Wednesday, May 29, 2019

အကြမ်းဖက်အန္တရာယ် အထူးလေ့လာစောင့်ကြည့် စိစစ်နေဟု သမ္မတရုံးပြော


အကြမ်းဖက်အန္တ ရာယ်နှင့် ပတ်သက်၍ အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အထူး လေ့လာစောင့်ကြည့် စိစစ်နေ ကြောင်း သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောသည်။
မေလ ၂၄ ရက်တွင် နေပြည် တော်ရှိ အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC)၌ သတင်းထောက် များနှင့် တွေ့ဆုံစဉ် ထိုသို့ ပြော ကြားခြင်းဖြစ်သည်။
‘‘ပြည်တွင်းမှာလည်း အ ကြမ်းဖက်တွေ ဝင်ထွက်သွားလာ မှု၊ အကြမ်းဖက်သံသယပေါ့။ အ ကြမ်းဖက်သမားလို့ ကျွန်တော်တို့ တိကျစွာ ပြောလို့မရသေးဘူး။ သံသယရှိတဲ့သူတွေ ဝင်ထွက် သွားလာတဲ့ကိစ္စတွေကို စိစစ်မှု တွေ တောက်လျှောက်လုပ်နေတာ ဖြစ်ပါတယ်’’ဟု ၎င်းက ဆိုသည်။
လုံခြုံရေး သဘောတရား အရ သတင်းအချက်အလက်၊ မြန်မာနိုင်ငံနှင့် ပတ်သက်၍ ခြိမ်း ခြောက်မှု၊ တိုက်ခိုက်မည့် ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက် အလက်များအပေါ် မူတည်၍ ပိုမိုအလေးထားဆောင်ရွက်နေ ကြောင်းနှင့် လက်ရှိတွင် မြန်မာ နိုင်ငံကို တိုက်ခိုက်မည့် သတင်း များ ထွက်ပေါ်ခြင်းမရှိသေး ကြောင်း ဦးဇော်ဌေးက ပြော သည်။ ပြီးခဲ့သည့်ရက်ပိုင်းက လူ ၂၉၀ ကျော် သေဆုံးခဲ့သည့် သီရိ လင်္ကာဗုံးခွဲတိုက်ခိုက်မှုဖြစ်စဉ်နှင့် ဆက်စပ်၍ သံသယရှိသူ အကြမ်း ဖက်သမားသည် ပြည်တွင်း၌ ရောက်ရှိနေသည်ဟု သတင်းထုတ်ပြန်မှုရှိသော်လည်း ယင်းဆက်စပ်သံသယရှိသူသည် ပြည်တွင်းမှ ထွက်ခွာသွားပြီဟု မေလ ၂၄ ရက်တွင် ဦးဇော်ဌေးက အတည်ပြုထားသည်။
သို့သော် ပြီးခဲ့သည့် ဧပြီလ ကုန်ပိုင်းက အိုင်အက်စ်အကြမ်း ဖက်တပ်ဖွဲ့ဝင်များက မြန်မာနှင့် ဖိလစ်ပိုင်သို့ ဝင်ရောက်ရန် ပြင်ဆင်နေသည်ဟု မလေးရှား ရဲမင်းကြီးက ပြောကြားခဲ့သည်။
သို့ရာတွင် အိုင်အက်စ်အ ကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုများကို လေ့လာကြည့်ပါက ပြည်တွင်း ရှိ အစွန်းရောက်သမားကို အခြေ ခံပြီး လုပ်ဆောင်လေ့ရှိကြောင်း နှင့် ပြည်သူများကလည်း လူမျိုး၊ ဘာသာမခွဲခြားဘဲ ထူးခြားအခြေ အနေ၊ သတင်းအချက်အလက် ထူးခြားပါက သတင်းပို့ရန် ဦးဇော် ဌေးက ပြောသည်။

Credit- 7DAYS


No comments:

Post a Comment