နေပြည်တော် မတ် ၁၀
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲကင်းစခန်းအား AA သောင်းကျန်းသူ အဖွဲ့က မတ် ၉ ရက် ညပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးကျဆုံးပြီး ရဲတပ်သားတစ်ဦး ပျောက်ဆုံး လျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယိုးတရုတ်ကျေးရွာရှိ ရဲအုပ်စောသိန်းထွန်း ဦးစီးအခြေပြု၍ နယ်မြေ လူထုအတွက် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန် များ ဆောင်ရွက်ပေးနေသည့် ယိုးတရုတ် ရဲကင်းစခန်းအား မတ် ၉ ရက် ည ၁၁ နာရီ မိနစ် ၂၀ ခန့်မှ မိနစ် ၅၀ ခန့်အထိ AA သောင်းကျန်းသူအဖွဲ့ အင်အား ၆၀ ခန့် က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ရဲကင်းစခန်းသည် ယိုးတရုတ်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာစစ်ဌာန၏ မေးခွန်းလွှာနှင့် အဖြေလွှာများအား ထိန်းသိမ်းသည့် လုပ်ငန်းတာဝန် ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ကျဆုံးသွားသည့် တပ်ဖွဲ့ဝင်များမှာ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ယိုးတရုတ်ကျေးရွာဇာတိ ဒေသခံ ရခိုင်တိုင်းရင်းသားများ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
credit-MOI
No comments:
Post a Comment