Monday, August 19, 2019

ယူနီကုတ်စနစ်နှင့် ကိုက်ညီသည့် ဖောင့်ကို အောက်တိုဘာ ၁ ရက်မတိုင်မီ ပြောင်းလဲစမ်းသပ်သင့်ဟုဆို

အောက်တိုဘာ ၁ ရက် မတိုင်မီ မိုဘိုင်းဖုန်းများ၌ ယူနီ ကုတ်မြန်မာစာစံသတ်မှတ်ချက် နှင့် ကိုက်ညီသည့် ဖောင့်ကို ပြောင်းလဲစမ်းသပ်ခြင်းဖြင့် ပြင် ဆင်ထားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ဩဂုတ် ၁၇ ရက်တွင် တိုက် တွန်းပြောကြားသည်။

အသုံးပြုသူများက ယူနီ ကုတ်မြန်မာစနစ်ကို ပြောင်းလဲ စမ်းသပ်ထားမှသာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယင်းစနစ် ပြောင်းလဲအသုံးပြုသည့်အခါ အ ခက်အခဲမရှိ ဆက်လက်အသုံးပြု နိုင်မည်ဟု ၎င်းက ပြောသည်။

ဒစ်ဂျစ်တယ်သုံး မြန်မာစာ စနစ်၌ ယူနီကုတ်စံသတ်မှတ်ချက် နှင့် ကိုက်ညီသည့် ဖောင့်ကို အောက်တိုဘာ ၁ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြောင်းလဲအသုံးပြုရန် e- Government ဦးဆောင်ကော် မတီက လမ်းညွှန်ထားသည်။

တစ်နိုင်ငံလုံးအနေဖြင့် ယူနီကုတ်စံသတ်မှတ်ချက်ကို လိုက်နာသည့် ဖောင့်စနစ် ပြောင်းလဲအသုံးပြုရန် ပြင်ဆင်ချိန်သည် ရက် ၄၀ကျော်သာ ကျန်ရှိကြောင်း၊ လက်ရှိအချိန်၌ အနုပညာရှင်များ၊ အလှဖန်တီးရှင်နှင့် ဘလော့ဂါတို့ကိုယူနီကုတ်ပြောင်းလဲအသုံးပြုရေး လုပ်ငန်းစဉ်တွင် သံတမန်အဖြစ်ခန့်အပ်၍ လှုပ်ရှားဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန် ပျူတာအသင်းချုပ်က ကြေညာသည်။

ယူနီကုတ်စံသတ်မှတ်ချက် သုံး ဖောင့်သည် မြန်မာစာရေးထုံး ကို အပြည့်အဝလိုက်နာထား ကြောင်း၊မြန်မာနိုင်ငံသည် ၁၉၉၉ ကစတင်၍ ယူနီကုတ်စံသတ်မှတ် ချက်နှင့် ကိုက်ညီသည့် ဖောင့်စနစ်အသုံးပြုရန် ကြိုးစားခဲ့ရာ ယခုအောင်မြင်မှုရရှိကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးထွန်းသူရသက် က ပြောသည်။

မြန်မာစာရေးထုံး၌ ဗျည်းနှင့် ဗျည်းတွဲထိခြင်း၊ သရနှင့် မထိခြင်းစသည့် စည်းကမ်းချက်များရှိ ကြောင်း၊ ဒစ်ဂျစ်တယ် Device မျိုးစုံတွင် မြန်မာစာယူနီကုတ် ဖောင့်ကို အသုံးပြုရာ၌ အဆင် ပြေခြင်း ရှိ၊ မရှိသိရန် ပြည်သူများ အနေဖြင့် ယခုအချိန်၌ စမ်းသပ် သုံးစွဲရန် လိုအပ်ပြီး အဆင်မပြေ ပါက မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်ထံ ဆက်သွယ်အကူ အညီတောင်းခံနိုင်ကြောင်း ၎င်း က ပြောသည်။

Credit - 7 Day Daily


No comments:

Post a Comment