Tuesday, December 4, 2018

မိန်းကလေးများအား တရုတ်နိုင်ငံသို့ လူကုန်ကူးသူ ၂ဦးကို စုစုပေါင်းထောင်ဒဏ်(၄၀)နှစ် ချမှတ်

နေပြည်တော်၊ ဒီဇင်ဘာ ၎

နေပြည်တော်၊ ပျဉ်းမနားမြို့နေ မိန်းကလေးများအား တရုတ်နိုင်ငံသို့ပို့ဆောင်ရန် လူကုန်ကူးမှုကျူးလွန်သူ ၂ ဦးကို စုစုပေါင်း ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်သည်။

လူကုန်ကူးမှု ကျူးလွန်သူ မျိုးမင်းအောင်(၂၄)နှစ် (ဘ)ဦးမြင့်ရွှေ၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော် နှင့် ဒေါ်စန်းမြင့်(၄၇)နှစ် (ဘ)ဦးသန်းလှိုင်၊ ရွာသစ်ရွာ၊ ပြင်ဦးလွင်မြို့၊ မန္တလေးတိုင်းဒေသကြီး တို့အား နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးက ရာကြီးအမှုအမှတ် ၇၅/၂၀၁၇၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၁၀)နှစ်၊ ရာကြီးအမှုအမှတ် ၈၅/ ၂၀၁၇၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၁၀)နှစ်၊ ရာကြီးအမှုအမှတ်၈၄/၂၀၁၇၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ၂၄/၃၂အရအလုပ်ကြမ်း နှင့်ထောင်ဒဏ်(၁၀)နှစ်၊ ရာကြီးအမှုအမှတ် ၈၀/၂၀၁၇၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄/၃၂ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ်(၁၀)နှစ် စုစုပေါင်း ထောင်ဒဏ်(၄၀)နှစ်ကို နိုဝင်ဘာ ၂၈ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
Credit - မြန်မာနိုင်ငံရဲတပ်ဖွဲ့
#YawMinGyi #သတင်းကဏ္ဍ

No comments:

Post a Comment