(
မေ - ၁၄၊ ၂၀၁၉ ) သီရိလင်္ကာဗုံးဖောက်ခွဲမှုများတွင် နောက်ကွယ်မှ အဓိက
ကြိုးကိုင်သူမှာ အိုင်အက်စ်နှင့် အဆက်အသွယ်ပြုခဲ့သော ဗြိတိန်တက္ကသိုလ်ဘွဲ့ရ
ဆော့ဝဲလ်အင်ဂျင်နီယာဖြစ်ဟုသတင်းရရှိ။ လွန်ခဲ့သော ၃-နှစ်ကပင် အိန္ဒိယရဲတို့
စောင့်ကြည့်ခဲ့။ အစွန်းရောက်ဝါဒ၏ ကျယ်ပြန့်လာသော ကွန်ယက်သစ်
========================
((( Reuters., MAY 14, 2019. “A network of extremism expands. – report” ကို Htay Oung, Oung Marine ဆီလျှော်အောင် ဘာသာပြန်ဆိုသည်။ ပြည်ပမီဒီယာကြီးအချို့၏ သတင်းဓါတ်ပုံများကို ဖြည့်စွက်ထား ကြောင်း ၀န်ခံပါသည်။ )))
လူပေါင်း ၂၅၀ ကျော်သေဆုံးရသည့် သီရိလင်္ကာ အီစတာဆန်းဒေးဗုံးပေါက်ကွဲမှုများနှင့် ဆက်နွယ်သူများ၏ ကွင်း ဆက်ကို Reuters က ယနေ့ဖော်ပြလိုက်သည်။ အဆိုပါအကြမ်းဖက်မှု၏ နောက်ကွယ်တွင် အစွန်းရောက်ဝါဒ၏ ကျယ်ပြန့်လာသော ကွင်းဆက်သစ်ကို ဖော်ပြလျှက်ရှိသည်ဟု ရေးသားသည်။
အသေခံဗုံးဖောက်ခွဲသမားများအဖြစ် စွပ်စွဲခံရသူများမှာ အိန္ဒိယထောက်လှမ်းရေးများ၏ လွန်ခဲ့သော ၃-နှစ်က ပင် စောင့်ကြည့်ခြင်း ခံရသူဖြစ်သည်။ အသက် ၂၄-နှစ်အရွယ် အဒ်ဟီးလ်အာမက်ဆိုသူသည် အစ္စလာမ်မစ်စတိတ်ထူထောင်သူများနှင့် အဆက်အသွယ်ရှိသည်။ ၄င်းသည် မကြာသေးမီက သီရိလင်္ကာနိုင်ငံ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများနှင့် ဟိုတယ်များဗုံးဖောက်ခွဲခံရသည့် အီစတာဆန်းဒေး အကြမ်းဖက်မှုတွင် နည်းပညာနှင့် အထောက်အပံ့ပေးခဲ့သူဖြစ်သည်ဆို၏။
အိန္ဒိယအမျိုးသားထောက်လှမ်းရေးအေဂျင်စီ (NIA) ၊ အိန္ဒိယအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ထောက်လှမ်းရေးနှင့် သီရိလင်္ကာထောက်လှမ်းရေးအေဂျင်စီ ၄-ခုထံမှ ရရှိသော သတင်းရင်းမြစ်များအရ အာမက်သည် သီရိလင်္ကာ ပြည်တွင်း မွတ်စလင်အစွန်းရောက်အဖွဲ့အစည်းများဖြစ်သည့် “နေရှင်နယ်သော်ဟိဂျမတ်” (NTJ) နှင့် ” ဂျမတ်သီမီလားသူအီဗရာဟင် ” (JMI) အဖွဲ့နှစ်ခုတို့အကြား အဓိက ဆက်သွယ်ပေးသူဖြစ်သည်။ NTJ ကို တရားဟောဆရာ ဇတ်ရန်ဟာရှင်က ဦးဆောင်ခြင်းဖြစ်သည်။
အာမက်ကို ၂၀၁၆-ခုနှစ်ကတည်းက အိုင်အက်စ်နှင့်ဆက်နွယ်သူအဖြစ် တရားစွဲဆိုရန်ပြင်ဆင်ခဲ့ကြောင်း အိန္ဒိယ တရားရုံး ၂-ရုံးတွင် အမည်စာရင်းတွေ့ရှိရသည်။ အိန္ဒိယတရားရုံးမှတ်တမ်းတစ်ခုတွင် သီရိလင်္ကာအနောက်ပိုင်း ၌ ဗုံးဖောက်ခွဲတိုက်ခိုက်သူ ၂-ဦးအမည်ကို တွေ့ရှိရပြီး Facebook နှင့် WhatApp များ အရ အာမက်သည် ၄င်းတို့နှင့် အဆက်အသွယ်ပြုလုပ်ကြောင်း တွေ့ရှိရသည်။
အဆိုပါ စွပ်စွဲခံရသူ နှစ်ဦး၏ ရှေ့နေတို့က ၄င်းတို့၏ အမှု့သည်အပေါ် ဗုံးဖောက်ခွဲမှု့ စွပ်စွဲချက်များမှာ မမှန်ကန်ကြောင်း အသီးသီးငြင်းဆိုကြသော်လည်း အာမက်နှင့် အဆက်အသွယ်ရှိ-မရှိ ထင်မြင်ချက်ပေးခြင်းမရှိပါ။
အာမက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သတင်းများထွက်ပေါ်သော်လည်း တရားဝင်သတင်းထုတ်ပြန်ခြင်း မတွေ့ရသေးချေ။ သီရီလင်္ကာရဲတပ်ဖွဲ့ပြောခွင့်ရ ပုဂ္ဂိုလ်က အာမက်ကို အီစတာဆန်းဒေးဗုံးပေါက်ကွဲမှုများအပြီး ၄-ရက်အကြာ ဧပြီ ၂၅-ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း Reuters က မေးမြန်းချက်ကို ပြန်လည် ဖြေကြားသော်လည်း အသေးစိတ်ပြောဆိုရန် ငြင်းပယ်သည်။
အာမက်က ကိုယ်ပိုင်အလုပ်အကိုင်ဖော်ပြရာတွင် အကြီးတန်း အင်ဂျင်နီယာ၊ ပရိုဂရမ်ရေးဆွဲသူ၊ ၀ဘ်ဒီဇိုင်နာ အဖြစ်တွေ့ရပြီး ဗြိတိန်တက္ကသိုလ်များမှ ဘွဲ့ရရှိသူအဖြစ် ဖော်ပြကြောင်း တွေ့ရသည်။ သက်ဆိုင်ရာတက္ကသိုလ်များထံမှ အတည်ပြုနိုင်ခြင်း မရှိသေးပါ။
အာမက်အနေဖြင့် သီရိလင်္ကာ၏ အရေးပေါ်ဥပဒေသစ် ပြဋ္ဌာန်းပြီးနောက်ပိုင်းအခြေအနေအရ ရှေ့နေငှားရမ်းခွင့် မရရှိသေးပါ။ ၄င်းအား သီရိလင်္ကာတွင် သီးခြား ချုပ်နှောင်ထားဖွယ်ရှိသည်။
အွန်လိုင်းတွင် အိုင်အက်စ်ကို အားပေးအားမြှောက်ပြုလုပ်၍ ၀ါဒဖြန့်မှု့ဖြင့် အိန္ဒိယနိုင်ငံသား ၃-ဦးကို တရားစွဲဆိုရန် ၂၀၁၆-ခုနှစ် အိန္ဒိယအမျိုးသားထောက်လှမ်းရေးအေဂျင်စီ၏ အားထုတ်မှု၌ အာမက်၏ အမည်ကို တွေ့ရသော်လည်း စီရင်ဆုံးဖြတ်သည့်အဆင့် မရောက်ရှိခဲ့ကြောင်း သိရှိရသည်။
ဒေလီအထူးခုံရုံးက အိန္ဒိယနိုင်ငံသား ၃-ဦးကို အိုင်အက်စ်တို့အတွက် ၀ါဒဖြန့်မှု၊ လူသစ်စုဆောင်းမှု၊ ရံပုံငွေကောက်ခံမှု၊ ဆီးရီးယားရှိ အိုင်အက်စ်တို့နှင့် အဆက်အသွယ်ပြုလုပ်မှု့တို့ဖြင့် NIA က တရားစွဲရန် ပြင်ဆင်ခြင်းဖြစ်သည်။
စွပ်စွဲခံရသူ ၁-ဦး၏ ဆွေမျိုးတော်စပ်သူက တရားစွဲ အပြစ်ပေးခြင်း မမှန်ကန်ကြောင်းနှင့် ရာဇ၀တ်မှတ်တမ်းများ မရှိခဲ့ကြောင်း ငြင်းဆိုသည်။ အခြား ၂-ဦး၏ ဆွေမျိုးသားချင်းများနှင့် တွေ့ဆုံခွင့်မရရှိသေးသည့်အပြင် သက်ဆိုင် ရာရှေ့နေများ၏ ထင်မြင်ချက်ကိုလည်း မသိရချေ။
https://graphics.reuters.com/SRI%20LANKA-BLAST…/…/index.html
https://www.dailymail.co.uk/…/Sri-Lankan-software-engineer-…
https://www.rt.com/…/459282-sri-lanka-attack-engineer-ind…/…
https://www.reuters.com/…/exclusive-sri-lankan-software-eng…
=====
MAY 14, 2019 / 12:48 PM / UPDATED 3 HOURS AGO
Exclusive: Sri Lankan software engineer, under Indian surveillance, key in Easter attack
COLOMBO/AHMEDABAD,India (Reuters) - A Sri Lankan software engineer suspected by authorities in Sri Lanka of having provided technical and logistical support to the Easter Sunday suicide bombers was monitored by Indian intelligence agencies three years ago for links with Islamic State suspects, investigators said.
Four sources in Sri Lankan investigating agencies said they believed Aadhil Ameez, a 24-year-old, was the link between two groups that carried out the attacks on churches and hotels that killed more than 250 people and wounded hundreds more.
Aadhil has been arrested and is in police custody, the sources said. His arrest has not been made public, but when asked by Reuters, Ruwan Gunasekera, the main spokesman for the Sri Lankan police, confirmed Aadhil was taken into custody on April 25, four days after the attacks.
The spokesman declined to give more details.
A police official at India’s National Investigation Agency (NIA) and another police official in the western state of Gujarat said they were providing assistance to Sri Lankan authorities.
Aadhil, who describes himself on his Linked In profile as a senior engineer/programmer/web designer with a masters degree in computer science and a bachelors in political science from U.K. universities, could not be reached for comment.
He does not yet have a lawyer and under Sri Lanka’s tough new emergency laws imposed after the attacks, he can be held indefinitely.
His father, M. Ameez, who lives in Aluthgama, a town south of Colombo, denied that Aadhil was involved with the plotters and said such “allegations are lies”.
The Indian investigators said they had been monitoring Aadhil since 2016 and named him in two chargesheets filed in Indian courts against suspected Islamic State operatives as being one of their contacts.
According to one of the chargesheets, reviewed by Reuters, he showed up in Facebook, WhatsApp and Telegram chats with two of the suspects who are on trial for plotting an attack on a synagogue in the western city of Ahmedabad.
The two suspects Ubed Ahmad Mirza, a lawyer, and Stimberwala Mohamed Kasim, a hospital technician, were accused of planning “lone-wolf” attacks, according to the chargesheet.
Lawyers for both men rejected the allegations and said they were innocent. Both lawyers declined to comment on the possible role of Aadhil.
Aadhil has also been named in another chargesheet filed in court by the NIA for providing propaganda and online material to three Indians arrested in early 2016 for promoting Islamic State.
The three men, Sheikh Azhar ul-Islam, Adnan Hassan and Mohammed Rafiq Sadique Shaikh are on trial in a special Delhi court facing charges of criminal conspiracy to propagate the ideology of Islamic State, recruit, raise funds and facilitate the travel of people to Syria, according to the chargesheet.
Sheikh Mohammad Munawar, a cousin of ul-Islam, said the charges were fabricated and that he had no criminal record ever.
Families of the other two accused could not be reached. Their lawyers were not immediately available for comment.
Credit - Htay Oung

No comments:
Post a Comment