Wednesday, December 5, 2018
နျူကလီးယားပဋိညာဉ်ကို လိုက်နာဖို့ ရုရှကို ရက် ၆၀ အချိန်ပေးမယ်လို့ အမေရိကန် ပြော
ဝါရှင်တန်၊ ဒီဇင်ဘာ ၅ ။ ။ 
စစ်အေးခေတ်ကာလ နျူကလီးယားပဋိညာဉ်ကနေ အမေရိကန် နုတ်ထွက်ဖြစ်မဖြစ်အတွက် ရုရှကို ရက် ၆၀ အချိန်ပေးကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ပြောပါတယ်။
ရက် ၆၀ အတွင်း ရုရှဖက်က တာလတ်ပစ်ဒုံးကျည်တွေကို တားမြစ်တဲ့ အဆိုပါ ပဋိညာဉ်ကို မလိုက်နာဘူးဆိုရင်တော့ အမေရိကန်ဟာ နုတ်ထွက်ရမှာဖြစ်ကြောင်း အင်္ဂါနေ့မှာ ပွန်ပီယိုက ပြောလိုက်တာပါ။
“အမေရိကန်အနေနဲ့ ဒီကနေ့မှာ ကြေညာပါတယ်။ ရုရှဟာ ပဋိညာဉ်ကို ချိုးဖောက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ တာဝန်ယူတဲ့ စိတ်နဲ့ စောင့်ကြည့်ဦးမှာဖြစ်ပါတယ်။ ရုရှကို ရက် ၆၀ အချိန်ပေးပြီး ပဋိညာဉ်ကို လိုက်နာဖို့ စောင့်ဆိုင်းနေပါမယ်။ ရက် ၆၀ အတွင်း မလိုက်နာဘူးဆိုရင်တော့ ကျွန်တော်တို့က ဒီ နျူကလီးယားပဋိညာဉ်ကနေ နုတ်ထွက်မှာ ဖြစ်ပါတယ်။”လို့ ပွန်ပီယို ကြေညာပြောသွားခဲ့ပါတယ်။
စစ်အေးခေတ် အဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတဟောင်း ရေဂင်နဲ့ ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင် ဂိုဘာချော့ဗ်တို့က တာလတ်ပစ်ဒုံးကျည်တွေ တားမြစ်တဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီ စာချုပ်ကို ရုရှက ချိုးဖောက်နေတာကြောင့် အမေရိကန်အနေနဲ့ စာချုပ်က နုတ်ထွက်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က မကြာသေးခင် ကြေညာထားတာဖြစ်ပါတယ်။ ရုရှကတော့ ၎င်းတို့အနေနဲ့ နျူကလီးယားပဋိညာဉ်ကို ချိုးဖောက်ခြင်း မရှိကြောင်း ငြင်းဆန်ထားတာလည်း ဖြစ်ပါတယ်။
credit- Mizzima 
လောကကြီးမှာ အိုးနဲ့ တူတဲ့ လူ သုံးမျိုး ရှိပါတယ်
(၁)မပြည့်တဲ့ အိုး…
ဘာင်​ဘင်​ခတ်​ ဆိုသလို
နည်းနည်းသိပီး
စကား ဟောင်​ဖွာ​ ​ဟောင်​ဖွာနဲ့
အများကြီး ​ပြောချင်​တဲ့ သူမျိုးပါ။
အ​ခြေအ​နေမှန်​ကိုလည်း
ကာင်းစွာ မသုံးသပ်
အရိပ်​အကဲကိုလည်း နားမလည်
ကိုယ်​​ပြော ချင်​တာကိုပဲ
ဇွတ်​အတင်း​ ​ပြောတတ်​ပါ​သေးတယ်​။
ပတ်​ဝန်းကျင်​နဲ့ဖီလာ ကန့်​လန့် အမြဲဖြစ်​​နေတတ်​ပြီး
အရူး ၊အ​ပေါ ၊စိတ်​မမှန်​သူ လို့ကဲ့ရဲ့ ရှုတ်​ချ အပြစ်​တင်ခြင်း ​ခံရတတ်​ပါတယ်​။
လေဟပ်​​နေသူမျိုးပါ။ဘာမဆို သိပီးသားတတ်​ပီးသား အချိုး မျိုးနဲ့အခြား 
တစ်​ပါးသူကိုနှိမ့်​ချ ဆက်​ဆံတတ်​ပါ​သေးတယ်​၊
စကား​ပြော ​မောက်​မာ ခက်​ထန်​တတ်​ပီးအမြဲလိုလို 
ဆရာကြီး ဂိုက်ဖမ်း​နေတတ်​ကာကိုယ့်ကိုယ်​ကို ဖြည့်​စရာ မလို​လောက်​​အောင်​ပြည့်​​နေပီ 
ထင်​​နေတတ်​တဲ့ အိုးမျိုးလိုပါ။
ဒီအိုးလို သူမျိုးဟာ ပတ်​ဝန်းကျင်​ရဲ့ရှောင်​ကွင်းမှုကို ခံရတတ်​ပြီး
တ​ဖြေး​ဖြေး အ​ရေးမပါအ​ရာ မရောက်​​တော့တဲ့ဘဝအ​ခြေအ​နေမျိုး
 ကြုံရတတ်ပါတယ်​။
(၃) ဘာဆို ဘာမှ မရှိ​သေးတဲ့ အိုးလိုအရာရာကို 
နားလည်​ခွင့်​လွှတ်​နိုင်​စွမ်းအပြည့်​ ရှိ​နေပီး 
ငါ သိစရာငါ တတ်စရာ ​တွေအများကြီး ရှိ​နေပါ​သေးလား ဆိုတာ
သိ​နေတဲ့ လူမျိုး ပါ။
သူများကို အထင်​မ​သေးတတ်​သလို
ကိုယ့်​ကိုယ်​လည်းအထင်​ကြီး ဘဝင်​မြင့်​ မ​နေတတ်​ပါဘူး။
ဂုဏ်​ မငယ်​ရဘဲလူချစ်​ လူခင်​များသထက်​ များ​နေကာပတ်​ဝန်းကျင်​ရဲ့
အထင်​ကြီး လေးစားမြတ်​နိုးမှုကိုအထူး ခံစားရပါလိမ့်​မယ်​။
ကဲ….
ဘယ်​လို အိုးမျိုး ဖြစ်​​နေလဲ…ကိုယ့်​ကိုယ်​ကို မလိမ်​ညာဘဲရဲရဲ​ဖြေကြည့်​ပါ
သိပီ ဆိုရင်​ပြင်​သင့်​တာ ပြင်​ပြုသင့်​တာ ပြု
အ​ပြောအဆို ချိုသာ ယဉ်​ကျေးပြီးမှန်​ကန်​​ကောင်းမြတ်​အကျိုးရှိတဲ့ စကားမျိုးသာ
အ​လေးထား ဂရုစိုက်​ပြောဆို ဆက်​ဆံတတ်​ပါ​စေ
credit - မျိုးနိုင်​-တန့်​ဆည်
မသတင်းရပ်ကွက်လေး
Memory Card ထဲက ပျောက်သွားတဲ့ဓာတ်ပုံတွေဖိုင်တွေကို ပြန်ရှာဖွေနိုင်မဲ့နည်းလမ်း
သင်ဟာ Memory Card ကို Format ချလိုက်မိလို့ပဲ ဖြစ် ဖြစ် ၊ Virus ကြောင့်ပဲဖြစ်ဖြစ် ၊ လက်လွန်ပြီး Delete လုပ်လိုက်မိလို့ပဲဖြစ်ဖြစ် သင့်ရဲ့ ကင်မရာ ထဲမှာ ရှိတဲ့ ဓါတ်ပုံတွေကို ရှာမတွေ့တော့တဲ့အခါမှာ လုံးဝ ဆုံးရှုံးသွားပြီလို့ ထင်လိုက်မိပါလိမ့်မယ်။ Lexar နဲ့ Sandisk တံဆိပ် Memory Card တစ်ခုခုကို သင့်ကင်မရာထဲမှာ သုံးထားတာ ဆိုရင်တော့ သင်ကံကောင်းသွားပါတယ်။ ထိုပျောက်ဆုံးသွားတဲ့ ဓါတ်ပုံတွေကို ပြန်ရှာဖို့ အတွက် Card Reader တစ်ခု ၊ ကွန်ပျူတာ တစ်လုံးနဲ့ သင့်ရဲ့ Memory Card သာ ရှိနေဖို့ လိုအပ်ပါတယ်ဗျာ
အဆင့် ၁ – သင့် Memory Card ထဲက ဓါတ်ပုံတွေ ပျောက်ဆုံးသွားပြီဆိုတာ သိသိချင်း ထိုCard ထဲကို ဘာဓါတ်ပုံ မှ ထပ်မရိုက်ပါနဲ့။ ထို Card ကို ကင်မရာထဲက ချက်ချင်းထုတ်ထားလိုက်ပါ
အဆင့် ၂ – ပြန်လည်ရှာဖွေနိုင်တဲ့ ဆော့ဖ်ဝဲ ကို ရွေးချယ်ပါ။ Windows စနစ် အတွက် Recuva ဆိုတဲ့ ဆော့ဖ်ဝဲ ကို သုံးနိုင်ပြီး Mac စနစ် အတွက် PhotoRec ဆိုတဲ့ ဆော့ဖ်ဝဲ ကို သုံးနိုင်ပါတယ်
အဆင့် ၃ – သင်ရွေးချယ်ထားတဲ့ဆော့ဖ်ဝဲ ကို Install ပြုလုပ်ပြီး တပ်ဆင်ပါ
အဆင့် ၄ – Window စနစ်မှာ အသုံးပြုနိုင်တဲ့ Recuva ဆော့ဖ်ဝဲ အကြောင်းနဲ့ စတင်လိုက်ပါတယ်။ သင်ရှာဖွေလိုတဲ့ ဖိုင်ကို ရွေးချယ်လိုက်တဲ့အခါ ဓါတ်ပုံတွေတင်မဟုတ်ပဲ အခြားဖိုင်တွေကိုပါ ဆော့ဖ်ဝဲ က ရှာဖွေပေးပါလိမ့်မယ်။ Menu ကနေတဆင့် သင်ရှာဖွေလိုတဲ့ ဖိုင်ကို ရွေးချယ်ဖို့ အတွက် Card Reader ကနေတဆင့် သင့်ရဲ့ Memory Card ကိုထည့်သွင်းပါ။ ပျောက်ဆုံးနေတဲ့ ဓါတ်ပုံ ပါရှိတဲ့ Folder ကို ရွေးချယ်လိုက်ပါနော်
များသောအားဖြင့် DCIM လို့ အမည်ပေးထားတဲ့ Folder ကို ရွေးချယ်ရပါလိမ့်မယ်။ Mac စနစ်မှာ သုံးနိုင်တဲ့ PhotoRec ဆော့ဖ်ဝဲကတော့ အနည်းငယ် ရှုပ်ထွေးပါတယ်။ သင်ဆော့ဖ်ဝဲကို စတင်လိုက်ပြီးတဲ့နောက်မှာ Memory Card ကို ရှာဖွေလိုတဲ့ ဖိုင်အဖြစ်ရွေးချယ်ရပါမယ်။ အဲဒီနောက် Enter ကို နှိပ်ပြီးပါက FAT16/32 အပိုင်းကို Scan ပြုလုပ်ဖို့ ထပ်မံရွေးချယ်ပြီး Enter ထပ်နှိပ်ပါ။ အဲဒီနောက် Menu ကနေတဆင့် (FAT/NTFS) ကို ထပ်မံရွေးချယ်လိုက်ပါ။ ပြီးလျှင် “Free” ကို ရွေးချယ်ပြီး “C” ကိုနှိပ်လိုက်ပါက ပျောက်ဆုံးနေတဲ့ ဓါတ်ပုံတွေကို ရှာဖွေပေးပါလိမ့်မယ်
အဆင့် ၅– Scan လုပ်ပြီး ရှာတွေ့တဲ့ ဖိုင်အမျိုးအစားကို ကြည့်ပါ။ များသောအားဖြင့် JPEG အမျိုးအစားကို တွေ့နိုင်မှာပါ။ တစ်ကယ်လို့ သင်ဟာ Raw ဖိုင်တွေကို ရှာဖွေနေတယ်ဆိုရင်တော့ ထပ်မံပြုလုပ်ရ မှာတွေရှိနေပါတယ်။ Recuva မှာဆိုရင် “Switch to advanced mode” ကိုနှိပ်လိုက်ပါ။ ပြီးရင် သင့်ကင်မရာရဲ့ Raw ဖိုင်အမျိုးအစားကို ပေါင်းထည့်လိုက်ပါ။ ဥပမာ – .CR2, .NEF , .ARW စသဖြင့် သင့်ကင်မရာ အမျိုးအစားပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။ PhotoRec မှာဆိုရင် Main Menu ထဲမှ “FileOpts” ကိုအသုံးပြုပြီး ရှာဖွေပါ။များသောအားဖြင့် .tiff ဖိုင်အမျိုးအစားနဲ့သာ ရရှိနိုင်မှာဖြစ်ပါတယ်ဗျာ
အဆင့် ၆ – Recuva မှာဆိုရင် သင်ပြန်လည် သိမ်းဆည်းထားလိုတဲ့ ဓါတ်ပုံတွေကို ရွေးချယ်လိုက်ပြီး “Recover” ကိုနှိပ်ပါ။ထိုဓါတ်ပုံတွေကို သင်သိမ်းထားလိုတဲ့ ဖိုင်ထဲသို့ထည့်သွင်းပါ။Memory Card ထဲသို့ ပြန်လည် မထည့်သွင်းမိဖို့ အထူး သတိထားပါ။ PhotoRec မှာဆိုရင် သင်ပြန်လည်သိမ်းဆည်းလိုတဲ့ ဖိုင်နေရာကို အလွယ်တကူ ရွေးချယ်နိုင်ပါတယ်။ 
Ref:cnet
credit - original uploader
အာရပ်ပြည်ထောင်စု (UAE) နိုင်ငံကူးလက်မှတ်က ကမ္ဘာ့သြဇာအကြီးဆုံးဖြစ်သွားပြီ
၂ဝ၁၈ခုနှစ် ဒီဇင်ဘာလ (၁) ရက်နေ့မှာ အာရပ်ပြည်ထောင်စု (UAE – United Arab Emirates) ကို တခြားလေးနိုင်ငံက ဗီဇာကင်းလွတ်ခွင့်ပြုလိုက်တဲ့အတွက် အာရပ်ပြည်ထောင်စုရဲ့ နိုင်ငံကူးလက်မှတ်ဟာ စင်္ကာပူနဲ့ ဂျာမဏီကို ကျော်လွန်းပြီး သြဇာအကြီးမားဆုံးနိုင်ငံကူးလက်မှတ် (Most Powerful Passport) ဖြစ်သွားတယ်လို့ Global Passport Index ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ Global Passport Index ဟာ နိုင်ငံကူးလက်မှတ်ရဲ့ ဗီဇာကင်းလွတ်ခွင့်အခြေအနေနဲ့ ဆိုက်ရောက်ဗီဇာအခြေအနေတွေကို မူတည်ပြီး သြဇာကြီးမားမှုကို ဆုံးဖြတ်တာဖြစ်ပါတယ်။
အာရပ်ပြည်ထောင်စုရဲ့ နိုင်ငံကူးလက်မှတ်ဟာ လက်ရှိအချိန်မှာ (၁၁၃) နိုင်ငံကို ဗီဇာမဲ့သွားလာနိုင်ပြီး (၅၄) နိုင်ငံကို ဆိုက်ရောက်ဗီဇာနဲ့ ဝင်ထွက်နိုင်တယ်လို့ သိရပါတယ်။ စင်္ကာပူရဲ့ နိုင်ငံကူးလက်မှတ်ဟာ ၂ဝ၁၇ခုနှစ်မှာ သြဇာအကြီးမားဆုံးဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဂျာမဏီနိုင်ငံကူးလက်မှတ်နဲ့ ဒုတိယနေရာမှာ ပူးတွဲရပ်တည်နေပါတယ်။
စင်္ကာပူနိုင်ငံကူးလက်မှတ်ဟာ (၁၂၇) နိုင်ငံအထိကို ဗီဇာမဲ့သွားလာနိုင်ပေမယ့် (၃၉) နိုင်ငံသာ ဆိုက်ရောက်ဗီဇာနဲ့ ဝင်ထွက်နိုင်တဲ့အတွက် ဒုတိယနေရာနဲ့ ကျေနပ်ရတာဖြစ်ပါတယ်။ တတိယနေရာမှာတော့ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်၊ ပြင်သစ်နဲ့ အီတလီနိုင်ငံတွေက ရပ်တည်နေပါတယ်။ မြန်မာရဲ့ နိုင်ငံကူးလက်မှတ်ဟာ (၁၅) နိုင်ငံကို ဗီဇာမဲ့သွားလာနိုင်ပြီး (၃၆) နိုင်ငံကို ဆိုက်ရောက်ဗီဇာနဲ့ ဝင်ထွက်နိုင်တယ်လို့ Global Passport Index ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
credit-အခရာ