ့ အာရုံ​ကြော​ရောဂါနဲ့ သွက်​ချာပါဒ​ရောဂါများဟာ (၉) လ ဆက်​တိုက်​​သောက်​ရင်​ ​ပျောက်​​ကြောင်း အာမခံချက်​ရှိထားပါတယ်​ ... ။
-: ပန်းနာ ၊ အသက်​ရှူကြပ်​​ရောဂါများ - (၄) လ .
ရှေး​ဟောင်း ​ဆေးပညာတွင်​လည်း မနက်​စာ မစားခင်​ ​ရေ​နွေး​သောက်​ခြင်းဟာ အကျိုးများစွာ ဖြစ်​ထွန်း​စေ​ကြောင်း ​ဖော်​ပြထားပြီး အလွန်​ပဲ အ​လေးအနက်​ပြုထားပါတယ်​ ... ။
လက်​​တွေ့စမ်းသပ်​ကြည့်​ပါ ... ။
*ရေ​အေး ဆိုရင်​​တော့*
===============
ရေ​အေးဟာ လူကြီးမင်းကို နုပျိုတုန်းမှာ ​ရောဂါမဖြစ်​​စေဘူးဆိုရင်​​တောင်​ နုပျိုမှုကုန်​ဆုံးပြီးတဲ့​နောက်​မှာ ​အဆိုးဝါးဆုံး ရောဂါသည်​ကြီး ဖြစ်​​စေလိမ့်​မယ်​ တဲ့ ... ။
ရေ​အေးဟာ နှလုံးရဲ့​သွေး​ကြော (၄) ခုကို ပူးသွား​စေတယ်​ ... နှလုံးရဲ့​သွေး​ကြောမကြီးကိုလည်း ပိတ်​သွား​စေတယ်​ ... နှလုံး​ရောဂါဖြစ်​ဖို့ အ​ကြောင်းခံဖြစ်​တတ်​တယ်​ ... ။
အများအားဖြင့်​ နုပျိုတုန်းမှာ နှလုံး​ရောဂါဖြစ်​ရတာဟာ အ​အေး​များ သောက်​ခြင်း​ကြောင့်​ပါ ... ။
ရေ​အေးဟာ အသည်းကို ပျက်​စီး​စေတဲ့ အ​ကြောင်းခံဖြစ်တယ်​ ... အဆီ​တွေဟာ ​ရေ​အေး​ကြောင့်​ စုပြီး ခဲသွားတတ်​တယ်​ ... ။
စိတ်​​တော့မရှိပါနဲ့ ... အသည်းအစားထိုးကုသဖို့ ​စောင့်​​မျှော်​​နေသူ​တွေရဲ့ မူလအ​ကြောင်းရင်းဟာ ဒီ​ရေ​အေးပါပဲ ... ။
### အမှန်​က ​ရေ​အေးဟာ အစာအိမ်​အတွင်းပိုင်းက အကာအရံ​တွေကို ထိခိုက်​​စေပြီး သကြားဓာတ်​ကို ဖြစ်​ပေါ်ေ​စတယ်​ ... ။
ရေ​အေးဟာ အစာအိမ်​နဲ့ အူမကြီးကို အန္တရာယ်​ဖြစ်​​စေပြီး ကင်​ဆာ​ရောဂါရဲ့အ​ကြောင်းခံဖြစ်​တတ်​တယ်​ ... ။
လူအားလုံးကို ​ပြောပြပါ ...
မျှ​ဝေ​ပေးပါ။
မူရင်းတင်​ပေးသူကိုCredit -​ပေးပါတယ်​။

ရဂုံတစ်ဝိုက်မှာဖြင့် အကုန်ဝရိုက် (Right)

ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၈ 
(တစ်)
ရောဂါဝေဒနာတွေထဲမှာ ရုပ်မှာစွဲကပ်တဲ့ ဝေဒနာနဲ့ စိတ်မှာ စွဲကပ်တဲ့ ဝေဒနာရယ်လို့ နှစ်မျိုး ရှိသဗျ။ ပြောရရင် ခြေဆစ်၊ လက် ဆစ်တွေ ကိုက်တာခဲတာမျိုး၊ ဝမ်း ပျက်ဝမ်းကိုက်ဖြစ်တာမျိုးဟာ ရုပ် ဝေဒနာပဲပေါ့။ အဲ... စိတ်ဓာတ် တွေ အမြဲတမ်းကျနေတာမျိုး၊ ကိုယ့်ကို အခြားတစ်ပါးသော သတ္တဝါတွေက ထာဝရမကောင်း ကြံနေတာပဲလို့ ထင်မြင်ယူဆနေ တာမျိုးကကျတော့ သေချာပါပြီ။ အဲဒါ စိတ်ဝေဒနာအမျိုးအစား ပေါ့။
အခု... စုံနံ့သာမြိုင်မှာဖြစ်နေ တဲ့ စိတ်ဝေဒနာက တော်တော် ကလေး ထူးဆန်းထွေလာရှိလွန်း သဗျ။ တစ်တောလုံးလိုလိုဖြစ်နေ တာ။ တစ်ကောင်ကနေ တစ် ကောင်ကို ကူးစက်သွားလိုက်တာ များဆိုတာ ဗိုင်းရပ်စ် (Virus) တွေ၊ ဘာတွေကျရောက်သလိုကို ဖြစ်နေတော့တာ။
တောသတ္တဝါတွေဟာ Yes (or) No လို့ဆိုတဲ့ အင်းနဲ့ ဟင့်အင်း ကို မကွဲပြား၊ မခွဲခြားနိုင်တော့တဲ့ ရောဂါတစ်မျိုး ကပ်ငြိလို့နေခဲ့တာ ကြာခဲ့ပေါ့တဲ့။ ပရီဖား (Prefer) လို့ဆိုတဲ့ ဘယ်ဟာကို ပိုကြိုက် တယ်၊ ဘယ်အရာကို ပိုမကြိုက် ဘူးဆိုတဲ့ စိတ်တွေ မရှိတော့တာ တဲ့။
ကဲ... ပြောနေတာ ကြာပါ တယ်။ ဂျက်ကွမ်းခြံကုန်းတွေ့ကြုံ ဆုံစည်းခဲ့ရတဲ့ တောထဲက Yes (or)No ပျောက်ဆုံးသွားခြင်း၊ အင်းနဲ့ ဟင့်အင်း မကွဲပြားတော့ခြင်း အ တွေ့အကြုံကလေးတွေကို အ ကျဉ်းမျှ ရှင်းပြလိုက်တာက ပို ကောင်းမယ်ထင်ပါရဲ့။
(နှစ်)
မျောက်ကလေးတစ်ကောင် ကျောင်းသွားဖို့ ပြင်ဆင်နေတဲ့ တစ်ရက်မှာ သူ့မေမေ မျောက်မ ကြီးက သားဖြစ်သူ ကျောင်းမှာ စားဖို့ ငှက်ပျောသီးကလေး သုံး၊ လေး၊ ငါးလုံး ထည့်ပေးလိုက်ဖို့ လုပ်ပါတယ်။ ငှက်ပျောက်သီးက မျောက်အိမ်မှာ သုံး၊ လေးမျိုးရှိနေ တာဆိုတော့ ထုံးစံအတိုင်း မေးရ ပြီပေါ့။
‘‘သားရေ ဖီးကြမ်းလား၊ ရခိုင်လား၊ နံ့သာပုလား၊ ဘာကြိုက်လဲ မေမေ့သား’’
ကျောင်းသွားတော့မယ့် မျောက်သားငယ်ပြန်ဖြေပုံက တုံး တိတိ။
‘‘ဘာဖြစ်ဖြစ် ရတယ်တဲ့။
‘‘ဟဲ့... မဟုတ်ဘူးလေ၊ ဘယ်ငှက်ပျောကို ပိုကြိုက်သတုံး မေ့သားရဲ့’’
‘‘ဘာဖြစ်ဖြစ် ရပါတယ်ဆို’’
မာမီ မျောက်မကြီး တိတ် သွားတယ်။ သားက ဖီးကြမ်းကို (ဒါမှမဟုတ်) ရခိုင်ကို (ဒါမှ မဟုတ်) နံ့သာပုကို ပိုကြိုက်တယ်။အဲဒါကို ထည့်ပေးလို့ ဖြစ်စေချင် တာ။ ဒါမှမဟုတ်ရင်လည်း ကလေးဘာသာဘာဝ ရွှေငှက် ပျောကို ရအောင်ရှာပေးတို့၊ သား က သီးမွှေးမှ ကြိုက်တာလို့ဆိုပြီး ပူဆာစေ့ချင်တာ။
အခုတော့ကြည့်။ ဘာဖြစ် ဖြစ်ရလေသတဲ့။ မျောက်သား ကလေးမှာ ဘာကို ပိုကြိုက်တယ်၊ ဘာကို ပိုမကြိုက်ဘူးဆိုတာ မရှိ တော့။
(သုံး)
တစ်ရက်တော့ ဖျံမကြီး တိရစ္ဆာန်ဈေးထဲ ဝင်လာပါလေ ရော။ ထုံးစံအတိုင်း ငါးသည် ရှေ့ မှာ မတ်တတ်သွားရပ်တာပေါ့။
‘‘လုပ်ဟယ် သုံးဆယ်သား လောက်’’တဲ့။
အရင်းမရှိ၊ အဖျားမရှိ။ ငါး ရောင်းမယ့် ဖျံမကလေးက ပြန် မေးတာပေါ့။
‘‘အစ်မကတော့ လုပ်ပြီ။ နေ့ တိုင်း သို့ကလိုချည်းပဲ။ ဘာငါးတုံး အစ်မရဲ့။ ငါးကြင်း၊ ငါးဖယ်၊ ငါး ပတ်၊ သုံးဆယ်သားတော့ သုံး ဆယ်သားပေါ့’’တဲ့။
ဖျံမကြီးက ပိုက်ဆံအိတ်ကို ဆွဲဖွင့်နေရင်းက ဘယ်ငါးကိုမှ မက်မက်မောမော လှမ်းမကြည့် ဘဲ ဖြေပါတယ်။
‘‘ကဲ့... ထည့်ပါဟယ်။ ဘာ ငါးဖြစ်ဖြစ် သုံးဆယ်သားပေါ့။ အချိန်ကုန်လို့’’ဆိုလား။
ပြတ်ကရော။
(လေး)
တေးချစ်သူ တိရစ္ဆာန် ကလေးတစ်ကောင်ကို မေးကြည့် မိတယ်။ အဆိုတော်တွေထဲမှာ ဥဩနဲ့ ချိုး ဘယ်သတ္တဝါ ပိုကြိုက် သတုံးလို့။
‘‘ထူးပါဘူးဗျာ။ အကုန် ကြိုက်ပါတယ်’’တဲ့။
အစပ်ကြိုက်တဲ့ ကြက်တူ ရွေးကို မေးမိပါရဲ့။ ဘယ်ငရုတ် ကြိုက်သတုံးပေါ့။ မိုးမျှော်လား၊ ကုလားအော်လား၊ ကိုင်းသီးလား၊ ရွှေအပ်လား။ ဖြေပုံကကြည့်။
‘‘စပ်တာချည်းပါပဲ။ အကုန် ရတယ်’’ဟူ၍။
ယုန်ကလေးက မုန်လာဥ နီသည်ဖြစ်စေ၊ ဖြူသည်ဖြစ်စေ ဆိုလား။ နွားက ကောက်ရိုးဖြစ် စေ၊ မြက်ဖြစ်စေတဲ့။ ပုရွက်ဆိတ် က ထန်းလျက်လည်းချို၊ သကြား လည်းချိုပါသတဲ့။
စုံနံ့သာမြိုင်မှာ အင်း၊ ဟင့် အင်း မရှိတော့။ Yes တွေ No တွေ အရေးမကြီးတော့။ ရဂုံတစ် ဝိုက်မှာ အကုန်ရိုက် (Right) ဆို လား။
တိရစ္ဆာန်တွေ ဟောသည် ဘက်နှစ်ပိုင်းတွေမှာ အနို့ကလို ဖြစ်လာနေခဲ့ကြတာ သိသိသာ သာရှိလွန်းလှပါသတဲ့။
အဲဒါဟာ တောသတ္တဝါတွေ ဆီမှာကျ ရောက်လာတဲ့ စိတ် ရောဂါလက္ခဏာတစ်မျိုးဆိုလား။
‘‘မထူးပါဘူး’’တဲ့။
အနို့ကလို။


(ငါး)
အနို့ကလို မထူးပါဘူးဆိုတဲ့ စိတ်ခံစားမှုရောဂါ၊ အတူတူပါပဲ ဆိုတဲ့ ဝေဒနာတောထဲမှာ စပြီး သန္ဓေတည်လာတာက ကြားဖြတ် ရွေးကောက်ပွဲကတဲ့ ခင်ဗျ။
တစ်ခါတော့ စုံနံ့သာမြိုင် တောထဲက တစ်နေရာဖြစ်တဲ့ သရက်ချောင်မှာ လွှတ်တော် ကိုယ်စားလှယ် တစ်နေရာ လစ် လပ်ပါလေရော။ အဲသမှာ ဝင်အ ရွေးခံတာက သတ္တဝါနှစ်ကောင်။ တစ်ကောင်က ကျား။ တစ်ကောင် က ဝံပုလွေ။
မဲဆန္ဒရှင် သတ္တဝါတွေ တစ် ကောင်မှ မဲလာမပေးကြဘူးဆို လား။ မဲရုံကလေးဟာ ကမ္မဋ္ဌာန်း ကျောင်းကလေးလို တိတ်ဆိတ် လို့။ အလှုပ်အရှားမရှိ။
‘‘ဘယ်သတ္တဝါပဲတက်တက် အကိုက်ခံရမှာက အကိုက်ခံရမှာ ပဲ။ ဒဏ်ရာအကြီးအသေးပဲကွာ မှာ။ ထည့်မနေနဲ့ အဲသည့်မဲ’’တဲ့။
ဟုတ်ပ။ နောက်ပိုင်း စုံနံ့ သာမြိုင်မှာ တောအုပ်ချုပ်ရေးအ တွက် ရွေးကောက်ပွဲကလေးတွေ လုပ်တဲ့အခါ ကြားဖြတ်ပဲ လုပ် လုပ်၊ ကြားမဖြတ်ပဲ လုပ်လုပ် ဘယ်သတ္တဝါမှ မဲလာမထည့်ကြ တော့ဘူး။
‘‘တောလီဒါတွေ ဘယ်လို ပြောင်းပြောင်း တို့များ သတ္တဝါ တွေကတော့ ရဂုံအတွင်းမှာ ဒုံရင်းက ဒုံရင်းပါပဲကွာ’’တဲ့။
အဲဒါ တောအသံ။ သဘော အမှန်။
အနို့ကလိုနဲ့ ဘာမဲမှ မထည့် ချင်ကြတော့တဲ့တောဟာ စိတ် သဘောထားတွေ ဘယ့်နှယ်ဘယ့် နှယ် ပြောင်းလဲသွားလေတယ် မသိ။ နောက်ပိုင်းမှာ ငါးဝယ်ဝယ်၊ ဖားဝယ်ဝယ် ဘာကိုကြိုက်တယ်၊ ဘာကို မကြိုက်ဘူးရယ်လို့ မရှိ တော့။ အင်းတွေ၊ ဟင့်အင်းတွေ စိတ်မဝင်စားတော့။ ဘာဖြစ်ဖြစ် ရတယ်ဆိုတာချည်း။
(ခြောက်)
ဘယ်အရာကိုမှ ပိုကြိုက် တယ်ဆိုတာလည်း မရှိ၊ ပိုမကြိုက်ဘူးဆိုတာလည်း မရှိတော့ဘဲနဲ့ ဘေးဖယ်ကာ မရွေးမချယ်နေ တတ်တဲ့ တောစရိုက်ဟာ မော ဟိုက်စရာကောင်းလွန်းလှပါဘိ။ အကုန်လုံး အောရိုက် (All Right) ပါပဲကွာဆိုတဲ့ သဘောထားနဲ့ တောဘဝကို လျှော့ချပစ်လိုက်တဲ့ စိတ္တဇဝေဒနာကြီးဟာ သတ္တဝါ တိုင်းမှာ စွဲကပ်လို့။
တိရစ္ဆာန်ဆေးကုဆရာဝန် တွေ တောကို ပထမဦးဆုံး စပြီး ကုရမှာက သတ္တဝါတွေ ကြိုက် တာကို ကြိုက်ကြောင်း၊ မကြိုက် တာကို မကြိုက်ကြောင်း ပြောချင် တဲ့ ဆန္ဒကလေးတွေ ပြန်ပြီးပေါ် လာဖို့။ အချိန်ဘယ်လောက်ကြာ ကြာ ယူရမယ်မပြောတတ်ပါ ဘူး။ ။
(ဂျက်ကွမ်းခြံကုန်းသည် သရော် စာ ရေးသားသူဖြစ်သည်။)
credit- 7Days
#YawMinGyi #ဆောင်းပါးကဏ္ဍ

အောင်လအန်ဆန် ကိုယ်တိုင်သင်ပေးမယ့် တစ်ရက်တာ MMAသင်တန်း ရန်ကုန်မြို့မှာဖွင့်လှစ်မယ်


3.12.2018
အခုလ (၁၃)ရက်နေ့မှာတော့ ရန်ကုန်မြို့ အင်းယားလမ်းပေါ်မှာရှိတဲ့ Infinity Fitness အားကစားခန်းမမှာလိုက်ဟဲဗီးဝိတ်နဲ့မက်ဒယ်ဝိတ်တန်းများရဲ့ ကမ္ဘာ့ချန်ပီယံ မြန်မာ့စပါးအုံး အောင်လအန်ဆန်က သူရဲ့ MMAတိုက်ခိုက်ရေးပညာ သင်တန်းကို တစ်ရက်တာအဖြစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒီသင်တန်းက ရလာမယ့်ငွေကြေးတွေကိုတော့ ပညာရေးအတွက်အခက်အခဲဖြစ်နေတဲ့ကျောင်းသားကျောင်းသူတွေကို ထောက်ပံ့ပေးသွားမယ်လို့ အောင်လအန်ဆန် က သူရဲ့ လူမှုကွက်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။


ဒီသင်တန်းကို စိတ်ဝင်စားတဲ့ဘယ်သူမဆို စာရင်းပေးတက်ရောက်နိုင်မှာဖြစ်ပြီး ရလာတဲ့ငွေကြေးအားလုံးကိုလှူဒါန်းသွားမယ်လို့သိရပါတယ်။

ဒါ့အပြင် အောင်လအန်ဆန်ပုံပါတဲ့တီရှပ်နဲ့ လက်ဝှေ့အိတ်တွေကိုလည်းရောင်းချပေးသွားဖို့စီစဉ်ထားပါတယ်။
credit -Popular News

ပအို့ဝ်တိုင်းရင်းသားခေါင်းဆောင်များနှင့် ဦးသန်းရွှေ တွေ့ဆုံ

 ဒီဇင်ဘာ ၃ ရက် ၂၀၁၈ ခုနှစ် 

လူအများနှင့် တွေ့ခဲလှသည့် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေသည် နိုဝင်ဘာလ ၂၈ ရက်နေ့က ပအို့ဝ်တိုင်းရင်းသားခေါင်းဆောင်များကို နေပြည်တော်ရှိ သူ၏နေအိမ်တွင် လက်ခံတွေ့ဆုံပြီး တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်ကံကို ယုံကြည်လွန်းသည့် အယူအဆဟောင်းကို ပယ်ကာ လမ်းများတည်ဆောက်ခြင်း၊ ကလေးများကို ပညာသင်ကြားပေးခြင်းတို့ကို အားပေးလုပ်ဆောင်ကြရန် တိုက်တွန်းလိုက်သည်။
အသက် ၈၃ နှစ်ရှိပြီဖြစ်သော စစ်အစိုးရ ခေါင်းဆောင်ဟောင်းသည် ပအို့ဝ်အမျိုးသားအဖွဲ့ချုပ် (PNO) ဥက္ကဌဟောင်းနှင့် နာယက ဦးအောင်ခမ်းထီ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့သည်။
“ပအို့ဝ်တွေက အရင်ဘဝက ပြုခဲ့တဲ့ ကံကိုသာ မှီခိုအားထားကြပြီး လက်ရှိအခြေအနေကို ဘယ်လိုအကောင်းဆုံး အသုံးချမလဲဆိုတာ မစဉ်းစားကြဘူး။ လက်ရှိဘဝမှာ အားထုတ်မှုလုပ်ရမယ်။ ကံကို အလွန်အကျွံ ယုံကြည်လို့ မရဘူး” ဟု ထိုတွေ့ဆုံပွဲသို့ လိုက်ပါသွားခဲ့သော ပအို့ဝ် အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေက ဦးသန်းရွှေ၏ စကားများကို အကျဉ်းပြန်ပြောပြသည်။
“ပအို့ဝ်တွေ အမြဲတမ်း အလုပ်ကြိုးစားရမယ်လို့ သူက ကျနော်တို့ကိုပြောတယ်။ ခုချိန်က တိုးတက်မှုအတွက် လုပ်ဖို့ကောင်းတဲ့အချိန်ပဲလို့ ပြောတယ်။ ကံကို ယုံလို့ ဘာမှ ဖြစ်မလာဘူးလို့လည်း ပြောတယ်”။
ပအို့ဝ်များအနေဖြင့် ၎င်းတို့အသိုင်းအဝန်းအကြား ပိုမို စုစည်း ညီညွတ်စေရန် ရှမ်းပြည်တောင်ပိုင်းရှိ ၎င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လမ်းများကောင်းမွန်အောင် လုပ်သင့်ကြောင်း၊ ပအို့ဝ်ကျောင်းသားများ ပညာရေးတိုးတက်စေရန် ဖောင်ဒေရှင်းထောင်ရန်လည်း ဦးသန်းရွှေက အကြံပြုကြောင်းလည်း သိရသည်။
တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ပအို့ဝ်ခေါင်းဆောင် ဦးအောင်ခမ်းထီတို့ တွေ့ဆုံစဉ်

“ဒါဟာ ပအို့ဝ်တွေ သူတို့ဒေသမှာ ပညာ ပိုကောင်းကောင်းတတ်ဖို့ တခုတည်းသော နည်းလမ်းလို့ သူပြောတယ်ဗျ” ဟု ဦးခွန်သိန်းဖေပြောသည်။ “ဒီဒေသမှာ ငြိမ်းချမ်းရေးရပြီးသားဆိုတော့ ဆက်လက်ထိန်းသိမ်းဖို့လည်း သူပြောတယ်” ဟုလည်း ဆိုသည်။
ပအို့ဝ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း PNO နှင့် စစ်အစိုးရ ၁၉၉၁ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့ပြီးနောက် ပအို့ဝ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် အသိအမှတ် ပြုခံရကာ PNO ကို လုံခြုံရေးကို စီမံသော ပြည်သူ့စစ်နှင့် နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။
ပအို့ဝ်ခေါင်းဆောင်များသည် တပ်မတော်နှင့် တပ်မတော်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီနှင့် နီးစပ်နေဆဲဖြစ်ပြီး ဒေသတွင်းမှ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများက PNO သည် ဒေသခံများကို ပြည်သူ့စစ်အဖြစ် အတင်းအကျပ်စေခိုင်းကြောင်း စွပ်စွဲသည်။
PNO ခေါင်းဆောင်များသည် ဦးသန်းရွှေ ထံ တနှစ်တကြိမ် သွားရောက်လည်ပတ်ကြပြီး ဂါရဝပြုကာ ၎င်းတို့ဒေသ တိုးတက်ရေးအတွက် အကြံဉာဏ်တောင်းလေ့ရှိသည်။
နေပြည်တော်ခရီးစဉ်အတွင်း ပအို့ဝ် ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၂၈ ရက်နေ့က တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုလည်း တွေ့ဆုံခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပအို့ဝ်တို့သည် နိုင်ငံအကျိုးအတွက် ဆောင်ရွက်သင့်ကြောင်း၊ ပညာရေးစနစ် တိုးတက်အောင် အရင်လုပ်မှသာ နိုင်ငံအကျိုးဆောင်နိုင်မည်ဖြစ်ကြောင်းပြောသည်ဟု သိရသည်။
credit-ဧရာဝတီ