Sunday, August 18, 2019

မြန်မာပြည် မကြုံစဖူး မိုးရေကြီးမှု နာဆာ ထုတ်ပြန်

~~~~~~~~~~~~~~
■ မြန်မာနိုင်ငံအောက်ပိုင်း နဲ့ အိန္ဒိယနိုင်ငံရဲ့ တောင်ပိုင်းနဲ့ အနောက်ပိုင်းဒေသတွေမှာ သြဂုတ်လ ၁ ရက်ကနေ ၁၂ နေ့အတွင်း မုတ်သုန်မိုး ပုံမှန်ထက် ပိုမိုများပြားစွာ ရွာသွန်းခဲ့တဲ့အတွက် နောက်ဆက်တွဲအဖြစ် ရေကြီးမြေပြိုမှုတွေ ဖြစ်ပွားခဲ့ပုံကို နာဆာ ခေါ် အမေရိကန်လေကြောင်းနဲ့ အာကာသအုပ်ချုပ်ရေးအဖွဲ့က မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

ဂြိုလ်တုကနေ အနီအောက်ရောင်ခြည်နဲ့ ရိုက်ကူးတဲ့ ဓာတ်ပုံတွေအရ အဲဒီ ၁၂ ရက်အတွင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတွေမှာ ထူးခြားစွာ မိုးသည်းထန်ခဲ့တာကို မြင်ရပါတယ်။ ဒေသအများအပြားမှာ မိုးရေချိန် ၂၄ လက်မကျော် ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံတောင်ပိုင်းနဲ့ အနောက်ပိုင်းက စုစုပေါင်း ပြည်နယ်လေးခုမှာလည်း အလားတူ ရွာသွန်းခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ မြေပြိုလို့ လူ ၆ဝ ကျော်သေဆုံးပြီး အိန္ဒိယမှာတော့ လူတွေ ရာနဲ့ချီ သေဆုံးခဲ့ကြောင်းလည်း နာဆာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo: NASA

Credit - RFA


No comments:

Post a Comment