Wednesday, May 29, 2019

ဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက်ဆိုင် ၄၀ဝ ဝန်းကျင်အရေးယူမှု ဒဏ်ငွေကျပ် ၇ ဒသမ ၂၂၅ သန်းရရှိခဲ့

ငွေရှင်းပြေစာပေါ်မှာ အခွန်ကျသင့်ငွေအတိုင်း အခွန် တံဆိပ်မကပ်နှိပ်ခြင်း၊ ငွေသာကောက်ခံပြီး အခွန်တံဆိပ်ကပ် နှိပ်မပေးခြင်းအပါအဝင် အခွန်နှင့် ပတ်သက်ပြီး စားသုံးသူ များဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက်ဆိုင် ၄၀ဝ ဝန်းကျင် ကို တိုင်ကြားမှုရှိခဲ့သဖြင့် အရေးယူခဲ့ရာ ဒဏ်ငွေကျပ် ၈၇ ဒသမ ၂၂၅ သန်းရရှိခဲ့ကြောင်း နေပြည်တော် ပြည်တွင်း အခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က မေ ၂၆ ရက်တွင် ပြောဆိုသည်။
ဒဏ်ငွေရိုက်
"အခွန်ဆောင်ရတာကို အားလုံးသိနေပြီ။ ဒီမှာတချို့က အခွန်ဆောင်ရတယ်။ အခွန်တံဆိပ်တော့ ကပ်မပေးတာမျိုး၊ ကျသင့်အခွန်ထက် ပိုပေးရတာမျိုးတွေပေါ့။ သူတို့ မကျေနပ် တာတွေကို တိုင်ကြတယ်၊ တိုင်ကြားမှု ၃၈၃ မှုရှိတယ်။ ဒီမှာ တစ်ဆိုင်ထဲကို နှစ်ခါတိုင်တာမျိုးတွေလည်းရှိတယ်။ တိုင်တာ တွေကိုတော့ ဒဏ်ရိုက်တာတွေ လုပ်နေတယ်"ဟု ဒုတိယညွှန် ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောဆိုသည်။
တိုင်ကြားခဲ့သည့် ဟိုတယ်၊ တည်းခိုခန်းနှင့် စားသောက် ဆိုင်များကို စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ကျူးလွန်သည့်ဆိုင်များကို ဒဏ်ငွေရိုက်အရေးယူခဲ့ရာ စုစုပေါင်း မြန်မာငွေကျပ် ၈၇ ဒသမ၂၂၅ သန်း ရရှိခဲ့ခြင်းဖြစ်သည်။
တိုင်ကြားခဲ့
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ လေးလတာအတွင်း ပြည်တွင်းအခွန်များဦးစီး ဌာနထံ စားသုံးသူများမှ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
"အစ်ကိုတို့ကတော့ အခွန်ကောက်တယ်။ အစိုးရက သတ်မှတ်ထားသလိုပဲ။ တချို့မကောက်ခံတဲ့ဆိုင်တွေလည်း ရှိတာ အားလုံးအသိပဲ။ မကောက်တဲ့ဆိုင်ကတော့ ပုံမှန်စားနှုန်းပဲ ကျမယ်၊ ငါးရာခိုင်နှုန်းသက်သာမယ်ပေါ့၊ ဒီလိုဆိုင်တွေကိုရော ဘယ်လိုထိန်းချုပ်မလဲဆိုတာလိုမယ်"ဟု ကမာရွတ်မြို့နယ်မှ Asia Food Restaurant ဆိုင်ပိုင်ရှင် ကိုမင်းအောင်က ပြောဆိုသည်။
လက်တွေ့
ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်အမှတ်တံဆိပ် ခေါင်းကပ်နှိပ်ရန် ဟိုတယ်၊ စားသောက်ဆိုင်၊ တည်းခိုခန်းများကို ညွှန်ကြားထားသော်လည်း လက်တွေ့တွင် အခွန်ကောက်ခံ ခြင်းမရှိဘဲလုပ်ကိုင်နေသည့် လုပ်ငန်းများလည်း ရှိကြောင်း သိရသည်။
Credit - Myanamar Times

No comments:

Post a Comment