Tuesday, August 20, 2019

Nation Security

AA, TNLA, MNDAA, KIA စတဲ့အဖွဲ့အစည်းကို အကြမ်းဖက်အန္တရာယ်ရှိအဖွဲ့အစည်းများအဖြစ် FB ကနေသတ်မှတ်ချက်ပြုလုပ်ထားတာ ၂၀၁၅ ကတည်းကဖြစ်ပါတယ် ဒီအချက်ကိုသိသူ အတော်ရှားပါတယ်. . .
ဒီလိုသတ်မှတ်ထားတော့ဘာဖြစ်လဲ. . . ဒီအဖွဲ့တွေနဲ့သက်ဆိုင်တဲ့ ပို့စ်တွေ ACc တွေကို Report ထုလို့ရပါတယ်. . ဒီလို RP လုက်လိုက်ရင် ACc ကျသွားမှာဖြစ်ပါတယ်. . .
ဒီနေ့ဒီအချိန်မှာ Fake News တွေနဲ့ Media စစ်ဆင်ရေးလုပ်နေတာတွေကို FB ပေါ်မှာတွေ့နေရပါတယ်. . . သတင်းမှားတွေတင်နေခြင်းဟာ. . . အသိတရားမြင့်တဲ့ပြည်သူတွေကိုတောင်ထင်ယောင်ထင်မှားဖြစ်စေပါတယ်. . . စည်းလုံးမှုတစ်စက်မှမရှိတဲ့မြန်မာနိုင်ငံမှာ. . ဒီလိုဖြစ်ပွားစေခြင်းဟာ. . . မီးလောင်ရာလေပင့်ခြင်းပါပဲ. . . .
ဒါကြောင့်မို့. . . ဒီအဖွဲ့အစည်းတွေကတင်တဲ့ ပို့စ်တွေ ACC တွေကို RP ထုခြင်းနဲ့. . . Nation Security မှာပါဝင်လို့ရပါတယ်. . Nation Security ရဲ့ခေါင်းစဉ်အောက်မှာ. . . စီးပွားရေး. . လူမှုရေး. . . နည်းပညာ. . နိုင်ငံရေး. . ပညာရေး. . ဘာသာရေး. .စစ်ရေး အစရှိသဖြင့်ပါဝင်ပါတယ်. . .
ဒီနေ့ခေတ်မှာ နိုင်ငံတစ်နိုင်ငံကနေ. .တစ်နိုင်ငံကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားခြင်းဟာ. . . အမျိုးသားရေးကို စစ်ပြုတာမျိုးလို့ယူဆလာကြပါတယ်. . . နိုင်ငံအတွင်းကလူငယ်တွေကို သုံးစားမရအောင်လုပ်ခြင်းမျိုးပါ. . .
အဆင့်မမှီတဲ့စားသောက်ကုန်တွေ. . . လူတွေကိုရေရှည်မှာထိခိုက်စေတဲ့စားသောက်ကုန်တွေတင်သွင်းခြင်းဟာလည်း. . . ဒီနေ့ခေတ်ရဲ့ဘက်စုံစစ်ပွဲရဲ့တစ်စိတ်တစ်ဒေသပါပဲ. . .
တစ်ဘက်နိုင်ငံမှာ. . . ကိုယ့်သြဇာခံလက်နက်ကိုင်အဖွဲ့ကိုကျွေးမွေးထောက်ပံ့ထားတာဟာလည်း. . . ဘက်စုံစစ်ပွဲရဲ့ နည်းလမ်းတစ်ခုပါပဲ အရင်တုန်းကတော့ ပေါ်ပေါ်တင်တင် proxy war ကိုဖန်တီးတယ်ပေါ့. . ဒီနေ့ခေတ်မှာတော့. . . နိုင်ငံတစ်ခုကိုလက်နက်နဲ့တိုက်စရာမလိုဘဲ. . . ကိုယ့်သြဇာအောက်မှာရှိဖို့ဖန်တီးလာကြတယ်. . . ကိုယ့်ရဲ့စီးပွားရေးဈေးကွက် အမြတ်ထုတ်စရာနိုင်ငံဖြစ်အောင်ကြိုးစားကြပါတယ်. . .
တရုတ်နဲ့အမေရိကန်ရဲ့ စီးပွားရေးစစ်ပွဲဟာ . .ထင်သာမြင်သာဥပမာပါ. . . တရုတ်ဟာ. . . တတိယနိုင်ငံတွေကို စီးပွားရေးအရ တိတ်တဆိတ်နဲ့စစ်ပြုနေခဲ့တာပါ. . . အာဖရိကရဲ့သစ်တောပြုန်းတီးမှုဟာလည်း တရုတ်တို့လက်ရာပါဝင်ခဲ့ပါတယ်. . . မြွေမြွေခြင်းခြေမြင်တဲ့ စီးပွားရေးဂုရုကြီး ထရန့်မ် နဲ့မှ ပေါ်ပေါ်တင်တင်ဗြောင်ကျကျ စီးပွားရေးစစ်ဖြစ်ကြတာပါ. . . .
ထားပါ. . . အခုအဓိကတင်ပြချင်တာကတော့. . . တိုင်းရင်းသားအကြမ်းဖက်အဖွဲ့တွေအနေနဲ့. . စိတ်ကြွဆေးတွေ ဘိန်းတွေ ကိုပြည်မထဲပို့နေတဲ့အကြောင်းအရင်းက. . . ပြည်မထဲကလူငယ်တွေ သုံးစားမရအောင်လုပ်ခြင်းမျိုးပါပဲ. . . . ကိုယ့်အမြီးကိုယ်ပြန်နင်းတာမျိုးပါ. . .ဒါပေမယ့် ဒီအကြမ်းဖက်အဖွဲ့တွေဟာ. . . ပြည်ထောင်စုလို့သဘောမထားတဲ့အတွက်ဒီလို နည်းလမ်းကိုသုံးတာဖြစ်ပါတယ်. . . ကိုယ့်နိုင်ငံက လူငယ်တွေ အရည်အသွေးနိမ့်ကျမှ. . စဉ်းစားဆင်ခြင်နိုင်စွမ်းအားနည်းမှ. . . ဝါဒဖြန့်လို့ကောင်းတာဖြစ်ပါတယ်. . . .
Nation Security ရဲ့ခေါင်းစဉ်အောက်မှာ. . ကျနော်တို့အားလုံးဟာ စစ်သားတွေပါ. . . ကျောင်းဆရာတစ်ယောက်. . ကျောင်းသားတွေကို စာသေချာသင်တာ အတွေးအခေါ်မြင့်မားအောင်ဆောင်ရွက်တာသည်. . Nation Security ပါပဲ. . . ဒီလိုပဲကျန်းမာကြံ့ခိုင်အောင်စောင့်ရှောက်ခြင်း. . . အာဟာရပြည့်သော ပိုးသတ်ဆေးနည်းပါးသော အသီးအနှံတွေထုတ်လုပ်ခြင်းဟာလည်း. . Nation Security ပါပဲ. . .
အခုလို FB အပေါ်မှာ သတင်းနည်းပညာစစ်ဆင်ရေးလုပ်ခြင်းကို တာဝန်သိသိ ကာကွယ်ခြင်းဟာလည်း. . Nation Security ပါပဲ. . . IT ခေတ်မှာ. . . ကျနော်တို့အားလုံးဟာ. . . နိုင်ငံအတွက် ကာကွယ်ရေးသမားတွေချည်းပါပဲဗျာ. . . .
အဲတော့. . . . မည်သည့်ဘက်လို့နာမယ်တပ်ထားသည်ဖြစ်စေ Fake Nwes တွေတက်လာရင် ပျော်ပျော်ပါးပါး. . RP ထုပေးကြပါလို့. . .   
လေးစားလျှက်
- မှတ်စုကြမ်း
Credit - ကိုမင်းမောင်






တိုက်ပွဲအတွင်းပိတ်မိနေသော ဒဏ်ရာရအရပ်သားများကို သွားရောက် ကယ်ဆယ်သည့် လူမှုကူညီရေးယာဉ်အချို့ သေနတ်ဖြင့် ထပ်မံပစ်ခတ်ခံရ

၎င်းတို့ကို ကယ်ဆယ်နိုင်ရေး အခက်တွေ့နေဟုဆို
ကွတ်ခိုင်နှင့် မူဆယ်မြို့ အကြား တပ်မတော်နှင့် မြောက် ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ဖြစ်ပွား သည့်တိုက်ပွဲများအတွင်း ပိတ်မိနေ သော ဒဏ်ရာရအရပ်သားများနှင့် သေဆုံးသူ ရုပ်အလောင်းအချို့ ကို သွားရောက်သယ်ယူသည့် လူမှုကူညီရေးယာဉ်အချို့ ယမန်နေ့က သေနတ်ဖြင့် ထပ်မံပစ်ခတ်ခံရ၍ ၎င်းတို့ကို ကယ်ဆယ်နိုင် ရေး အခက်တွေ့နေသည်။
ကွတ်ခိုင်နှင့် မူဆယ်မြို့ ကြား ပြည်ထောင်စုလမ်းဘေးရှိ မိုင်းယုလေး၊ ခိုမုံး၊ ဟန်ကိုင်၊ ဖား ပိန်၊ ကုံးစုံကျေးရွာတို့တွင် တပ်မ တော်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ထိပ်တိုက်တွေ့နေ၍ ဒေ သခံအရပ်သားများ ပိတ်မိနေခြင်း ဖြစ်သည်။
‘‘အရပ်သားတွေက ရှေ့လည်း တိုးမရဘူး၊ နောက်လည်း ဆုတ်မရဘူး၊ ရွာအပြင်လည်း ထွက်မရဘူး ဖြစ်နေတယ်။
အကူအညီပေးဖို့တောင် ခက်နေ တယ်’’ဟု ရှမ်းပြည်နယ် မြောက် ပိုင်းအခြေစိုက် လူမှုရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုင်းယုလေးကျေးရွာတွင် သေနတ်ဒဏ်ရာရထားသော အရပ်သားနှစ်ဦးရှိနေပြီး ယင်းရွာ အနီး ပြည်ထောင်စုလမ်းဘေးတွင် သေဆုံးနေသည့် ရုပ်အလောင်း နှစ်ခု မြင်တွေ့ရသည်ဟု ဒေသခံ များက ပြောသည်။
မူဆယ်မြို့အခြေစိုက် ကရု ဏာလူမှုကူညီရေးအသင်းက သြဂုတ် ၂၀ ရက် နေ့လယ်တွင် ၎င်းတို့၏ အသင်းပိုင် လူနာတင်ကား များတွင် အလံဖြူထောင်၍ ရွာရှိဒဏ်ရာရလူနာကို သွားရောက်ခေါ် ဆောင်စဉ် လမ်းခုလတ်၌ သေနတ်ဖြင့် အပစ်ခံရ၍ နောက်ကြောင်း ပြန်ဆုတ်လာခဲ့ရသည် ဟု ၎င်းတို့က ပြောသည်။
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်း-မန်လွယ်-နမ့်ခိုင် တံတားကြားတွင်လည်း သြဂုတ် ၁၇ ရက်ကတည်းက ပိတ်မိနေသည့် ကားအစီးရေ ၃၀ ခန့်မှ လူ ၄၀ ဦးခန့်သည် ယခုအခါ စားရေး၊ သောက်ရေး အခက်တွေ့နေသည်ဟု နမ့်ဖက်ကာ အခြေစိုက် မေတ္တာရှင် လူမှုကူညီရေးအသင်းက လူမှုကွန်ရက်တွင်တင်၍ အသိပေး ခဲ့သည်။
‘‘မနေ့ညကလည်း ကွတ် ခိုင်ဘက်မှာ ကားတစ်စီး မီးဖွင့်ပြီး မောင်းလာတာကို ပစ်တာ။ မီးဖွင့်လျက်ကြီး လမ်းပေါ်မှာ ရှိနေတယ်တဲ့။ လူကတော့ သေနေပြီထင်တယ်’’ ဟု ဒေသခံတစ်ဦးက သြဂုတ် ၂၀ ရက်တွင် ပြောသည်။
ပြည်ထောင်စု လမ်းမအနီး ယခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် တပ်မတော်က နယ်မြေရှင်းလင်းရေး ပြုလုပ်ပြီးပါက အရပ်သားများ ဖြတ်သန်း၍ရပြီး ယခုတစ်ကြိမ်တွင် နှစ်ဖက်တပ်ဆိုင်ထားသည့် အခြေအနေကြောင့် ဒေသခံများ ပိတ်မိနေခြင်းဖြစ် သည်။ ယခုတစ်ကြိမ် တိုက်ပွဲတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဘက်က လူမှုကူညီရေး ကားများကိုပါ ပစ်ခတ်နေ၍ အခက်တွေ့နေရသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် လူမှုကူညီရေး အဖွဲ့များက ပြောသည်။
လတ်တလော ဖြစ်ပွားနေ သော ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတိုက်ပွဲအတွင်း လူမှုကူညီရေးအသင်း ကားများသေနတ်ဖြင့် အပစ်ခံရမှု သုံးကြိမ်ဖြစ်ခဲ့ပြီး လူတစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရကာ ကားနှစ်စီး ပျက်စီးခဲ့ သည်။
သြဂုတ်လ ၂၀ ရက်တွင်ကွတ်ခိုင်နှင့် မူဆယ်ကြား၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ကွတ်ခိုင်မြို့ လွိုင်ဆမ်ဆစ်တောင်ခြေရှိ နမ့်ပါချီရွာတွင် နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
Credit - 7 Day Daily