၎င်းတို့ကို ကယ်ဆယ်နိုင်ရေး အခက်တွေ့နေဟုဆို
ကွတ်ခိုင်နှင့် မူဆယ်မြို့ အကြား တပ်မတော်နှင့် မြောက် ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ဖြစ်ပွား သည့်တိုက်ပွဲများအတွင်း ပိတ်မိနေ သော ဒဏ်ရာရအရပ်သားများနှင့် သေဆုံးသူ ရုပ်အလောင်းအချို့ ကို သွားရောက်သယ်ယူသည့် လူမှုကူညီရေးယာဉ်အချို့ ယမန်နေ့က သေနတ်ဖြင့် ထပ်မံပစ်ခတ်ခံရ၍ ၎င်းတို့ကို ကယ်ဆယ်နိုင် ရေး အခက်တွေ့နေသည်။
ကွတ်ခိုင်နှင့် မူဆယ်မြို့ ကြား ပြည်ထောင်စုလမ်းဘေးရှိ မိုင်းယုလေး၊ ခိုမုံး၊ ဟန်ကိုင်၊ ဖား ပိန်၊ ကုံးစုံကျေးရွာတို့တွင် တပ်မ တော်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ထိပ်တိုက်တွေ့နေ၍ ဒေ သခံအရပ်သားများ ပိတ်မိနေခြင်း ဖြစ်သည်။
‘‘အရပ်သားတွေက ရှေ့လည်း တိုးမရဘူး၊ နောက်လည်း ဆုတ်မရဘူး၊ ရွာအပြင်လည်း ထွက်မရဘူး ဖြစ်နေတယ်။
အကူအညီပေးဖို့တောင် ခက်နေ တယ်’’ဟု ရှမ်းပြည်နယ် မြောက် ပိုင်းအခြေစိုက် လူမှုရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုင်းယုလေးကျေးရွာတွင် သေနတ်ဒဏ်ရာရထားသော အရပ်သားနှစ်ဦးရှိနေပြီး ယင်းရွာ အနီး ပြည်ထောင်စုလမ်းဘေးတွင် သေဆုံးနေသည့် ရုပ်အလောင်း နှစ်ခု မြင်တွေ့ရသည်ဟု ဒေသခံ များက ပြောသည်။
မူဆယ်မြို့အခြေစိုက် ကရု ဏာလူမှုကူညီရေးအသင်းက သြဂုတ် ၂၀ ရက် နေ့လယ်တွင် ၎င်းတို့၏ အသင်းပိုင် လူနာတင်ကား များတွင် အလံဖြူထောင်၍ ရွာရှိဒဏ်ရာရလူနာကို သွားရောက်ခေါ် ဆောင်စဉ် လမ်းခုလတ်၌ သေနတ်ဖြင့် အပစ်ခံရ၍ နောက်ကြောင်း ပြန်ဆုတ်လာခဲ့ရသည် ဟု ၎င်းတို့က ပြောသည်။
ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်း-မန်လွယ်-နမ့်ခိုင် တံတားကြားတွင်လည်း သြဂုတ် ၁၇ ရက်ကတည်းက ပိတ်မိနေသည့် ကားအစီးရေ ၃၀ ခန့်မှ လူ ၄၀ ဦးခန့်သည် ယခုအခါ စားရေး၊ သောက်ရေး အခက်တွေ့နေသည်ဟု နမ့်ဖက်ကာ အခြေစိုက် မေတ္တာရှင် လူမှုကူညီရေးအသင်းက လူမှုကွန်ရက်တွင်တင်၍ အသိပေး ခဲ့သည်။
‘‘မနေ့ညကလည်း ကွတ် ခိုင်ဘက်မှာ ကားတစ်စီး မီးဖွင့်ပြီး မောင်းလာတာကို ပစ်တာ။ မီးဖွင့်လျက်ကြီး လမ်းပေါ်မှာ ရှိနေတယ်တဲ့။ လူကတော့ သေနေပြီထင်တယ်’’ ဟု ဒေသခံတစ်ဦးက သြဂုတ် ၂၀ ရက်တွင် ပြောသည်။
ပြည်ထောင်စု လမ်းမအနီး ယခင်က ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် တပ်မတော်က နယ်မြေရှင်းလင်းရေး ပြုလုပ်ပြီးပါက အရပ်သားများ ဖြတ်သန်း၍ရပြီး ယခုတစ်ကြိမ်တွင် နှစ်ဖက်တပ်ဆိုင်ထားသည့် အခြေအနေကြောင့် ဒေသခံများ ပိတ်မိနေခြင်းဖြစ် သည်။ ယခုတစ်ကြိမ် တိုက်ပွဲတွင် မြောက်ပိုင်း မဟာမိတ်အဖွဲ့ဘက်က လူမှုကူညီရေး ကားများကိုပါ ပစ်ခတ်နေ၍ အခက်တွေ့နေရသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် လူမှုကူညီရေး အဖွဲ့များက ပြောသည်။
လတ်တလော ဖြစ်ပွားနေ သော ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတိုက်ပွဲအတွင်း လူမှုကူညီရေးအသင်း ကားများသေနတ်ဖြင့် အပစ်ခံရမှု သုံးကြိမ်ဖြစ်ခဲ့ပြီး လူတစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရကာ ကားနှစ်စီး ပျက်စီးခဲ့ သည်။
သြဂုတ်လ ၂၀ ရက်တွင်ကွတ်ခိုင်နှင့် မူဆယ်ကြား၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ကွတ်ခိုင်မြို့ လွိုင်ဆမ်ဆစ်တောင်ခြေရှိ နမ့်ပါချီရွာတွင် နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။
Credit - 7 Day Daily
No comments:
Post a Comment