ရန်ကုန်၊ ဒီဇင်ဘာ ၎
တရားမ၀င်ကုန်သွယ်မှုများကို တရုတ်နိုင်ငံ ဘက်မှတားဆီးနေသည့်အတွက် နယ်စပ်မှတစ်ဆင့် မြန်မာ့ဆန်ဝယ် ယူမှုမှာ တစ်ရက်လျှင် တန်ချိန်နှစ်ထောင် ခန့်လျော့ကျနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ဆန်တင်ပို့မှုမှာ ယမန်နှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက လျော့နည်းနေကြောင်း မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောသည်။
"တရုတ်နိုင်ငံကိုသွားတာက ကာလတူနဲ့ နှိုင်းယှဉ်ရင်လျော့ တယ်။ မြန်မာဘက်က ဘာမှကန့်သတ်တာမရှိဘူး။ တရုတ်ဘက်က အ၀ယ်နည်းတာ။ အ၀ယ်နည်းတဲ့အကြောင်းက တရုတ်ဘက်မှာ တရားမ၀င်ကုန်သွယ်ရေးတွေ တားဆီးနေတာရှိတယ်။ မနှစ်က ဒီလို အချိန်ကို တစ်လကို တန်နှစ်သိန်းလောက်ပို့နေပြီ။ ခုက ရှစ်သောင်း လောက်ပဲပို့နေတယ်။ တစ်ရက်ကို ကာလတူအချိန်တုန်းက တန်ချိန် ငါးထောင်လောက်ပို့တယ်။ ခုက တစ်ရက်တန်ချိန်နှစ်ထောင်၊ သုံး ထောင်လောက်ပဲပို့ရတယ်" ဟု ၎င်းင်းက ပြောသည်။
မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးတရားဝင်ဖြစ်စေရန် နှစ် နိုင်ငံညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း တစ်ဖက်နိုင်ငံ၏ဆုံးဖြတ်ချက်ကို ၀င်ရောက်စွက်ဖက်ပိုင်ခွင့်မရှိသောကြောင့် မြန်မာနိုင်ငံ အနေဖြင့် ကိုတာသတ်မှတ်ချက်ပိုမိုရရှိနိုင်ရန်ကြိုးစားဆောင်ရွက်ရ မည်ဖြစ်ကြောင်း ဦးအောင်သန်းဦးက ဆက်လက်ပြောသည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံမှဆန်ကို တစ်နှစ်လျှင် တန်ချိန်နှစ် သိန်းကို တရားဝင် သြ့ ရေးထိုးဝယ်ယူနေကြောင်းသိရပြီး ယခုနှစ် အတွက် ၀ယ်ယူမည့်ဆန်ပမာဏကို မသိရသေးသော်လည်း သြ့ ရေးထိုးနိုင် ရန်ဆောင်ရွက်နေကြောင်း သိရသည်။
၂၀၁၈ခုနှစ် ဧပြီလမှ နိုဝင်ဘာလကုန်အထိ နိုင်ငံတကာသို့ မြန်မာ့ ဆန်တန်ချိန်စုစုပေါင်း ၁ ဒသမ ၄ သန်း တင်ပို့ထားပြီး ယခုဘဏ္ဍာ ရေးနှစ်တွင် ဆန်တန်ချိန် နှစ်သန်းခွဲခန့်တင်ပို့ နိုင်ရန်မျှော်မှန်းထား ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
Credit-Democracytoday
No comments:
Post a Comment