ဧရာဝတီ၊ မေ ၁၄၊ ၂၀၁၉
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့က ထိပ်သီး အစည်းအဝေး ကျင်းပနေလျှက်ရှိသည်။
ယင်းထိပ်သီးအစည်းအဝေးကို ယနေ့ မေ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ပြုလုပ်သွားရန် ပြင်ထားပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်ကြမည့် အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းကြမည် ဖြစ်ကြောင်း သိရသည်။
ထိုအစည်းအဝေးကို NCA မထိုးရသေးသော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကချင်ပြည်လွ တ်လပ်ရေးအဖွဲ့ (KIO) တို့မှ လေ့လာသူအဖြစ် တက်ရောက်သည်။
No comments:
Post a Comment