(၁) ၂၁ ရာစုရဲ့ ဒုတိယဆယ်စုနှစ်ဟာ နည်းပညာက လူတွေရဲ့ နေ့စဉ်ဘဝကို လွှမ်းမိုးချုပ်ကိုင်မှုပီပြင်ကြီးထွားလာတဲ့ ကာလတစ်ခုလို့ ဆိုရမယ်။ ၂၁ ရာစုဆန်းစမှာ ကမ္ဘာဟာ ရွာတစ်ရွာ (Global Village)ဆိုတဲ့ ဝေါဟာရသစ် ပေါ်ထွက်ခဲ့ပြီး ခုခါမှာတော့ အဲဒီ ကမ္ဘာရွာကို နည်းပညာက အုပ် ချုပ်လွှမ်းမိုးခဲ့ပါပြီ။ ဒီနေ့ကမ္ဘာ လူ သားတွေဟာ မိုးလင်းမျက်နှာသစ်ချိန်ကစလို့ ညအိပ်ရာဝင်ချိန်အထိ တစ်ယောက်နဲ့ တစ်ယောက် သတင်းတွေဖလှယ်ကြ၊ အယူအ ဆတွေ ဆွေးနွေးကြ၊ ပညာရပ် တွေ တိုင်ပင်ကြ၊ ချစ်ခြင်း၊ မုန်း ခြင်း ခံစားချက်တွေ ဖွင့်ဖောက် ကြ၊ အတင်းပြောကြ၊ နှုတ်ဆက် ကြနဲ့ မအားမလပ်နိုင်ကြတော့ပါ ဘူး။ ဒီဆက်သွယ်မှုဟာ ရုတ်တ ရက်ကြည့်ရင် တိုးတက်ပြောင်းလဲ မှုလို့ ထင်ရပေမယ့် တကယ့် တကယ်မှာတော့ ဒီနေ့ လူ့အဖွဲ့ အစည်းဟာ ဒီဆိုရှယ်မီဒီယာရဲ့ ဘေးထွက်ဆိုးကျိုး (Side Effects)ကြီးကို အလူးအလဲခံစားနေရပါ ပြီ။ တည့်တည့်ပြောရရင်တော့ ‘Social Media Side Effects’ ပါပဲ။
ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့က ခရစ်ယာန်ဘုရားကျောင်းသုံးခုနဲ့ ဟိုတယ်သုံးခု တစ်ပြိုင်နက်တည်း ဗုံးခွဲတိုက်ခိုက်ခံရလို့ လူပေါင်း ၂၅၆ ယောက် သေဆုံးပြီး ၅၀၀ ကျော် ဒဏ်ရာရရှိသွားခဲ့တယ်။ လူ ၂၀၀ ကျော် ၃၀၀ နီးပါး တစ် ပြိုင်နက်တည်း သေဆုံးရတဲ့အထိ ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုအပြီးမှာ သီရိလင်္ကာ အစိုးရက ဖေ့စ်ဘွတ်ခ်အပါအဝင် ဆိုရှယ်မီဒီယာတွေကို ချက်ချင်း ရပ်ဆိုင်းလိုက်ပါတယ်။ နောက် ဆက်တွဲဆိုးကျိုးတွေ ဆိုရှယ်မီဒီ ယာကြောင့် ပိုမိုပြန့်ကားမသွားဖို့ ရည်ရွယ်ခဲ့တယ်။ ခရစ်ယာန်ဘာ သာဝင်တွေရဲ့ အီစတာပွဲတော်နေ့ ကိုရွေးပြီး တိုက်ခိုက်မှုမှာ ဘာသာ ရေးအစွန်းရောက်အကြမ်းဖက် သမားတွေ ပါဝင်ခဲ့တယ်။ အစ္စ လာမ်မစ် အစွန်းရောက်တွေက သူတို့လက်ချက်လို့ဆိုတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းက လည်း နယူးဇီလန်က ဗလီတစ်ခု ကို သေနတ်သမားတစ်ဦးက ဝင် ပစ်လို့ လူပေါင်း ၅၀ ကျော် သေ ဆုံးတဲ့ ဖြစ်ရပ်ပေါ်ပေါက်ခဲ့တယ်။ ဒီတိုက်ခိုက်မှုမှာ တိုက်ခိုက်သူ သေနတ်သမားဟာ ဗလီထဲ ဝတ် ပြုနေတဲ့ လူတွေကို ပစ်ခတ်ရင်း တစ်ပြိုင်နက်တည်း Facebook ကနေ Livestream လွှင့်တင်ခဲ့ပါ တယ်။ ဖေ့စ်ဘွတ်ခ်က ဒီထုတ် လွှင့်မှုကို ဖြုတ်ချခဲ့ပေမယ့် နောက်ကျခဲ့ပြီး ဒီရုပ်သံဖိုင်ဟာ ပြန့်သွား ပြီဖြစ်လို့ အကြီးအကျယ်ဝေဖန်ခံ ခဲ့ရပါတယ်။ ဒီတစ်ခါ အကြမ်း ဖက်သမားက လူဖြူတစ်ဦးပါ။
ကမ္ဘာမှာ ဘာသာရေးနဲ့ လူ မျိုးရေးကို အကြောင်းပြုလို့ အစွန်းရောက်သူတချို့ဟာ အမုန်းတရား တွေ ဖန်တီးနေကြတယ်။ အမုန်း ကတစ်ဆင့်တက်လို့ အကြမ်းဖက် မှု၊ လုပ်ကြံတိုက်ခိုက်မှု၊ သတ် ဖြတ်မှုတွေအထိ ဖြစ်လာခဲ့တယ်။ ဒီဖြစ်ရပ်နှစ်ခုဟာ ဒီနှစ်အတွင်း ဖြစ်သွားတဲ့ အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုနှစ်ခုပါ။ ဖြစ်ရပ်နှစ်ခု စလုံးမှာ ဆိုရှယ်မီဒီယာတွေရဲ့ အန္တရာယ်က လူ့အဖွဲ့အစည်းအ ပေါ် သက်ရောက်နေတာကို ပြသ နေတယ်။
ပြီးခဲ့တဲ့ တစ်ပတ်ကတော့ အင်ဒိုနီးရှားမှာ သမ္မတရွေး ကောက်ပွဲအပြီး ထွက်ပေါ်လာတဲ့ ရလဒ်အပေါ် မကျေမနပ်ဖြစ်ရာ က ဂျကာတာမြို့လယ်မှာ ရုန်း ရင်းဆန်ခတ်ဖြစ်လို့ လူငါးဦးသေ ပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ တယ်။ ဖတ်လိုက်ရတဲ့သတင်းအရ အင်ဒိုနီးရှားအစိုးရဟာ ဆိုရှယ်မီဒီ ယာ ဖေ့စ်ဘွတ်ခ်ကို ခေတ္တပိတ် လိုက်တယ်လို့ သိရတယ်။ ဆိုရှယ်မီဒီယာကြောင့် ရုန်းရင်းဆန်ခတ် မှု နောက်ဆက်တွဲပြဿနာတွေ ပိုပြီးကြီးထွားမလာအောင် ဟန့် တားလိုက်တဲ့သဘောပါ။ ဒါဆို ရင် ကမ္ဘာကြီးဟာ ဆိုရှယ်မီဒီယာ တွေရဲ့ ရိုက်ခတ်လွှမ်းမိုးမှုက ကမ္ဘာကြီးကို ကောင်းကောင်းကြီး ဒုက္ခပေးနေပြီဆိုတာ သေချာနေ ပါပြီ။
(၂) ဗဟန်းကြေးသွန်းဘုရားကြီး ရှေ့ကို လူအုပ်စုတစ်စု ရောက် လာတယ်။ အမျိုးသားတွေပါ သလို အမျိုးသမီးတွေလည်းပါ တယ်။ အဝါရောင်သင်္ကန်းဝတ် ရဟန်းတချို့လည်း ပါတယ်။ တချို့က သပြေခက်ကလေးတွေ လက်ထဲကိုင်ထားကြတယ်။ သူ တို့ဟာ အမျိုးသားရေး ရဟန်း တော်လို့ဆိုကြတဲ့ ဦးဝီရသူကို လာရောက်ဝန်းရံကြသူတွေလို့ ဆို တယ်။ သူတို့တစ်တွေ ဘယ်က ဘယ်လို စုဝေးရောက်လာကြ သလဲတော့ မသိပါ။ ဘုန်းကြီး ဦးဝီရသူကို သက်ဆိုင်ရာ သံဃ နာယကအဖွဲ့အစည်းက ခေါ်ယူ စစ်ဆေးမေးမြန်းပြီး အရေးယူမယ်ဆိုတဲ့ သတင်းကြောင့် ဒီနေရာကို ရောက်လာကြသူတွေလို့ ဆိုပါတယ်။ ဒီသတင်းက အစောပိုင်း ကတည်းက ဆိုရှယ်မီဒီယာတွေ မှာ ပြန့်နေတယ်။ ဒီတော့ သတင်း ဌာနပေါင်းစုံ၊ သတင်းထောက် ပေါင်းစုံလည်း ကင်မရာကိုယ်စီ၊ ထရိုင်ပေါ့ကိုယ်စီနဲ့ ဒီနေရာကို စုဝေးရောက်လာကြတယ်။ လူ အုပ်နည်းနည်းများလာတဲ့အခါ ကင်မရာပေါင်းစုံက မတ်တတ်ရပ် နေတဲ့ လူတွေနဲ့ ရဟန်းတချို့အ ပေါ် ချိန်ရွယ်ရိုက်ကူးမှုလည်း ပို များလာတယ်။ မတ်တတ်ရပ်နေ တဲ့ လူအုပ်ထဲက မိန်းမတစ်ဦးနဲ့ လူတချို့ကလည်း သူတို့ကို ဓာတ် ပုံဝိုင်းရိုက်နေတဲ့ သတင်းသမား တွေကို ဖုန်းကင်မရာနဲ့ ပြန်ရိုက် တယ်။ မြင်ကွင်းက အတော်ကို စိတ်ဝင်စားစရာကောင်းလှတယ်။ သတင်းသမားတွေ၊ လမ်းသွား လမ်းလာတွေနဲ့ လူအုပ်ကြီးဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ဓာတ်ပုံမှတ်တမ်းယူနေကြတယ်။ ဖြစ်ရပ်တစ်ခုကို သတင်းမီဒီယာ တွေကသာ လူများစုဆီရောက် အောင် လုပ်နိုင်တာမဟုတ်။ ကိုယ်ပိုင်ဆိုရှယ်မီဒီယာ ဖေ့စ်ဘွတ်ခ်အ ကောင့်တစ်ခုရှိရုံနဲ့ ဆန္ဒထုတ်ဖော် သူတွေကလည်း လုပ်နိုင်တယ်ဆို တာ ဒီမြင်ကွင်းက ပြသနေတယ်။ ဒီသတင်းဟာ ချက်ချင်း သန်း ပေါင်းများစွာသော မြန်မာပြည်သူ မိုဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ တယ်လီဖုန်းစခရင်ပေါ်ကို စက္ကန့်မဆိုင်း ရောက်သွားတယ်။ သတင်းစာ မျက်နှာတွေ၊ ဝက်ဘ်ဆိုက်တွေ ပေါ်ကို ရောက်သွားတယ်။ ခဏ နေတော့ ဒီလူအုပ်ဟာ ရွှေတိဂုံ စေတီဘက် ဆက်ပြီးလမ်းလျှောက် ထွက်သွားကြတယ်။
နည်းပညာခေတ်ရဲ့ နောက် ဆုံးစစ်မျက်နှာကို ဆိုရှယ်မီဒီယာ ရောက်လာတယ်။ သူ့ရဲ့ ရိုက်ခတ် မှု (Impact)က မမှန်းဆနိုင် အောင် ကြီးမားတယ်။ နိုင်ငံတစ်ခု ပြိုလဲသွားနိုင်တယ်။ အစိုးရအဖွဲ့ တစ်ဖွဲ့ နုတ်ထွက်သွားနိုင်တယ်။ လူ့အသက်ပေါင်းများစွာ သေဆုံးသွားနိုင်တယ်။ Click ကလစ်တစ် ချက်၊ လက်ညှိုးတစ်ထောက်နဲ့ မီးဟုန်းဟုန်း တောက်သွားနိုင် တယ်။ နှုတ်နဲ့မဟုတ် စာနဲ့၊ စာနဲ့မက အရုပ်အသံနဲ့၊ အရုပ်အသံ အသေမဟုတ်၊ အရုပ်အသံအရှင် နဲ့ လူတစ်ယောက်နဲ့ တစ်ယောက် ကြား၊ မိသားစုတစ်စုနဲ့ တစ်စု ကြား၊ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ကြား၊ ကမ္ဘာကြီးရဲ့ အရှေ့နဲ့ အ နောက်ကြား အနီးဆုံးဆက်သွယ် ပေးနိုင်တဲ့ လက်ဖဝါးအရွယ် နည်းပညာမြင့်ကိရိယာထဲမှာ လူသားတွေရဲ့ ချစ်ခြင်း၊ မုန်းခြင်းတွေရှိ တယ်။ နွေးထွေးမှုနဲ့ မေတ္တာတရား တွေ ကိန်းအောင်နေသလို ဒေါသ နဲ့ အမုန်းတရားတွေလည်း ကိန်းအောင်းနေတယ်။ လူတချို့ဟာ လူတချို့ကို ဒီမျက်နှာပြင်ပေါ်က သွေးထိုးလှုံ့ဆော်မှု၊ လိမ်ညာမှိုင်း တိုက်မှု၊ ညစ်ညမ်းတဲ့ အပြော အဆို၊ အရေးအသားတွေ လုပ် ဆောင်နေကြတယ်။ ဒီမျက်နှာ ပေါ်မှာ သိန်းပေါင်း သောင်းနဲ့ချီတဲ့ လိမ်လည်မှုတွေရှိတယ်။ ဒီမျက် နှာပေါ်မှာ ကိုယ့်မကျေနပ်မှုကို အ တိုင်းအဆမဲ့ဖော်ထုတ်မှု တွေရှိ နေတယ်။ ဟော ဒီမှာကြည့်ကြ။ မတရားမှုတွေ ဖြစ်နေတယ်။ လိုက်ဖ်ရှိုး။ လူတစ်ဦး၊ လူတစ်စု ရဲ့ အပြုအမူတွေကို လူအများက တိုးလျှိုပေါက် မြင်ကြရတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိ။ ကိုယ့်အမြင်နဲ့ကိုယ် ဆုံးဖြတ်ကြ။
လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ အပြုအမူ တွေအပေါ်မှာ လူအားလုံးက ချက်ချင်းတုံ့ပြန်နိုင်ကြတယ်။ ကွယ် ဝှက်လို့မရ။ ထောက်ခံသူတွေရှိ မယ်။ ကန့်ကွက်သူတွေရှိမယ်။ အမှန်တွေရှိမယ်။ အမှားတွေရှိ မယ်။ တုံ့ပြန်မှုတွေ မတူကြ။ ဒီနေ ရာမှာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အ စည်းနဲ့ ပြိုလဲနိမ့်ကျနေတဲ့ လူ့အဖွဲ့ အစည်းကွာခြားမှု အနည်းငယ် တော့ ရှိတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေက အမုန်း တရား၊ လူမျိုးရေး၊ ဘာသာရေး၊ အသားရောင်၊ ကျား၊ မ ခွဲခြားမှု တွေကို လက်မခံကြဘူး။ အမုန်း စကားကို အမုန်းစကားနဲ့ မတုံ့ပြန် ကြဘူး။ မိမိနဲ့ သဘောထားအယူ အဆမတူသူများကို အောက်တန်း ကျကျ မတိုက်ခိုက်ဘူး။ သိမ်ဖျင်း တဲ့ စကားကို မပြောကြဘူး။ ပညာဉာဏ်နဲ့ ဆင်ခြင်တုံတရား ဟာ သူတို့ကို အထိုက်အလျောက် တားဆီးထားတယ်။ နိမ့်ကျနေတဲ့ လူ့အဖွဲ့အစည်းတွေမှာ၊ ပညာ အခြေခံနည်းပါးတဲ့ လူ့အဖွဲ့အ စည်းတွေမှာသာ ရုန့်ရင်းကြမ်း တမ်းတဲ့ ‘အမုန်းစကားတွေ’ ထွန်း ကားတယ်။
ဒီလိုနဲ့ အဲဒီလူ့အဖွဲ့အစည်း ဟာ ထိလွယ်၊ ရှလွယ်ဖြစ်လာ တယ်။ ဒါဟာ ဒီနေ့ ၂၁ ရာစု ပထမဆယ်စုနှစ်မှာ ကမ္ဘာကြီးက ရင် ဆိုင်နေရတဲ့ ဆိုရှယ်မီဒီယာတွေရဲ့ ရိုက်ခတ်မှုပါပဲ။ ဒီရိုက်ခတ်မှုကို အဆိုးဆုံးခံနေကြရတာက ပဋိ ပက္ခမျိုးစုံ ပြွမ်းတီးနေတဲ့ နိုင်ငံ အချို့မှာပါပဲ။ အယူအဆ၊ သဘောထား၊ ယုံကြည်ချက်၊ လက်ခံတန်ဖိုးထားမှုစံတွေ မတူ ညီကြတဲ့ လူ့အဖွဲ့အစည်းတစ်ခု မှာ ဆိုရှယ်မီဒီယာက အင်မတန် အန္တရာယ်ကြီးပါတယ်။ ဒါကို ဦးဆောင်နေတဲ့ အစိုးရအဖွဲ့က ဘယ်လို ကိုင်တွယ်ထိန်းသိမ်း မလဲ။ ဘယ်လို တားမြစ်မလဲ။ ဘယ်လို ချုပ်ကိုင်မလဲ။ ကမ္ဘာမှာ ဆိုရှယ်မီဒီယာတွေရဲ့ ရိုက်ခတ်မှု အပေါ် ဘာသိဘာသာနေခဲ့ကြတဲ့ နိုင်ငံတွေတောင် စည်းမျဉ်းစည်း ကမ်း၊ ဥပဒေတွေပြဋ္ဌာန်းလာနေ ပါပြီ။ ဆိုရှယ်မီဒီယာပြဿနာကို ဆိုရှယ်မီဒီယာဥပဒေနဲ့သာ ထိန်း ကျောင်းရပါမယ်။ ဆိုရှယ်မီဒီယာ ပေါ်က ပြဿနာတွေကို စနစ် တကျ ထိန်းကျောင်းဖို့ အစိုးရက ဘာတွေပြင်ဆင်ထားပြီလဲ။ ဘာ တွေ လုပ်ဆောင်နေသလဲ... ။ ဆိုရှယ်မီဒီယာဟာ တအုံနွေးနွေး အမုန်းပွား၊ အုပ်စုကွဲနေတဲ့ လူ့ အဖွဲ့အစည်းထဲမှာ အချိန်မရွေး ပေါက်ကွဲလာနိုင်တဲ့ စနက်တံတစ် ခုဆိုတာကိုတော့ သတိချပ်သင့် ကြောင်းပါ... ။
No comments:
Post a Comment