အစိုးရအဖွဲ့အနေဖြင့် လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေသည့် အဂတိလိုက်စားမှုများကို စနစ်တကျ တိုက်ဖျက် ဖို့ ဆောင်ရွက်နေကြောင်း နေပြည်တော် MICC-2 တွင် ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပနေသည့် ပညာရေး ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း၊ အမျိုးသားပညာရေး မဟာ ဗျူဟာစီမံကိန်း (၂၀၁၆ - ၂၀၂၁ ) ကို အောင်မြင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် ကျောင်းသားများ၊ မိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းများတွင် စီမံခန့်ခွဲသူများ၊ ပညာရေးတွင် ပူးပေါင်း ဆောင်ရွက်သူများ၊ နိုင်ငံတွင်းနှင့် နိုင်ငံတကာမှ ဖိတ်ဖတ်အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးပါလှကြောင်း သိရသည်။
“ခုဆိုရင် ကျမတို့အစိုးရက လူ့အဖွဲ့အစည်းအတွင်းမှာ လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်သွားဖို့ ဆောင်ရွက်နေတယ်ဆိုတာ အများအသိပါပဲ။ စာရိတ္တမဏ္ဍိုင်ကို ခိုင်မာအောင် တည်ဆောက် နိုင်ဖို့ ကလေးဘဝကစပြီး လေ့ကျင့်ပျိုးထောင်ပေးဖို့ လိုပါတယ်။ နိုင်ငံနှင့် လူမျိးဂုဏ်သိက္ခာအတွက် အဂတိ လိုက်စားမှု ကင်းစင်ခြင်းကို ပြသနိုင်ဖို့ အခြေခံပညာကျောင်းတွေမှာ အသက်အရွယ်နှင့် ကိုက်ညီသော ဝေါဟာရတွေ၊ စကားလုံးတွေကိုသုံးပြီး အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် မိမိပတ်ဝန်းကျင်အပေါ် အကျိုး သက်ရောက်ပုံများ၊ ရိုးသားတဲ့ အမှုအကျင်းများ၊ ကိုယ်ကျိုးနှင့်အများအကျိုး၏ ကွဲပြားခြားနားမှုနှင့် ကိုယ်ကျင့် တရား ကောင်းမွန်မှုများကို (Edutainment) အစီအစဉ်တွေကို ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးအတွက် ပညာ ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တွေနဲ့ ပညာရေးဌာနက တာဝန်ရှိသူတွေ ပူးပေါင်းပြီး အခြေခံပညာမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို လေ့ကျင့်ပေးဖို့ စီစဉ်လျက် ရှိပါတယ် ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နေသည့်အချိန်ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးသည် အလွန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းစွာ ပညာသင်ယူခွင့်ရဖို့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဘဝ၊ ဆရာ၊ ဆရာမတွေရဲ့ ဘဝ ငြိမ်းချမ်းအောင် တည်ဆောက်ပေးဖို့ လိုအပ်ကြောင်း ၊ ဝေးလံခေါင်းဖျားတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများ၏ ခံစားချက်ကို နားထောင်ဖို့လိုကြောင်း၊ ဝေးခံခေါင်ဖျားသည့် အရပ်ဒေသမှ ဆရာ ဆရာမလေးများ ဘဝလုံခြုံမှ ကလေးများကိုလည်း ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်မှာ ဖြစ်ကြောင်း၊ မြေပြန့် တောင်ပေါ်မခွဲခြားပဲ ပညာသင်ယူမှု အခွင့်အလမ်းများ တန်းမူရအောင် ဖန်မီးပေးရမည် ဖြစ်ကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှာရှသည့် ကလေးများကို ပြောရဲ၊ဆိုရဲ၊ သွက်လက် ထက်မြတ်နေသည့် ကလေးများဖြစ်အောင် ဆရာ၊ ဆရာမများက လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီအစ စာသင်ကျောင်းက ဆိုသည့်အတိုင်း ကျောင်းတွင်း ဒီမိုကရေစီ၊ ရုံးတွင်း ဒီမိုကရေစီ စသဖြင့် ကျောင်းများ၊ ရုံးများတွင် စည်းကမ်းဘောင်အတွင်းက အပြုသဘောဆောင်သည့် ဆွေးနွေးမှုများရအောင် လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်မှုအတွက် အခြေခံ ပညာအဆင့်ပြီးမြောက်သွားသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အဆင့် မြင့်ပညာဆည်းပူးခြင်း ကို တွန်းအားပေးရမည်ဖြစ်သလို သက်မွေးပညာဆည်းပူးခြင်းကိုတည်း တန်းတူ တွန်း အားပေးရမည်ဖြစ်ကြောင်း၊ ကမ္ဘာ့အဆင့် အတန်းမီပညာရေးစနစ် ဖြစ်လာစေရန် သုတေသန လုပ်ငန်းများ နှင့် ဆန်းသစ်တီထွင်မှုများကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
credit- ထွန်း (နေပြည်တော်)
No comments:
Post a Comment