Tuesday, December 4, 2018

လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းပြောခဲ့တဲ့အတွက် ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတဲ့ Martin Solveig

 တနင်္လာနေ့က ကျင်းပခဲ့တဲ့ Ballon d’Or ဆုပေးပွဲအခမ်းအနားမှာ အမျိုးသမီးအကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ ဟာဂါဘာ့ဂ် Ada Hegerberg ကို လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းနဲ့ နောက်ပြောင်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူ မာတင်ဆော်ဗီယက် Martin Solveig တစ်ယောက် ပြင်းပြင်းထန်ထန်ကို ဝေဖန်ခံနေရပါပြီ။ လိုင်ယွန်အသင်းရဲ့ နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာဂါဘာ့ဂ်ဟာ ပထမဆုံးအကြိမ် ချီးမြှင့်တဲ့ အမျိုးသမီး Ballon d’Or ဆုကို ဆွတ်ခူးခဲ့တာဖြစ်ပြီး ဆုလက်ခံရယူချိန်မှာ ဆော်ဗီယက်က လွန်လွန်ကျူးကျူး နောက်ပြောင်ခဲ့သလိုဖြစ်ခဲ့တာပါ။



ဆော်ဗီယက်က “ဘာပေ Kylian Mbappe အတွက် အောင်ပွဲခံဖို့ ကျွန်တော် ကြိုတင်ပြင်ဆင်လာခဲ့ပြီ။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ခင်ဗျား Twerk (တင်ပါးလှုပ်ကခြင်း) ကတတ်လား “လို့ မေးခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ဟာဂါဘာ့ဂ်ရဲ့ မျက်နှာက ခပ်တင်းတင်းဖြစ်သွားပြီး “No”လို့ ချက်ချင်း ပြန်ဖြေခဲ့တယ်။ ဆော်ဗီယက်ရဲ့ စကားအတွက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အကြီးအကျယ် ဝေဖန်နေကြပြီး Twitter အသုံးပြုသူတစ်ဦးက “ယောကျာ်းရင့်မာကြီး တစ်ယောက်က Ballon d’Or ဆုပိုင်ရှင်ကို ထိတ်ထိတ်ကြဲလူတွေရှေ့မှာ Twerk ကခိုင်းတာ တကယ်စိတ်ပျက်စရာပါပဲ” လို့ ရေးသားခဲ့တယ်။
အသက်(၄၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပြင်သစ်လူမျိုး ဆော်ဗီယက်ဟာ အဆိုတော်၊ သီချင်းရေးဆရာ၊ DJ သမား၊ ပရိုဂျူဆာတစ်ဦးဖြစ်ပြီး သူ့ရဲ့ပြောစကားအတွက် ပြန်တောင်းပန်ခဲ့ပါတယ်။ ဆော်ဗီယက်က ” ကျွန်တော့်ရဲ့ စကားကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲ့တဲ့သူတွေကို တောင်းပန်ပါတယ်။ မိန်းကလေးတစ်ဦးကို Twerk လို ကဖို့ တောင်းဆိုတာမဟုတ်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟာဂါဘာ့ဂ်ကိုလည်း တောင်းပန်ခဲ့ပြီးပါပြီ။ သူမကလည်း ဒါကို ဟာသလို့သာ ခံယူထားတာပါ”လို့ ပြောကြားခဲ့တယ်။

credit -Akhayar



#YawMinGyi #ဖျော်ဖြေရေးကဏ္ဍ