Thursday, May 2, 2019

အဓမ္မစေခိုင်းမှုနှင့်ပတ်သက်၍ နိုင်ငံအဆင့်တိုင်ကြားမှု ယန္တရားတစ်ရပ် အမြန်ဆုံးထူထောင်ရန်လုပ်ဆောင်နေဟု သမ္မတဦးဝင်းမြင့်ပြော


မြန်မာနိုင်ငံတွင် အဓမ္မ စေခိုင်းမှုနှင့်ပတ်သက်၍ နိုင်ငံအ ဆင့်တိုင်ကြားမှု ယန္တရားတစ်ရပ် အမြန်ဆုံးထူထောင်ရန် လုပ် ဆောင်နေကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ပြောသည်။
ယမန်နေ့က ကျရောက်ခဲ့ သည့် နိုင်ငံတကာအလုပ်သမား နေ့ (မေဒေး) အခမ်းအနားသို့ပေး ပို့သည့် သဝဏ်လွှာတွင် မြန်မာ နိုင်ငံအတွင်း အလုပ်သမားအရေး ဆောင်ရွက်နေမှု လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ သမ္မတကထည့် သွင်းပြောကြားခြင်းဖြစ်သည်။
နိုင်ငံတော်အနေဖြင့် အဓမ္မ စေခိုင်းမှု ပပျောက်ရေးအတွက် ILO နှင့်ပူးပေါင်း၍ တိုင်ကြားမှု ယန္တရားတစ်ရပ် ထူထောင်ဆောင် ရွက်နေသကဲ့သို့ ထိခိုက်သော ပြည်သူနှင့် တိုင်းရင်းသားလူနည်း စု၏ အလုပ်သမားအခွင့်အရေး များ မြှင့်တင်ဆောင်ရွက်ရန်ရည် ရွယ်ကာ အဓမ္မစေခိုင်းမှုပပျောက် ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို ရေးဆွဲနေသည်ဟု ၎င်းကဆို သည်။ အဆိုပါလုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၁) ကို မူကြမ်းရေး ဆွဲအတည်ပြုနိုင်ရေး ဆောင်ရွက် နေခြင်းဖြစ်သည်ဟု အလုပ်သ မား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ပြောသည်။
‘‘လုပ်ငန်းကဏ္ဍတွေ ပိုမိုထိ ရောက်အောင်လို့ နိုင်ငံတော်အ ဆင့်သတ်မှတ်ဆောင်ရွက်ရတာ ဖြစ်ပါတယ်’’ ဟု အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထို့အပြင် ကလေးအလုပ်သ မား လျော့နည်းပပျောက်ရေးနှင့် အဆိုးရွားဆုံးပုံစံနှင့် ခိုင်းစေမှုမရှိ စေရေး သက်ဆိုင်ရာကော်မတီများအား ကြပ်မတ်လမ်းညွှန်ခြင်း၊ အလုပ်ရှင်၊ အလုပ်သမားဆိုင်ရာ ပြည်တွင်း၊ပြည်ပအဖွဲ့အစည်းများပူးပေါင်း၍ ညှိနှိုင်းဖြေရှင်းခြင်းတို့ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်နေပြီး အန္တရာယ် ရှိသော အလုပ်များစာရင်းအ တည်ပြုနိုင်ရေး ဆက်လက် ဆောင်ရွက်နေသည်ဟု သမ္မတက ပြောသည်။
နိုင်ငံတော်အနေဖြင့် အ လုပ်သမားများဘဝ တိုးတက်မြင့် မားစေရေး အရေးကြီးသောမူဝါဒဆိုင်ရာပြုပြင်ပြောင်းလဲခြင်းများ အလေးပေးဆောင်ရွက်နေချိန်တွင် အလုပ်ရှင်၊ အလုပ်သမားများနှင့် သက်ဆိုင်ရာဌာနများမှ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားအောင် အပြန်အလှန်နားလည်မှုရှိရှိ ကြိုးပမ်းဆောင်ရွက်ရန် သမ္မ တဦးဝင်းမြင့်က တိုက်တွန်းသည်။
ထို့အပြင် ပြည်ထောင်စုဝန် ကြီး ဦးသိန်းဆွေကလည်း လုပ် သားများအနေဖြင့် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများ အောင်မြင်ပြီး ဒီမိုကရေစီ၏ အ နှစ်သာရ အပြည့်အဝခံစားနိုင်ရန် စိန်ခေါ်မှုများကို စုပေါင်း အားဖြင့် ရင်ဆိုင်ကျော်လွှားရန် တိုက်တွန်းသည်။ အဆိုပါ မေဒေးနေ့အခမ်းအနားကို ရန်ကုန်၊ မန္တလေးနှင့် အ ခြားမြို့ကြီးအချို့တွင် အလုပ်သ မားသမဂ္ဂအဖွံ့များက ဦးဆောင် ၍ တစ်ပြိုင်တည်းပြုလုပ်ခဲ့သည်။
လက်ရှိအစိုးရလက်ထက် တွင် ပြင်ဆင်ရေးဆွဲနေသည့် အ လုပ်သမားဥပဒေများတွင် အလုပ် သမားများ၏အသံကို လျစ်လျူရှု ခံထားရပြီး ယခင်အစိုးရလက် ထက် ဥပဒေရေးဆွဲမှုထက် ပွင့် လင်းမြင်သာမှုနည်းနေသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သ မားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌဦးမောင်မောင်က လှိုင်သာယာမြို့ နယ်တွင် ပြုလုပ်သည့် မေဒေးနေ့ အခမ်းအနား၌ ပြောကြားသည်။
ထို့အပြင် အလုပ်သမား၏ လိုအပ်ချက်များကို လက်ရှိအစိုးရ အနေဖြင့် နားထောင်ရန်လို ကြောင်းလည်း ၎င်းကတောင်းဆို သည်။


No comments:

Post a Comment