ဖူလ်ဟမ်ကို ၂-၀ဖြင့် အနိုင်ရပြီးနောက် ချဲလ်ဆီးမှာ ပရီးမီးယားလိဂ်အိမ်ကွင်းနောက်ဆုံး ၁၁ ပွဲဆက်တိုက် မရှုံးသည့်စံချိန်ကို ရရှိ ခဲ့သည်။ ၂၀၁၅ သြဂုတ်လအတွင်းကရရှိ ခဲ့သည့် ၂၁ပွဲ ရှုံးပွဲမရှိစံချိန်ပြီးနောက် အိမ်ကွင်းလိဂ်ပွဲမရှုံးသည့် အရှည်ကြာဆုံးစံချိန်လည်း ဖြစ်သည်။ ချဲလ်ဆီးအတွက် ပထမဆုံးဂိုးကို ပွဲချိန် ၄မိနစ်မှာပင် ပက်ဒရိုကသွင်းယူပေးခဲ့သော်လည်း ဒုတိယဂိုးကို လူစားဝင်လာသည့် လော့တက်ချိဖ်က ပွဲချိန် ၈၂ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါဂိုးကြောင့် ချဲလ်ဆီးမှာ ယခုရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ၃၀အနက်၁၂ဂိုးမြောက်ကို ပွဲချိန်နောက်ဆုံး ၁၅မိနစ်အတွင်း သွင်းယူနိုင်မှုလည်း ဖြစ်ခဲ့သည်။ပရီးမီးယားလိဂ်တွင် ပွဲပြီးကာနီး ၁၅မိနစ်အတွင်း ယခုရာသီ ဂိုးအသွင်းဆုံးအသင်းမှာချဲလ်ဆီးဖြစ်နေခြင်းဖြစ်သည်။ ချဲလ်ဆီးနည်းပြဆာရီကမူ ဖူလ်ဟမ်နှင့်ပွဲတွင် အသင်းလိုက်စွမ်းဆောင်မှု အကောင်းဆုံးအနေအထားမရှိခဲ့သော်လည်း နိုင်ပွဲရရန်သာအရေးကြီးသည်ဟု ဆိုခဲ့သည်။ ချဲလ်ဆီးမှာ ဗုဒ္ဓဟူးညတွင် ၀ုဗ်နှင့် ပရီးမီးယားလိဂ်အဝေးကွင်းပွဲကစားရမည် ဖြစ်သည်။
credit- စံတော်ချိန်
No comments:
Post a Comment