မြစ်ဆုံအနီး တရားမ ဝင် ရွှေတူးဖော်သည့်လုပ်ငန်းကို သြဂုတ် ၁၆ ရက်ကဝင်ရောက်ဖမ်း ဆီးခဲ့ကြောင်း ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန ညွှန်ကြား ရေးမှူးဦးစောယုက ပြောသည်။
မြစ်ဆုံအထက် မေခမြစ် ဘေး၌ ရွှေတူးဖော်နေသည်ဟု တိုင်ကြားမှုအရ သွားရောက်ဖမ်း ဆီးခဲ့သည်ဟု ၎င်းကဆိုသည်။
သွားရောက်ဖမ်းဆီးစဉ် ဘက်ဟိုးခြောက်စီးနှင့်ရွှေတူးဖော် သည့် အင်ဂျင်စက်၊ ရွှေကျင်စက် များနှင့် ရွှေခြင်တွယ်စက်အပါအဝင် ဆက်စပ်ပစ္စည်းများကို သိမ်း ဆည်းရမိပြီး တရားမဝင်ရွှေတူး ဖော်နေသူများ ထွက်ပြေးလွတ် မြောက်ခဲ့သည်။
‘‘မြစ်ဆုံကနေ ၁၀ မိနစ် လောက် စက်လှေစီးပြီးရောက် သွားတယ် အရင်ကသဲနဲ့ကျောက် တူးတယ်ဆိုပြီး အကြောင်းပြထား တာ၊ ပထမဆုံးစက်လှေနဲ့ အရင် ပတ်ကြည့်တယ်။ ဘက်ဟိုးတွေနဲ့ လုပ်ငန်းတွေလုပ်နေတယ်။ ပတ် ကြည့်တယ်၊ ပြီးတော့ လုံခြုံရေး ပြန်စောင့်ပြီး ပါလာမှ ကျွန်တော် တို့ဝင်ဖမ်းတယ်’’ ဟု ဦးစောယုက ပြောသည်။
တွေ့ရှိသည့်ဘက်ဟိုးခြောက် စီးနှင့် ဆက်စပ်ပစ္စည်းများကို သြ ဂုတ် ၁၇ ရက်တွင် မြစ်ကြီးနားမြို့ သို့ သယ်ယူရန်အစိုးရအဖွဲ့က စီစဉ်နေသည်။
ကချင်ပြည်နယ်တွင် သဲ၊ ကျောက် လုပ်ငန်းလိုင်စင် လျှောက်ထားကာ တရားမဝင်ရွှေ တူးဖော်သည့် လုပ်ငန်းအများအ ပြားရှိပြီး ဖမ်းဆီးနေကြောင်း က ချင်ပြည်နယ်အစိုးရအဖွဲ့က ပြော ကြားသည်။
No comments:
Post a Comment