Thursday, January 31, 2019
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရာတွင် စနစ်တကျပြင်ရန်လိုအပ်ကြောင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
''ပြင်ဖို့သဘောတူပြီးသား။ အခြေခံဥပဒေမပြင်ဘူးလို့ တခါမှမပြောခဲ့ဖူးဘူးဟိုးနှစ်ပေါင်းများစွာကတည်းကပြောခဲ့တယ်။ပထမအကြိမ်အစိုးရကတည်းကပြောခဲ့တယ်။သို့သော်စနစ်တကျပြင်ဖို့တော့လိုတယ်။ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာပြင်ဖို့ရှိပါတယ်'' ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။
ယနေ့ မိတ္ထီလာလွင်ပြင်တွင် ကျင်းပပြုလုပ်သည့် တပ်မတော် ကြည်း လေ ပူးပေါင်းလေ့ကျင့်ရေးအပြီးတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
မကွေးတိုင်းဒေကြီးမဲဆန္ဒနယ်အမှတ် ၄ မှ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်တင်သွင်းသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်းမည့် အရေးကြီးအဆိုအား လက်ခံဆွေးနွေးရန် ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှအတည်ပြုလိုက်ခြင်းဖြစ်သည်။
ထိုသို့ အတည်ပြုလိုက်သည့် အပေါ် လုပ်ထုံးလုပ်နည်းလွဲမှားနေသည့် အတွက် တပ်မတော်သားလွှတ်တော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် အတူ မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုစားလှယ် ဦမောင်မြင့်မှလည်း မတ်တပ်ရပ်ကန့်ကွက်ခဲ့သည်။
Credit - The Fifth Wave News
No comments:
Post a Comment