ထောင်သမိုင်းတွင် အဆိုးရွားဆုံး ဖြစ်ရပ်ဖြစ်သည့် အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများကို အာဏာပိုင် များက နှိပ်စက်ညှဉ်းပန်းသည့် ဖြစ်ရပ်မှန်အကြောင်းအရာကို ရုပ်ရှင်ရိုက်ကူးရန် အစီအစဉ်ရှိ ကြောင်း ဦးဇာဂနာက ပြောသည်။
‘‘အခုမှ စလုပ်ကြမှာ။ ဒီအ လုပ်လုပ်မယ်ဆိုရင် အဲဒီတုန်းက ပါခဲ့တဲ့ လူ ၈၀၀ ကျော် ရှိတယ် လေ။ အဲဒီလူတွေအကုန်လုံးကို တွေ့ဆုံပြီး အသိပေးရမယ်။ ရိုက် ဖို့ကတော့ သေချာတယ်’’ဟု ၎င်း က ပြောသည်။
အဆိုပါဖြစ်စဉ်သည် ၁၉၉၀ စက်တင်ဘာ ၂၅ ရက်တွင် ဖြစ် ပွားပြီး ယင်းအချိန်က ၎င်းကိုယ် တိုင် အင်းစိန်ထောင်၌ ထောင်ကျခဲ့သည်။
‘‘ဆရာတင်မျိုးဝင်းဆိုရင် အခုငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဥက္ကဋ္ဌဖြစ်နေပြီ။ အဲဒီ တုန်းက သူအရိုက်ခံရဆုံးပဲ။ သူ က ထိပ်ဆုံးက အရိုက်ခံရတာ။ ခါးရိုးတွေ ကျိုးသွားတယ်’’ ဟု ဦးဇာဂနာက ပြောသည်။
ယင်းဖြစ်ရပ်သည် ၂၀၂၀ စက်တင်ဘာ ၂၅ ရက်တွင် နှစ်(၃၀)ပြည့်မည်ဖြစ်၍ ယင်းအချိန် အမီ ရုံတင်နိုင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောသည်။
‘‘သူတို့ကိုယ်တိုင်လည်း ခံ စားမှုတွေ ပြောချင်မှာပဲ။ ရုပ်ရှင် ထဲမှာလည်း သူတို့စကားပြောတဲ့ အရုပ်တွေ ပြန်ထည့်ပေးမယ်။ အဲဒါကြောင့် သူတို့ကို ပြန်ခေါ်ပြီး Documentary ရိုက်နေတယ်’’ ဟု ဦးဇာဂနာက ပြောသည်။
No comments:
Post a Comment