အသက် ၁၃ နှစ်မှ ၂၂ အရွယ်ရှိ ကျောင်းသားကျောင်းသူတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် ကမ္ဘာလုံးဆိုင်ရာ Microsoft Office Specialist World Championship Competition 2019 (MOSWC) ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲကို ပြည်တွင်းရှိ အထက်တန်းပညာရေးကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ အသက်မွေးဝမ်းကျောင်းကောလိပ် စသည့် ကျောင်းများမှ ကျောင်းသား၊ကျောင်းသူအားလုံး ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအဆင့်ဆင့်ကို ရန်ကုန်နှင့် မန္တလေးတို့တွင်ပြုလုပ်လျက်ရှိသည်။
ပြိုင်ပွဲနောက်ဆုံးအဆင့်ကို ဇူလိုင် ၂၈ ရက်က ၃၁ ရက် ထိ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့တွင် ပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများသည် Microsoft Word 2013? Microsoft Excel 2013 ESifh Microsoft PowerPoint 2013 စသည်တို့အနက် တစ်ခုကိုသာ ရွေးချယ်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကျောင်းအဆင့်ပြိုင်ပွဲအတွက် GMetrix စာမေးပွဲကို ဖြေဆိုရမည်ဖြစ်သည်။ နိုင်ငံအဆင့် ပြိုင်ပွဲအတွက် Microsoft Office Specialist2013 စာမေးပွဲကို ဖြေဆိုရမည်ဖြစ်သည်။
အဆိုပါအဆင့်တွင် ဝင်ရောက်ယှဉ်ပြိုင်သူများအနက် ပျမ်းမျှ ကျောင်းသားကျောင်းသူ ၁,ဝဝဝ ခန့်ကို ရွေးချယ်သွားမည်ဖြစ်သည်။ နိုင်ငံအဆင့် ဖိုင်နယ်ပြိုင်ပွဲများတွင် ပရောဂျက်အလိုက် ဖြေဆိုမှုများမှတစ်ဆင့် ကျောင်းသား အယောက် ၆၀ ကို ထပ်မံရွေးချယ်သွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူမျာကို ဆုချီးမြှင့်ရာတွင် နိုင်ငံတွင်းပြိုင်ပွဲဆုများ။ ကျောင်းအလိုက်ဆုများနှင့် နိုင်ငံတကာဆုများ သတ်မှတ်ချီးမြှင့်သွားမည်ဖြစ်ကာCertiport အဖွဲ့အစည်းက ပေးအပ်မည့် Microsoft Office ယှဉ်ပြိုင်မှု တစ်ခုချင်းစီအတွက် ပထမဆု အမေရိကန်ဒေါ်လာ ၇,ဝဝဝ၊ဒုတိယဆု အမေရိကန် ဒေါ်လာ ၃,၅၀ဝ နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၁,၅၀ဝ ချီးမြှင့်မည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲကို မြန်မာနိုင်ငံ၌ ကျင်းပနိုင်ရန် မိုင်တဲလ်၏ ကူညီပံ့ပိုးမှုဖြင့် ပညာရေးဝန်ကြီးဌန (MOE) ESifh IIG Education (မြန်မာ)တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ အဆိုပါ ပြိုင်ပွဲကို ကမ္ဘာ့နိုင်ငံပေါင်း ၁၀ဝ ကျော်ကနည်းပညာကို စိတ်ဝင်စားသည့် လူငယ်သန်းပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်လေ့ရှိသည်။
Credit - Myanmar Times
No comments:
Post a Comment