Google ဟာ Google+ လူမှုကွန်ရက်ပေါ်က သုံးစွဲသူ account အားလုံးကိုဖျက်ကာ ပိတ်သိမ်းနေပြီ ဖြစ်ပါတယ်။ Google+ ဟာ Facebook နဲ့ Twitter တို့နဲ့ ယှဉ်ပြိုင်မှုကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။
“ဝန်ဆောင်မှုကို စတင်ပိတ်သိမ်းနေပြီ” လို့ Google ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
Google+ ဟာ Google အတွက်လုံခြုံရေးပိုင်းနဲ့ အသုံးပြုမှု နည်းပါးလာမှုကြောင့် ပိတ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ Google ဟာ developer မပါဝင်ဘဲ Google+ သုံးစွဲသူ ၁၀ သန်းရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဖြစ်ရပ်၂ ခုကို ထုတ်ဖော်ပြောကြားထားပါတယ်။ ပထမဆုံး ပေါက်ကြားမှုကို လပေါင်းများစွာ လျှို့ဝှက်ထားခဲ့ပြီးနောက် Google+ ဝန်ဆောင်မှုကို ပိတ်သိမ်းဖို့ ဆုံးဖြတ်လိုက်တဲ့ ဖြစ်ရပ်လည်း စြဖ်ပါတယ်။ ဒုတိယအကြိမ် ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် Google+ ပိတ်သိမ်းမှုအစီအစဉ် ၄ လအတွင်း ပိတ်သိမ်းဖို့ အစီအစဉ်ချမှတ်ခဲ့ပါတယ်။ ဒါကြောင့် Google+ ဝန်ဆောင်မှုဟာ သြဂုတ်လ ပိတ်သိမ်းမှာ မဟုတ်တော့ဘဲ ဧပြီလအတွင်း အပြီးသတ် ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။
အခုဖြစ်ရပ်တွေမှာ developer တွေအနေနဲ့ bug တွေဒါမှမဟုတ် အသာစီးရယူလာမှုတွေကို သတိပြုမိတဲ့ သက်သေမတွေ့ရဘူးလို့ Google ကပြောခဲ့ပါတယ်။ Google+ API တွေအသုံးပြုမှုကို ပိတ်သိမ်းမှုလုပ်ငန်းစဉ်အတွက် Google ရဲ့ timeline အလိုက် ဖျက်ချထားပါတယ်။
စိုးထက်
Ref: TheVerge
Ref: TheVerge
No comments:
Post a Comment