Thursday, May 2, 2019

မူဆယ်ဆွေးနွေးပွဲနဲ့ အပစ်ရပ်သက်တမ်းတိုးမှု တရုတ်သံရုံးကြိုဆို

မူဆယ်မြို့မှာ ဧပြီလ ၃ဝ ရက်နေ့က မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့တာနဲ့ မြန်မာ့တပ်မတော်က အပစ်အခတ်ရပ်စဲရေးကို နောက်ထပ် ၂ လ တိုးမြှင့် သတ်မှတ်ခဲ့တာတွေဟာ မြန်မာနိုင်ငံ မြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းမှန် တိုးတက်မှုတွေ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ကြေညာချက်တစောင် မနေ့က ထုတ်ပြန်ကြိုဆို လိုက်ပါတယ်။
တဆက်တည်းမှာပဲ အခုလို တပ်မတော်က အပစ်အခတ် ရပ်စဲထားတဲ့ ကာလအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ဆူပူမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် စိတ်ရှည်သည်းခံစိတ်ထားပြီး ထင်သာမြင်သာရှိတဲ့ တိုးတက်မှုတွေရရှိအောင် ဖြေရှင်းကြဖို့ တိုက်တွန်းပါကြောင်းနဲ့ တရုတ်-မြန်မာနယ်ခြားဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း… တရုတ်နိုင်ငံသံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အဲဒီ ကြေညာချက်မှာ မြန်မာနိုင်ငံမြောက်ပိုင်း တရုတ် မြန်မာနယ်စပ်ဒေသကို ၄ ကြိမ် ရည်ညွန်း ဖော်ပြထားပေမယ့် ရခိုင်ပြည်နယ်အမည်ကိုတော့ ထည့်သွင်းရေးသား ထားခြင်း မရှိပါဘူး။

Photo: NRPC

- မူဆယ်မြို့မှာ ကျင်းပခဲ့တဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၄ ဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ။


No comments:

Post a Comment