Monday, September 16, 2019

‘အောင်ဆန်း’ရုပ်ရှင် စက်တင်ဘာလကုန် စတင်ရိုက်ကူးမည်

‘အောင်ဆန်း’ရုပ်ရှင်ကို စက်တင်ဘာလကုန်တွင် စတင် ရိုက်ကူးမည်ဖြစ်ကြောင်း ဒါရိုက်တာအဖြစ် ရိုက်ကူးမည့် လူမင်းကပြောသည်။
‘‘ဒီလကုန်မှာ စရိုက်ပါတော့ မယ်။ အဲဒီအတွက် သေသေချာချာ ပြင်ဆင်နေပါတယ်။ ကိုယ့်ဘဝမှာ ဒီထက် ကြီးကျယ်လေးနက်တဲ့ ကားမျိုး၊ ဒီလိုတာဝန်မျိုး မယူဖူး ဘူး။ ကိုယ့်အတွက်ကတော့ အ ရမ်းကို ခက်လည်းခက်ခဲတယ်’’ဟု လူမင်းက ပြောသည်။
ယင်းရုပ်ရှင်အပေါ် ပရိသတ်များ၏ မျှော်လင့်ချက် ကြီးမား သောကြောင့် ၎င်းတို့ဘက်က အ ကောင်းဆုံး ဆောင်ရွက်မည်ဖြစ် ပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝ အကြောင်းသည် ရုပ်ရှင်တစ်ကားတည်းနှင့် မလုံလောက်သော ကြောင့် အားလုံးပါဝင်နိုင်မည် မဟုတ်ကြောင်း ၎င်းကဆိုသည်။
‘‘ကိုယ်တို့က သမိုင်းကား လည်းမဟုတ်ဘူး၊ မှတ်တမ်းကားလည်းမဟုတ်ဘူး။ ရုပ်ရှင်ဖြစ် အောင်၊ ခံစားချက် Emotional ဖြစ်အောင် ဇာတ်လမ်း၊ ဇာတ်ညွှန်း အနိမ့်၊ အမြင့်တွေကို ရွေးချယ်ရပါ တယ်။ မဖြစ်မနေဆိုတိုင်းထည့်လို့မရတဲ့ ဇာတ်လမ်းဇာတ်ကွက် တွေရှိပါတယ်’’ဟု အောင်ဆန်း ရုပ်ရှင်နှင့် ပတ်သက်၍ လူမင်းက ပြောသည်။
အောင်ဆန်းရုပ်ရှင် ရိုက်ကူး ရန် ၁၁ ကြိမ်မြောက် လပတ်အ စည်းအဝေးကို စက်တင်ဘာ ၁၄ ရက်က ပြုလုပ်ပြီး စတင်ရိုက်ကူးမည့်အကြောင်း မိတ်ဆက်ပွဲကို စက်တင်ဘာ ၂၄ ရက်တွင် နိုဗိုတယ်ဟိုတယ်၌ ပြုလုပ်မည်ဟု တာဝန်ရှိသူများက ပြောကြား ထားသည်။
ယင်းရုပ်ရှင် အစပိုင်းတွင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင်မည့် အကြောင်းကိုလည်း လူမင်းက ‘‘ကိုယ်က ဇာတ်ဖြည့်တဲ့အနေနဲ့ ဗိုလ်ချုပ်ဇာတ်လမ်းမစခင် ဇာတ်လမ်းခြေဆင်းလေးမှာ တစ်ကတ်၊ နှစ်ကတ်လောက်ပါမှာပါ။ အဲဒီအတွက် နှုတ်ခမ်းမွေးအရှည်ထား နေတာ’’ဟု ပြောသည်။
ရိုက်စရာ များပြားသော ကြောင့် တစ်ဖြတ်ပြီးတစ်ဖြတ် ရိုက်ကူးမည်ဖြစ်ပြီး ဂျပန်ဗိုလ်မှူး ကြီး ဆူဇူကီးနှင့်ပတ်သက်၍ ဂျပန်နိုင်ငံသို့ ကိုယ်တိုင်သွားရောက် လေ့လာခဲ့ကြောင်း ၎င်းက ပြော သည်။
‘‘ဂျပန်က ဗိုလ်မှူးကြီး ဆူဇူကီးနဲ့ ပတ်သက်တဲ့ အကြောင်းအ ရာတွေကို ဂျပန်သွားပြီး လေ့လာ လိုက်တော့ တကယ့်ကင်ပေတိုင် ဗိုလ်မှူးဟောင်း အငြိမ်းစားတွေနဲ့ တွေ့ပြီး အဲဒီလူကလည်း ဗိုလ်မှူး ကြီး ဆူဇူကီးအကြောင်းကို Thesisလုပ်နေတာဆိုတော့ ပြည်တွင်းက စာအုပ်တွေမှာ မတွေ့ရတဲ့အချက် အလက်တွေ ထပ်တွေ့ရတယ်’’ဟု လူမင်းကပြောသည်။
ယင်းရုပ်ရှင်ရိုက်ကူးမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ၊ တိုက် ခိုက်မှုများ ကြုံရသော်လည်း ကျရောက်လာသည့် တာဝန်ကို မရှောင်လိုသဖြင့် လက်ခံခဲ့ခြင်းဖြစ်သည်ဟု လူမင်းက ပြောသည်။
ဝေဖန်မှုများနှင့်ပတ်သက်၍ ၎င်းက ‘‘ကျွန်တော် လုပ်စရာရှိတဲ့ အလုပ်ကို လုပ်ပြရမယ်။ လူဆို တာ အလုပ်နဲ့ သက်သေပြလိုက် နိုင်ရင် ဒါအဖြေပါပဲ။ ပြန်ရှင်းနေ တာထက်’’ဟု ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ၍ ၂၀၁၂ ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်နှစ်(၁၀၀)ပြည့်တွင် ရုံတင်ပြသနိုင်ရန် ရည်မှန်းခဲ့သော်လည်း အကောင်အထည်မဖော်နိုင်ခဲ့ပေ။
‘အောင်ဆန်း’ရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေး ကော်မတီကို ၂၀၁၈ နိုဝင်ဘာ ၂၀ ရက်က စတင်၍ ပြင်ဆင်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆက်လက် ဦးဆောင်ကာ ရိုက်ကူးမည့် ဒါရိုက်တာနှင့် ဇာတ်ညွှန်းတာဝန်ယူသူ အချို့ကို အပြောင်းအလဲပြုလုပ်ခဲ့သည်။

Credit - 7 Day Daily


No comments:

Post a Comment