ပြီးခဲ့တဲ့ နှစ်အတွင်း ဖေ့စ်ဘုတ်အနေနဲ့ မြန်မာနိုင်ငံထဲမှာ အမုန်းတရားနဲ့ ပတ်သက်ပြီး ၀ါဒဖြန့်နေတဲ့ အကောင့်တွေကို ပိတ်ပင်ခဲ့တာတွေလုပ်ခဲ့ပေမယ့် မလုံလောက်ဘူးလို့ ကုလစုံစမ်းစစ်ဆေးသူက ဝေဖန်လိုက်တာပါ။
" ဖေ့စ်ဘုတ် အနေနဲ့ အဓိပ္ပါယ်ရှိရှိ ကောင်းကောင်းလုပ်ခဲ့တာတွေရှိပေမယ့် ဒါဟာ လုံလောက်မှုမရှိသေးပါဘူး။"လို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူ ခရစ္စတိုဖာ ဆစ်ဒိုတီက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Gizmodo သတင်းဌာနနဲ့တွေ့ဆုံစဉ်ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံမှာ ၂၀၁၃ ခုနှစ်လောက်ကနေစပြီး တယ်လီဖုန်း Sim ကတ်ဈေးတွေကျဆင်းလာခဲ့တာကြောင့် လူအတော်များများ မိုဘိုင်းဖုန်းတွေကနေ ဖေ့စ်ဘုတ်ကို အသုံးပြုလာကြပြီးနောက် ဖေ့စ်ဘုတ်ဟာ မြန်မာနိုင်ငံရဲ့ အင်တာနက်သဖွယ်ဖြစ်လာပြီး အမုန်းစကားတွေပိုများလာသလို အဲ့ဒီကာလတွေမှာပဲ လူမျိုးရေး ပြဿနာတွေဖြစ်ခဲ့တယ်လို့ ဂါးဒီးယမ်း သတင်းစာကြီးကဖော်ပြပါတယ်။
ဒါပေမယ့် ဖေ့စ်ဘုတ်ဟာ အဲ့ဒီအချိန်က မြန်မာနိုင်ငံထဲမှာဖြစ်ပွားနေတာတွေနဲ့ ပတ်သက်ပြီးလျစ်လျူပြုခဲ့တာတွေရှိပြီး အစွန်းရောက်တွေအတွက် အခွင့်အရေးပေးသလိုဖြစ်သွားခဲ့တယ်လို့ ရိုက်တာ သတင်းတစ်ရပ်ကဖော်ပြပါတယ်။
ဒီအဖြစ်အပျက်တွေကို သင်္ခန်းစာယူပြီးတော့ သတင်းအတုတွေကို ဖျက်ချဖို့ စီစဉ်နေပြီဖြစ်တယ်လိုဖေ့စ်ဘုတ်က စီစဉ်နေပေမယ့် အရမ်းနောက်ကျနေပြီး အခက်အခဲတွေရှိနေဆဲဖြစ်တယ်လို့ ဖေ့စ်ဘုတ်ရဲ့ တာဝန်ရှိသူတွေကလည်းပြောပါတယ်။
ဖေ့ဟ်ဘုတ် ရဲ့ ဗျူဟာ အသစ်အရ ပြင်ပမှာရှိတဲ့ ရွေးချယ်ထားတဲ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အကြောင်းအရာတစ်ခုဟာ သတင်းအချက်အလက်မှားနေလားဆိုတာ တစ်ချက်နဲ့၊ အကြမ်းဖက်မှုကို ဦးတည်နေသလားဆိုတာကို ဆုံးဖြတ်ပြီး နှစ်ခုစလုံးဖြစ်နေတယ်ဆိုရင် ဖြုတ်ချသွားမှာဖြစ်ပါတယ်။
Credit - Duwun
No comments:
Post a Comment