အငြိမ်းစားတွေအနေနဲ့ ပင်စင်လစာထုတ်ယူရာမှာ အခုအချိန်အထိ ခက်ခဲနေဆဲဖြစ်တယ်လို့ ပင်စင်စားဝန်ထမ်းအချို့က ဆိုပါ တယ်။
လက်ရှိမှာ ပင်စင်စားတွေအနေနဲ့ မြန် မာ့စီးပွားရေးဘဏ်ခွဲတွေအားလုံးမှာ ပင် စင်ထုတ်ယူနိုင်ပေမဲ့ တိုးဝှေ့နေကြရဆဲ၊ စောင့်ဆိုင်းနေကြရဆဲဖြစ်သလို အစိုးရက နေ တိုးမြှင့်ဝန်ဆောင်မှုပေးထားတဲ့ mobile payment အပိုင်းမှာလည်း နားလည်မှုအားနည်းနေပါတယ်။
နေပြည်တော် ဇေယျာသီရိမြို့နယ်မှ ပင်စင်စားဖြစ်သူ ဦးသန်းအောင်က “ ကိုယ် တိုင်လာပြီး ထုတ်ယူနိုင်သရွေ့တော့ထုတ် ရဦးမှာပဲ၊ ကိုယ်စားလှယ်ထုတ်ခိုင်း ရင်လဲ ရပ်ကွက်ထောက်ခံစာ တောင်း ရ၊ ရဲစခန်း ထောက်ခံစာ တောင်းရနဲ့ တစ်ခါ တည်းလဲ မဟုတ်ဘူး၊ လတိုင်းတောင်းနေရမှာ ၊ ကိုယ်လိုချင်တဲ့ အချိန်လဲ ရ ချင်မှ ရတယ်၊ လက်ဖက်ရည်ဖိုးက ပေးရ သေးတယ်၊ mobile payment ဆိုတာကလဲ ဒီမရောက် သေးဘူး”လို့ ပြောပါ တယ်။
ဦးသန်းအောင်က အသက် ၇၈နှစ်ရှိပြီ ဖြစ်ပြီး စစ်ဘက်မှာတာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ သားဖြစ်သူရဲ့ ဆေးပင်စင်လစာ ထုတ်ယူနေတာဖြစ်ပါ တယ်။ သူနေတာက ဇေယျာသီရိမြို့နယ် ဖြစ်တဲ့ အတွက် ပျဉ်းမနားမြို့နယ်ရှိ မြန်မာ့ စီးပွား ရေးဘဏ်ကို ပင်စင်လာရောက် ထုတ်ယူဖို့ ဆိုင်ကယ်ကယ်ရီ ငှားခ ကျပ် ၅ဝဝဝ ပေး ရတယ်လို့လည်း သူက ဆိုပါတယ်။
ပင်စင်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာ ဒေါ်ဝါဝါမောင်ကတော့ လ စာနည်းတဲ့ ပင်စင်စားတွေဆိုရင် လစာ သွားထုတ်ဖို့ စရိတ်စကနဲ့တွက်ကြည့်တဲ့ အ ခါ ရတဲ့လစာနဲ့ သွားထုတ်ယူရမယ့် စရိတ် က မကာမိတဲ့အတွက် လာထုတ် ယူခြင်းမရှိတာတွေလည်း ရှိတယ်လို့ ဆို ပါ တယ်။
အခုနောက်ပိုင်းမှသာ ပင်စင်လစာ ကို တိုးမြှင့်ထားတဲ့အတွက် လစာအပေါ် အရင်ကထက် စိတ်ဝင်စားလာတာ ဖြစ်တယ်လို့လည်း သုံးသပ်ပြောဆိုပါ တယ်။
မေလ ၂၁ရက်ကဆိုရင် ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်မှာရှိတဲ့ မြန်မာ့ စီးပွားရေးဘဏ်မှာ ပင်စင်လစာလာ ထုတ် တဲ့ အသက် ၇၀ ကျော်အရွယ်ရှိတဲ့ အဘိုးတစ်ဦးဟာ ပင်စင်ထုတ်ဖို့ တိုကင်နံပါတ် တိုးဝှေ့တန်းစီရာက မူးလဲသွားတယ်ဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ရက်စာမျက်နှာ ဖြစ်တဲ့ ဖေ့စ်ဘုတ်ခ်ပေါ်မှာ သတင်းတက် လာပါသေးတယ်။
တချို့အငြိမ်းစားတွေကျတော့ လည်း လစာထုတ်ရက်မှ သူငယ်ချင်းမိတ် ဆွေ တွေနဲ့ ဘဏ်မှာ တွေ့ဆုံဖို့လွယ်ကူတဲ့အ တွက် ဘဏ်အထိ သွားရောက်ထုတ်ယူ တာမျိုးတွေလည်း ရှိတယ် လို့ သိရပါ တယ်။
စီမံဘဏ္ဍဍာဝန်ကြီး ဦးစိုးဝင်းကတော့ သူ့ဝန်ကြီးဌာနရဲ့ တတိယတစ်နှစ်တာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံ ပိုင်သတင်းစာသို့ ပြောကြားချက်ထဲမှာ အ ငြိမ်းစားတွေအနေနဲ့ လစာထုတ်တဲ့အခါ မြန်မာ့စီးပွားရေးဘဏ်တွေကို အကြိမ် ကြိမ် လာရောက်ဖို့မလိုဘဲ စရိတ်စကနဲ့ အချိန် ကုန်သက်သာဖို့ mobile payment စနစ် နဲ့ လစဉ်ထုတ်ပေးလျက်ရှိကြောင်းနဲ့ အ ငြိမ်းစားလစာထုတ်ပေးခြင်းကို ရန်ကုန် မြို့ မှာ ရှိတဲ့ ဘဏ်ခွဲရှစ်ခုမှာ စတင်ဝန် ဆောင်မှု ပေးလျက်ရှိတယ်လို့ ပြောကြား ပါတယ်။
လက်ရှိမှာလည်း ပင်စင်စားတွေ အ တွက် မြန်မာ့စီးပွားရေးဘဏ်နဲ့ wave money တို့ပူးပေါင်းပြီး ပိုင်းလော့ ပရော ဂျက်အနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်း တွေအတိုင်းလိုက်နာကာ ရန်ကုန်မြို့ရှိ wave money ဆိုင်တွေမှာ ပင်စင်လစာ တွေကို ထုတ်ယူနိုင်ပြီလို့ သိရပါတယ်။
ဒါပေမဲ့လည်း အစိုးရအနေနဲ့ ပင်စင် စားတွေအတွက် လစာထုတ်ယူခြင်းနဲ့ ပတ်သက်ပြီး လွယ်ကူစေဖို့ banking service မျိုးတွေပေးရာမှာ ပင်စင်ထုတ် ယူသူတွေ လွယ်လွယ်ကူကူ နားလည်စေ အောင်တော့ ဖန်တီးပေးနိုင်ဖို့ လိုတယ်လို့ လည်း နိုင်ငံ့ဝန်ထမ်းအချို့က ထောက်ပြ ပြောဆိုထားကြပါတယ်။
Credit - Kumudra
No comments:
Post a Comment