မြန်မာနိုင်ငံမှာ လုပ်ငန်းကြီးတွေ ဖြစ်မလာတဲ့ အကြောင်းရင်း တစ်ခု
မြန်မာနိုင်ငံမှာ လုပ်ငန်းကြီးတွေ ဖြစ်မလာတဲ့ အဓိက အကြောင်းရင်းတခုက လုပ်ငန်းတွေကို ကာကွယ်ဖို့ တရားဥပဒေ မစိုးမိုးတာပါ။ ဥပမာ- သီးနှံ စိုက်ခင်းတွေဆိုပါတော့ သီးပွင့်ပြီဆိုရင် အနီးအနားကလူတွေ လာခူးဆွတ်ကြတယ်ဆိုပါတော့။ သစ်တော
စိုက်ရင် ဆိုင်ကယ်နဲ့ အစီး ၅၀ ၁၀၀ လာပြီး ခုတ်ကြမယ်။ ရာဘာစိုက်ခင်းဆို အစေး ခိုးခြစ်ကြပါတယ်။ ဒီအတိုင်း ထိုင်ကြည့်နေရုံကလွဲရင် ဘာမှ လုပ်မရပါဘူး။ တာဝန်ရှိတဲ့သူတွေကို တိုင်ကြားလည်း ထိထိရောက်ရောက် အရေးယူပေးတာမျိုး
မရှိတတ်ပါဘူး။ အထူးသဖြင့် စိုက်ခင်းအကြီးတွေမှာပါ။ တချို့က စားဖို့ သောက်ဖို့ အပြင် စီးပွားဖြစ် ရောင်းစားဖို့ လုပ်တတ်သလို တချို့က အုပ်စုဖွဲ့ အကြောင်းမဲ့ ပျက်စီးတတ်ပါတယ်။ ဒီလိုနဲ့ များများစိုက်ရင် အခိုးခံပြီး ပျက်စီးခံရတာကြောင့် ထိန်းလို့ ကောင်း
အောင် နဲနဲစိုက်ပြန်တော့ ဈေးကြီးလာပါတယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဈေးနှုန်းကို ယှဉ်ပြိုင်ဖို့ များများစိုက်ချင်ရင် ရွှာတွေနဲ့ ဝေးတဲ့နေရာမှာ စိုက်တာမျိုး၊ မျိုးစေ့ အပင်ပေါက်တို့ ပေးပြီး ကန်ထရိုက်ပေး စိုက်ခိုင်းပြီး သီးနှံပြန်သိမ်းယူတာမျိုးတို့ စပါးလို့
ရင့်မှည့်ပြီး အမြန်ရိတ်သိမ်းရတဲ့ အပင်မျိုး ပိုစိုက်လာရတာပါ။ သရက်တို့ မာလာကာတို့လို သီးချိန်ကြာတဲ့ အပင်မျိုး ကန်ဇွန်းရွက်လို ရောင်းလွယ်တဲ့ အရွက်မျိုးတွေက သူခိုးအကြိုက်ပါ။ ခိုးဖို့ လွယ်ပြီး ထိထိရောက်ရောက် အရေးမယူတာဟာ
သူခိုးတိုးပွားစေပြီး စိုက်ပျိုးတဲ့လူတွေက စိတ်ပျက်လက်ပျက်ဖြစ်စေပြီး ထုတ်ကုန်တန်ဖိုးမှာ "သူခိုးစားရိတ်" ထည့်ပေါင်းရတာကြောင့် ကုန်ဈေးနှုန်းတက်စေပါတယ်။ ဒါဟာ မြေဆီကောင်းပြီး စိုက်ပျိုးဖို့သင့်တဲ့ မြန်မာနိုင်ငံမှာ မြေလွတ်မြေရိုင်း
အများကြီးဖြစ်စေတာပါ။ စိုက်ခဲ့ရင်လည်း ကုန်ကျစားရိတ် သိပ်အကုန်အကျ မခံတော့တဲ့တွက် သိပ်မထွက်တော့ဘဲ ကုန်ဈေးနှုန်းတက်ကုန်တာပါ။ စိုက်ခင်းလုပ်တဲ့သူ က စိုက်ပျိုးရေးလုပ်ငန်းကို စွန့်ခွာဖို့ ဆုံးဖြတ်ရင် သူခိုးကြောင့် ဖြစ်ဖို့များပါတယ်။
အခုဆိုရင် အိမ်နီးချင်းနိုင်ငံတွေက တင်သွင်းပြီး ဈေးကြီးနဲ့ ရောင်းချတာကို ဦးစားပေးလာပါပြီ။
နောက်တခုက မွေးမြူရေးလုပ်တယ်ဆိုပါတော့။ ငါးကန်ဆိုပါတော့ မွေးတဲ့သူက အရင်းအနှီး အချိန် လုပ်အား အကုန်ခံပြီး ကိုယ်ပိုင်ကန် ဒါမှမဟုတ် လေလံအင်းနဲ့ မွေးမယ်။ ဖမ်းရောင်းလို့ ရမဲ့ အချိန်ကျရင် အနီးအနားဒေသတွေမှာ နေထိုင်တဲ့ လူတွေက
ငါးလာခိုးရင် ( ခိုးတယ်လို့ ပြောတာထက် '' ဗြောင်လာဖမ်းတာ'' လို့ ပြောရင် ပိုမှန်ပါတယ်။ ပုံက ကျုံပျော်မြို့နားက အင်းရဲကြီးမှာ ရိုက်ထားတာပါ။ လေလံအောင်ပြီး အခွန်ပေးပြီးလုပ်ပိုင်ခွင့်ရထားတဲ့သူရှိပေမဲ့ အနီးအနားရွှာတွေကလူတွေက အခုလို
ကွန်ပစ်ပြီးဖမ်းတာကို လေလံအောင် အင်းသူကြီးက မသိကျိုးနွံပြုနေရတာပါ။ ) ဒီတိုင်းထိုင်ကြည့်နေရုံကလွဲရင် ဘာမှလုပ်မရပါဘူး။ ရဲတိုင် ဘာတိုင် လုပ်လဲ မထူးခြားပါဘူး။ ဥပဒေ မစိုးမိုးပါဘူး။ ကန်ရှင်ကို သတ်မသွားတာတောင် ကံကောင်းပါ။ ငါးကန်
အများကြီးရှိတဲ့ တွံတေးလို နေရာမျိုးမှာတော့ ကန်ရှင်တွေကိုယ်တိုင် စုပြီး တပည့်တပန်းတွေနဲ့ ခွေးတအုပ်ကြီးနဲ့ ဝိုင်းစောင့်ရှောက်ကြရတာပါ။ မွေးမြူရေးလုပ်တာလဲ လုပ်ငန်းကြီးလာရင် သူခိုးရန်ကို မထိန်းနိုင်လို့ ကန်ကို တနိုင်တပိုင် ထိန်းနိုင်မဲ့လူလက်ထဲ
ထည့်ပေးလိုက်ရပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာ ငါးစာ အများဆုံးထုတ်လုပ်ပြီး ငါးကန်အကြီးဆုံးမွေးမြူတဲ့ လုပ်ငန်းကြီးတခုက မွေးမြူတာကို ရပ်လိုက်ပြီး ပိုထိန်းကျောင်းလို့ ကောင်းတဲ့ ငါးစာထုတ်လုပ်ပါတော့တယ်။
ထည့်ပေးလိုက်ရပါတယ်။ ဥပမာ မြန်မာနိုင်ငံမှာ ငါးစာ အများဆုံးထုတ်လုပ်ပြီး ငါးကန်အကြီးဆုံးမွေးမြူတဲ့ လုပ်ငန်းကြီးတခုက မွေးမြူတာကို ရပ်လိုက်ပြီး ပိုထိန်းကျောင်းလို့ ကောင်းတဲ့ ငါးစာထုတ်လုပ်ပါတော့တယ်။
စိုက်ခင်းတွေလုပ်တာနဲ့ မွေးမြူရေးလုပ်တာနဲ့ ခိုးတတ်လို့ စိတ်ပျက်ပြီး စက်ရုံ လုပ်မယ်ဆိုပါတော့ ဒါလဲ ခိုးတဲ့ဒဏ်က မလွတ်ပါဘူး။ ဥပမာ ရန်ကုန်မြို့ ဘုရင့်နောင်နားက အအေးခန်း စက်ရုံမှာ ဒီဇယ်ခိုးလို့မိတာ သိန်းထောင် ဂဏန်းဖိုးရှိပါတယ်။ ရန်ကုန်က
နာမယ်နှစ်လုံးနဲ့ ကြက် မွေးမြူရေးအစာထုတ်တဲ့ စက်ရုံကတော့ ကုန်လက်ကျန်တွေကို ကွန်ပြူတာနဲ့ စနစ်တကျထိန်းပါတယ်။ ပစ္စည်းထုတ်သွားပြီဆိုတာနဲ့ ကွန်ပြူတာထဲက စာရင်းမှာမှာ နုတ်လိုက်ပါတယ်။ ငါးခြောက် ဆန် ပြောင်းတို့လို ကုန်ကြမ်းတွေက
အပူချိန်တိုးလာတာနဲ့ ကုန်ချိန်လျော့တဲ့ သဘောရှိတော့ တကမ္ဘာလုံးက သူတို့စက်ရုံတွေမှာ ကုန်လက်ကျန်တွေကို နိုင်ငံအလိုက် အပူချိန် စိုထိုင်းဆတို့နဲ့တွက်ပြီး ကုန်လက်ကျန်တွေကို တခါထဲ နုတ်ပြီးပြပါတယ်။ မြန်မာပြည်မှာတော့ တခြားနိုင်ငံတွေမှာ
ကုန်ချိန်လျော့သလို မလျော့တာသတိထားမိတဲ့ ဝန်ထမ်းတွေက တခါတခါ ဆယ်ဘီးကားနဲ့ အစီးလိုက် တခါတခါ သုံးလေးငါးစီးခိုး လိုက်ကြပါတယ်။ ခိုးတဲ့လူတွေအကြောင်းပြတာက အခု ကုန်ချိန်မလျော့လို့ မလျော့ဘူးလို့ စာရင်းတင်ရင် လျော့တဲ့အချိန်ကျရင် ရှင်းလို့ ခက်မှာစိုးလို့
ကြိုခိုးလိုက်တာပါတဲ့။
လူအများဆုံးရှိတဲ့ အထည်ချုပ် စက်ရုံကတော့ အပ်တိုက အစ ခိုးတတ်ပါတယ်။ ချုပ်ပြီးတဲ့အထည်တွေကို အတွင်းကနေ ခံဝတ်သွားတာမျိုးက မကြာမကြာ တွေ့ရတတ်ပါတယ်။ ပစ္စည်းခိုးတတ်တာထက် အချိန်ခိုးတာက ပိုဆိုးပါတယ်။
အများဆုံးလုပ်တတ်တာ အိမ်သာ တက်တာပါ။ အထည်ချုပ်စက်ရုံတွေက ကြီးတတ်တော့ အိမ်သာကို ၅ မိနစ် ၁၀ မိနစ်လောက် လမ်းလျောက် သွားရတတ်ပါတယ်။ တချို့ယောက်ကျားလေး အလုပ်သမားက အိမ်သာတက်ရင်း ဆေးပေါ့လိပ် တလိပ်လောက် ကုန်အောင် သောက်ပြီးမှ အိမ်သာက ထွက်လာတတ်ပါတယ်။ တချို့ အလုပ်သမတွေက တနေကုန် ရေသောက်လိုက် အိမ်သာတက်တာနဲ့
အချိန်ကုန်နေတတ်ပါတယ်။ ဒီတလော ခေတ်စားတာ သူရဲပူးတာပါ။ သင်္ကြန်ပိတ်ရက်လို ပိတ်ရက်ရှည်နားမှာ ရက် စောစောပြန်ချင် အလုပ်သမားတွေ စုပြီး သူရဲပူးလိုက်တတ်ကြပါတယ်။ အထည်ချုပ်အလုပ်က အတော်ညည်းငွေ့ဖို့ ကောင်းတာအမှန်ပါ။ တနေကုန်ထိုင်ချုပ်ရတာ အတော်ပင်ပန်းတာကိုလည်း ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေ မလုပ်နိုင်လို့ နိုင်ငံတကာက လာလုပ်ကြတဲ့
လုပ်ငန်းရှင်တွေကတော့ နိုင်ငံတကာက ဝန်ထမ်းနဲ့ဘဲ နှိုင်းယှဉ်မှာပါ။ သူတို့ လက်ခံထားတာက မြန်မာပြည်က မြန်မာ အလုပ်သမားတွေက အနီးအနားနိုင်ငံ ဥပမာ ဗီယက်နမ်က အလုပ်သမတွေရဲ့ တဝက်လောက်ဘဲ အလုပ်ပြီးပါတယ်။ ဗီယက်နမ်
အလုပ်သမတွေကို မှီအောင်လုပ်နိုင်တဲ့ မြန်မာ အလုပ်သမတွေ အများကြီးရှိပါတယ်။ အဲဒီလို ကြိုးစားတဲ့သူတွေတော့ အများစုက မြန်မာပြည်တွင်းက စက်ရုံတွေမှာ ရိုးရိုးသားသား ကြိုးစားပြီး ဘဝရပ်တည်ခွင့် မရှိတဲ့အပြင် အချောင်သမားတွေကို တားဆီးတဲ့ ဥပဒေမရှိလို့ စိတ်ပျက်ပြီး မြန်မာနိုင်ငံမှာ
ရှိမနေကြပါဘူး။ ထိုင်းနိုင်ငံရောက်နေကြပါပြီ။ ပြည်တွင်းမှာ ရှိခဲ့ရင် ရာထူးတက်ပြီး အုပ်ချုပ်တဲ့ အဆင့်ရောက်နေကြပါပြီ။ မြန်မာ လုပ်သားတွေ တင်းပြည့်ကျပ်ပြည့် အလုပ်လုပ်ကြဖို့ ဥပဒေ ပြဌာန်းပြီး လုပ်ခိုင်းဖို့ အရမ်းခက်ပါတယ်။ လုပ်ငန်းရှင်တချို့က
ကျွမ်းကျင်ပြီး ကြိုးစားတဲ့ ဝန်ထမ်းတွေကို သိသိသာသာ လစာတိုးပေးပြီး ခေါ်ယူဖို့ စီစဉ်ကြပြန်ပါတယ်။ တချို့ နိုင်ငံခြားသားပိုင် စက်ရုံတွေကတော့ အိမ်နီးချင်းနိုင်ငံက ကျွမ်းကျင် လုပ်သားတွေ တင်သွင်းလာကြပါတယ်။ လုပ်ငန်း အဆင့်တိုင်း
လုပ်ငန်းနယ်ပယ်တိုင်းမှာပါ။ ဒါဟာ သူတို့ လိုအပ်ချက်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဥပမာ ဟိုတယ် ဆောက်ရင် ဧည့်သည်တခါထဲ ခေါ်လာမဲ့ ကုမ္ပဏီနဲ့ တွဲလုပ်မှ အဆင်ပြေမှာပါ။ ဧည့်သည်ရှိတဲ့ နိုင်ငံခြား ကုမ္ပဏီက သူတိုဟိုတယ်ရဲ့ စံချိန်စံညွှန်းအရ
တည်ဆောက်ထားတဲ့ ဟိုတယ်ကိုဘဲ စီမံခန့်ခွဲတာပါ။ ဒီတော့ ဆောက်တဲ့သူရဲ့ အရည်အချင်းတွေ လိုလာပြန်ပါတယ်။ ဒါနဲ့ အလုပ်နဲ့ပတ်သက်တဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ အရည်အချင်း အောင်လက်မှတ် စတာတို့ မရှိတဲ့ မြန်မာ အလုပ်သမားတွေ
အလုပ်ရဖို့ခက်သွားပါတယ်။ နိုင်ငံခြားသား အလုပ်သမားများလာရင် ဒေသခံ တိုင်းရင်းသား အလုပ်သမားတွေနဲ့ ပဋိပက္ခဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် မြန်မာ အလုပ်သမားတွေက မကြာမကြာ အလုပ်ပြောင်းတတ်တော့ လုပ်သက်ကြာသွားပေမဲ့
အလုပ်တခုခုမှာ ကျွမ်းကျင်မူ နဲနေတတ်ပါတယ်။ ဒါနဲ့ လစာပိုကောင်းပြီး ထိုက်တန်တဲ့အလုပ်ကို မြန်မာတွေကို မပေးနိုင်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အဲဒီအခါ ဒေသခံတွေက နိုင်ငံခြားသားတွေက သူတို့ ဂွင်ကို လာလုတယ်လို့ ခံစားရပြီး ပဋိပက္ခဖြစ်လာနိုင်ပါတယ်။ ဒါဟာ နိုင်ငံတကာမှာ ဖြစ်တတ်တာပါ။ လူမျိုးဘာသာ မတူတဲ့သူတွေနဲ့ ကြုံလာရင် ပြသာနာ
ပိုများတတ်ပါတယ်။ အဲလို ပြသာနာတွေ မဖြစ်ဖို့ မြန်မာတွေကို အခု အချိန်လောက်ကတည်းက စည်းကမ်းတကျ အလုပ်လုပ်တတ်ဖို့ အလေ့အကျင့်ရအောင် ဥပဒေ ပြဌာန်းတာမျိုး လုပ်သင့်ပါတယ်။
လက်ရှိအခြေအနေမှာတော့ လူအင်အားသုံးရတဲ့ လုပ်ငန်းတွေက အလုပ်ရှင်ရော အလုပ်သမားရော ကျဉ်းထဲကျပ်ထဲ ရောက်နေကြတာပါ။ အလုပ်သမားဘက် နဲနဲ အလေးသာပေးလိုက်ရင် အလုပ်ရှင်တွေ မလုပ်နိုင်တော့ပါဘူး။ အလုပ်ရှင်တွေဘက် နဲနဲ
အလေးသာပေးလိုက်ရင်လဲ အလုပ်သမားတွေ မလုပ်နိုင်တော့ပါဘူး။ ဒီတော့ ညှိနှိုင်းမူတွေ လုပ်ရတာတွေ ဆန္ဒပြတာတွေ ဖြစ်မှာကို လူတိုင်း လက်ခံထားကြပါတယ်။ အဲဒီလို ဆန္ဒပြရင် အလုပ်မဆင်းတာ မျိုးကို တမ္ဘာလုံး လုပ်ကြပါတယ်။ တခြားနိုင်ငံ
တွေမှာ မလုပ်ဘဲ မြန်မာနိုင်ငံက အလုပ်သမားတွေ လုပ်ကြတာတခုက စက်ရုံဝင်ပေါက်တွေ့ပိတ်ဆို့ပြီး အဝင်အထွက် ပိတ်ကြတာနဲ့ စက်ရုံပိုင်ပစ္စည်းတွေကို ဖျက်ဆီးတတ်တာပါ။ အဲဒါမျိုးက လုပ်ငန်းရှင်တွေကို အလုပ်သမားတွေတောင်းဆိုချက်ကို
လိုက်လျောဖို့ အဟန့်အတားတောင် ဖြစ်စေတတ်ပါတယ်။ ဥပမာ ကုန်ချောတွေ သဘောင်္တင်ရက် ရောက်နေတော့ အချိန်မှီ သင်္ဘောတင်နိုင်မှ ငွေရမှာ အလုပ် အမှာစာရမှာပါ။ ဝင်ထွက်ပေါက် ပိတ်ဆို့လိုက်တာ စက်ရုံ ပိတ်ရဖို့ မကြာမကြာ
ဦးတည်သွားပါတယ်။ ဒါမျိုးဟာ နိုင်ငံရဲ့ အကျိုးစီးပွားတိုက်ရိုက်ထိခိုက်စေတဲ့အတွက် ဥပဒေပြဌာန်းပြီး တားဆီးသင့်ပါတယ်။ ဒါပေမဲ့ အခုထိ ဥပဒေအရ အရေးယူ တားဆီးခြင်းမျိုး မရှိသေးပါဘူး။ ဒါအပြင် လိုင်သာယာ မြို့နယ်က စက်မူဇုံတွေမှာ လယ်သမား
အမည်ခံသူ လူတစုဟာ လယ်သမားဖြစ်ကြောင်းသက်သေ နဲ့ အသိမ်းခံရကြောင်းသက်သေ အထောက်အထားတွေမရှိဘဲ စက်ရုံဝတွေပိတ်ဆို့ပြီး လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ် နှစ်သုံးဆယ် ခန့်က စက်မူဇုံဖော်ခဲ့စဉ်က လျှော်ကြေးမရခဲ့တဲ့အတွက် လက်ရှိ
စက်ရုံပိုင်ရှင်မှ လျော်ကြေးပေးရမယ် ဆိုပြီး တောင်းဆိုတာမျိုးရှိခဲ့ပါတယ်။ ဒါကိုလဲ တမင်သက်သက် မိုက်ကြေးခွဲတောင်းဆိုတာဖြစ်ကြောင်း လာရောက်စစ်ဆေးသူများက လက်ခံပေမဲ့ အရေးယူ ဆောင်ရွက်ပေးမူများ မရှိခဲ့ပါဘူး။ ဒါဟာ အလားတူ
ဖြစ်စဉ်များ ဆက်လက်ဖြစ်ပွားစေပါတယ်။ အဲဒြီဖစ်ရပ်များကြောင့် စက်ရုံပိတ်သိမ်း ရတဲ့အထိ ဖြစ်ခဲ့တာကိုလည်း တာဝန်ရှိသူများ သိရှိကြပါတယ်။
အာဆီယံနိုင်ငံအတွင်းမှ ဖွဲ့ဖြိုးမူ အနိမ့်ဆုံးလို့ သတ်မှတ်ကြတဲ့ CLMV Cambodia, Lao. Myanmar နဲ့ Vietnam တို့ဟာ လွန်ခဲ့တဲ့ ၅ နှစ်လောက်အထိ တနိုင်ငံနဲ့ တနိုင်ငံ ဖွဲ့ဖြိုးမူ သိပ်မကွာကြပေမဲ့ အခုအခါ မျှော်လင့်ချက် သိပ်မရှိဘူးလို့
ယူဆထားကြတဲ့ ကုန်းတွင်းပိတ် လာအိုလို နိုင်ငံရဲ့ တဦးချင်း ကုန်ထုတ်တန်ဖိုး GDP per capital ဟာ မြန်မာထက် နှစ်ဆ ဖြစ်နေပါပြီ။ မြန်မာက အာဆီယံထဲမှာ နောက်ဆုံးရောက်သွားပါပြီ။ မြန်မာနိုင်ငံက လူတွေ အိမ်နီးချင်းနိုင်ငံတွေကို
အလုပ်ထွက်လုပ်နိုင်တာက အဲဒီ နိုင်ငံတွေရဲ့ အစိုးရက အလုပ်လုပ်နိုင်တဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးနိုင်လို့ပါ။ ထိုင်းနိုင်ငံမှာဆိုရင် ပြီးခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်အချိန်အတွင်း အာဏာသိမ်းမူ အကြိမ်ကြိမ်ဖြစ်ခဲ့ပေမဲ့ စီးပွားရေးလုပ်ငန်းများက ဟန်မပျက်
အရှိန်မပျက် လည်ပတ်လုပ်ကိုင်နိုင်ကြပါတယ်။ အကာအကွယ်ပေးကြပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံရေး ဘာသာရေး လူမျိုးရေး ပဠိက္ခတွေဖြစ်ဖြစ် ဘာဘဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းတွေကို ခလုတ်တိုက်တတ်ကြပါတယ်။ စီးပွားရေးလုပ်ငန်းတွေဆိုတာ
ဂုတ်သွေးစုပ် အမြတ်ထုတ်တာလို့ ယူဆကြပုံရပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ဖွင့်ပြီးနောက် အခု နိုင်ငံတကာက လာလုပ်တဲ့ လုပ်ငန်းပေါင်း ထောင်ဂဏန်းလောက်ရှိနေပါပြီ။ ဖြစ်လာတဲ့လုပ်ငန်းတွေကို အစိုးရက ဥပဒေနဲ့ ကာကွယ်ပေးမှ လုပ်ငန်းတွေ
ဂုတ်သွေးစုပ် အမြတ်ထုတ်တာလို့ ယူဆကြပုံရပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ဖွင့်ပြီးနောက် အခု နိုင်ငံတကာက လာလုပ်တဲ့ လုပ်ငန်းပေါင်း ထောင်ဂဏန်းလောက်ရှိနေပါပြီ။ ဖြစ်လာတဲ့လုပ်ငန်းတွေကို အစိုးရက ဥပဒေနဲ့ ကာကွယ်ပေးမှ လုပ်ငန်းတွေ
ကြီးမားလာပြီး နိုင်ငံဖွဲ့ဖြိုးလာမှာပါ။ ဒါမှ ပြည်သူတွေရဲ့ လူမူအဆင့်အတန်းကို မြင့်တင်ပေးနိုင်မှာပါ။ လုပ်ငန်းတွေကို ဥပဒေနဲ့ အကာအကွယ်မပေးရင် အိပ်ဖောက်နဲ့ ဖားကောက်သလိုဘဲ ဖြစ်မှာပါ။ လုပ်ငန်းတွေကို မကာကွယ်သ၍ မြန်မာနိုင်ငံမှာ
လုပ်ငန်းကြီးတွေဖြစ်လာမှာ မဟုတ်ပါဘူး။
ဒီတလော စက်ရုံအဝပိတ်ဆို့ပြီး ဆန္ဒပြတာနဲ့ ပတ်သက်ပြီး နိုင်ငံခြားသားပိုင် စက်ရုံ ၃၀ လောက်ပေါင်းပြီး သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကန့်ကွက်ကြပါတယ်။ အလုပ်သမားရပိုင်ခွင့်ဘဲ ပြောနေပြီး လုပ်ငန်းရှင်တွေ ရပို
င်ခွင့် ပြောရေးဆိုခွင့်ရှိမှ မျှတမှာပါ။ ဒီတခေါက် နိုင်ငံခြားရင်းနှီးမြုပ်နှံမူတွေ ထွက်သွားရင် စီးပွားရေးကောင်းကောင်းမွန်မွန်လုပ်မဲ့ လုပ်ငန်းတွေကို ပြန်ခေါ်ဖို့ ပိုခက်သွားပါလိမ့်မယ်။ မဟုတ်တရုတ်လုပ်မဲ့သူတွေဘဲ ခေါ်လို့
ရတော့မှာပါ။ လက်ရှိအခြေအနေအရ ပြည်တွင်းလုပ်ငန်းရှင်အများစုက စီးပွားရေးလုပ်ငန်းလုပ်ဖို့ကောင်းတဲ့ အခြေအနေ မဟုတ်ဘူးလို့ ယုံကြည်နေကြပြီး ချင့်ချင့်ချိန်ချိန် ဆင်ဆင်ခြင်ခြင်နေဖို့ ဆုံးဖြတ်ကြပုံရပါတယ်။
ခိုးတာ လိမ်တာ မိုက်ကြေးခွဲ ပိုက်ဆံတောင်းတာ လုပ်ငန်းတွေကို ဆက်လုပ်လို့ မရအောင် ပိတ်ဆို့တာတို့ဟာ တရားဥပဒေ ချိုးဖောက်တာဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးအောင်လုပ်ဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်စရာလည်း မလိုပါဘူး။ တိုင်းရင်းသား
စည်းလုံးညီညွတ်မူကိုလည်း မထိခိုက်ပါဘူး။ နိုင်ငံ ပြိုကွဲဖို့လည်းမရှိပါဘူး။ ဆင်းရဲတိုင်း အဖိနှိပ်ခံရလို့ဆိုပြီး အတင်းယူဆလိုက်ပြီး ဆင်းရဲရင် မှန်တယ် လူသားချင်းစာနာပြီး ကာကွယ်ရမယ်ဆိုပြီး ချဲ့ထွင်တွေ့းလိုက်ရင် တလွဲဖြစ်သွားနိုင်ပါတယ်။ တရားဥပဒေ
ချိုးဖောက်မူဆိုတာ ဆင်းရဲချမ်းသာမရွှေး လူမျိုးဘာသာမရွှေး ရာထူး အမြင့်အနိမ့်မရွှေး ကျူးလွန်မိတတ်တယ် ဆိုတာ လက်ခံပြီး ဥပဒေနဲ့ ထိန်းကြောင်းပြီး ပြစ်ဒဏ်ချမှတ်တဲ့အထိ လုပ်သင့်တယ်ဆိုတာ လက်ခံဖို့လိုပါတယ်။ မှားတာ လုပ်ခွင့်ရဖို့ ဆန္ဒပြ သပိတ်မှောက် ( ဥပမာ လမ်းဘေးဈေးရောင်းခွင့်) တောင်းဆိုတာမျိုးလည်း လက်ခံလို့မရပါဘူး။ တရားဥပဒေ စိုးမိုးမှုရှိအောင် မလုပ်ဘဲ ခိုးဆိုး မိုက်ကြေးခွဲတာမျိုးကို မသိကျိုးနွံလုပ်နေတာဟာ စည်းစနစ်နဲ့နေချင်တဲ့ နိုင်ငံသားများကို ဥပက္ခာပြုပြီး နိုင်ငံကို ဖျက်ဆီးရာကျပါတယ်။ '' အလိုလိုက်လို့ ပျက်ဆီးနေတယ်'' ဆိုပါတော့။
ချိုးဖောက်မူဆိုတာ ဆင်းရဲချမ်းသာမရွှေး လူမျိုးဘာသာမရွှေး ရာထူး အမြင့်အနိမ့်မရွှေး ကျူးလွန်မိတတ်တယ် ဆိုတာ လက်ခံပြီး ဥပဒေနဲ့ ထိန်းကြောင်းပြီး ပြစ်ဒဏ်ချမှတ်တဲ့အထိ လုပ်သင့်တယ်ဆိုတာ လက်ခံဖို့လိုပါတယ်။ မှားတာ လုပ်ခွင့်ရဖို့ ဆန္ဒပြ သပိတ်မှောက် ( ဥပမာ လမ်းဘေးဈေးရောင်းခွင့်) တောင်းဆိုတာမျိုးလည်း လက်ခံလို့မရပါဘူး။ တရားဥပဒေ စိုးမိုးမှုရှိအောင် မလုပ်ဘဲ ခိုးဆိုး မိုက်ကြေးခွဲတာမျိုးကို မသိကျိုးနွံလုပ်နေတာဟာ စည်းစနစ်နဲ့နေချင်တဲ့ နိုင်ငံသားများကို ဥပက္ခာပြုပြီး နိုင်ငံကို ဖျက်ဆီးရာကျပါတယ်။ '' အလိုလိုက်လို့ ပျက်ဆီးနေတယ်'' ဆိုပါတော့။
ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ.
တနိုင်ငံလုံးလို ဖြစ်နေပြီး national habit အမျိုးသား အကျင့်စရိုက်လို ဖြစ်နေတော့ ဖြေရှင်းဖို့ အတော်ခက်ပါတယ်။ တနိုင်ငံလုံး ပြန့်ကျဲနေတဲ့ စိုက်ပျိုး မွေးမြူရေးက ခိုးမူလိုမျိုး စကိုင်တွယ်ရင် မဖြစ်နိုင်ပါဘူး။
ပထမဆုံး လုပ်သင့်တာကတော့ သမ္မတကြီးပြောသလို '' ငါးကြီးကြီး ကြော်ကြည့်ဖို့ လိုနေတာပါ။'' ရာထူးကြီးပြီး အကျင့်ပျက်တာကို အရင် စံနမူနာနဲ့ အရေးယူပြဖို့ လိုပါတယ်။ ကောင်းတာက
၁။ စက်ရုံ အလုပ်ရုံတွေက အရေအတွက် နဲသေးပြီး အခုနှစ်ပိုင်းမှ စလုပ်ကြတော့ စက်ရုံ အလုပ်ရုံတွေကို စကြပ်မတ်တာ အကောင်းဆုံးပါ။ စက်ရုံတွေမှာ ခိုးလို့ လိမ်လို့ အကြံအဖန် လုပ်လို့ မရဘူးဆိုပြီး အရင်လုပ်ပြတာမျိုးပါ။ စက်ရုံ အလုပ်ရုံ ပိတ်ရလောက်အောင် အခြေအနေမျိုး ဖန်တီးသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လိုပါတယ်။
အဲဒီနောက်ပိုင်းမှာ စိုက်ပျိုးရေးသမား လက်သစ်တွေလုပ်တဲ့ စိုက်ခင်းတွေမှာ စနစ်တကျ ကွက်ကဲပြီး ထိန်းကျောင်းသွားရင် ရနိုင်ပါတယ်။ အခု အင်အားကြီးတဲ့ စိုက်ပျိုးသမားလက်သစ်တွေက အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို တခါထဲတာဝန်ယူလိုက်တတ်တာကြောင့် အလုပ်သမားတွေ ရိုးသားဖို့ ပိုနီးစပ်နိုင်ပါတယ်။ ဒါအပြင် ရွှာနီးချုပ်စပ်အားလုံးက လူအားလုံးကို အလုပ်ပေးထားနိုင်တာကြောင့် ခိုးဆိုးတာမျိုး လျှော့သွားနိုင်ပါတယ်။
စစ်တပ်ပိုင်မြေတွေမှာ လုပ်တဲ့စိုက်ခင်းတွေမှာတော့ ခိုးတာမျိုး သိပ်မရှိတတ်ပါဘူး။ တပ်မှူးတွေ စိတ်ပါဝင်စားမူပေါ်တည်ပြီး အောင်မြင်တတ်ပါတယ်။
၂။ ပညာပေးတဲ့ အစီအစဉ်ကို ကျောင်းသားဘဝထဲက စသင်ပေးရမှာပါ။ သူများပစ္စည်း မခိုးသင့်တဲ့အကြောင်း
မဖျက်ဆီးသင့်တဲ့အကြောင်း ငယ်စဉ်ကတည်းက သင်ပေးသင့်တာပါ။ နယ်တွေမှဘုန်းကြီးတွေက သြဇာအရမ်းကြီးပါတယ်။ ဘုန်းကြီးတွေကိုလည်း ဒကာ ဒကာမတွေကို ခိုးယူခြင်း လိမ်ခြင်းတို့ဟာ ဗုဒ္ဓဘာသာနဲ့ ဆန့်ကျင်ကြောင်း ဟောကြားစေခြင်း
ခိုးယူသူ လိမ်ယူသူတို့ကို တွေရ့ရင် အပြစ်ပေးဆုံးမဖို့ ညွှန်ကြားခြင်းတို့ ပြုလုပ်သင့်ပါတယ်။
၃။ ပြည်သူလူထုရဲ့ စားဝတ်နေရေး ပြေလည်အောင် စီစဉ်ပေးဖို့ပါ။ ငတ်နေရင် ရိုးသားဖို့ ခက်ပါတယ်။ စားဝတ်နေရေး ပြေလည်အောင် လစာ ဝင်ငွေတိုးတောင်းကြတာ အပြင် လုပ်လို့ရတာတခုက ကုန်ဈေးနှုန်းကျစေတာပါ။ ဥပမာ ရန်ကုန်က ငါးဒိုင်မှာ ငါးမြစ်ချင်း တပိသာကို ကျပ် ၂၅၀၀ ခန့်နဲ့ ဝယ်လို့ ရပါတယ်။ မြို့ ဆင်ခြေဖုန်းက လက်လီဆိုင်မှာတော့ ရေထိုး အလေးခိုးပြီး ၄၀၀၀ လောက်ဖြစ်သွားပါတယ်။ အလေးချိန်မှန်နဲ့ဆို လက်လီဈေးက လက်ကားဈေးထက် နှစ်ဆ ကျော်ကျော်လောက်ကျနေပါတယ်။ တကယ် စားသုံးကုန် လက်လီဖြန့်ချီတာ သေချာလုပ်နိုင်ရင် ကုန်ဈေးနှုန်းကျမှာ သေချာပါတယ်။
ထုတ်လုပ်မူ စားရိတ်မှာ '' သူခိုးစားရိတ်'' မပါတော့ရင် ကုန်ဈေးနှုန်းကျလာနိုင်တဲ့အပြင် အထွက်နှုန်းလဲ တက်လာနိုင်ပါတယ်။
ထုတ်လုပ်မူ စားရိတ်မှာ '' သူခိုးစားရိတ်'' မပါတော့ရင် ကုန်ဈေးနှုန်းကျလာနိုင်တဲ့အပြင် အထွက်နှုန်းလဲ တက်လာနိုင်ပါတယ်။
၎။ ကြီးမားတဲ့ ခိုးမူ လိမ်မူတို့ကို ပြင်းပြင်းထန်ထန် အရေးယူခြင်းတို့ကို တဖြေးဖြေးတိုးပြီး ဆောင်ရွက်သွားဖို့ လိုပါတယ်။
၅။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ရေရှည် လုပ်ဆောင် ရမှာဖြစ်တဲ့အတွက် ထိန်းကြောင်း ကိုင်တွယ် ရပုံခြင်းကွာခြားနိုင်ပါတယ်။
ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ ဆိုတာ သူငယ်ချင်းလဲ ပြောကြည့်ပါ။ ဖြစ်နိုင်တဲ့ အဖြေ အားလုံး ဝိုင်းစဉ်းစားပြီး အကောင်အထည်ဖော် ကြတာပေါ့။ တနိုင်ငံလုံးကိစ္စ နိုင်ငံသားတိုင်းပါဝင် လုပ်ဆောင်မှ အောင်မြင်မှာပါ။
သူငယ်ချင်းကစပြီး ပါဝင်ဖို့ လိုပါတယ်။
တွေးမိတွေးရာပါ။
( ရေးထားတာ သဘောမတူရင် ပြောပါ ။ လိုအပ်သလို ပြန်ပြင်ရေးပေးပါ့မယ်။ သဘောတူရင် ရှယ်ပေးပါ။ )
#ဦးတင်စိန်
#ဦးတင်စိန်