ဟောင်ကောင်ရဲ့ ဥပဒေပြုလွှတ်တော်မှာ မေ ၁၁ ရက်က ပွက်လောရိုက်အောင် ဝရုန်းသုန်းကား ဖြစ်ခဲ့ပါတယ်။
တရုတ်ပြည်မကြီးဆီ တရားခံလွှဲပြောင်းတာကို ခွင့်ပြုမယ့် အငြင်းပွားဖွယ် အစီအစဉ်အပေါ် စိတ်ဆိုးအမျက် ထွက်နေကြတာကြောင့်ပဲ ဖြစ်ပါတယ်။
အဲဒီ အစီအစဉ်နဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်း ပရမ်းပတာ၊ ဖရိုဖရဲ ဖြစ်နေပြီး ပြိုင်ဖက်လွှတ်တော်အမတ်တွေ လုံးထွေးသတ်ပုတ်တာမျိုးတောင် ဖြစ်ခဲ့ပါတယ်။
အစိုးရရဲ့ အငြင်းပွားစရာ တရားခံလွှဲပြောင်းတဲ့ ဥပဒေကြမ်းကို လွှတ်တော်မှာ ဥပဒေပြုရေးအစည်းအဝေးကို နဂိုမူလက ဒီမိုကရေစီ ထောက်ခံတဲ့ လွှတ်တော်အမတ် ဂျိမ်းတိုက သဘာပတိမူခဲ့တာပါ။
ဒါပေမယ့် တရုတ်လိုလားတဲ့ အုပ်စုက ဒီသီတင်းပတ်အစောပိုင်းမှာ ဂျိမ်းတိုကို ဖြုတ်ချပြီး အက်ဘရာဟမ်ဆတ်ကို အစားထိုးခဲ့ကြတာပါ။
ပြိုင်ဖက်နိုင်ငံရေးသမားအုပ်စုတွေကြားမှာ အော်ဟစ်ဆဲရေးကြပြီး လုံးထွေးကြတာတွေနဲ့ လွှတ်တော်တွင်းမှာ ဆူပူပွဲကြီးလို ဖြစ်နေတာကို သတင်းထောက်တွေကလည်း အလုအယက် သတင်းမှတ်တမ်း တင်ကြပါတယ်။
ဟောင်ကောင်အစိုးရအနေနဲ့ လွှတ်တော်ကနေပြီး တရားခံ လွှဲပြောင်းပေးအပ်ရေး ဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ တွန်းအားပေးနေတာပဲ ဖြစ်ပါတယ်။
ဒီအတွက် အကြီးစား ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေသလို စီးပွားရေးနဲ့ တရားဥပဒေရေးရာ အသိုင်းအဝန်းအတွင်းမှာလည်း အထိတ်တလန့် ဖြစ်နေရပါတယ်။
ဒါအပြင်လည်း ကိုယ်ပိုင်တစ်စိတ်တစ်ဒေသ အုပ်ချုပ်ခွင့်ရ စီးပွားရေးအချက်အချာ ဟောင်ကောင်ရဲ့ နိုင်ငံတကာ စိတ်ဝင်စားမှုကို ထိုးနှက်ချက် ဖြစ်လာပြီး ဟောင်ကောင်ပြည်သူတွေခမျာလည်း တရုတ် တရားစီရင်ရေးရဲ့ လွှမ်းမိုးမှုအောက် ရောက်ရမှာကို နိုင်ငံခြားအစိုးရတွေကလည်း စိုးရိမ်နေကြပါတတယ်။
Credit - Mizzima
No comments:
Post a Comment