Monday, September 16, 2019

ဒီနေ့ DVB မှာ လမ်းစည်းကမ်း ဒဏ်ကြေးတွေ က များတယ်ဆိုပြီး သပိတ်မှောက်သူတွေက ပြောနေတာ သဲ့သဲ့ကြားလိုက်မိတယ်။
မလုပ်စေချင်လို့ မှ လုပ်တဲ့သူကို ဒဏ်ကြေးသတ်မှတ်ပါတယ်ဆိုမှ သူတို့ တတ်နိုင်တဲ့ဈေးတွေ ဝင်ငွေတွေ ပြောနေတော့ သူတို့ က နေစဉ်မစားမဖြစ်စားနေ သွားနေ တဲ့ စားရိတ်တွေလို သင့်တင့်တဲ့ ဒဏ်ကြေးဖြစ်ရမယ် ဆိုတာမျိုးဖြစ်လာပြီး ဒီအတွက် သူတို့ က ငွေပေးပြီး စည်းကမ်းဆက်ဖောက်မယ်လို့ ဆိုတာမျိုးဖြစ်နေတယ်။အဲဒါက လွဲနေကြသလိုဘဲ။
တကယ်တော့ လိုက်နာရမည့်စည်းကမ်းတွေကို လူတွေ လွယ်လွယ်ဖောက်နေသေးတာဟာ ဒဏ်ကြေးနဲတာ ပစ်ဒဏ် လျော့တာ သို့ မဟုတ် မဖမ်းတာ အရေးမယူတာ ပေါင်းစားနေကြတာလို့ ဘဲ ယူဆစရာရှိတယ်။
စင်္ကာပူမှာဆို ဆောက်လုပ်ရေးလုပ်တဲ့ သူတွေ ရဲ့ လစာနဲနဲ နဲ့စာရင် များတဲ့ ဘာမလုပ်ရ ညာမလုပ်ရတွေ အတော် ပြင်းထန်တဲ့ ဒဏ်ကြေးတွေ ထားတယ်။ ဘာလို့ လည်းဆိုတော့ သူတို့ အသက်တွေ အခြားလူတွေရဲ့ အသက်တွေ နဲ့ ဆက်စပ်နေတယ်။ အလုပ်နဲ့ပတ်သက်နေတယ်။ ဒဏ်ကြေးဆိုတာ ဆောင်ရမှာကြောက်ပြီး မဖောက်ဖျက်စေချင်လို့ ထုတ်ထားတယ် ယူဆတာဘဲ။ တစ်ကမ္ဘာလုံးက စံနှုံးတွေလည်း ကြည့်ကြမြင်ကြစေချင်ပါတယ်။ ငါရဲ့ ထင်ရာစိုင်းမှု့ ကို ခွင့်မပေးတာ ဒီမိုကရေစီ နဲ့ လူ့အခွင့်ရေး ချိုးဖောက်တာလို့ များ မြင်နေကြသလား တွေးမိပါရဲ့။ နိုင်ရာစား ထင်ရာလုပ် တောရိုင်း ဥပဒေကို ဒီမိုကရေစီထင်နေပုံဘဲ။
မဖြစ်သင့်တဲ့ စည်းကမ်းဆိုရင် ဒီတားမြစ်ချက် လုံးဝပျက်အောင် ကြိုးစားရမယ်။ဥပဒေပါ ဖယ်ပြစ်ရမယ်။ ဖြစ်သင့်တဲ့ စည်းကမ်းတွေကို အားလုံးလိုက်နာနိုင်ကြဖို့ လိုတယ်။ အာဏာ ရှင်စနစ်မှာ ဥပဒေအထက်မှာ အချို့သူတွေ ရှိနေတော့ ချိုးဖောက်သူတွေကို လူစွမ်းကောင်းတွေ အားကျစရာတွေ မြင်ပြီး မဟုတ်တာ လုပ်ပြရဲတာ သတ္တိလို့ ထင်ပြီး ဂုဏ်ယူတတ်ကြတဲ့ စနစ်ကို ကိုယ်နိုင်ငံမှာ အတော်ရှင်းရမယ်ထင်တယ်။ ရှက်စရာကို ရှက်တတ်ဖို့ ဖြစ်စေတဲ့ ပညာရေးစနစ်လိုတယ်။
ဥပဒေတွေ တည်ဆောက်ထားပြီး အရေးမယူရဲသူတွေ မဖမ်းရဲတဲ့ ရဲတွေ အုပ်ချုပ်မှု့ စနစ်တွေဟာလည်း ပြောရရင် ဆေးရုံမှာ တာဝန်ယူထားပြီး လူနာလာတော့ ဆေးမကုတဲ့ဆရာဝန် လို ကိုယ်တာဝန် ကိုယ်မကျေကြတာလို့ဘဲ မြင်တယ်။ ဝင်မဖမ်းလို့ အရေးမယူလို့ မေတ္တာစေတနာ ဂရုနာရှင်ကြီးတွေလို့ မြင်စရာ ဘာအကြောင်းမှ မရှိဘူး။တကယ်တော့ တာဝန် မကျေပြွန်တာပါဘဲ။
Credit - Ye Myat Thu

No comments:

Post a Comment