Tuesday, December 4, 2018

တိုက်ကြီးတိုးဂိတ်ကို အရှိန်လွန်ဝင်တိုက်သည့် YBS ယာဉ်မီးလောင် သံဃာနှစ်ပါး အပါအဝင် ခရီးသည် ၁၉ ဦး ဒဏ်ရာရရှိ



ရန်ကုန်၊ ဒီဇင်ဘာ ၃

တိုက်ကြီး တိုးဂိတ်အသစ်ကို ဘရိတ်ပေါက်ပြီး အရှိန်လွန်ဝင်တိုက်ခဲ့သည့် YBS ယာဉ်သည် မီးလောင်မှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ် စီးနင်းလိုက်ပါလာသည့် သံဃာနှစ်ပါး အပါအဝင် ခရီးသည် ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိ ရသည်။
ရန်ကုန်တိုင်းဒေသကြီး တိုက် ကြီးမြို့နယ်၊ ရန်ကုန်-ပြည် ကား လမ်းအတိုင်း ရန်ကုန်မှ တိုက်ကြီး သို့ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်း လာသည့် YBS 90 ခရီးသည်တင် မီနီဘတ်စ်ယာဉ်သည် ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ က မိုင်တိုင်အမှတ် (၄၄/၂ ဖာလုံ) နှင့် (၄၄/၃ ဖာလုံ)ကြား အရောက် တာခွကျေးရွာအတွင်း အသစ် ဆောက်လုပ်နေသည့် တိုက်ကြီး တိုးဂိတ်အား ဘရိတ်ပေါက်ရာမှ ဝင်ရောက်တိုက်မိခဲ့ပြီး ကားခေါင်း ခန်းရှိ ဂက်စ်ပိုက်လိုင်းပေါက်ပြီး အနီးရှိ ၀ိုင်ယာကြိုး အပူလွန်ရာမှ မီးပွားဖြစ်ကာ ကားမီးလောင်ခဲ့ ကြောင်း တိုက်ကြီးမြို့နယ်မီးသတ် တပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ကားမီးလောင်မှုကို တိုက်ကြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်း သတ်ယာဉ် သုံးစီးဖြင့် သွားရောက် ငြှိမ်းသတ်ခြဲ့
ပီး မွန်းလွဲ ၁ နာရီခွဲ ခန့်တွင် မီးငြိမ်းခဲ့ကြောင်း၊ ကား တစ်စီးလုံး မီးလောင်ကျွမ်းခဲ့ပြီး စုစုပေါင်း ပျက်စီးဆုံးရှုံးမှု ကျပ် ၁၈ သိန်းခန့်ရှိကြောင်း တိုက်ကြီးမြို့ နယ်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
တိုက်ကြီးမြို့နယ်မီးသတ်တပ် ဖွဲ့မှ ဒုတိယမီးသတ်ဦးစီးမှူး ဦးနိုင် ဦးက "ကားက အရှိန်နဲ့လာရင်းနဲ့ တိုးဂိတ်ကကျဉ်းတော့ အရှိန်နဲ့ဝင် လို့မရတော့ ဘရိတ်အုပ်လိုက်တာ ဘရိတ်ကပေါက်ပြီးတော့ လုံးဝဝင် လို့မရတော့ 
ညာဘက်ခြမ်းက အုတ် ခုံကို ဝင်တိုက်ရင်း မီးလောင်သွား တာ။ အဲ့ဒီမှာ ကားခေါင်းခန်းမှာ ရှိတဲ့ ဂက်စ်ပိုက်လိုင်းပေါက်ပြီးတော့ ၀ိုင်ယာကြိုးကနေ ပူပြီးတော့ မီးပွား ဖြစ်တယ်။ ဂက်စ်ပိုက်လိုင်းပေါက် ရာကနေ မီးစတင်လောင်တာပေါ့။ ကျွန်တော်တို့သွားတော့ ကားက ၉၀ ရာခိုင်နှုန်းလောက် အကုန်လုံး လောင်နေပြီ။ ဆိုဖာခုံတွေက အ ကုန်လောင်နေပြီ " ဟု ဒီမိုကရေစီ တူဒေးသို့ ပြောသည်။

ခရီးသည်ယာဉ်ပေါ်တွင် ယာဉ် မောင်းအပါအဝင် ခရီးသည်အမျိုး သမီး ၁၀ ဦး၊ အမျိုးသား ခုနစ်ဦး နှင့် သံဃာနှစ်ပါးတို့ လိုက်ပါစီးနင်း လာကြောင်း၊ ယာဉ်တိုက်ပြီးနောက် ခရီးသည် ၁၉ ဦးစလုံး မစိုးရိမ်ရ ဒဏ်ရာများ ရရှိပြီး 
တိုက်ကြီးဆေး ရုံ၌ ကုသမှုခံယူလျက်ရှိကြောင်း၊ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်း ရှောင်နေကြောင်း ၎င်းက ပြော သည်။

ယင်းမီးလောင်မှုနှင့်ပတ်သက် ပြီး တိုက်ကြီးမြို့မရဲစခန်းတွင် မီးလောင်မှုပုဒ်မ၊ ယာဉ်တိုက်မှုပုဒ်မ၊ လူထိခိုက်ဒဏ်ရာရမှုပုဒ်မတို့ဖြင့် ယာဉ်မောင်းကို အမှုဖွင့်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။
credit- Democracytoday

No comments:

Post a Comment