Wednesday, May 29, 2019
တရားမမှုများအားစေ့စပ်ဖြေရှင်းပေးမည့်စနစ် တရားရုံးလေးခုတွင် စမ်းသပ်
တရားမမှုကိုအမှုသည်နှစ်ဖက်အကြားစေ့စပ်ဖြေရှင်းရေးအရာရှိက ညှိနှိုင်းဖြေရှင်းပေးသည့်စနစ်သစ်ကို တရားရုံးလေးခုတွင် စတင်စမ်းသပ်နေပြီဖြစ်သည်။
“တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး”ဟုအမည်ပေးထားသည့်စနစ်သစ်ကိုနေပြည်တော်ရှိဒက္ခိဏခရိုင်တရားရုံး၊တပ်ကုန်းမြို့နယ်တရားရုံး၊တောင်ငူခရိုင်တရားရုံးနှင့်တောင်ငူမြို့ နယ်တရားရုံးတို့တွင် မတ်လမှစ၍ ရှေ့ပြေးအစီအစဉ်ဖြင့်စတင်နေပြီဖြစ်သည်။
စနစ်၏အလုပ်လုပ်ပုံမှာတရားရုံးရှိအခန်းတစ်ခုအတွင်းစေ့စပ်ဖြေရှင်းရေးအရာရှိကအမှုသည်နှစ်ဦးအကြား ညှိနှိုင်းဖြေရှင်းပေးခြင်းဖြင့် နှစ်ဖက်ကျေနပ်လက်ခံလာစေမည့်သုံးပွင့်ဆိုင်နည်းလမ်းဖြစ်သည်။
စေ့စပ်ဖြေရှင်းမှုမအောင်မြင်ပါကလက်ရှိစနစ်ဖြစ်သည့်တရားမကျင့်ထုံးဥပဒေအရစစ်ဆေးကြားနာခြင်းကိုဆောင်ရွက်နိုင်မည်ဖြစ်သည်။
အဆိုပါစနစ်ကိုအသုံးပြုရာ၌ အများပြည်သူရှေ့မှောက်တွင် ဆောင်ရွက်ခြင်းမဟုတ်၍အမှုသည် များ၏အချက်အလက်များကို လုံခြုံစွာလျှို့ဝှက်ထားနိုင်ခြင်း၊ကုန်ကျစရိတ်သက်သာခြင်းနှင့်အချိန်တိုအတွင်းဖြေရှင်းနိုင်ခြင်းတို့ကြောင့်အမှုသည်များစိတ်ကျေနပ်မှုမြင့်မားစေမည်ဟုပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားသည်။
ငွေကြေးလိမ်လည်မှု၊ကွာရှင်းမှုနှင့်အမွေဆက်ခံမှုစသည့်တရားမမှုများကိုအဆိုပါစနစ်ဖြင့်နိုင်ငံတကာတွင်ကျင့်သုံးအောင်မြင်လျက်ရှိသည်။ဂျပန်နိုင်ငံသည်အဆိုပါစနစ်ကိုလွန်ခဲ့သည့်အနှစ်တစ်ရာ ကျော်ကစတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏“တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး”စနစ်စတင်နိုင်ရန်ဂျပန်-အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၏တရားရေးရာနှင့်ဥပဒေရေးရာစီမံကိန်းကအကူအညီပေးနေသည်။
“မြန်မာနိုင်ငံနဲ့ဒီစနစ်ကကိုက်ညီမယ်လို့ယုံကြည်ပါတယ်။သုံးပွင့်ဆိုင်တွေ့ဆုံမှုဖြစ်လို့အဂတိမှုကင်းရှင်းဖို့အထောက်အကူပြုပါလိမ့်မယ်။”ဟု(JICA)၏ဥပဒေအကြံပေးပုဂ္ဂိုလ်Ms.Tomoko Nakashimaကပြောသည်။ゞင်းသည်ဂျပန်နိုင်ငံတွင်ပုဂ္ဂလိကရှေ့နေအဖြစ်အဆိုပါအမှုပေါင်းတစ်ရာကျော်ခန့်ကိုင်တွယ်ခဲ့သည့်အတွေ့အကြုံရှိသည်။
“မြန်မာနိုင်ငံမှာဒီစနစ်အောင်မြင်ဖို့အဓိကစိန်ခေါ်ချက်ကစေ့စပ်ဖြေရှင်းရေးအရာရှိတွေမွေးထုတ်နိုင်ဖို့ပါပဲ”ဟု ၄င်းကပြောသည်။
နိုင်ငံတကာတွင်စေ့စပ်ဖြေရှင်းရေးအရာရှိအဖြစ်ရှေ့နေများကိုအသုံးပြုလျက်ရှိသည်။မြန်မာနိုင်ငံတွင်လက်ရှိအချိန်၌စေ့စပ်ဖြေရှင်းရေးအရာရှိအဖြစ်တရားသူကြီးများကိုသာမကအနာဂတ်တွင်တရားရေး ဝန်ထမ်းများကိုပါ တာဝန်ပေးလာနိုင်ကြောင်း ၄င်းကပြောသည်။
“တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေး”စနစ်သည်ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏၂၀၁၈-၂၀၂၂ မဟာဗျူဟာစီမံကိန်းတွင်ထည့်သွင်းသတ်မှတ်ထားပြီးတရားရုံး၏မှုခင်းစီမံခန့်ခွဲမှုများပိုမိုထိရောက်ရန်နှင့်တရားရုံးအသုံးပြုသူများပိုမိုအဆင်ပြေစေရန်ရည်ရွယ်သည်။
Credit - Myanmar Times
ရခိုင်ပြည်နယ်အရေး အစိုးရနှင့် ကုလအဖွဲ့များ တရားဝင်ပူးပေါင်းမှု သက်တမ်းတိုး
ရခိုင်ပြည်နယ်(မြောက်ပိုင်း) အခြေအနေတိုးတက်မှုများရရှိလာရန် အစိုးရ နှင့် ကုလသမဂ္ဂအဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့အကြား တရားဝင်ပူးပေါင်းမှု သက်တမ်းတိုးလိုက်ကြောင်း ကုလသမဂ္ဂဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က မေ ၂၈ ရက်က သတင်း ထုတ်ပြန်ထားသည်။
မြန်မာအစိုးရနှင့် ကုလအဖွဲ့အစည်းများအကြား ရခိုင်အရေး တရားဝင် ပူးပေါင်းဆောင်ရွက်မှုမှာ လာမည့်ဇွန်လဆန်းတွင် သက်တမ်းကုန်မည်ဖြစ်၍ နားလည်မှုစာချွန်လွှာအား စာချုပ်ပါအဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်နှင့် အတူ တစ်နှစ်သက်တမ်းထပ်မံတိုးမြှင့်ရန် မေ ၂၈ ရက်က နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့သည်။
သုံးပွင့်ဆိုင်နားလည်မှုစာချွန်လွှာအား လွန်ခဲ့သည့် ၂ဝ၁၈ ခုနှစ်ဇွန် ၆ ရက်က စတင်လက်မှတ်ရေးထိုးခဲ့ပြီး ဘင်္ဂ္လားဒေ့ရှ်နိုင်ငံရောက်ဒုက္ခသည်များ မိမိတို့သဘောဆန္ဒအလျောက်ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် နေရပ်ပြန်သောအခြေအနေများဖြစ်ပေါ်လာစေရန်အတွက် အထောက်အကူပြုခြင်းနှင့်ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင်နေထိုင်သည့် လူမှုအသိုက်အဝန်းများအားလုံးအတွက် ဖွံ့ဖြိုးတိုးတက်၍ ခံနိုင်ရည်အားကောင်းသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖန်တီးပေးရာ၌ ကူညီပံ့ပိုးပေးခြင်းများအတွက်ရည်ရွယ်၍ မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု မူဘောင်တစ်ရပ် တည်ထောင်ရန်အတွက် လိုအပ်သည့်ခြေလှမ်းသစ်တစ်ရပ်အနေဖြင့် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း UNHCR ၏ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။
အပြန်အလှန် သဘောတူညီချက်စာလွှာများတွင် စာချုပ်ပါအဖွဲ့ဝင်များအနေဖြင့် နားလည်မှုစာချွန်လွှာအား သဘောတူညီချက်ပါကာလအတွင်း ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်သွားရန်အတွက်လည်း ထပ်လောင်းကတိပြုခဲ့ကြသည်။
နားလည်မှုစာချွန်လွှာ၏ အပိုဒ် ၁၁ အရ အရေးပေါ်ဦးစားပေးကိစ္စရပ်ဖြစ်သော မြန်မာနှင့် ဘင်္ဂ္လားဒေ့ရှ်အကြားရှိ နိုင်ငံတကာနယ်စပ်မျဉ်းနှင့် မြန်မာပိုင်နက်နယ်မြေရှိ နယ်စပ်ခြံစည်းရိုးတို့အကြားတရားမဝင် ဝင်ရောက်နေထိုင်သည့် နေရပ်စွန့်ခွာသူများ ဆန္ဒအလျောက်အမြန်ပြန်လာရေးနှင့် ゞင်းတို့၏ မူလနေရပ် (သို့မဟုတ်) ゞင်းတို့ရွေးချယ်သည့်နေရပ်နှင့် အနီးဆုံးနေရာများတွင် ပြန်လည်နေရာချထားပေးရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် UNDP နှင့် UNHCRတို့သည် မြန်မာအစိုးရအား အဆောတလျင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန် သဘောတူထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြီးခဲ့သည့် ရက်ပိုင်းကသံတမန်များအား ရှင်းပြခဲ့သည်။
Credit - Myanmar Times
တရားသူကြီးများ ကျမ်းကျိန်ရမည့် ဥပဒေကြမ်း အမျိုးသား လွှတ်တော် အတည်ပြု
တရားသူကြီးများ အမှု စစ်ဆေးရန် အတွက် နေ့စဉ် တရားခွင်၌ ကျမ်းသစ္စာ ကျိန်ဆိုရမည့် ဥပဒေ ပါဝင်သော ပြည်ထောင်စု တရား စီရင်ရေး ဥပဒေ မူကြမ်းကို ယမန်နေ့က ကျင်းပသော အမျိုးသား လွှတ်တော်တွင် အတည်ပြု လိုက်သည်။
ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထ အကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းအား အမျိုးသား လွှတ်တော်တွင် တပိုဒ်ချင်းစီ ဖတ်ကြားကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ပြည်သူနှင့် တရားရုံးကြား ယုံကြည်မှု တည်ဆောက်နိုင်ရေး အတွက် အမှုများကို စစ်ဆေး အမိန့်ချသည့် တရားသူကြီး ကိုယ်တိုင် ကျမ်းသစ္စာ ကျိန်ဆိုရန် အဆိုကို ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် ၁ မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုးမိုးက ယခုနှစ် ဇန်နဝါရီလအတွင်း အဆိုတရပ် တင်သွင်းခဲ့ပြီး အမျိုးသား လွှတ်တော်က ယင်းအဆိုကို အတည်ပြုခဲ့သည်။
ယင်းအဆိုကို အကောင်အထည် ဖော်သည့် အနေဖြင့် ပြည်ထောင်စု တရား လွှတ်တော်ချုပ်က လွှတ်တော်သို့ ဥပဒေကြမ်း တင်သွင်းခဲ့ပြီး လွှတ်တော်က ဆွေးနွေး အတည်ပြုခဲ့ခြင်း ဖြစ်သည်။
အမျိုးသား လွှတ်တော်က ယနေ့ အတည်ပြုလိုက်သော ပြည်ထောင်စု တရားစီရင်ရေးဥပဒေ ပုဒ်မ ၂၃ ပုဒ်မခွဲ (ဂ)၊ အပိုဒ်ခွဲငယ်၂ တွင် ယင်းဥပဒေ၏ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) အရ ရွေးချယ်ခန့်ထားခြင်းခံရသည့် တရားသူကြီးများက နေ့စဉ် တရားခွင် တက်ရန် စတင် ဆောင်ရွက်သည့် အချိန်တွင် တရားခွင်၌ ကျမ်းသစ္စာပြုရန် အတွက် စီစဉ် ဆောင် ရွက်ရမည် ဟု ပါရှိသည်။
ခြွင်းချက် အနေဖြင့် ဥပဒေ တရပ်ရပ် အရ ကျမ်းသစ္စာပြုရန် ကင်းလွတ်ခွင့် ရှိသူဖြစ်ပါကလည်း ကတိသစ္စာပြုရန် စီစဉ် ဆောင်ရွက်ရမည် ဖြစ်သည်။
အဆိုပါ ဥပဒေကို တပိုဒ်ချင်းစီ ဖတ်ကြား အတည်ပြုစဉ်တွင် တရားသူကြီးများ ကျမ်းသစ္စာ ကျိန်ဆိုရမည့် ပုဒ်မနှင့် ပတ် သက်ပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက သဘောမတူကြောင်း ကန့်ကွက်ခဲ့သည်။
အဆိုပါ ပုဒ်မအရ တရားသူကြီးများက တရားခွင်၌ ကျမ်းသစ္စာ ဆိုရာတွင် မည်သူ့ ရှေ့တွင် ကျိန်ဆိုမည်လဲ ဆိုသည်မှာ အဓိက ပြဿနာ ဖြစ်ပြီး လိုက်နာရန် ခက်ခဲနိုင်၍ ယင်းပုဒ်မကို ပယ်ဖျက်ရန် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း မကွေးတိုင်း ဒေကြီးမှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက လွှတ်တော် အစည်းအဝေး အပြီးတွင် သတင်း ထောက်များကို ပြောသည်။
၎င်းက“နေ့စဉ် တရားသူကြီးတွေက ကျမ်းကျိန်တဲ့ အခါမှာ ဘယ်မှာ ကျိန်ရမလဲ၊ ဘယ်သူ့ရှေ့မှာ ကျိန်ရမလဲဆိုတဲ့ ဥပဒေကို လိုက်နာ ကျင့်သုံးနိုင်ဖို့ အခက်အခဲက ကြီးမားတဲ့ ပြဿနာပါ။ ဒါဖြင့် နိုင်ငံတော် တံဆိပ်ကြီးရှေ့မှာ ကျိန်ကြမလား၊ အခြား လွှတ်တော် ဥက္ကဋ္ဌတွေရှေ့မှာ၊ နာယကတွေ ရှေ့မှာတို့ ကျိန်ရမယ့် အခြားကိစ္စတွေမှာ မလိုဘူး၊ နိုင်ငံတော် တံဆိပ် ရှေ့မှာ ပဲ ကျိန်ရင် ဖြစ်တာပဲဆိုတဲ့ ပုံစံမျိုးတွေ နောင်မှာ ရောထွေးရှုပ်ထွေးလာပြီး လျော့တိလျော့ရဲဖြစ်သွားမယ်။ ဒါကြောင့် ဒီ အချက် ကို ကန့်ကွက်တာပါ”ဟု ပြောသည်။
ယခု ဥပဒေ ပြဋ္ဌာန်းခြင်းကြောင့် လုပ်ကိုင်ရ ခက်ခဲမည် ဖြစ်ပြီး တရားစီရင်ရေး ကဏ္ဍကို ဖြောင့်မတ် မှန်ကန်လာစေမည် မဟုတ်သဖြင့် အဆို တင်သွင်းစဉ် ကတည်းက ကန့်ကွက် ဆွေးနွေးခဲ့ကြောင်း၊ ဥပဒေအား အတည်ပြုရန်အတွက် သဘော မတူသူ ရှိပါသလားဟု လွှတ်တော် ဥက္ကဋ္ဌက မေးမြန်းရာတွင်လည်း ၎င်းက မတ်တတ်ရပ်၍ သဘောမတူဟု ပြောဆိုခဲ့ ကြောင်း၊ သို့ရာတွင် လွှတ်တော်ဥက္ကဋ္ဌက မမြင်မသိဘဲ အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဦးတင်အောင်ထွန်း အနေဖြင့် ယခုကဲ့သို့ အတည်ပြုသည့် အချိန်တွင်မှ ကန့်ကွက်ခြင်းသည် အမျိုးသား လွှတ်တော် နည်း ဥပဒေပုဒ်မ ၁၉၁ အရ လုပ်ထုံးလုပ်နည်းနှင့် မညီသောကြောင့် ကန့်ကွက်၍ မရကြောင်း အမျိုးသား လွှတ်တော်ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက လွှတ်တော်တွင် သတင်းထောက်များကို ပြောသည်။
ပြဋ္ဌာန်းထားသော ပြစ်မှုဆိုင်ရာဥပဒေ၊ တရားရုံး လက်စွဲများ အရ တရားသူကြီးများသည် စတင် ခန့်ထားစဉ်အချိန်မှ အပ တစုံတဦး၏ ရှေ့မှောက်တွင် ကျမ်းကျိန်ရန် မလိုဘဲ တရားခွင် သို့မဟုတ် တရားရုံး၏ ရှေ့မှောက်တွင် ကျမ်းကျိန်နိုင်သည် ဟုလည်း ဦးဇော်မင်းက ဥပဒေနှင့် ပတ်သက်၍ ရှင်းပြသည်။
မြန်မာနိုင်ငံ တရားစီရင်ရေး လောကတွင် အများ ကြားသိထားသည့် အတိုင်း အားနည်းချက်များ ရှိနေ၍ ယခုကဲ့သို့ ဥပဒေ ပြင်ဆင်ရခြင်း ဖြစ်ကြောင်း၊ မြန်မာပြည်သူများသည် ကျမ်းကျိန်ခြင်းကို ယုံကြည်မှုရှိ၍ တရားသူကြီးများ ကျမ်းကျိန်ခြင်းဖြင့် တရားစီရင်ရေး ကဏ္ဍကို အကျိုးသက်ရောက်မှု ရှိမည် ဖြစ်ကြောင်း၊ တရားစီရင်ရေး တည့်မတ် မှန်ကန်စေရန်ကိုမူ အာမ မခံ ကြောင်း ဦးဇော်မင်းက ပြောသည်။
မြန်မာနိုင်ငံ တရားစီရင်ရေးကဏ္ဍ တည့်မတ်မှန်ကန်ရေး အတွက် အဓိက သက်ဆိုင်သည့် တရားသူကြီး၊ ဥပဒေအရာရှိများ၊ ရှေ့နေများ၊ တရားစွဲ အဖွဲ့အစည်းဖြစ်သည့် ရဲတပ်ဖွဲ့တို့က အဂတိ ကင်းစင်ပြီး ဥပဒေကို ဥပဒေအတိုင်း လိုက်နာ အသုံးပြုမှ သာ တရားစီရင်ရေး စနစ်က ပြည်သူများ ယုံကြည် ကိုးစားသည့် အခြေအနေကို ရောက်လာမည် ဖြစ်ကြောင်း၊ အစိုးရက လည်း အဂတိ ကင်းစင်စေရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကဲ့သို့ လိုအပ်သော ဥပဒေများဖြင့် ထိန်းချုပ်ခြင်း၊ အဂတိ ကင်းစင်သော စိတ်ခံယူချက်များ ဖြစ်ရန် ပြောင်းလဲစေခြင်းတို့ကို ပြုလုပ်ပေးရမည်ဖြစ်ကြောင်း ဦးတင်အောင်ထွန်း က ပြောသည်။
တရားသူကြီးများ ကျမ်းကျိန်ခြင်းဖြင့် မြန်မာနိုင်ငံတရားစီရင်ရေး တည့်မတ်လာမည် မဟုတ်သည့် အတွက် ယခု ဥပဒေ သည် မလိုအပ်ကြောင်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးက ဧရာဝတီ သို့ ပြောသည်။
ဦးသိန်းသန်းဦးက“ဒါကြီးက အလုပ်ကို မဖြစ်တာပဲ။ ကျမ်းကျိန်ပြီးတော့ မမှန်မကန် စစ်ဆေးလည်း ရတာပဲ။ ဖြစ်တာပဲ ဒါကြီးက အလုပ်ပိုတယ်”ဟု ပြောသည်။
ယင်းအစား၂၀၁၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေကို ပြင်ဆင်ရန် ကြိုးစားရမည် ဖြစ်ပြီး တရားရေး ဝန်ကြီးဌာန တည် ထောင်ကာ တရားစီရင်ရေး ကဏ္ဍကို ထိန်းကျောင်းနိုင်အောင် ကြိုးစားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တရားစီရင်ရေးကို နည်းလမ်းတကျ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေနိုင်ရန် အတွက် တရားရုံးများ လက်စွဲကို ပြဋ္ဌာန်းထားပြီး၊ အဆိုပါ တရားရုံးများ လက်စွဲပါ လမ်းညွှန်ချက်များကို တရားရုံး အသီးသီက လိုက်နာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တရားရုံးများ လက်စွဲ အပိုဒ် ၇၅ တွင် ကျမ်းသစ္စာ အက်ဥပဒေ ပုဒ်မ ၇ အရ ကျမ်းသစ္စာ ကျိန်ဆိုရန်နှင့် ကတိ သစ္စာဆိုရန် ပုံစံများအား ပြဋ္ဌာန်းထားကြောင်း သိရသည်။
Credit - Irrawaddy
မြစ်ဆုံစီမံကိန်းစာချုပ် တလအတွင်း ထုတ်ပြန်ပေးဖို့ လှုပ်ရှားသူတွေ တောင်းဆို
မြစ်ဆုံစီမံကိန်းစာချုပ်ကို တလအတွင်း ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့နဲ့ စီမံကိန်း စာချုပ်ကို တရားဝင် မိတ္တူကူးယူခွင့်ပြုဖို့ မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်က တောင်းဆိုလိုက်ပါတယ်။ လက်ရှိအရပ်သား အစိုးရလက်ထက်မှာ မြစ်ဆုံ စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းဖို့ မျှော်လင့်ခဲ့ပေမယ့် ဖြစ်မလာဘူးလို့လည်း ဆိုပါတယ်။ ဒီအကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
မြစ်ဆုံစီမံကိန်းစာချုပ်ကို ပြည်သူကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့နဲ့ စာချုပ်ကို တရားဝင် မိတ္တူ ကူးယူခွင့်ပြုဖို့ကို ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက်က တောင်းဆိုလိုက်တာပါ။
မြစ်ဆုံစီမံကိန်းအပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံး ဆိုင်ရာ ကွန်ယက် ပြောရေးဆိုခွင့်ရှိသူ ဦးခင်စိုးက
"ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူများနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံဘက်မှ တာဝန်ရှိသူများ ၂ ဦး ၂ ဘက် ချုပ်ဆိုထားသည့် မြစ်ဆုံစီမံကိန်း စာချုပ်အား ယနေ့ ၂၈ ရက်၊ ၅ လ၊ ၂၀၁၉ မှ ၂၈ ရက်၊ ၆ လ၊ ၂၀၁၉ အထိ တလအတွင်း နိုင်ငံသားတို့အား ပွင့်လင်းမြင်သာစွာ ချပြရန်နှင့် တရားဝင် မိတ္တူ ကူးယူခွင့်ပြုရန် ကျနော်တို့ မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်က တောင်းဆိုလိုက်ပါသည်။"
မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်ကို သဘာပတ်ဝန်းကျင်ပညာရှင် ဥပဒေပညာရှင်တွေအပြင် မြန်မာနိုင်ငံအနှံ့အပြားမှာ ရှိတဲ့ ကွန်ယက် ၅၀ ကျော်နဲ့ ဖွဲ့စည်းထားတာလည်း ဖြစ်ပါတယ်။ စီမံကိန်းစာချုပ်ကို တလအတွင်း ပြည်သူလူထုကို ချမပြဘူးဆိုရင် အစည်းအဝေးပြုလုပ်ပြီး အပြီး တိုင်ရပ်ဆိုင်းဖို့ ဆက်လက်လုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်းကို သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ခေတ္တရပ်ဆိုင်းခဲ့ပြီး အရပ်သားအစိုးရဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရတက်လာတဲ့အချိန်မှာ စီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းလိမ့်မယ်လို့ မျှော်လင့် ခဲ့တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ရမ်းက ပြောပါတယ်။
"ဒီပြည်သူလူထု ရွေးချယ်တင်မြှောက်လိုက်တဲ့ မဲ တကယ် အများစုရထားတဲ့ လက်ထက်မှာတော့ ကျနော်တို့ အားလုံးက သွေးရိုးသားရိုးပဲ အပြီးတိုင် ရပ်ဆိုင်းမယ်လို့ မျှော်လင့်ခဲ့မိတယ်။ ဒါပေမယ့် မကြာခင်က နိုင်ငံတော် အတိုင်ပင်ခံရဲ့ ပြည်တွင်း ခရီးစဉ်မှာ သူပြောခဲ့တာက ဘာလည်းဆိုတဲ့အခါကျတော့ ကျနော်တို့ စာချုပ်တွေ ဟာ ဖျက်ချင်တိုင်း ဖျက်လို့မရဘူး။ ရပ်ချင်တိုင်း ရပ်လို့မရဘူးဆိုတဲ့ စကားမျိုးတွေ ပြောလာပါတယ်။ အဲ့တော့ မြစ်ဆုံစီမံကိန်းလည်း အလားတူပဲဆိုတဲ့အခါကျတော့ ကျနော်တို့ အများကြီး ခေါင်းကြီးသွားခဲ့တယ်။ ကျနော်တို့ တိုင်းသူပြည်သားတွေလည်း အများကြီး စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်တယ်။ ပညာရှင်တွေလည်း စိုးရိမ် ကြောင့်ကြမှုတွေ ဖြစ်တယ်။"
အရပ်သားအစိုးရလက်ထက်မှာ ပြည်သူတွေမျှော်လင့်သလို မြစ်ဆုံစီမံကိန်း အပြီးတိုင်း မရပ်ဆိုင်းနိုင်သေးပါဘူး။ မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်လို့ ပြည်သူတွေရဲ့ ဆန္ဒကို အသိအမှတ်ပြုပေးဖို့လိုကြောင်း ဦးဇော်ရမ်းက ပြောပါတယ်။
"ကျနော်တို့ နိုင်ငံတော်ကို ဘာတွေ မက်ဆေ့ပေးချင်လည်း ပြောချင်လည်းဆိုတဲ့အခါကျတော့ ကျနော်တို့ ပြည်သူပြည်သားတွေက တောင်းဆိုလာတဲ့အခါမှာ စိုးရိမ်လာတဲ့အခါမှာ ကျနော်တို့ရဲ့ လူ့အခွင့်ရေး ဒီမိုကရေ စီရေးအရ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် တောင်းဆိုလာတဲ့အခါမှာ ကျနော်တို့ရဲ့ စကားကို ကျနော်တို့ရဲ့ ဆန္ဒကို ကျနော်တို့ရဲ့ ပါဝင်ခွင့်ကို အသိမှတ်ပြုပေးဖို့ ဒီနေရာကနေပြီးတော့ နိုင်ငံတော် သမ္မတကြီးကော နိုင်ငံတော်အတိုင်ပင်ခံကော ကျနော်တို့လွှတ်တော်တွေကော ပြောချင်ပါတယ်။"
ဒီမြစ်ဆုံစီမံကိန်းကို ၂၀၀၆ ခုနှစ် စစ်အစိုးရလက်ထက်မှာ အမှတ် ၁ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံ CPI ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူ တွေရဲ့ လူမှုဘ၀ရှင်သန် ရပ်တည်မှုတွေအပေါ် ဆိုးကျိုးတွေ ဖြစ်နိုင်တာကြောင့် မြစ်ဆုံစီမံကိန်းကို ဆက်မလုပ်ဖို့ ပြည်သူလူထု တရပ်လုံးက ဆန့်ကျင်ကန့်ကွက်ခဲ့တာကြောင့် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ ဒီစီမံကိန်းကို ယာယီရပ်ဆိုင်းခဲ့တာဟာဆိုရင် အခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ လက်ထက်ထိ ဖြစ်ပါတယ်ခင်ဗျာ။
Credit - VOA
အငြိမ်းစားတွေ ပင်စင်ထုတ်ရာမှာ ခက်ခဲနေဆဲ
အငြိမ်းစားတွေအနေနဲ့ ပင်စင်လစာထုတ်ယူရာမှာ အခုအချိန်အထိ ခက်ခဲနေဆဲဖြစ်တယ်လို့ ပင်စင်စားဝန်ထမ်းအချို့က ဆိုပါ တယ်။
လက်ရှိမှာ ပင်စင်စားတွေအနေနဲ့ မြန် မာ့စီးပွားရေးဘဏ်ခွဲတွေအားလုံးမှာ ပင် စင်ထုတ်ယူနိုင်ပေမဲ့ တိုးဝှေ့နေကြရဆဲ၊ စောင့်ဆိုင်းနေကြရဆဲဖြစ်သလို အစိုးရက နေ တိုးမြှင့်ဝန်ဆောင်မှုပေးထားတဲ့ mobile payment အပိုင်းမှာလည်း နားလည်မှုအားနည်းနေပါတယ်။
နေပြည်တော် ဇေယျာသီရိမြို့နယ်မှ ပင်စင်စားဖြစ်သူ ဦးသန်းအောင်က “ ကိုယ် တိုင်လာပြီး ထုတ်ယူနိုင်သရွေ့တော့ထုတ် ရဦးမှာပဲ၊ ကိုယ်စားလှယ်ထုတ်ခိုင်း ရင်လဲ ရပ်ကွက်ထောက်ခံစာ တောင်း ရ၊ ရဲစခန်း ထောက်ခံစာ တောင်းရနဲ့ တစ်ခါ တည်းလဲ မဟုတ်ဘူး၊ လတိုင်းတောင်းနေရမှာ ၊ ကိုယ်လိုချင်တဲ့ အချိန်လဲ ရ ချင်မှ ရတယ်၊ လက်ဖက်ရည်ဖိုးက ပေးရ သေးတယ်၊ mobile payment ဆိုတာကလဲ ဒီမရောက် သေးဘူး”လို့ ပြောပါ တယ်။
ဦးသန်းအောင်က အသက် ၇၈နှစ်ရှိပြီ ဖြစ်ပြီး စစ်ဘက်မှာတာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ သားဖြစ်သူရဲ့ ဆေးပင်စင်လစာ ထုတ်ယူနေတာဖြစ်ပါ တယ်။ သူနေတာက ဇေယျာသီရိမြို့နယ် ဖြစ်တဲ့ အတွက် ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့ စီးပွား ရေးဘဏ်ကို ပင်စင်လာရောက် ထုတ်ယူဖို့ ဆိုင်ကယ်ကယ်ရီ ငှားခ ကျပ် ၅ဝဝဝ ပေး ရတယ်လို့လည်း သူက ဆိုပါတယ်။
ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ ဒေါ်ဝါဝါမောင်ကတော့ လ စာနည်းတဲ့ ပင်စင်စားတွေဆိုရင် လစာ သွားထုတ်ဖို့ စရိတ်စကနဲ့တွက်ကြည့်တဲ့ အ ခါ ရတဲ့လစာနဲ့ သွားထုတ်ယူရမယ့် စရိတ် က မကာမိတဲ့အတွက် လာထုတ် ယူခြင်းမရှိတာတွေလည်း ရှိတယ်လို့ ဆို ပါ တယ်။
အခုနောက်ပိုင်းမှသာ ပင်စင်လစာ ကို တိုးမြှင့်ထားတဲ့အတွက် လစာအပေါ် အရင်ကထက် စိတ်ဝင်စားလာတာ ဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုပါ တယ်။
မေလ ၂၁ရက်ကဆိုရင် ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်မှာရှိတဲ့ မြန်မာ့ စီးပွားရေးဘဏ်မှာ ပင်စင်လစာလာ ထုတ် တဲ့ အသက် ၇၀ ကျော်အရွယ်ရှိတဲ့ အဘိုးတစ်ဦးဟာ ပင်စင်ထုတ်ဖို့ တိုကင်နံပါတ် တိုးဝှေ့တန်းစီရာက မူးလဲသွားတယ်ဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာ ဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်ပေါ်မှာ သတင်းတက် လာပါသေးတယ်။
တချို့အငြိမ်းစားတွေကျတော့ လည်း လစာထုတ်ရက်မှ သူငယ်ချင်းမိတ် ဆွေ တွေနဲ့ ဘဏ်မှာ တွေ့ဆုံဖို့လွယ်ကူတဲ့အ တွက် ဘဏ်အထိ သွားရောက်ထုတ်ယူ တာမျိုးတွေလည်း ရှိတယ် လို့ သိရပါ တယ်။
စီမံဘဏ္ဍဍာဝန်ကြီး ဦးစိုးဝင်းကတော့ သူ့ဝန်ကြီးဌာနရဲ့ တတိယတစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံ ပိုင်သတင်းစာသို့ ပြောကြားချက်ထဲမှာ အ ငြိမ်းစားတွေအနေနဲ့ လစာထုတ်တဲ့အခါ မြန်မာ့စီးပွားရေးဘဏ်တွေကို အကြိမ် ကြိမ် လာရောက်ဖို့မလိုဘဲ စရိတ်စကနဲ့ အချိန် ကုန်သက်သာဖို့ mobile payment စနစ် နဲ့ လစဉ်ထုတ်ပေးလျက်ရှိကြောင်းနဲ့ အ ငြိမ်းစားလစာထုတ်ပေးခြင်းကို ရန်ကုန် မြို့ မှာ ရှိတဲ့ ဘဏ်ခွဲရှစ်ခုမှာ စတင်ဝန် ဆောင်မှု ပေးလျက်ရှိတယ်လို့ ပြောကြား ပါတယ်။
လက်ရှိမှာလည်း ပင်စင်စားတွေ အ တွက် မြန်မာ့စီးပွားရေးဘဏ်နဲ့ wave money တို့ပူးပေါင်းပြီး ပိုင်းလော့ ပရော ဂျက်အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်း တွေအတိုင်းလိုက်နာကာ ရန်ကုန်မြို့ရှိ wave money ဆိုင်တွေမှာ ပင်စင်လစာ တွေကို ထုတ်ယူနိုင်ပြီလို့ သိရပါတယ်။
ဒါပေမဲ့လည်း အစိုးရအနေနဲ့ ပင်စင် စားတွေအတွက် လစာထုတ်ယူခြင်းနဲ့ ပတ်သက်ပြီး လွယ်ကူစေဖို့ banking service မျိုးတွေပေးရာမှာ ပင်စင်ထုတ် ယူသူတွေ လွယ်လွယ်ကူကူ နားလည်စေ အောင်တော့ ဖန်တီးပေးနိုင်ဖို့ လိုတယ်လို့ လည်း နိုင်ငံ့ဝန်ထမ်းအချို့က ထောက်ပြ ပြောဆိုထားကြပါတယ်။
Credit - Kumudra
ဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက်ဆိုင် ၄၀ဝ ဝန်းကျင်အရေးယူမှု ဒဏ်ငွေကျပ် ၇ ဒသမ ၂၂၅ သန်းရရှိခဲ့
ငွေရှင်းပြေစာပေါ်မှာ အခွန်ကျသင့်ငွေအတိုင်း အခွန် တံဆိပ်မကပ်နှိပ်ခြင်း၊ ငွေသာကောက်ခံပြီး အခွန်တံဆိပ်ကပ် နှိပ်မပေးခြင်းအပါအဝင် အခွန်နှင့် ပတ်သက်ပြီး စားသုံးသူ များဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက်ဆိုင် ၄၀ဝ ဝန်းကျင် ကို တိုင်ကြားမှုရှိခဲ့သဖြင့် အရေးယူခဲ့ရာ ဒဏ်ငွေကျပ် ၈၇ ဒသမ ၂၂၅ သန်းရရှိခဲ့ကြောင်း နေပြည်တော် ပြည်တွင်း အခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က မေ ၂၆ ရက်တွင် ပြောဆိုသည်။
ဒဏ်ငွေရိုက်
"အခွန်ဆောင်ရတာကို အားလုံးသိနေပြီ။ ဒီမှာတချို့က အခွန်ဆောင်ရတယ်။ အခွန်တံဆိပ်တော့ ကပ်မပေးတာမျိုး၊ ကျသင့်အခွန်ထက် ပိုပေးရတာမျိုးတွေပေါ့။ သူတို့ မကျေနပ် တာတွေကို တိုင်ကြတယ်၊ တိုင်ကြားမှု ၃၈၃ မှုရှိတယ်။ ဒီမှာ တစ်ဆိုင်ထဲကို နှစ်ခါတိုင်တာမျိုးတွေလည်းရှိတယ်။ တိုင်တာ တွေကိုတော့ ဒဏ်ရိုက်တာတွေ လုပ်နေတယ်"ဟု ဒုတိယညွှန် ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောဆိုသည်။
တိုင်ကြားခဲ့သည့် ဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက် ဆိုင်များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကျူးလွန်သည့်ဆိုင်များကို ဒဏ်ငွေရိုက်အရေးယူခဲ့ရာ စုစုပေါင်း မြန်မာငွေကျပ် ၈၇ ဒသမ၂၂၅ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
တိုင်ကြားခဲ့
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ လေးလတာအတွင်း ပြည်တွင်းအခွန်များဦးစီး ဌာနထံ စားသုံးသူများမှ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
"အစ်ကိုတို့ကတော့ အခွန်ကောက်တယ်။ အစိုးရက သတ်မှတ်ထားသလိုပဲ။ တချို့မကောက်ခံတဲ့ဆိုင်တွေလည်း ရှိတာ အားလုံးအသိပဲ။ မကောက်တဲ့ဆိုင်ကတော့ ပုံမှန်စားနှုန်းပဲ ကျမယ်၊ ငါးရာခိုင်နှုန်းသက်သာမယ်ပေါ့၊ ဒီလိုဆိုင်တွေကိုရော ဘယ်လိုထိန်းချုပ်မလဲဆိုတာလိုမယ်"ဟု ကမာရွတ်မြို့နယ်မှ Asia Food Restaurant ဆိုင်ပိုင်ရှင် ကိုမင်းအောင်က ပြောဆိုသည်။
လက်တွေ့
ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်အမှတ်တံဆိပ် ခေါင်းကပ်နှိပ်ရန် ဟိုတယ်၊ စားသောက်ဆိုင်၊ တည်းခိုခန်းများကို ညွှန်ကြားထားသော်လည်း လက်တွေ့တွင် အခွန်ကောက်ခံ ခြင်းမရှိဘဲလုပ်ကိုင်နေသည့် လုပ်ငန်းများလည်း ရှိကြောင်း သိရသည်။
Credit - Myanamar Times
လူမျိုးရေးခွဲခြားသော စကားများပြောခဲ့သူကို အရေးယူရန် မြဝတီရုပ်သံလိုင်း အား MNL တိုက်တွန်း
ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဘောလုံးပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲကို တိုက်ရိုက်ထုတ်လွှင့်နေစဉ် လူမျိုးရေး ခွဲခြားသည့် စကားလုံး အချို့အား ပြောဆိုခဲ့ခြင်းကြောင့် ယင်းစကားပြောဆိုသူအား ဖော်ထုတ်အရေးယူပေးရန် မြန်မာနေရှင်လိဂ်မှ MWD ရုပ်မြင်သံကြားလိုင်းအား တိုက်တွန်းပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းတွင် ကစားခဲ့သည့် ရှမ်းယူနိုက်တက် အသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်အား MWD ရုပ်မြင်သံကြားမှ တိုက်ရိုက်တင်ဆက်ရာတွင် လူမျိုးရေးခွဲခြားသည့် စကားလုံး အချို့ကို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်ကြောင့် နှစ်ဖက်အသင်း တာဝန်ရှိသူများနှင့် MWD တာဝန်ရှိသူများအား မြန်မာနေရှင်နယ်လိဂ်မှ ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် အဆိုပါစကားအားပြောဆိုသူကို ဖော်ထုတ်အရေးယူပေးရန် MWD ရုပ်မြင်သံကြားကို တိုက်တွန်းပြောဆိုခဲ့သည်ဟု မြန်မာ နေရှင်နယ်လိဂ်က မေလ ၂၇ ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
“ဘောလုံးလောကအတွင်းမှ မည်သို့သော လူမျိုးရေး/ အသားအရောင် ခွဲခြားမှုကိုမဆို အမြစ်ဖြတ် တိုက်ထုတ်ရမည့် အရာအဖြစ် မြန်မာနေရှင်နယ်လိဂ်မှ ရှုမြင်ပြီး ယင်းဖြစ်ရပ် ကိုလည်း ပြင်းထန်စွာ ကန့်ကွက်ပါသည်” ဟု MNL က သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
MWD ရုပ်မြင်သံကြားအနေဖြင့်လည်း အဆိုပါစကားကို ပြောဆိုခဲ့သူအား အမြန်ဆုံးအရေးယူ ဆောင်ရွက်ရန် စီစဉ်နေသည် ဟု ပြန်လည်ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ထားသည်ကိုမူ တိကျစွာ ထုတ်ပြန်ထားခြင်းမရှိပေ။
အဆိုပါပွဲစဉ်ကို မြဝတီရုပ်မြင်သံကြားမှ အဓိကရိုက်ကူးထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး ယင်းမှတဆင့် My Sports မှ Live Stream ရယူကာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ရိုက်ကူးထုတ်လွှင့်ရေးအဖွဲ့၏ ပေါ့ဆမှုဖြစ်ကြောင်း၊ အရေးယူဆောင်ရွက် ထားပြီးဖြစ်ကြောင်း My Sport ဘက်က ထုတ်ပြန်ထားသည်။
မြဝတီ ရုပ်မြင်သံကြားလိုင်းသည် တပ်မတော်က ပိုင်ဆိုင်သည့် ရုပ်သံလိုင်းတစ်ခုလည်းဖြစ်သည်။
ရခိုင်ယူနိုက်တက်အသင်းဘက်ကမူ ယင်းကဲ့သို့ လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းကို ပြောဆိုခဲ့ခြင်းအပေါ် စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုသွားမည်ဟု မေလ ၂၆ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
“ရခိုင်လူမျိုး တစ်ရပ်လုံးကို တစ်နိုင်ငံလုံးသို့ တိုက်ရိုက် LIVE ထုတ်လွှင့်သောပွဲစဉ်တွင် လူမျိုးရေး စော်ကား သည့် စကားလုံးသုံးခဲ့သူကို အရေးယူပေးရန်တောင်းဆိုမှုကို မြန်မာနေရှင်နယ်လိဂ်တာဝန်ရှိသူများသို့ တရားဝင် ကန့်ကွက် ရှုတ်ချကြောင်း ရေးသားတိုင်ကြားသွားမည်" ဟု ရခိုင်ယူနိုက်တက်က ထုတ်ပြန်ထားသည်။
Credit - Mizzima
သတင်းအမှားနဲ့ ခိုးကူး ဝက်ဆိုက် ၃၁ ခုရဲ့ အမည်စာရင်း ထုတ်ပြန်
တရားဝင် သတင်းမီဒီယာတွေဆီက သတင်းတွေကို ခိုးယူပြီး ဆင်တူယိုးမှား သတင်းမှား သတင်းတုတွေ ဖော်ပြနေတဲ့ သတင်းမီဒီယာ စာမျက်နှာ ၃၁ ခုရဲ့ အမည်စာရင်းကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက မေလ ၂၇ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
ဧပြီလ နောက်ဆုံးပတ်က ကျင်းပခဲ့တဲ့ တတိယအကြိမ် မဏ္ဍဍိုင်ကြီးလေးရပ် အလုပ်ရုံ ဆွေးနွေးပွဲအပြီး ဖွဲ့စည်းခဲ့တဲ့ သတင်းခိုးယူမှု စောင့်ကြည့်ရေး အဖွဲ့က စိစစ်ပြီး ဒီဝက်ဆိုက်တွေရဲ့ အမည်ကို သတင်းမီဒီယာ ကောင်စီထံ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
အခု ထုတ်ပြန်လိုက်တဲ့ ဝက်ဆိုက် စာမျက်နှာ ၃၁ ခုဟာ ပြန်ကြားရေးဝန်ကြီးဌာနမှာ သတင်းမီဒီယာ မှတ်ပုံတင်ထားတဲ့ စာမျက်နှာတွေ မဟုတ်တာကို သတင်းမီဒီယာကောင်စီက စိစစ် တွေ့ရှိခဲ့တယ်လို့ မြန်မာ သတင်းမီဒီယာကောင်စီရဲ့ သတင်းမီဒီယာ ကျင့်ဝတ်နှင့် မီဒီယာ ဖွံ့ဖြိုးရေး ကော်မတီ အဖွဲ့ ခေါင်းဆောင် ဒေါ်သင်းသင်းသာက ဘီဘီစီကို ပြောပါတယ်။
သတင်းအမှားနဲ့ ခိုးကူး ဝက်ဆိုက် စာမျက်နှာတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်တာ ဒါ ပထမဆုံးအကြိမ် ဖြစ်ပြီး အဲဒီထဲမှာ ဖိုးသူတော်၊ လွင်ပြင်၊ ဇီးကွက်၊ တကောင်း၊ မြန်မာသတင်းထူးသတင်းဦး စတဲ့ ဖေ့စ်ဘုတ် စာမျက်နှာတွေ ပါဝင်ပါတယ်။ နောက်ထပ်လည်း စိစစ် ထုတ်ပြန်သွားဖို့ ရှိတယ်လို့ သူက ပြောပါတယ်။
"ခေါင်းစဉ်လေး၊ စကားလုံးလေးကို နည်းနည်းလွှဲလိုက်တယ်။ ကျောင်းသား၊ ရိုဟင်ဂျာကိစ္စတွေဆိုရင် ပုံဖျက်ပြီး ရောတင်တာတွေရှိတယ်။ သူတို့ အဲဒီအတွက် မွေးထားတယ်လို့ ယူဆလို့ရတယ်" လို့ အခုထုတ်ပြန်လိုက်တဲ့ သတင်းဆိုက် အမည်ခံ စာမျက်နှာတွေအကြောင်း ဒေါ်သင်းသင်းသာက ရှင်းပြပါတယ်။
ဒီတရားမဝင် သတင်းတု စာမျက်နှာတွေက သတင်းတွေကို ပြန်ဝေမျှတာတွေက သောင်းဂဏန်း သိန်းဂဏန်းအထိ ရှိနေတယ် ဆိုတာကို စိစစ် တွေ့ခဲ့ရပြီး စိုးရိမ်စရာ အခြေအနေ ရှိနေတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီအနေနဲ့ ဒီဝက်ဆိုက် စာမျက်နှာတွေကို အသေအချာ စိစစ် ထုတ်ပြန်ခဲ့တာကလွဲလို့ ဒါ့ထက် ပိုအရေးယူတာမျိုး လုပ်လို့ မရဘူးလို့ ဆိုပါတယ်။ အခုအခါ အဲဒီ ဝက်ဆိုက်တွေရဲ့ အမည်စာရင်းကို ပြန်ကြားရေး ဝန်ကြီးဌာနထံ ပို့ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်ကတော့ ဒီဝက်ဆိုက်တွေနဲ့ ပတ်သက်လို့ "ဘယ်သူတွေက နောက်ကွယ်ကနေ လုပ်တယ်၊ မလုပ်ဘူးဆိုတာမသိပါဘူး။ အခုက အားလုံးသိအောင် ထုတ်ပြန်တာ၊ ပြန်ကြားရေးတခုကိုပဲ ပေးတာ မဟုတ်ဘူးလေ။ ထုတ်ပြန်တဲ့အပေါ် ပြန်ကြားရေးက ဘယ်လို ဆက်ပြီး ဆောင်ရွက်မယ်ဆိုတာတော့ မပြောနိုင်သေးဘူး" လို့ ဘီဘီစီကို ပြောပါတယ်။
အသိအမှတ်ပြု လက်မှတ်မရှိဘဲ အခုလိုတွေလုပ်နေတဲ့အပေါ် ဖော်ထုတ် အရေးယူတယ် ဆိုတာထက် နိုင်ငံပိုင်သတင်းစာတွေကနေ သတင်းမှန်တွေကို ဖြန့်ချိပေးနေပြီး အစိုးရရဲ့ ဆောင်ရွက်ချက်တွေကိုလည်း သိရှိအောင် နိုင်ငံပိုင် သတင်းစာတွေကနေ အသိပေးနေတယ်လို့ သူက ပြောပါတယ်။
ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေပုဒ်မ ၈ ထဲမှာ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရာဇဝတ်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ပြစ်မှုကျူးလွန်မှုကို အားပေးတာ၊ လွတ်လပ်မှု တရားမျှတမှုနဲ့ အခွင့်အရေးကို ထိခိုက်စေတဲ့ အကြောင်းအရာ၊ တိုင်းရင်းသား၊ နိုင်ငံသားအချင်းချင်း၊ လူမျိုးရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအရ ထိခိုက်စေတဲ့ အကြောင်းအရာတွေကို ဖော်ပြရင် ငွေဒဏ် ၁၀ သိန်းကနေ သိန်း ၃၀ အထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဥပဒေ ပုဒ်မ ၁၉ အရ အသိအမှတ်ပြု လက်မှတ်မရှိဘဲ ပုံနှိပ် ထုတ်ဝေရင် သတင်းအေဂျင်စီလုပ်ငန်း လုပ်ရင် ဒဏ်ငွေကျပ် သိန်း ၂၀ ကနေ သိန်း ၅၀ အထိ ချမှတ်ဖို့ ပြဋ္ဌဌာန်းထားပါတယ်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းစာထုတ်ဝေခွင့် ၄၆ ခု၊ ဂျာနယ်ထုတ်ဝေခွင့် ၅၅၅ ခု၊ အထွေထွေ ထုတ်ဝေခွင့် ၁၄၇၁ ခု၊ သတင်းအေဂျင်စီ ၁၄၈ ခုနဲ့ ပုံနှိပ်လုပ်ငန်း ၁၅၄၉ ခုအထိ ခွင့်ပြုထားပါတယ်။
Credit - BBC
မြောက်ဦး လေးမျက်နှာပုထိုးရှိ ရှေးဟောင်း ဆင်းတုတော်များ ဖျက်ဆီးခံရမှု အရေးမယူပါက ထပ်မံဖြစ်ပွားနိုင်ဟု လွှတ်တော်ကိုယ်စားလှယ်ပြောကြား
ယူနက်စကိုကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရန် ကြိုးပမ်းနေသော မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်းရှိ လေးမျက်နှာပုထိုးတော်ကြီးကို မြင်ရစဉ် (ဓာတ်ပုံ − သိန်းဝင်း)
မြောက်ဦးမြို့ရှိ ရှေးဟောင်း ဘုရားတစ်ဆူဖြစ်သော မြို့တည်နန်းတည် လေးမျက်နှာ ဘုရားပုထိုးတော်ကြီးအတွင်းရှိ ကျောက်ဆင်းတုတော်များ ဖျက် ဆီးခံရခြင်းသည် သွေးရိုးသားရိုး မဟုတ်သဖြင့် အမြန်ဆုံးဖော် ထုတ် အရေးယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းသည်။
မြောက်ဦးမြို့ရှိ ရှေးဟောင်း ဘုရားတစ်ဆူဖြစ်သော မြို့တည်နန်းတည် လေးမျက်နှာ ဘုရားပုထိုးတော်ကြီးအတွင်းရှိ ကျောက်ဆင်းတုတော်များ ဖျက် ဆီးခံရခြင်းသည် သွေးရိုးသားရိုး မဟုတ်သဖြင့် အမြန်ဆုံးဖော် ထုတ် အရေးယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းသည်။
မေလ ၂၇ ရက်တွင် ကျင်းပ သော အမျိုးသားလွှတ်တော်အ စည်းအဝေး၌ ရခိုင်ပြည်နယ်မဲဆန္ဒ နယ်အမှတ် (၄) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးကျော် ကျော်က ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရသည့်ကိစ္စနှင့် ပတ် သက်၍ မေးခွန်းမေးမြန်းတိုက် တွန်းခဲ့သည်။
မြောက်ဦးမြို့ရှိ ရှေးဟောင်း အမွေအနှစ်ဘုရားပုထိုးများကိုယူ နက်စကိုဝင်ရန် ကြိုးပမ်းနေချိန် တွင် ယခုကဲ့သို့ ရှေးဟောင်းဘုရား ဆင်းတုတော်များ ဖျက်ဆီးခံရ ခြင်းသည် သွေးရိုးသားရိုးမဟုတ် နိုင်ဘဲ နောက်ကွယ်၌ အကြောင်း တစ်စုံတစ်ရာရှိနိုင်ကြောင်း ဦး ကျော်ကျော်က ပြောသည်။
‘‘မြို့တည်နန်းတည်ဘုရား ဖျက်ဆီးခံရတာဟာ သွေးရိုးသား ရိုး မဖြစ်နိုင်ဘူး။ နောက်ကွယ်က တစ်စုံတစ်ရာအကြောင်းရှိမယ်။ ပေါ့ပေါ့တန်တန် သဘောမထား ဘဲ စုံစမ်းဖော်ထုတ်အရေးယူနိုင် ဖို့လိုပါတယ်’’ ဟု ဦးကျော်ကျော် က လွှတ်တော်တွင် ပြောသည်။
အဆိုပါ ဘုရားဆင်းတုများသည် ၂၀၁၈ အောက်တိုဘာက ဖျက်ဆီးခံရခြင်းဖြစ်သည်။ လေးမျက်နှာဘုရားပုထိုးအတွင်းရှိ ရှေးဟောင်း ကျောက်ဆင်းတုဘုရား ၁၁ ဆူ ဖျက်ဆီးခံရပြီး နှစ်ဆူရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။
ထိုကဲ့သို့ ဖျက်ဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ ထိထိရောက် ရောက် စုံစမ်းဖော်ထုတ်ကာ အ ရေးယူခြင်းမရှိပါက မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အတွင်းရှိ နောက်ထပ်ရှေးဟောင်း အမွေအနှစ်များ ဆက်လက်အ ဖျက်ဆီးခံရနိုင်ကြောင်း ဦးကျော် ကျော်က ပြောသည်။
‘‘အဲဒီလို အရေးမယူရင် နောင်ဒီထက်ဆိုးတာတွေ ဖြစ်လာ နိုင်တယ်’’ ဟု ၎င်းကဆိုသည်။
ဖျက်ဆီးခံရသည့် လေး မျက်နှာဘုရားကို ဘုရင်မင်းစော မွန်က အေဒီ ၁၄၃၀ တွင် ပထမ မြောက်ဦးခေတ် ထီးနန်းတည် ထောင်စဉ် တည်ထားခဲ့သဖြင့် မြို့ တည်နန်းတည်ဘုရားဟု ခေါ် ဆိုခြင်းဖြစ်သည်။
ယင်းမေးခွန်းနှင့်ပတ်သက် ၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး ကြည်မင်းက ဖြေကြားရာအဆိုပါ ဘုရားဆင်းတု ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ အမှုဖွင့်ဆောင်ရွက် ကာ ကျူးလွန်သူများကို ဖမ်းဆီး ရမိရေး ဆောင်ရွက်နေကြောင်း ပြောသည်။
ထို့အပြင် မြောက်ဦးမြို့နယ် အတွင်း ယဉ်ကျေးမှုအမွေအနှစ် များ ပိုမိုကာကွယ်ထိန်းသိမ်းနိုင် ရေး နေ့စား၊ ပုတ်ပြတ်အမျိုးသား ဝန်ထမ်း ရှစ်ဦးဖြင့် ၂၀၁၉ ဇန်န ဝါရီကစ၍ နေ့၊ ညလုံခြုံရေးတာ ဝန်များ ထပ်တိုးချထားကာဆောင် ရွက်နေကြောင်း ၎င်းကဖြေကြား သည်။
ပြီးခဲ့သည့် မတ်လကမြောက် ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ် မြေအတွင်း လက်နက်ကျည်ကျ ရောက်မှုကြောင့် စေတီပုထိုးအ ချို့ ထိခိုက်ပျက်စီးခဲ့သည်။
Credit- 7 Days
အကြမ်းဖက်အန္တရာယ် အထူးလေ့လာစောင့်ကြည့် စိစစ်နေဟု သမ္မတရုံးပြော
အကြမ်းဖက်အန္တ ရာယ်နှင့် ပတ်သက်၍ အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထူး လေ့လာစောင့်ကြည့် စိစစ်နေ ကြောင်း သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။
မေလ ၂၄ ရက်တွင် နေပြည် တော်ရှိ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC)၌ သတင်းထောက် များနှင့် တွေ့ဆုံစဉ် ထိုသို့ ပြော ကြားခြင်းဖြစ်သည်။
‘‘ပြည်တွင်းမှာလည်း အ ကြမ်းဖက်တွေ ဝင်ထွက်သွားလာ မှု၊ အကြမ်းဖက်သံသယပေါ့။ အ ကြမ်းဖက်သမားလို့ ကျွန်တော်တို့ တိကျစွာ ပြောလို့မရသေးဘူး။ သံသယရှိတဲ့သူတွေ ဝင်ထွက် သွားလာတဲ့ကိစ္စတွေကို စိစစ်မှု တွေ တောက်လျှောက်လုပ်နေတာ ဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။
လုံခြုံရေး သဘောတရား အရ သတင်းအချက်အလက်၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ခြိမ်း ခြောက်မှု၊ တိုက်ခိုက်မည့် ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက် အလက်များအပေါ် မူတည်၍ ပိုမိုအလေးထားဆောင်ရွက်နေ ကြောင်းနှင့် လက်ရှိတွင် မြန်မာ နိုင်ငံကို တိုက်ခိုက်မည့် သတင်း များ ထွက်ပေါ်ခြင်းမရှိသေး ကြောင်း ဦးဇော်ဌေးက ပြော သည်။ ပြီးခဲ့သည့်ရက်ပိုင်းက လူ ၂၉၀ ကျော် သေဆုံးခဲ့သည့် သီရိ လင်္ကာဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်နှင့် ဆက်စပ်၍ သံသယရှိသူ အကြမ်း ဖက်သမားသည် ပြည်တွင်း၌ ရောက်ရှိနေသည်ဟု သတင်းထုတ်ပြန်မှုရှိသော်လည်း ယင်းဆက်စပ်သံသယရှိသူသည် ပြည်တွင်းမှ ထွက်ခွာသွားပြီဟု မေလ ၂၄ ရက်တွင် ဦးဇော်ဌေးက အတည်ပြုထားသည်။
သို့သော် ပြီးခဲ့သည့် ဧပြီလ ကုန်ပိုင်းက အိုင်အက်စ်အကြမ်း ဖက်တပ်ဖွဲ့ဝင်များက မြန်မာနှင့် ဖိလစ်ပိုင်သို့ ဝင်ရောက်ရန် ပြင်ဆင်နေသည်ဟု မလေးရှား ရဲမင်းကြီးက ပြောကြားခဲ့သည်။
သို့ရာတွင် အိုင်အက်စ်အ ကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကို လေ့လာကြည့်ပါက ပြည်တွင်း ရှိ အစွန်းရောက်သမားကို အခြေ ခံပြီး လုပ်ဆောင်လေ့ရှိကြောင်း နှင့် ပြည်သူများကလည်း လူမျိုး၊ ဘာသာမခွဲခြားဘဲ ထူးခြားအခြေ အနေ၊ သတင်းအချက်အလက် ထူးခြားပါက သတင်းပို့ရန် ဦးဇော် ဌေးက ပြောသည်။
Credit- 7DAYS
မိုဒီကျမ်းသစ္စာကျိန်ဆိုပွဲ မြန်မာအပါအ၀င် BIMSTEC ခေါင်းဆောင်တွေကို ဖိတ်ကြား
အခုကျင်းပပြီးစီးတဲ့ အိန္ဒိယရွေးကောက်ပွဲမှာ အနိုင်ရပြီး ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်းအတွက် မေလ ၃၀ မှာ ကျင်းပမယ့် ကျန်းသစ္စာကျိန်ဆိုပွဲ အခန်းအနားကို တက်ရောက်ဖို့ ဝန်ကြီးချုပ် Narendra Modi က BIMSTEC အဖွဲ့ဝင် ၆ နိုင်ငံက ခေါင်းဆောင်တွေကို ဖိတ်ကြားလိုက်ပါတယ်။
ဒေသတွင်း တောင်ပိုင်းနဲ့ အရှေ့တောင်အာရှက BIMSTEC ၆ နိုင်ငံ ဖြစ်တဲ့ မြန်မာ၊ နိပေါ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ သီရိလင်္ကာ နိုင်ငံတွေက ခေါင်းဆောင်တွေ အပြင် Shanghai Cooperation Organisation ဥက္ကဌ ဖြစ်တဲ့ Kyrgyzstan နဲ့ Mauritius နိုင်ငံတွေကိုပါ ဖိတ်ကြား လိုက်တာ ဖြစ်ပါတယ်။
ဒါဟာ အိန္ဒိယရဲ့ အိမ်နီးချင်းပထမဦးစားပေး မူဝါဒ အရ ဖိတ်ကြားတာ ဖြစ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဌာန MEA ပြောခွင့်ရ Raveesh Kumar ကပြောပါတယ်။ ဖိတ်ကြားထားတဲ့ ခေါင်းဆောင်တွေထဲက မြန်မာနိုင်ငံက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သီရိလင်္ကာ ဝန်ကြီးချုပ် Ranil Wichremesinghe ၊ ထိုင်းနိုင်ငံက ဝန်ကြီးချုပ် Prayut Chanocha ၊နိပေါဝန်ကြီးချုပ် K P Sharma Oli နဲ့ ဘူတန် ဝန်ကြီးချုပ် Lotay Tshering တို့က တက်ရောက်ဖို့ အလားအလာ ရှိကြပါတယ်။
မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ကတော့ ဇွန်လမှာ ဟန်ဂေရီနဲ့ ချက် သမ္မတ နိုင်ငံတွေကို သွားရောက်ဖို့ စီစဉ်ထားတဲ့အတွက် ဒီအခန်း အနားကို တက်ရောက်မယ် ဆိုတာကို အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်Sheik Hasina ကလည်း အရှေ့အာရှကို မေလ ၂၈ ရက်နေ့ ကစတင်ပြီး ၁၂ ရက်ကြာ ခရီးထွက်ခွါဖို့ ရှိတဲ့အတွက် သူ့ကိုယ်စား Liberation War ရေးရာ ဝန်ကြီး A K M Mozammel Huq ကို ကိုယ်စား စေလွှတ်ဖို့ ရှိပါတယ်။
ပါကစ္စတန် ဝန်ကြီးချုပ် Imran Khan ကတော့ တနင်္ဂနွေနေ့က အိန္ဒိယ ဝန်ကြီးချုပ် Modi ကို တယ်လီဖုန်း ဆက်သွယ်ပြီး ဂုဏ်ပြုစကား ပြောကြားခဲ့ပေမယ့် တက်ရောက်ဖို့ မရှိပါဘူး။
Credit - VOA
ခွဲထွက်ရေးလား၊ ကွန်ဖက်ဒရေးရှင်းလား၊ ဖက်ဒရယ်လား၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးလား
၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် မြန်မာ့တပ်မတော်အတွက် တားမြစ်ချက် ဖြစ်နေသောကြောင့် မြန်မာနိုင်ငံတွင် ဖက်ဒရယ်နိုင်ငံ ထူထောင်ရေးမှာ လွန်စွာ အလှမ်းဝေးနေပုံရကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် ကော်မတီ (PPST) ယာယီ အကြီးအကဲနှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောသည်။ နိုင်ငံသည် နိုင်ငံရေး တုံ့ဆိုင်းမှု နွံတွင် နစ်နေကြောင်း ထိုအချက်က မီးမောင်းထိုးပြနေသည်။
တချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်များ (EAOs) အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုး ပြီးချိန်မှစတင်ပြီး ငြိမ်းချမ်းရေးအတွက် ထူးခြားသော အောင်မြင်မှု မရရှိသေးပေ။ ထို့အပြင် တပ်မတော်သည် ၄ လကြာ တဖက်သတ် အပစ်အခတ် ရပ်စဲရေး ဧပြီလက ကုန်ဆုံးသွားသောအခါ နောက်ထပ် ၂ လကြာ တဖက်သတ် အပစ်အခတ် ရပ်စဲရေးကို ထပ်မံ တိုးချဲ့လိုက်သော်လည်း ထိုအစီအစဉ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသော ရခိုင်ပြည်နယ်ကို ပြောင်ကျကျ ဖယ်ထုတ် ထားလိုက်သည်။
မြန်မာနိုင်ငံသည် ထူးခြားသော နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင် ၄ ခုဖြစ်သော ခွဲထွက်ရေး၊ ကွန်ဖက်ဒရေးရှင်း၊ ဖက်ဒရယ်စနစ်နှင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးတို့ကို မကြာသေးမီက ဆွေးနွေးလာသည်။
ခွဲထွက်ခြင်း၏ ခါးသီးသောသင်ခန်းစာ
၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံ ဒုတိယ အကြိမ်အစည်းအဝေးသည် တားမြစ်ချက်အဖြစ် လူအများက ကာလကြာမြင့်စွာ သတ်မှတ်ထားခဲ့သော ခွဲထွက်ရေးဟူသည့် စကားလုံး ပြန်လည် အသက် ဝင်လာခြင်းနှင့် အတူ အဆုံးသတ်သွားခဲ့သည်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သော ထိုထိပ်သီးဆွေးနွေးပွဲတွင် တပ်မတော်နှင့် EAOs တို့သည် ခွဲမထွက်ရေး ပြဿနာအပေါ် သဘောထား ကွဲလွဲမှုကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ ခွဲမထွက်ရေးသည် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ သို့သော် ခွဲမထွက်ရေးနှင့် ခွဲထွက်ရန် မလိုသော ပြည်ထောင်စုကို အတူတကွ တည်ထောင်လိုသော ဆန္ဒရှိရန်လည်း အရေးကြီးနေသည်။
ခွဲထွက်ရေး ဟူသောစကား ပေါ်လာသောအခါ သမိုင်းက မိမိတို့ကို ခါးသီးသော သင်ခန်းစာတခု သင်ကြား ပေးခဲ့သည်။ ၁၀ နှစ်ကြာပြီးနောက် ပြည်နယ်များသည် ပြည်ထောင်စုမှ ခွဲထွက်နိုင်သည်ဟု ၁၉၄၇ ခုနှစ် မြန်မာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ (အခန်း၁၀၊ ပုဒ်မ ၂၀၁) က ဆိုသည်။ ပြည်နယ်ကောင်စီအဖွဲ့ဝင် ၃ ပုံ ၂ ပုံက ခွဲထွက်ရန် မပေးခဲ့လျှင် သမ္မတက ခန့်အပ်သော ဆန္ဒခံယူပွဲကော်မရှင်က စီစဉ်သည့် ပြည်နယ်သားများ၏ ဆန္ဒခံယူပွဲ ကျင်းပပြီးပါက ပြည်နယ်များသည် ဗဟိုအစိုးရမှ ခွဲထွက်ခွင့်ရှိသည်ဟုလည်း ဆိုထားသည်။
၁၉၄၈ ခုနှစ် ဇန်နဝါရ်ီလတွင် မြန်မာနိုင်ငံသည် တန်းတူညီမျှသော နိုင်ငံရေး အခွင့်အရေး မူများပေါ်တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ် ရေးထိုးခဲ့သော ပင်လုံစာချုပ်မှတဆင့် ဗြိတိန်ထံမှ လွတ်လပ်ရေး ရခဲ့သည်။
၁၀ နှစ်ကြာပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွဲထွက်ရန်အချိန် ရောက်လာသော ၁၉၆၂ ခုနှစ်တွင် လက်နက်ကိုင်တပ်များ၏ အကြီးအကဲ ဗိုလ်ချုပ်နေဝင်းက ဦးနုကို အာဏာသိမ်း ဖြုတ်ချလိုက်သည်။ စစ်အာဏာသိမ်းရခြင်း အကြောင်းရင်းအဖြစ် တစစီပြိုကွဲတော့မည့် နိုင်ငံကို ချောက်ကမ္ဘားစွန်းမှ ကယ်တင်လိုက်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။ ခွဲထွက်နိုင်ခြေရှိသောကြောင့် စစ်အာဏာသိမ်းမှု ဖြစ်ရကြောင်းမှာ ထင်ရှားသည်။ ထို့ကြောင့် တိုင်းရင်းသား လူနည်းစုများအတွက် ゞင်းတို့ တောင်းဆိုနေသော အခွင့်အရေးများနှင့်တကွ ခွဲထွက်ရေး မျှော်လင့်ချက်များမှာ ထိုအချိန်ကစတင်ပြီး တိမ်မြုပ် ပျောက်ကွယ် ခဲ့ရသည်။
ထိုအချိန်က စတင်ပြီး စစ်အစိုးရ အဆက်ဆက်တိုင်းအတွက် ခွဲထွက်ရေးသည် ပြဿနာရှိပြီး လက်မခံနိုင်သော စကားလုံး ဖြစ်နေသည်။ ခွဲထွက်ရေးနှင့် ပတ်သက်သော မကြာသေးမီက ဆွေးနွေးငြင်းခုန်မှုများသည် ထိုစကားလုံးမှ သဘောထားကွဲလွဲမှု မည်သို့ ဖြစ်ပေါ်လာသည်ကို မီးမောင်းထိုးပြနေသည်။
ကွန်ဖက်ဒရေးရှင်းသည် ပိုမိုကောင်းမွန်ပါသလား
ယခုနှစ် အစောပိုင်းက AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကွန်ဖက်ဒရိတ်ဟူသော စကားလုံးကို သုံးလာပြီး “မိမိတို့သည် ပြည်နယ်များ၏ ကွန်ဖက်ဒရေးရှင်းကို ပိုမိုလိုလားသည်” ဟု ပြောလာသည်။ သူ၏ ပြောဆိုမှုသည် တပ်မတော်အပါအဝင် လူအများကြားတွင် အနာဂတ် မြန်မာ့နိုင်ငံရေး စနစ်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ AA သည် ゞင်း၏ ကွန်ဖက်ဒရေးရှင်း ရည်မှန်းချက်ကို စွန့်လွှတ်ရမည်ဟု တပ်မတော်က ချက်ခြင်းတုံ့ပြန်သည်။
ကွန်ဖက်ဒရေးရှင်း ဆိုသည်မှာ ゞင်းတို့၏ အချုပ်အခြာအာဏာ အပြည့်အဝ ကျင့်သုံးသော နိုင်ငံများ သို့မဟုတ် ပိုင်နက်များကို စုစည်းထားခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုအဆင့်ကို ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တခုသာလျှင် ရယူထားသေးသည်။ UWSA ထိန်းချုပ်ဒေသသည် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအဖြစ် ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက တရားဝင်သတ်မှတ်ထားသည်။
ဝ ဒေသသည် အမည်မခံသော လွတ်လပ်ရေးရဒေသဖြစ်ပြီး အမျိုးသား အချုပ်အခြာအာဏာ၏ နယ်ပယ်ပြင်ပတွင် လုပ်ငန်း လည်ပတ်နေသည်။
AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က AA သည် ဝဒေသကဲ့သို့ ကွန်ဖက်ဒရိတ် အဆင့်အတန်း ရလိုသည်ဟု ပြောသည်။ သို့သော် EAOs အများစုက ဖက်ဒရယ်အဆင့်ကိုသာ တောင်းဆိုသောကြောင့် လည်းကောင်း၊ တပ်မတော်ကလည်း လက်မခံသောကြောင့် လည်းကောင်း ထိုကဲ့သို့ ဖြစ်တန်ရာမရှိပေ။
ဖက်ဒရယ်စကားဝိုင်း
ဖက်ဒရယ်ဟူသော စကားကို သမ္မတ ဦးသိန်းစိန်အစိုးရက ပြန်လည် အသက်သွင်းလာသည်။ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ (UPWC) နှင့် အစိုးရနှင့် အပစ်အခတ် ရပ်စဲရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၆ ခုတို့ ဖွဲ့စည်းထားသည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ အစည်းအဝေးများစွာ ကျင်းပပြီး နောက်ဆုံးတွင် အစိုးရသည် နိုင်ငံတွင် ဖက်ဒရယ်စနစ် ထူထောင်ရန် ၂၀၁၄ ခုနှစ် သြဂုတ်လတွင် သဘောတူခဲ့သည်။
ထိုအချိန်မှစတင်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူများသည် ဖက်ဒရယ်စနစ်ကို နိုင်ငံရေးအရ အဖြေအတွက် အယူအဆတခုအဖြစ် ထပ်လောင်း အတည်ပြုခဲ့ကြသည်။
၂၀၁၆ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ကျင်းပသော ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမအကြိမ် အစည်းအဝေးတွင် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ゞင်းတို့၏ အဆိုပြုချက်များကို တင်သွင်းပြီး အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုကို ပုံဖော်ခဲ့သည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် အစိုးရသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် အဆင့် ၇ ဆင့် လမ်းပြမြေပုံကို ကြေညာခဲ့သည်။ ထိုအဆင့် ၇ ဆင့်အနက် တဆင့် ဖြစ်သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ရလဒ်နှင့်အညီ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးသည် ဖက်ဒရယ်စနစ် လမ်းကြောင်းကို အလေးထားသည်။
၂၀၁၇ ခုနှစ် ဇွန်လက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ဖက်ဒရယ်စနစ်ကို လေ့လာရန် ကနေဒါ နိုင်ငံသို့ သွားရောက်ခဲ့သည်။
“ကျမ ဒီကိုလာရတာ ဝမ်းသာတယ်။ အထူးသဖြင့်တော့ ကျမတို့သွားဖို့ ကြိုးစားနေတဲ့ ဖက်ဒရယ် စနစ်အကြောင်း လေ့လာရလို့ ဝမ်းသာတယ်။ ကျမတို့ဟာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ ကြိုးစားနေတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း AFP သတင်းဌာန၏ အဆိုအရ သိရသည်။
ဖက်ဒရယ်စနစ်ဟူသော စကားလုံးသည် အာဏာချုပ်ကိုင်ထားသူများ၊ မူဝါဒ ချမှတ်သူများ၊ အောက်ခြေ အဖွဲ့အစည်းများတို့နှင့် အကျွမ်းတဝင် ဖြစ်လာသော်လည်း အကောင်အထည် ပေါ်မလာသေးပေ။ သို့သော် ထိုအရေးပါသော လမ်းဆုံလမ်းခွတွင် စာရေးသူတို့အနေဖြင့် အောက်ပါမေးခွန်းများကို ဖြေဆိုရပေမည်။ မြန်မာနိုင်ငံ အနေဖြင့် မည်ကဲ့သို့သော ဖက်ဒရယ်စနစ်မျိုးကို ဖန်တီးသင့်သနည်း။ ထို ဖက်ဒရယ် စနစ်သည် တိုင်းရင်းသား အခြေပြု ဖက်ဒရယ် ဖြစ်သင့်ပါသလား သို့မဟုတ် ပြည်နယ်အခြေပြု ဖက်ဒရယ် ဖြစ်သင့်ပါသလား။
ထိုဖက်ဒရယ် စနစ်သည် အချိုးညီ ဖက်ဒရယ်လား သို့မဟုတ် အချိုးမညီ ဖက်ဒရယ်လား။ ဘာသာစကား မည်မျှကို တရားဝင် ရုံးသုံး ဘာသာစကားအဖြစ် အသုံးပြုသင့်သနည်း။ စံချိန်ညီ ပညာရေးနှင့် အခွန်စနစ်ကို ကျင့်သုံးသင့်ပါသလား။ ဗဟိုအစိုးရနှင့် ပြည်နယ် အစိုးရများ၏ သီးခြားစီ ရပိုင်ခွင့်များသည် မည်သည်တို့နည်း။
ထိုမေးခွန်းများကို ဖြေဆိုရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် မိမိတို့အနေဖြင့် အချိန်ယူရမည် ဖြစ်ပြီး ゞင်းတို့ကို နေ့ချင်းညချင်း ဖြေရှင်းနိုင်မည် မဟုတ်ပေ။
ပိုမိုလိုလားဖွယ်ကောင်းသော ဗဟိုချုပ်ကိုင်မှု လျှော့ချရေး
ဖက်ဒရယ်နိုင်ငံတော် သို့မဟုတ် ထိုထက်ပိုမိုမြင့်မားသော နိုင်ငံတော်အတွက် ပြင်ဆင်နေချိန်တွင် မိမိတို့ အနေဖြင့် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးကို မေ့လျှော့မထားသင့်ပေ။ ခွဲထွက်ရေး၊ ကွန်ဖက်ဒရေးရှင်းနှင့် ဖက်ဒရယ်စနစ်ကဲ့သို့ တိုင်းရင်းသားတို့၏ မတူညီသော နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်များသည် ပိုမိုကောင်းမွန်သော အဖြေဖြစ်ကြောင်း မည်သူမျှ မငြင်းပယ်နိုင်ပေ။
သို့ရာတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးသည် မည်သည့်အတွက် အရေးပါရသနည်း။ အခြားသော ကိစ္စများနှင့် တကွ စာရေးသူ တင်ပြလိုသော ကိစ္စမှာ တိုင်းရင်းသား ပြည်နယ်များကို အာဏာခွဲဝေရေးတွက် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးကို အမြန်ဆုံး ကျင့်သုံးသင့်သည် ဟူသော အချက်ဖြစ်သည်။
ဥပမာဆိုရပါက ပြည်နယ်ဝန်ကြီးချုပ်များကို သက်ဆိုင်ရာ ပြည်နယ်များကသာ ရွေးချယ်သင့်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဆောင်ရွက်လျှက် ရှိသော်လည်း ဥပမာ ပုဒ်မ ၂၆၁ အပါအဝင် ပုဒ်မ မည်မျှကို လွှတ်တော် ကိုယ်စားလှယ်များက ပြုပြင်ပြောင်းလဲနိုင်မည်နည်း ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။ နိုင်ငံရေးနှင့် ဘဏ္ဍဍာရေး အာဏာများကို ဗဟိုချုပ်ကိုင်မှု လျှော့ချလိုက်ပါက မိမိတို့သည် ဖက်ဒရယ်စနစ် ဟူသော အယူအဆကို တဖြည်းဖြည်း တွေ့ကြုံ ခံစားလာရနိုင်သည်ကို မငြင်းနိုင်ပေ။
အနှစ်ချုပ်တင်ပြရပါက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် မိမိတို့သည် ဗိုလ်ချုပ်ကြီး ရွက်ဆစ် ပြောသည့်အတိုင်း ခရီးရှည်ကြီးကို ဖြတ်သန်းရမည့် အလားအလာရှိသည်။ ဖက်ဒရယ် လမ်းကြောင်းသည် အချိန်မည်မျှ ကြာမည်ကို မည်သူမျှ သိကြပုံမရပေ။ တချိန်တည်းတွင် ဗဟိုချုပ်ကိုင်မှု လျှော့ချရေးကိုလည်း လျှော့မတွက်သင့်ဘဲ ゞင်းသည် ဖက်ဒရယ်ပြည်ထောင်စု သို့မဟုတ် ထိုထက်မြင့်မားသော နိုင်ငံရေး ရည်မှန်းချက်များသို့ ချီတက်ရာတွင် အရေးပါသော ခြေလှမ်း ဖြစ်နိုင်ပေသည်။
Credit- Irrawaddy
ပြည်ခိုင်ဖြိုးနှင့် ပူးပေါင်း ၂၆ ပါတီ ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ခွင့်တောင်း
ကော်မရှင်ဆောင်ရွက်ချက် တရားမျှတသော ရွေးကောက်ပွဲနှင့် ဆန့်ကျင်နေဟုဝေဖန်ထား
ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေး နွေးရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့်တွေ့ဆုံဆွေးနွေး လိုကြောင်း ပြည်ခိုင်ဖြိုးအပါအ ၀င် ၂၆ ပါတီက ကော်မရှင်သို့ အိတ်ဖွင့်စာ ပေးပို့တောင်းဆို သည်။
‘‘အဓိကကတော့ လွတ်လပ် ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် မျက်နှာချင်းဆိုင် ပွင့်လင်းမြင်သာစွာနဲ့ အချိန်လုံ လုံလောက်လောက်နဲ့ပေါ့။ သင့် လျော်တဲ့အချိန်တစ်ခု သတ်မှတ် ပြီးတော့ စီစဉ်ဆောင်ရွက်ပေးဖို့ ဒီအိတ်ဖွင့်ပေးစာပေးပို့ပြီးတောင်းဆိုတာပါ’’ ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်း ဦးက ပြောသည်။
စစ်မှန်ခိုင်မာသော ဒီမိုက ရေစီစနစ်တည်ဆောက်နိုင်ရန် အများယုံကြည် လက်ခံသော လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပပေးရန် ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့ စည်း တာဝန်ပေးထားခြင်းဖြစ် သော်လည်း လက်ရှိကော်မရှင်၏ ဆောင်ရွက်ချက်များသည် ဆန့် ကျင်ဘက်လားရာသို့ ဦးတည်နေ ကြောင်း မေလ ၂၃ ရက်စွဲတပ် ထားသည့် အဆိုပါအိတ်ဖွင့်ပေး စာတွင် ဖော်ပြထားသည်။
လက်ရှိ ရွေးကောက်ပွဲကော် မရှင် သက်တမ်းသုံးနှစ်အတွင်း နိုင်ငံရေးပါတီများနှင့် သုံးကြိမ် သာ တွေ့ဆုံပြီး အပြန်အလှန် ဆွေးနွေးချိန် လုံလောက်မှုမရှိ ကြောင်းပါရှိသည်။ ယခင်အစိုးရ လက်ထက်တွင် တာဝန်ယူသည့် ကော်မရှင်သက်တမ်းအတွင်း ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃၇ ကြိမ်အထိတွေ့ဆုံညှိနှိုင်းနိုင် ခဲ့ပြီး ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်လည်း ၂၀၁၃ မှ ၂၀၁၅ အထိ တစ်နှစ်တစ်ကြိမ် တွေ့ဆုံခွင့်ရခဲ့သည်ဟု ဆိုသည်။
လက်ရှိ ဒီချုပ်အစိုးရလက် ထက်ကော်မရှင်သက်တမ်းတွင် မူ ထိုသို့ပွင့်လင်းမြင်သာစွာ တွေ့ ဆုံမှုမရှိသည့်အပြင် ကော်မရှင် အဆင့်ဆင့်မှ နိုင်ငံရေးပါတီများ သို့ စာဖြင့် ဆက်သွယ်ဆောင်ရွက် ရာ၌ နိုင်ငံရေးပါတီများအား ကော်မရှင်၏ လက်အောက်ခံဌာန များသဖွယ် သဘောထားညွှန် ကြားခြင်း၊ ဥပဒေနှင့်အညီဆောင် ရွက်မှုများအပေါ် ကန့်သတ်ချုပ် ချယ်ရာရောက်ခြင်း စသည့် ဆောင်ရွက်မှုများ တွေ့ရှိရသည် ဟု ဝေဖန်ထားသည်။
ထို့ကြောင့် လာမည့်အထွေ ထွေရွေးကောက်ပွဲတွင် လွတ် လပ်၍ တရားမျှတသော ရွေး ကောက်ပွဲမဖြစ်နိုင်ဟု ယုံကြည် ကြောင်း ပါရှိသည်။ ယင်းအိတ် ဖွင့်ပေးစာ၌ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေး အပါအ၀င် တစည၊ အမျိုးသားဒီမိုကရေစီပါ တီသစ်၊ အမျိုးသားတိုးတက်ရေး ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန် မာ)၊ ခေတ်သစ်ပြည်သူ့ပါတီ စ သည့် ၂၆ပါတီမှ တာဝန်ရှိသူများ လက်မှတ်ရေးထိုးထားသည်။
ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်ကမူ အဆိုပါအိတ်ဖွင့် ပေးစာကို လက်ခံရရှိခြင်းမရှိသေး ၍ မှတ်ချက်မပေးနိုင်သေး ကြောင်း ယမန်နေ့ညက ပြော သည်။ ‘‘တွေ့ဖို့လိုအပ်တဲ့ အချိန် မှာ တွေ့မယ်ဆိုတဲ့ အနေအထား တော့ ရှိပါတယ်’’ဟု ၎င်းကပြော သည်။ သို့သော် လတ်တလော တွင် တွေ့ဆုံရန် စီစဉ်ထားခြင်း မရှိသေးဟု ဆိုသည်။
Credit - 7 Day Daily
အစိုးရမှတ်ချက်မတောင်းဘဲ တပ်မတော် တရားစွဲဆိုမှုများ ခြေဥနှင့်ညီ၊ မညီ အရပ်ဘက်ပုဂ္ဂိုလ်အချို့ ပူးပေါင်းသုံးသပ်နေ
ပြည်သူများ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရထံမှမှတ်ချက်မတောင်းခံဘဲ တပ်မတော်က တရားစွဲဆိုနေမှုများ၊ ရဲတပ်ဖွဲ့၏ ဖမ်းဆီးအရေးယူဆောင်ရွက်နေမှုများကို ဥပဒေပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဆန်းစစ်နေပြီး မကြာမီထုတ်ပြန်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီက ပြောကြားသည်။
‘‘တပ်မတော်ဘက်ကနေပြီးတော့ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ အစိုးရအသီးသီးရဲ့မှတ်ချက်တစ်စုံတစ်ရာမရှိဘဲ သူ့ ဘာသာသူတရားစွဲနေခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ညီ ညွတ်ခြင်းရှိရဲ့လားဆိုတာ ပြန်သုံး သပ်ရတော့မယ်’’ဟု ကိုဂျင်မီက ပြောသည်။
အဆိုပါဆန်းစစ်မှုကို စတင် ပြုလုပ်နေပြီး မကြာမီအဖြေထွက် လာမည်ဟု ၎င်းကဆိုသည်။
‘‘ရဲတွေကနေပြီးတော့ ဖမ်း ချင်တဲ့သူကျတော့ အမြန်ဖမ်း တယ်။ ညသန်းခေါင်ကြီးလည်း ဖြစ်ချင်ဖြစ်တယ်။ မဖမ်းချင်တဲ့ သူကျလည်း လွှတ်ပေးထားတယ်။ မလိုရင် မလိုသလို ဥပဒေနဲ့တင်း ကျပ်လုပ်နေတာက ရဲလုပ်ထုံးလုပ် နည်းနဲ့ညီရဲ့လား၊ ရဲကျင့်ဝတ်နဲ့ညီ ရဲ့လား၊ နောက်ကွယ်က ဘာတွေ ရှိလားဆိုတာ ပြန်ဆန်းစစ်နေ တယ်။ ဒါက နိုင်ငံတော်အတွက် လည်း အရေးကြီးတဲ့နှစ်ချက်ဖြစ် တယ်’’ဟုကိုဂျင်မီကပြောသည်။
တပ်မတော်က တစ်စုံတစ် ဦးကို တရားစွဲဆိုခြင်းနှင့်ပတ် သက်ပြီး အစိုးရထံမှတ်ချက် တောင်းခံရန် ဥပဒေတွင် မပါရှိ ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
‘‘သူတို့(တပ်မတော်)က တ ရားစွဲရင် တရားရုံးကို ဦးတိုက် လျှောက်တယ်။ တရားရုံးက လက်ခံတာကိုး။ တရားသူကြီးက လက်ခံတယ်။ ဥပဒေမှာလည်း ဘယ်သူမဆို တရားစွဲလို့ရတယ် လေ။ ကန့်သတ်ထားတာမဟုတ် ဘူး။ အဓိကကတော့ဥပဒေနဲ့မညီ ရင် တရားရုံးကလက်ခံဖို့မလိုဘူး’’ ဟုဦးကျော်ဟိုးကပြောသည်။
တပ်မတော်နှင့် ပြည်ထဲရေး ၀န်ကြီးဌာနတို့က တရားစွဲဆို သည့်သူများ (ဒါရိုက်တာမင်းထင် ကိုကိုကြီး၊ ဒေါင်းတို့မျိုးဆက်စသ ဖြင့်)ကို ရဲတပ်ဖွဲ့က မြန်မြန်ဆန် ဆန်ပင် လိုက်လံဖမ်းဆီးသော် လည်း ဒဂုံမြို့သစ်တောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာ ၀င်များ၏ ဥပုသ်လ၀တ်ပြုဆု တောင်းပွဲတားဆီးပိတ်ပင်မှု ကြောင့် ဖမ်းဝရမ်းထုတ်ထားသော အမျိုးသားရေးလှုပ်ရှားသူဟုဆို သူ မိုက်ကယ်ကျော်မြင့်ပါနှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိခြင်းမရှိသေး သည့်အပေါ် ဥပဒေပညာရှင်များ က ဝေဖန်နေသည်။
တပ်မတော်နှင့် ပြည်ထဲရေး ၀န်ကြီးဌာနတို့က တရားစွဲဖမ်းဆီး အရေးယူနေခြင်းများသည် နိုင်ငံ တော်၏လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်အခြေအနေ ကို လျော့ပါးနိမ့်ကျစေသဖြင့် တည်ဆဲအစိုးရအနေဖြင့် ယင်းအ မှုများကို ဆန်းစစ်လေ့လာသုံး သပ်ကာ တာဝန်ယူဖြေရှင်းသင့် ကြောင်း ပဲန်မြန်မာက မေလ ၂၃ ရက်တွင် ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားသည်။
Credit - 7 Day Daily
AA အဖွဲ့က လုံခြုံရေးစိုးရိမ်မှုရှိနေ၍ အပစ်ရပ်ဆွေးနွေးပွဲ ရွှေ့ဆိုင်းရခြင်းဖြစ်ဟု သမ္မတရုံး ပြော ၊ မှဲ့တစ်ပေါက်မစွန်းစေရန် တပ်မတော်က အာမခံဟုဆို
နေပြည်တော်(မေလ ၂၅ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရက္ခိုင့်တပ်(AA) ကကိုယ်စားလှယ်များအတွက် လုံခြုံရေး စိုးရိမ်မှု ရှိနေ၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) နှင့် မြောက်ပိုင်းလက်နက်ကိုင် လေးဖွဲ့တို့ ဒုတိယအကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ရွှေ့ဆိုင်းရခြင်းဖြစ်ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
NRPC နှင့် မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဖြစ်သည့် KIO/KIA ၊ MNDAA ၊ TNLA နှင့် AA တို့အကြား မူဆယ်မြို့တွင် ဧပြီ ၃ဝရက်က တွေ့ဆုံဆွေးနွေးစဉ် တစ်ဖွဲ့ချင်းအလိုက် အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်မည့် Bilateral စာချုပ် ချုပ်ဆိုနိုင်ရေး ဆက်လက်ဆွေးနွေးရန် သဘောတူထားသည်။
ထိုဆွေးနွေးပွဲရလဒ်ကို မေလ ၂၄၊ ၂၅ရက်တွင် ထပ်မံတွေ့ဆုံရန် သတ်မှတ်ခဲ့သော်လည်း ဆွေးနွေးပွဲကျင်းပမည့်နေရာ ပြေလည်မှုမရ၍ ရွှေ့ဆိုင်းခဲ့ရခြင်း ဖြစ်သည်။
“သူတို့ဘက်က နောက်ဆုံးအဆိုပြုချက်က မူဆယ်လို့ ပြောတယ်။ မူဆယ်ဆိုရင်တော့ အဓိက KIA ကတော့ ဘယ်နေရာဖြစ်ဖြစ်လို့ ပြောတယ်။ ရန်ကုန်ဖြစ်စေ၊ နေပြည်တော်ဖြစ်စေ၊ မြစ်ကြီးနားဖြစ်စေ သူကတော့ အဆင်ပြေတယ်။ သို့သော် အခုလောလောဆယ် စိုးရိမ်မှုရှိနေတာက AA ပေါ့။ AA အဖွဲ့ကတော့ တိုက်ပွဲတွေ နည်းနည်းလေး ရှိနေတဲ့အတွက် သူတို့ ခေါင်းဆောင်တွေလာတဲ့အခါမှာ သူတို့ရဲ့ လုံခြုံရေးတွေ စိုးရိမ်တယ်လို့ ပြောတယ်” ဟု မေလ ၂၄ရက်တွင် ဦးဇော်ဌေးက ပြောသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ဆုံးဖြတ်ချက်ကြောင့် တွေ့ဆုံမည့်နေရာ ညှိနှိုင်းခြင်းဖြစ်ဟု AA ဆို
AA ၏ ထိုစိုးရိမ်ချက်အပေါ် တပ်မတော်အကြီးအကဲများကို မေးမြန်းရာတွင် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကာလအတွင်း ゞင်းတို့၏ လုံခြုံရေးကို စိုးရိမ်စရာမလိုကြောင်း တပ်မတော်ဘက်က အာမခံသည်ဟု ဦးဇော်ဌေးက ဆိုသည်။
AA ၏ ထိုစိုးရိမ်ချက်အပေါ် တပ်မတော်အကြီးအကဲများကို မေးမြန်းရာတွင် အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကာလအတွင်း ゞင်းတို့၏ လုံခြုံရေးကို စိုးရိမ်စရာမလိုကြောင်း တပ်မတော်ဘက်က အာမခံသည်ဟု ဦးဇော်ဌေးက ဆိုသည်။
“ကျွန်တော်တို့ တပ်မတော်ဘက်ကလည်း အကြီးအကဲတွေ မေးတယ်။ တပ်မတော်ဘက်က အကြီးအကဲတွေကလည်း ဘာပြောလဲဆိုတော့ မှဲ့တစ်ပေါက် မစွန်းစေရဘူး။ လုံခြုံရေးကို အာမခံပါတယ်။ ဒီညီလာခံကာလ နောက် ၈ဖွဲ့နဲ့ NRPC မှာ တွေ့တဲ့ ကာလတွေကိုလာတဲ့အခါမှာလည်း သူတို့ လုံခြုံရေးအရ တစ်စုံတစ်ရာ လုံခြုံရေးအရ ဘာမှ စိုးရိမ်စရာ မရှိတဲ့ အခြေအနေဖြစ်တယ်ပေါ့” ဟု ゞင်းက ပြောသည်။
လက်ရှိတွင် တွေ့ဆုံပွဲ ဆက်လက်ကျင်းပနိုင်ရေး အပြန်အလှန် ဆက်သွယ်ပြီး ညှိနှိုင်းနေသည်ဟု ဆိုသည်။
ပြည်ထဲရေးဝန်ကြီးဌာန အကျဉ်းဦးစီးဌာန သေဒဏ်ပြစ်ဒဏ်ကျအကျဉ်းသား လွတ်မြောက်လာသည်ဆိုသောသတင်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်းဟု ယနေ့ မေ ၂၆ ရက် ညပိုင်းက ထုတ်ပြန်သည်။
ပုဒ်မ ၅၉ မပြင်ဆင်ရေး၊ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးဟောပြောပွဲ မန္တလေး၊ပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်
************************
ပုဒ်မ(၅၉)အား ပြင်ဆင်၊ဖြည့်စွက်၊ပယ်ဖျက်ခြင်း မရှိစေရန်နှင့် သက်ဆိုင်ရာ တိုင်း၊ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များအား တိုင်းပြည်နယ်လွှတ်တော်မှ ရွေးကောက်တင်မြှောက်ခွင့် ရရှိစေရန် ပုဒ်မ(၂၆၁)အား ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော်ပွဲကို မန္တလေးမြို့ မနော်ရမ္မံဟစ်တိုင်ကွင်းတွင် ပြုလုပ်ခွင့်မရခြင်းအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက "ဘယ်အဖွဲ့အစည်းက လုပ်လုပ် သတ္တိရှိရှိ ခွင့်ပြုပေးလိုက်ပါလို့ တိုက်တွန်းကြောင်း" ယနေ့ မေ ၂၆ ရက် နံနက်က မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးတိုင်းရုံးတွင် ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံချိန်တွင် ပြောသည်။
ပုဒ်မ(၅၉)အား ပြင်ဆင်၊ဖြည့်စွက်၊ပယ်ဖျက်ခြင်း မရှိစေရန်နှင့် သက်ဆိုင်ရာ တိုင်း၊ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များအား တိုင်းပြည်နယ်လွှတ်တော်မှ ရွေးကောက်တင်မြှောက်ခွင့် ရရှိစေရန် ပုဒ်မ(၂၆၁)အား ပြင်ဆင်ပေးရေး လူထုဆန္ဒထုတ်ဖော်ပွဲကို မန္တလေးမြို့ မနော်ရမ္မံဟစ်တိုင်ကွင်းတွင် ပြုလုပ်ခွင့်မရခြင်းအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက "ဘယ်အဖွဲ့အစည်းက လုပ်လုပ် သတ္တိရှိရှိ ခွင့်ပြုပေးလိုက်ပါလို့ တိုက်တွန်းကြောင်း" ယနေ့ မေ ၂၆ ရက် နံနက်က မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးတိုင်းရုံးတွင် ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ဟောပြောပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံချိန်တွင် ပြောသည်။
မနော်ရမ္မံဟစ်တိုင်ကွင်းတွင်ပြုလုပ်ခွင့်တင်ထားသော်လည်း ခွင်ပြုမိန့်မကျသောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာဟောပြောပွဲ ခေါင်းစဉ်ဖြင့် မေလ ၂၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းရုံး၊အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးရုံးနှင့် ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးရုံးတို့တွင် တစ်ချိန်တည်း တစ်ပြိုင်နက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ အိန္ဒိယနိုင်ငံ၏ ၀န်ကြီးချုပ် ရှရီ နာရင်ဒရာမိုဒီ ထံသို့
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မှ အိန္ဒိယနိုင်ငံ၏ ၀န်ကြီးချုပ် ရှရီ နာရင်ဒရာမိုဒီ ထံသို့
အဆွေတော်ဝန်ကြီးချုပ်၏ စွမ်းဆောင်နိုင်သောခေါင်းဆောင်မှုဖြင့် ရောက်ရှိလာမည့်နှစ်များတွင်လည်း အိန္ဒိယနိုင်ငံ၏ တိုင်းသူပြည်သားများသည် အဆွေတော်၏ ပထမအကြိမ်ဝန်ကြီးချုပ်သက်တမ်းကာလအတွင်း ရရှိခံစားခဲ့ကြသော လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုတို့အား ဆက်လက်ရရှိကြပေလိမ့်မည်ဟု ကျွန်မအနေဖြင့်စိတ်ချယုံကြည်ပါသည်။
From: Daw Aung San Suu Kyi, State Counsellor of Myanmar
To: Shri Narendra Modi, Prime Minister of India
To: Shri Narendra Modi, Prime Minister of India
RCSS/SSA ရှမ်းပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယွက်စစ် ရဟန်းဝတ်
RCSS/SSA ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ ကွယ်လွန်သွားတဲ့ မိခင်ဖြစ်သူအား ရည်စူးပြီး ဒီကနေ့မနက်က ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှာ ဒုလ္လဘ ရဟန်းဝတ်ခဲ့ပါတယ်။
သူရဲ့ မိခင်ဖြစ်သူ မယ့်ထောဝ့်ကျန်းခမ်း (အသက် ၈၆) နှစ်ဟာ ပြီးခဲ့တဲ့ မေ ၁၇ ရက်က လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စရောက်ပြီး မေ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင် မဲ့တိုင်မြို့နယ်မှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
ဒီကနေ့မနက် ၁၀ နာရီမှာတော့ ဗိုလ်ချုပ်ကြီးယွက်စစ်ဟာ ကွယ်လွန်သူမိခင်အားရည်စူးပြီး မဲ့တိုင်မြို့နယ် ဆန်မဟာဖိုးအုပ်စုရှိ တိယဆဌာန်ကျောင်းတိုက်မှာ ရဟန်းဝတ်ခဲ့တာပါ။
အရှင်ဆုမနိုးဆိုတဲ့ ရဟန်းဘွဲ့အမည်ရ စ၀်ယွက်စစ်ဟာ ရဟန်းဘောင်ကို ယာယီဝင်ရော က်ခြင်းသာဖြစ်ကြောင်း၊ ဘယ်နှစ်ရက်ဝတ်မလဲဆိုတာတော့မသိသေးဘူးလို့ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းငင်းက ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့ဥက္ကဋ္ဌကြီးက ယာယီရဟန်းဝတ်တာပါ။ ဘယ်နှစ်ရက်ဝတ်မလဲဆိုတာတော့ အကန့်အသတ်မရှိသေးဘူး။ နေ့တိုင်းတရားထိုင် ဘ၀နာပွါးမယ်လို့သိရတယ်။ ကြီးလေးတဲ့ စစ်ရေး၊ နိုင်ငံရေးတာဝန်ထမ်းဆောင်လာတဲ့ ဥက္ကဋ္ဌကြီး အနေနဲ့ ခုလိုရဟန်းဘ၀ တရားထိုင်တဲ့ အခါ မိခင်ကျေးဇူးဆပ်ရာလည်းရောက်တယ်၊ ပြီးတော့ သမာဓိတွေ ပိုရလာမယ်။ သူ့ရဲ့လုပ်ငန်း တာဝန်မှာ စိတ်ခံစာမှုတခုတည်းနဲ့ အလုပ်လုပ်လို့မရဘူးလေ၊ သတိ၊ ၀ိရိယ၊ သီလတွေနဲ့ပါ လု ပ်ကိုင်ရတော့ ခုလိုရဟန်းဝတ်တာ သိပ်ကောင်းတာပေါ့”
စ၀်ယွက်စစ်ရဲ့ မိခင် မယ့်ထောဝ့်ကျန်းခမ်းဟာ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့အနီး မိုင်းယိုင်းရွာကဖြစ်ပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေမှ သူတို့ရွာမှာ တိုက်ပွဲတွေဖြစ် ရွာမီးရှို့ခံရလို့ ထိုင်းနယ်စပ်ဘက်ထွက်ပြေး ခိုဝင်လာတာဖြစ်ပါတယ်။ သားသမီး ၈ ယောက် ရှိပြီး ဗိုလ်ချုပ်ကြီး ယွက်စစ်က သားအကြီးဆုံးဖြစ်ပါတယ်။
Credit - DVB
ဖားကန့် ကျောက်စိမ်းတူးဖော်မှုကို အွန်လိုင်းမှ အချိန်မရွေးစောင့်ကြည့်နိုင်တော့မည်
ကချင်ပြည်နယ်၊ ဖားကန့်ဒေသက ကျောက်စိမ်းတူးဖော်မှုတွေကို အချိန်မရွေးကြည့်ရှုလို့ ရမယ့် ဆော့ဝဲလ်တခုကို ကမ္ဘာ့ဘဏ်အကူအညီနဲ့ လုပ်နေတယ်လို့ ခန့်ရွှေပြည်ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်ဘိုခန့်က ပြောပါတယ်။
ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်မှုတွေလုပ်တဲ့အခါ ကျောက်စိမ်းမိုင်းတွေရဲ့ တည်နေရာ အကျယ်အ၀န်း၊ ပိုင်ရှင်အမည်စတဲ့ အသေးစိတ် အချက်အလက်တွေကို ဆော့ဝဲလ် တခုနဲ့ လူမှုကွန်ရက် မီဒီယာအပေါ် တင်ပြလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“ဧရိယာအနေအထား၊ အနိမ့်အမြင့်၊ ဘယ်သူပိုင်တယ်။ ဘယ်သူလုပ်ပေးတယ်ဆိုတဲ့ဟာက ကျနော်တို့ ဆော့ဝဲလ်တခုနဲ့ နောက်ဆိုရင်ဝက်ဆိုက်မှာ တင်ပေးမှာ။ အရမ်းပွင့်လင်းမြင်သာပီ” လို့ ဦးဇော်ဘိုခန့်က ပြောပါတယ်။
ကျောက်စိမ်းတူးဖော်တဲ့အခါ သတင်းအချက်အလက် အတိအကျရရှိနိုင်ဖို့ ကမ္ဘာ့ဘဏ်ကနေ ငွေကြေးထောက်ပံ့ခဲ့တာဖြစ်ပြီး ပညာရှင်တွေကိုလည်း တင်ဒါနဲ့ခေါ်ယူထားပြီး ဖြစ်ပါတယ်။
Credit - DVB
အာရှက မိသားစုများကြား ထိုးဖောက်ဝင်လာနေတဲ့ Islamic State
သီရိလင်္ကာနိုင်ငံ၏ မြို့တော်နှင့် အခြားမြို့ ၂ မြို့မှ ခရစ်ယန် ဘုရားကျောင်းများနှင့် ဟိုတယ်များတွင် အသေခံ ဗုံးခွဲသူများက လူ ၂၅၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် အီစတာ တနင်္ဂနွေနေ့ မတိုင်မီညက အသက် ၂၈ နှစ်အရွယ် ဖာသီမာ အေလ်ဟမ် Fathima Ilham က သူ၏ မိခင်ကို ဖုန်းခေါ်၍ နောက်တနေ့ မနက်တွင် လာရန် ပြောသည်။ သူက ဖြစ်လာတော့မည့် အစုအပြုံလိုက် သတ်ဖြတ်မှု အတွက် မည်သည့် အရိပ်အယောင်မျှ မပြသခဲ့ပါ။
နောက်တနေ့ နေ့လည်ခင်းရောက်သည့် အခါ ရက်စက်သော အဖြစ်မှန်တခုကို မိခင်ဖြစ်သူ ရင်ဆိုင်ရတော့သည်။ ဖာတီမာနှင့် သူ၏ ခင်ပွန်း ဖြစ်သူ အသက် ၃၂ နှစ်အရွယ် စီးပွားရေးသမား အေလ်ဟမ် အာမက် အီဘရာဟင် Ilham Ahmed Ibrahim တို့က ဆယ်စုနှစ် တခု အတွင်း သီရိလင်္ကာနိုင်ငံ၌ အဆိုးရွားဆုံး ဖြစ်သည့် အကြမ်းဖက်လုပ်ရပ်တွင် ပါဝင်ပတ်သက်ခဲ့ကြသည်။
သူတို့ စုံတွဲ အစွန်းရောက်သွားခြင်းက သီးသန့်ကိစ္စတခု လုံးဝမဟုတ်ပါ။ မိသားစု အကြမ်းဖက် ကလပ်စည်းများ ပေါ်ထွက်လာခြင်းက Islamic State(IS) အဖွဲ့နှင့် ၎င်း၏ လက်တံများက တောင်အာရှနှင့် အရှေ့တောင် အာရှတွင် မည်သို့ ရှေ့ဆက်နေသည်၊ မည်သို့ အသွင်ပြောင်းလဲနေသည် ဆိုခြင်းကို ပြသနေသည်။ အရှေ့အလယ်ပိုင်းတွင် ဆုံးရှုံးခဲ့ ရသည်များကို ပြန်ထေမိရေးအတွက် အစ္စလမ်မစ်နိုင်ငံ(caliphate) တခု ထူထောင်ရန် အားထုတ်နေသော IS ကို အားကျ သည့် အစွန်းရောက်များအား စောင့်ကြည့်နေကြသော ဒေသတွင်းမှ လေ့လာဆန်းစစ်သူများကိုလည်း သတိပေးနေသည်။
အမြင့်ဆုံးသို့ရောက်ခဲ့ချိန်တွင် IS တို့က စစ်ပွဲကြောင့် ထိခိုက်ပျက်စီးနေသည့် အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေကျယ် ကျယ် ပြန့်ပြန့် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်းတွင် သူတို့ နိုင်ငံထူထောင်ရန် စီစဉ်ထားခဲ့သည့် ပိုင်နက်နယ်မြေများကို အားလုံး နီးပါး ဆုံးရှုံးခဲ့ရသည်။ IS အဖွဲ့က အရှေ့တောင်အာရှ၏ အကြီးဆုံး ကက်သလစ် ခရစ်ယန်နိုင်ငံဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှ မင်ဒါနာအိုကို caliphate အတွက် ဖြစ်ကြောင်း ၂၀၁၇ ခုနှစ် တွင် ကျေညာခဲ့သည်။ မွတ်ဆလင် အများစုနေထိုင်ရာဖြစ်သည့် မင်ဒါနာအိုသည် လူ ၁၂၀၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဆယ်စုနှစ် ၄ ခုနီးပါးကြာမြင့်ခဲ့သော ပြည်တွင်းစစ်ကြောင့် ထိခိုက် နစ်နာခဲ့ရပြီး ဖြစ်သည့်အတွက် စိုးရိမ်မှုများ မြင့်တက် ခဲ့ရသည်။
“သန့်စင်သော အစ္စလမ်မစ် ပတ်ဝန်းကျင်တခု” ထူထောင်ရန် IS ၏ တောင်းဆိုမှုက အာရှမှ ထောက်ခံသူ နောက်လိုက်များကို ဆက်လက်၍ ဆွဲဆောင်နေသည်။ ဆင်းရဲ ချမ်းသာမရွေး မိသားစုတခုလုံးလိုက်ကို သိမ်းသွင်းယူနေသည်။
“မိသားစု သဘောတရားက IS ရဲ့ caliphate အတွေးအခေါ်အတွက် တော်တော်လေး အလုပ်ဖြစ်တယ်” ဟု တောင်အာရှမှ ထောက်လှမ်းရေး သမားတဦးက ပြောသည်။ “စစ်မှန်တဲ့ မွတ်ဆလင်တွေအနေနဲ့ နေထိုင်ဖို့၊ ပြည့်စုံတဲ့ အစ္စလမ်မစ်ဘဝကို ခံစားနိုင်ဖို့ ဆိုတာက မွတ်ဆလင်တွေကို အခြေခံ(radical)ဝါဒဖက် ရောက်သွားအောင် ဆွဲဆောင်မှု တခုပါပဲ။ အယ်လ်ကိုင်းဒါးက caliphate တခု ထူထောင်ဖို့ ဘယ်တုန်းကမှ မပြောခဲ့တာကြောင့် အဲဒါက အပြောင်းအလဲတခု ဖြစ်ခဲ့ပါတယ်။”
သူ၏ မိသားစုက ချမ်းသာကြွယ်သော ဟင်းခတ်အမွှေးအကြိုင် ကုန်သည်များဖြစ်ကြသည့်တိုင် အေလ်ဟမ် အာမက် အီဘရာဟင်က လှုပ်ရှားမှုတွင် ပါဝင်လာခဲ့သည်။ သူက ရှန်ဂရီလာ Shangri La အဆင့်မြင့် ဟိုတယ်ကို တိုက်ခိုက်ခဲ့သည့် ဗုံးခွဲသူ ၂ ဦးထဲမှ တဦး ဖြစ်ပြီး သူ၏ အကိုဖြစ်သူ အင်ရှက်ဖ် အာမက် အီဘရာဟင် Inshaf Ahmed Ibrahim က အခြား ဟိုတယ်တခုကို တိုက်ခိုက်ခဲ့သည်။
နာရီ အနည်းငယ်ကြာသည့် အခါ ကိုယ်ဝန်ဆောင်တဦး ဖြစ်သည့် ဖာသီမာက သူ၏ အလွန်ငယ်ရွယ်သေးသော သား ၃ ယောက်နှင့် အတူ အသေခံ ဗုံးခွဲ သွားခဲ့သည်။ သူ၏ ယောက်ျားဖက်မှ ဆွေမျိုးများနှင့် အတူနေထိုင်သော အိမ်သို့ ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးရေး အဖွဲ့တခု ရောက်လာခဲ့ပြီးနောက်တွင် ဖြစ်သည်။
ဖာသီမာ၏ မိခင်ရောက်လာသည့် အချိန်ကို မိသားစုဝင်များက ပြန်ပြောပြကြသည်။ သူ၏ သမီးဖြစ်သူကို ဆိုဖာတခု ပေါ် တွင် ထိုင်နေသည်ကို တွေ့ရပြီး သူ၏ သားများနှင့် အတူ ကျမ်းစာ ရွတ်ဖတ်နေသည်။ ဖာသီမာက ပေးစရာရှိသည့် ငွေကြေးများနှင့် ပတ်သက်၍ ညွှန်ကြားချက်များ ပေးသည်။ ထို့နောက် “ကျမက အလ္လာရဲ့ လမ်းကြောင်းအတိုင်း သွားတော့ မယ်” ဟု ပြောပြီးနောက် သူ့မိခင်ကို ပြန်သွားခိုင်းခဲ့သည်။
ပြည်တွင်းဖြစ် အစ္စလမ်မစ် အဖွဲ့ ၂ ခုဖြစ်သည့် National Thowheed Jamath (NTJ) နှင့် Jamathei Millathu Ibrahim (JMI) တို့က ပြုလုပ်ခဲ့သော သီရိလင်္ကာတိုက်ခိုက်မှုများအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ကြေညာရန် IS က အချိန် မဖြုန်းခဲ့ပါ။ ထို့ပြင် အီဘရာဟင် ညီအစ်ကိုများသည်သာ မိသားစုလိုက် ပါဝင်ပတ်သက်ခဲ့ခြင်း မဟုတ်ပါ။
ရှန်ဂရီလာ ဟိုတယ်ကို ဗုံးခွဲခဲ့သည့် အခြားသူတဦး ဖြစ်ပြီး နောက်ကွယ်မှ ကြိုးကိုင်စီစဉ်ခဲ့သူဟု သံသယရှိသည့် မိုဟာမက် ကာဆင် မိုဟာမက် ဇဟာရမ် Mohamed Cassim Mohamed Zaharan ၏ ဆွေမျိုးများကလည်း ဧပြီလ ၂၆ ရက်နေ့တွင် သူတို့ကိုယ်သူတို့ ဗုံးခွဲ စီရင်သွားခဲ့သည်။ အရှေ့ဘက်ကမ်းခြေမှ သူတို့ ပုန်းခိုနေသည့်နေရာကို အစိုးရတပ်ဖွဲ့များ လာရောက်ဝိုင်းရံသည့် အချိန်တွင် ဖြစ်သည်။ သေဆုံးသူများထဲတွင် အမျိုးသမီး ၂ ဦးနှင့် ကလေး ၆ ဦး ပါဝင်သည်။
၂၀၀၉ ခုနှစ် မေလတွင် ပြည်တွင်းစစ်ပြီးဆုံးခဲ့သည့် အချိန်နောက်ပိုင်း ဗုဒ္ဓဘာသာဝင် အများစုဖြစ်သည့် သီရိလင်္ကာနိုင်ငံမှ ထိရှလွယ်သော ငြိမ်းချမ်းရေးကို ပျက်စီးစေခဲ့သော ဗုံးခွဲတိုက်ခိုက်မှုများက ဒေသတွင်းမှ အစွန်းရောက် မိသားစုများပါဝင် နေသည့် အကြမ်းဖက်မှုများ၏ နောက်တွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
မတ်လ အလယ်ပိုင်းတွင် ဘာသာရေးစစ်ပွဲဝါဒီ ကလပ်စည်းခေါင်းဆောင်တဦး၏ ဇနီးဖြစ်သူက ကမ္ဘာတွင် မွတ်ဆလင်လူ ဦးရေ အများဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ ဆူမတြာ မြောက်ပိုင်းတွင် ဗုံးတလုံးကို ဖောက်ခွဲခဲ့သည်။ ပေါက်ကွဲမှုက ရပ်ကွက် တခုလုံးနီးပါးကို ဖျက်ဆီးခဲ့သည်။
ဇန်နဝါရီလ နှောင်းပိုင်းတွင် အင်ဒိုနီးရှားလူမျိုး ခင်ပွန်းနှင့် ဇနီးတို့က ဖိလစ်ပိုင်နိုင်ငံမှ ခရစ်ယန် ဘုရားကျောင်းတခုကို အသေခံတိုက်ခိုက်ခဲ့ရာ လူ ၂၀ သေဆုံးပြီး ၁၀၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ပြီးခဲ့သည့်နှစ် မေလ အတွင်းတွင် မိသားစုများ(အသက် ၉ နှစ်မှ ၁၈ နှစ် အထိ ရှိသည့် ကလေး ၄ ဦးနှင့် သူတို့၏ မိဘများ) က အင်ဒိုနီးရှား၏ ဒုတိယ အကြီးဆုံးမြို့တော်ဖြစ်သည့် ဆူရာဘားယား Surabaya မှ ခရစ်ယန် ဘုရားကျောင်းများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသည်။ ထိုအချိန်တွင် အင်ဒိုနီးရှား အခြေစိုက် လေ့လာဆန်းစစ်သူများက တိုက်ခိုက်မှုများသည် ယခင်က မရှိခဲ့ဖူး သည့် တိုက်ခိုက်မှုမျိုး ဖြစ်ကြောင်း သတ်မှတ်ခဲ့ကြသည်။ မိဘများက သူတို့၏ ကလေးများကို သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်ရန် ခေါ်ဆောင်သွားကြသောကြောင့် ဖြစ်သည်။
ဂျကာတာအခြေစိုက် Institute for Policy Analysis of Conflict ၏ အဆိုအရ အမျိုးသမီးများ၏ ပိုမိုတက်ကြွသော အခန်းကဏ္ဍက သိသိသသာသာ ပြောင်းလဲသွားခဲ့သည်။
“အစပိုင်းတုန်းက သူတို့တွေက (IS ကွန်ရက်တွေမှာ) ဆရာမတွေ၊ ဆက်သားတွေ၊ ဝါဒဖြန့်ချီသူတွေနဲ့ ဘဏ္ဍာငွေ ရှာဖွေသူ တွေ အဖြစ် အရေးပါတဲ့ ကဏ္ဍက ပါဝင်ခဲ့ကြတယ်။ ဒါပေမယ့် ဗဟိုချုပ်ကိုင်မှု လျှော့ချလိုက်တဲ့ ISIS ကမ္ဘာသစ်မှာတော့ သူတို့က တိုက်ခိုက်ရေး ကဏ္ဍမှာလည်း ပါဝင်လာကြတယ်” ဟု လွတ်လပ်သော ပညာရှင်အဖွဲ့တခု ဖြစ်သည့် Institute for Policy Analysis of Conflict ၏ ဧပြီလထုတ် အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံမှ အကြမ်းဖက်တိုက်ဖျက်ရေး တာဝန်ရှိသူများက သဘောတူသည်။ မလေးရှားနိုင်ငံ၏ ထောက်လှမ်းရေး အဖွဲ့တခု ဖြစ်သည့် သတင်းတပ်ဖွဲ့(Special Branch) က အထောက်အကူပေးရေး ကဏ္ဍမှ ရှေ့တန်း ကဏ္ဍများသို့ အမျိုးသမီးများ မည်သို့ ပြောင်းရွှေ့နေသည်ကို သတိပြုမိခဲ့ပြီး ဖြစ်သည်ဟု မလေးရှား အမျိုးသား လုံခြုံရေးဆိုင်ရာမှ သတင်းရင်းမြစ်တဦးက ပြောသည်။
၂၀၁၈ ခုနှစ် မေလက မလေးရှားနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ ကာလအတွင်းတွင် သူ၏ ကားအတွင်းတွင် ဓာတ်ငွေ့ဗူးများထည့်၍ မဲရုံတခုမှ မဲလာပေးသူများအတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရန် ကြံစည်သည့်အတွက် အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတဦး အဖမ်းခံခဲ့ရပြီးနောက် အချက်ပေးခေါင်းလောင်းသံများ ထွက်ပေါ်လာခဲ့ရသည်။
မလေးရှား လုံခြုံရေးတပ်ဖွဲ့များမှာ အခြား ခြိမ်းခြောက်မှုများကို သတိထား စောင့်ကြည့်နေကြသည်။ အရှေ့ အလယ်ပိုင်းတွင် တိုက်ခိုက်ခဲ့သည့် ဘာသာရေးစစ်ပွဲ ဝါဒီများ အိမ်ပြန်လာရန် ဖြစ်နိုင်ချေများ ရှိနေသည်။
၂၀၁၄ ခုနှစ်က IS စိတ်လှုပ်ရှားဖွယ်ရာ ပေါ်ထွက်လာသည့် အချိန်တွင် အဖွဲ့ကို အင်အားဖြည့်တင်းရန် တိုင်းပြည်မှ ထွက်ခွာသွားခဲ့သူများက အမျိုးသမီးများ အပါအဝင် မလေးရှားနိုင်ငံသား ၁၀၀ ကျော်ရှိမည်ဟု အစိုးရက ယူဆထားသည်။ အင်ဒိုနီးရှားနိုင်ငံသား ၅၀၀ ကျော်လည်း အလားတူ ပြုလုပ်ခဲ့လိမ့်မည်ဟု အင်ဒိုနီးရှား အစိုးရက ခန့်မှန်းထားပြီး သိရိလင်္ကာ နိုင်ငံသား ၃၂ ဦး(အချို့က တမိသားစုလုံးအပါအဝင်) ရှိမည်ဟု သီရိလင်္ကာ အစိုးရက ခန့်မှန်းသည်။ သို့သော်လည်း အမေ ရိကန် ဦးဆောင်သည့် စစ်ရေးတိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်း caliphate တခု ထူထောင်ရေး ရည်ရွယ်ချက်က မီးခိုးလို ပျောက်ကွယ်သွားခဲ့ရသည်။
အိန္ဒိယ နိုင်ငံကလည်း ပြန်လာမည့် တိုက်ခိုက်ရေးသမားများနှင့် ပတ်သက်၍ အလားတူ စိုးရိမ်မှုများ ရင်ဆိုင်နေကြရသည်။ တောင်ပိုင်း ပြည်နယ် တခုဖြစ်သည့် Kerala က လူသစ်စုဆောင်းရေး အတွက် ရေခံမြေခံကောင်းသည့် နေရာတခု ဖြစ်လာ ခဲ့သည်။ ချမ်းသာကြွယ်ဝသူ ၂၀ ကျော်၊ ပညာကောင်းစွာတတ်သည့် အမျိုးသားများနှင့် သူတို့၏ မိသားစုများက IS သို့ ဝင် ရောက်ရန် ၂၀၁၆ ခုနှစ်တွင် ထွက်ခွာသွားခဲ့ကြသည်။ အချို့မှာ ဆရာဝန်များနှင့် အင်ဂျင်နီယာများ ဖြစ်ကြပြီး အခြားသူများ မှာ စီးပွားရေး ဘွဲ့ရများ ဖြစ်ကြသည်။
လူဦးရေ ၄၀၀၀၀၀ ရှိပြီး မွတ်ဆလင် အများစုဖြစ်သည့် မော်လ်ဒိုက်တွင် အဆိုပါ လှုပ်ရှားမှုအတွင်းသို့ ပါဝင်ရန် လူ ၂၅၀ မှ ၄၅၀ အတွင်း ထွက်ခွာသွားခဲ့ကြသည်။ စက်ဝိုင်းသဏ္ဍန် အတန်းလိုက် တည်ရှိသော ကျွန်းများ၊ အလွန်သာယာသည့် အပန်းဖြေစခန်းများကြောင့် ကျော်ကြားသည့် မော်လ်ဒိုက်နိုင်ငံသည် လူဦးရေ အချိုးအရ တွက်မည်ဆိုလျှင် IS အတွက် လူသစ် အများဆုံး ထောက်ပံ့ပေးသည့် နိုင်ငံ ဖြစ်လာသည်။ သူတို့၏ ဇနီးများနှင့် ကလေးများကိုပါ ခေါ်သွားကြသည့် အမျိုးသား ၆၁ ဦး အပါအဝင် မိမိဆန္ဒအလျောက် ထွက်ခွာသွားကြသူများက တူရကီ နိုင်ငံမှတဆင့် ဆီးရီးယားရှိ IS စခန်းများ သို့ သွားရောက်ခဲ့ကြကြောင်း မော်လ်ဒိုက် အကြမ်းဖက် တိုက်ဖျက်ရေး အဖွဲ့၏ အဆိုအရ သိရသည်။
ပါကစ္စတန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကြံပေးတဦး ဖြစ်သော မိုရှာရက်ဖ် ဇိုင်ဒီ Mosharraf Zaidi က သူ၏ နိုင်ငံအတွင်းတွင် IS သြဇာလွှမ်းမိုးမှုကို လေ့လာဆန်းစစ်ခဲ့သည်။ ထိုသို့ ပြုလုပ်ခြင်းက လူမှုရေးနှင့် စီးပွားရေး နယ်ပယ်အတွင်း IS ၏ ဆွဲဆောင်မှုကို နားလည်ရေး တွင် အထောက်အကူ ဖြစ်လိမ့်မည်ဟု သူက ယုံကြည်ထားသည်။
အကြမ်းဖက်လုပ်ငန်းတွင် လုပ်သားပျား အဆင့်ရှိပြီး ဆင်းရဲ နွမ်းပါးသော၊ ပညာမတတ်သော၊ ငယ်ရွယ်ပြီး သိမ်းသွင်းဆွဲ ဆောင်ရ လွယ်ကူသူများဖြစ်သည်ဟု သူက ဆိုသည်။ သဘောတရားရေးရာ စစ်သည်တော် များလည်း ရှိသည်။ သူတို့က ချမ်းသာကြွယ်ဝသူများ၊ ပညာတတ်သူများ ဖြစ်ကြသည်။
“သဘောတရားရေးရာ စစ်သည်က အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တယ်။ ကမ္ဘာက ဘယ်လိုဖြစ်နေတယ် ဆိုတာနဲ့ ပတ်သက်လို့ ယဉ်ကျေးမှုနဲ့ ချီပြီး၊ လူမှုအသိုင်းအဝိုင်းနဲ့ ချီပြီး ပြောတဲ့ နေရာမှာ အလွန်အထောက်အကူ ပေးတယ်” ဟု Mosharraf Zaidi က ပြောသည်။
အီစတာ တနင်္ဂနွေနေ့တွင် အသေခံဗုံးခွဲခဲ့သူ အချို့နှင့် သူတို့၏ မဟာမိတ်အဖြစ် သံသယရှိသူများမှာ ဒုတိယ အမျိုးအစား နှင့် ကိုက်ညီသူများ ဖြစ်ကြသည်။ သူတို့က ကြွယ်ဝသည့် မိသားစုများမှ ဆင်းသက်လာသူများ ဖြစ်ကြပြီး နိုင်ငံရပ်ခြားတွင် ပညာသင်ယူခဲ့သူများလည်း ဖြစ်ကြသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လက ဒက္ကာတွင် အဆင့်မြင့်ကော်ဖီဆိုင် တခုကို တိုက်ခိုက်ခဲ့ ကြသည့် ဘင်္ဂလားဒေ့ရှ် အစ္စလမ်မစ် အကြမ်းဖက်သမား အဖွဲ့မှာလည်း အလားတူပင် ဖြစ်ကြောင်း လုံခြုံရေး လေ့လာဆန်း စစ်သူများက ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုတွင် လူ ၂၉ ဦး သေဆုံးခဲ့ရပြီး အများစုမှာ ညစာစားနေသော နိုင်ငံခြားသား များ ဖြစ်ကြသည်။
သီရိလင်္ကာ အသေခံ ဗုံးခွဲမှု ပြီးသည့်နောက် ပြုလုပ်ခဲ့သည့် အတိုင်း IS အဖွဲ့က ထိုစဉ်ကလည်း ထိုတိုက်ခိုက်မှုသည် သူတို့ ၏ လက်ချက်ဖြစ် ကြောင်း သူတို့၏ သတင်းဌာနဖြစ်သော AMAQ မှတဆင့် ကြေညာခဲ့သည်။
အတွေ့အကြုံများသည့် လေ့လာစောင့်ကြည့်သူများကလည်း အာရှမှ အစ္စလမ်မစ် အကြမ်းဖက်ဝါဒကို ၁၉၈၀ နှစ်များမှ စ တင်၍ ပျံ့ပွားလာခဲ့သည့် Wahhabi နှင့် Salafi သဘောတရားများနှင့် ဆက်စပ်ပြခဲ့ကြသည်။ ဆော်ဒီအာရေးဗီးယားက ဝါဒဖြန့်ခဲ့သည့် အဆိုပါ ပြင်းထန်သည့် အစ္စလမ်အယူအဆက အယ်လ်ကိုင်းဒါးနှင့် IS အပါအဝင် အကြမ်းဖက်ကွန်ရက်များကို ပျံ့ပွားစေခဲ့ခဲ့ခြင်းအတွက် အပြစ်တင်ဝေဖန်ခံခဲ့ရသည်။ သူတို့က ဘာသာရေးတွင် ပိုမို၍ အလယ်အလတ်ကျစွာ ကျင့်သုံးသည့် အာရှ အသိုင်းအဝိုင်းများ အတွင်းသို့ စီးဝင်လာခဲ့ကြသည်။
ထိုအချိန်တွင် ဖောက်ခွဲရေး ကျွမ်းကျင်သူများက အာရှတွင် မှိုလိုပေါက်နေသော IS ကလပ်စည်းများကြားတွင် ဆက်သွယ် နေသော နောက်ထပ် ဒုက္ခတခုကို မြင်ကြသည်။ သူတို့ အသုံးပြုသော ပစ္စည်းများ ဖြစ်သည်။
အီစတာ ဗုံးခွဲသူများက TAPT သို့မဟုတ် Triacetone Triperoxide ကို အသုံးပြုခဲ့ကြသည်။ ၎င်း၏ ပြင်းထန်သော အဖျက် စွမ်းအားကြောင့် အယ်လ်ကိုင်းဒါးက “စေတန်၏ မိခင်” ဟု အမည်တပ်ခဲ့သည်။ ပြီးခဲ့သည့် မတ်လနှင့် ယမန်နှစ် မေလ အတွင်းက အင်ဒိုနီးရှားမှ ဗုံးခွဲမှုများတွင် အလားတူ ပေါက်ကွဲရေး ပစ္စည်းကို အသုံးပြုခဲ့ကြသည်။
“TAPT က အကြမ်းဖက် အဖွဲ့တွေကြားမှာ လူကြိုက်များတဲ့ ဖောက်ခွဲရေး ပစ္စည်း ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြေခံ ပစ္စည်းတွေကို ကုန်မာဆိုင်တွေနဲ့ စူပါမားကက်တွေမှာတင် ရနိုင်လို့ ဖြစ်ပါတယ်” ဟု ဟောင်ကောင် အခြေစိုက် လုံခြုံရေး အတိုင်ပင်ခံလုပ်ငန်းတခု ဖြစ်သည့် ISS Risk မှ အကြမ်းဖက်ရေးရာ ကျွမ်းကျင်သူ အဖွဲ့ခေါင်းဆောင် ဖေးလ်ဟိန်း Phill Hynes ကပြောသည်။ “ဗုံးလုပ်တဲ့ ကျွမ်းကျင်မှုကို သင်ယူဖို့ အတွက် ဆီးရီးယား သို့မဟုတ် အီရတ်ကို သွားစရာ မလိုပါ ဘူး။”
အီစတာ ဗုံးခွဲမှုတွင် စစ်ရေးတိုက်ခိုက်မှုအဆင့်မျိုး အထိပြင်းထန်အောင် လုပ်နိုင်ခဲ့သည့် အကြမ်းဖက်သမားများက သူတို့၏ ဗုံးလုပ်သည့် နည်းပညာကို ပိုမိုထိရောက်အောင် တိုင်းပြည်အတွင်းတွင် လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သီရိလင်္ကာမှ စုံစမ်းစစ်ဆေးသူများက ယူဆကြသည်။ အရှေ့ပိုင်းမှ ပုန်းခိုသည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့များ လာဝိုင်းချိန်တွင် ဖောက်ခွဲမှု ပြုလုပ်ခဲ့သည့် မိုဟာမက် ဇဟာရမ်၏ ညီအစ်ကို တဦးက ဗုံးလုပ်သူများထဲမှ တဦးဖြစ်သည်ဟု သံသယ ရှိကြသည်။
သို့သော်လည်း NTJ နှင့် JMI မှ ကြံစည်သူများ၏ ကွန်ရက်တွင်းသို့ ထိုးဖောက်ရေးက အာဏာပိုင်များအတွက် လွယ်ကူ သော တာဝန်တခု မဟုတ်ပါ။ “သူတို့က အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပြောဆိုဆွေးနွေးမှုတွေကို မိသားစု အတွင်းမှာပဲ လုပ်တယ်။ အင်တာနက်ပေါ်မှာ သဲလွန်စထားခဲ့မယ့်အစား သူတို့က မျက်နှာချင်းဆိုင် အလဲအလှယ်လုပ်တာကိုလည်း အားကိုးတယ်” ဟု သီရိလင်္ကာ ထောက်လှမ်းရေး တဦးကပြောသည်။
“အင်ရှက်ဖ်နဲ့ အေလ်ဟမ်တို့က သူတို့ရဲ့ မနက်ပိုင်း ဝတ်ပြုချိန်ပြီးတဲ့နောက်မှာ ဂျမီးလ် Jameel နဲ့ BMW ကားတစီးပေါ်မှာ နာရီ နဲ့ချီ ပြီး တွေ့ဆုံခဲ့ကြတာ ဖြစ်နိုင်တယ်” ဟု သူက ပြောသည်။ ဂျမီးလ်သည် ဗြိတိန်နှင့် သြစတြေးလျတို့တွင် ပညာသင်ခဲ့သည့် နောက်ထပ် ပညာတတ် ဗုံးခွဲသမားတဦးကို ရည်ညွှန်းခြင်း ဖြစ်သည်။
စုံစမ်းစစ်ဆေးသူများ အနေဖြင့် သီရိလင်္ကာ ဗုံးခွဲမှုများ၏ အဆုံးစွန်သို့ အလျှင်အမြန် ရောက်ရှိရမည်ဟု ကျွမ်းကျင်သူများ က ပြောကြသည်။ တိုက်ခိုက်မှုများမတိုင်မီ သီရိလင်္ကာက IS စစ်မျက်နှာသစ်များထဲတွင် အနည်းအကျဉ်းမျှသာ ပါဝင်ခဲ့သည်။ ယခုအခါတွင်မှု IS ကို အတုယူအားကျသည့် ကွန်ရက်များက မည်ကဲ့သို့ ကြံစည်နေကြကြောင်း ညွှန်ပြချက်တခုအဖြစ် မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။
သီရိလင်္ကာကဲ့သို့ နိုင်ငံများတွင် လူမျိုးရေးတင်းမာမှုများက အကြမ်းဖက်မှုများကို ထပ်တိုးစေနိုင်သည်။ အီစတာ တိုက်ခိုက်မှုက မွတ်ဆလင် ဆန့်ကျင်ရေး ဆိုးကျိုးတခုကို ပေါ်ပေါက်စေခဲ့သည်။ နောက်ထပ် အစွန်းရောက်မှုကို အလွယ်တကူ မီးထိုးပေးနိုင်သည်ဟု လေ့လာဆန်းစစ်သူများက သတိပေးခဲ့ကြသည်။
ဒေသခံတို့၏ မကျေနပ်မှုကို အားသာချက်ယူရန် အစွန်းရောက်များက ကြိုးစားကြနိုင်သည်ဟု ဖေးလ်ဟိန်းက ပြောသည်။ “သူတို့ကို ဆွပေးမယ်။ သူတို့ကို အာရှမှာ IS အတွက် ဆုံရပ် ဒါမှမဟုတ် မှတ်ကျောက်တွေ အဖြစ် ပြောင်းလဲ ပစ်လိမ့်မယ်။”
Credit - Irrawaddy
Subscribe to:
Posts (Atom)