ပြည်တွင်းဘဏ်များ၌ နိုင်ငံခြားငွေ အပ်နှံရာတွင် ဘဏ် စရိတ်နှုန်းထား ကောက်ခံခြင်းကို ဧပြီ ၁ ရက်ကစတင်၍ မပြုလုပ် ရန် ဗဟိုဘဏ်က တိုက်တွန်းခဲ့ သည်။
နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်ရရှိထားသည့် ပုဂ္ဂလိကဘဏ်များ သည် နိုင်ငံခြားငွေများ အပ်နှံရာတွင် ငွေကြေးတန်ဖိုး အမျိုးအစား အလိုက် ဘဏ်စရိတ်များ ကောက်ယူခြင်းဖြစ်သည်။
နိုင်ငံခြားငွေအပ်နှံခ ဘဏ် စရိတ်နှုန်းထားဆိုသည်မှာ ကန် ဒေါ်လာကို ဘဏ်အကောင့်ထဲ တွင် လာရောက်သိမ်းထားရာ၌ ဘဏ်စရိတ်အဖြစ် ဘဏ်ကို သတ်မှတ်နှုန်းထားတစ်ခု ပေးရသည်။
ဗဟိုဘဏ် ကြေညာချက် တွင် နိုင်ငံပိုင်ဘဏ်များ နိုင်ငံခြားငွေအပ်နှံရာ၌ အခကြေးငွေ ကောက်ယူခြင်းမပြု၍ ပြည်တွင်း ဘဏ်များလည်း နိုင်ငံပိုင်ဘဏ် များနည်းတူ ကောက်ခံခြင်းမပြုရ ဟု ဆိုထားသည်။
နိုင်ငံခြားကုန်သွယ်မှုဘဏ် က ၂၀၁၉ ဖေဖော်ဝါရီတွင် နိုင်ငံ ခြားငွေအပ်နှံခြင်းကို ဘဏ်စရိတ် နှုန်းထား ၀ ဒသမ ၃ ရာခိုင်နှုန်း ကောက်ခံခြင်းမပြုတော့ကြောင်း ကြေညာခဲ့သည်။
‘‘ဒါဆိုရင် ပြည်တွင်းဘဏ် တွေက အလကားလုပ်ပေးရတော့မှာပေါ့။ ဘဏ်တွေကို ဒေါ်လာ တွေ ပိုဝင်လာနိုင်တယ်။ ဝင်လာဖို့ ကတော့ ဘဏ်တွေပေါ်မူတည်ပါ တယ်’’ဟု ထွန်းကော်မာရှယ် ဘဏ်ဥက္ကဋ္ဌ ဦးသိန်းထွန်းက ပြောသည်။
ပုဂ္ဂလိကဘဏ်အများစု သည် ဒေါ်လာအပ်နှံရာတွင် ၀ ဒသမ ၁ ရာခိုင်နှုန်းမှ ၀ ဒသမ ၄ ရာခိုင်နှုန်းအထိ ကောက်ယူ နေသည်။
‘‘ဒီလိုမပေးရဘူးဆိုတော့ အပြင်မှာရောက်နေတဲ့ ဒေါ်လာတွေ က ဘဏ်တွေထဲကို ဝင်လာနိုင် တယ်။ ဘဏ်တွေမှာ ဒေါ်လာတွေ စုလာနိုင်တယ်’’ဟု စီးပွားရေးလုပ် ငန်းရှင် ဦးဌေးအောင်က ပြော သည်။
ယခုကဲ့သို့ ဝန်ဆောင်ခပယ် ဖျက်ခြင်းကြောင့် ငွေအပ်သူများ အဆင်ပြေလာနိုင်ပြီး ဝန်ဆောင်ခ ပယ်ဖျက်ရုံဖြင့် ဒေါ်လာများ ဘဏ်သို့ ဝင်ရောက်မည်ဟု မျှော်မှန်းမရသေးကြောင်း ပထမပုဂ္ဂလိက ဘဏ် အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော်က ပြောသည်။
Credit - 7 Day Daily
No comments:
Post a Comment