ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ လက်ဆင့်ကမ်း မာရသွန်ပြိုင်ပွဲတစ်ခုမှာ အသက်(၁၉)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ မတော်တဆ ပြိုင်ပွဲဝင်တစ်ဦးရဲ့ ဆောင့်တိုက်မှုကို ခံခဲ့ရပြီး လမ်းဘေးမှာ ခြေပစ်လက်ပစ် လဲကျသွားပါတယ်။ သူမဟာ ခြေထောက် အစိမ်းကျိုးတဲ့ဒဏ်ရာကို ရရှိသွားပေမယ့် သူမဟာ ပြိုင်ပွဲကို အရှုံးမပေးဘဲ ဆက်ပြီးပြိုင်ခဲ့တာပါ။
ခြေထောက် ကျိုးသွားတဲ့အတွက် သူမဟာ ဒူးထောက်တွားသွားပြီး သူမ လက်ဆင့်ကမ်းမှာကို စောင့်နေတဲ့ အသင်းဖော်ရှိရာကို မရောက်ရောက်အောင် သွားခဲ့တာပါ။ သူမရဲ့ အနိုင်မခံအရှုံးမပေးစိတ်ဓာတ်၊ သူမရဲ့ ဇွဲလုံ့လဝိရိယရှိမှု၊ သူမရဲ့ အနာခံပြီး အားကစားစိတ်ဓာတ်ပြည့်ဝစွာနဲ့ သတ္တိရှိမှုတွေဟာ အားလုံးအတွက် စံထားစရာပါ။
ကောင်မလေးရဲ့နာမည်ကတော့ Ida Rei ဖြစ်ပြီး သူမဟာ မီတာ(၂၅၀)အဝေးမှာရှိနေတဲ့ Checkpoint ဆီကို ဒူးထောက်ပြီး တွားသွားနေတာကို မာရသွန်အစီအစဉ် တိုက်ရိုက်ပြနေတဲ့ တီဗွီချန်နယ်ကလည်း ဦးစားပေးပြသခဲ့ပြီး၊ Ida ရဲ့ ဒူးမှာ ပြင်းထန်တဲ့ ပွန်းပဲ့ဒဏ်ရာကြောင့် သွေးတွေစို့နေ့တာကိုပင် စိတ်မကောင်းစွာ မြင်တွေ့ရပါတယ်။
နောက်ဆုံးတော့ လက်ဆင့်ကမ်းယူမယ့် အသင်းဖော်စောင့်နေတဲ့ Checkpoint ဆီကို ရောက်သွားခဲ့ပြီး ပရိသတ်ရဲ့ ကောင်းချီးသြဘာသံဟာ ဆူညံပွက်လောရိုက်သွားပါတော့တယ်။ Ida ဟာ အခုလို တိုကျိုအခြေစိုက် Iwatani Industrial က ကြီးမှူးကျင်းပတဲ့မာရသွန်ပွဲကြီးမှာ သူမ မူယာမာယာအပြည်နဲ့ ဟန်ဆောင်နေတာမဟုတ်ပါဘူး။
Ida ရဲ့ ဆေးစစ်ချက်အဖြေက ညာဘက်ညို့သကျီးရိုး သွင်သွင်ကျိုးသွားလို့ သုံးလတောင် အနားယူရတော့မှာ ဖြစ်ပါတယ်။ ဂျပန်ဒေသခံသတင်းစာတွေကတော့ ချန်ပီယံဖြစ်သွားတဲ့ အသင်းထက်၊ Ida ရဲ့ လှေခွက်ချည်းကျန် အလံမလဲ-ကြိုးစားအားထုတ်မှုအပြည့်နဲ့စိတ်ဓာတ်ကို ဇောင်းပေးပြီး ချီးကျူးရေးသားခဲ့ပါတယ်။
Credit - Kyautthinpone
No comments:
Post a Comment